Friday, October 9, 2026

“INTERPOL က သတင်းသမားတွေကို မဖမ်းဘူး၊ စစ်ရာဇဝတ်ကောင်တွေကိုသာ ဖမ်းမှာဖြစ်တယ်”

 https://youtu.be/APi6RQ5LWlg?si=vy_DhcIIHRexb9AJ

“INTERPOL က သတင်းသမားတွေကို မဖမ်းဘူး၊ စစ်ရာဇဝတ်ကောင်တွေကိုသာ ဖမ်းမှာဖြစ်တယ်” - ဦးတိုးဇော်လတ် - (Independent Press Council Myanmar)

(၁၀ အောက်တိုဘာ ၂၀၂၆) “နိုင်ငံတကာရဲတပ်ဖွဲ့ - INTERPOL- ဆိုတာ သတင်းသမားတွေကို ဖမ်းဖို့မဟုတ်ဘူး၊ စစ်ရာဇဝတ်ကောင်တွေကို ဖမ်းဖို့သာဖြစ်တယ်။ ဒါကြောင့် သတင်းသမားတွေကို ခြိမ်းခြောက်နေတဲ့ စစ်ရာဝတ်ကောင်တွေ နိုင်ငံခြားသွားရင်သာ သတိထားသင့်တယ်” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။ ဧရာဝတီ၊ မဇ္ဈိမ၊ DVB၊ Myanmar Now နဲ့ ရန်ကုန်ခေတ်သစ်က နိုင်ငံခြားမှာရောက်နေတဲ့ သတင်းသမားတွေကို ဖမ်းဆီးပြန်ပို့ပေးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ - INTERPOL- ထံ တောင်းဆိုထားတယ်ဆိုတဲ့ စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူရဲ့ လွှတ်တော်အတွင်း ပြောကြားချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - INTERPOL အဖွဲ့က ပြည်ပရောက်သတင်းသမားတွေကို ဖမ်းဆီးပြန်ပို့ရေးဆိုတာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ... - INTERPOL အဖွဲ့ကို “ကူညီပါရစေ” ဆိုတဲ့ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့လိုများ မြန်မာစစ်ဗိုလ်ချုပ်တွေက ယူဆနေသလား... - မြန်မာဗိုလ်ချုပ်တွေ မီဒီယာ စာတ်မြောက်မှု ဘယ်အဆင့်မှာရှိ နေသလဲ... - အသွင်ပြောင်း ဦးသိန်းစိန်အစိုးရနဲ့ အသွင်ပြောင်း မင်းအောင်လှိုင်အစိုးရ ဆီနဲ့ ရေလို ကွာနေတာ ဘာကြောင့်လဲ... - INTERPOL က သတင်းသမားတွေကို ဖမ်းမှာလား... စစ်ရာဇဝတ်ကောင်တွေကို ဖမ်းဖို့စောင့်နေတာမျိုးလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More