https://youtu.be/Kry0fg90UfM?si=Zo_X3icwq1IlAKF-
“နိုင်ငံရေးအရ တဆင့်နိမ့် ဘေးဖယ်ထားပြီး စီးပွားရေးအရ အလုပ်သဘော ဆက်ဆံတယ်လို့ ယူဆတယ်” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၈ အောက်တိုဘာ ၂၀၂၆) “မလေးရှားက မင်းအောင်လှိုင်တို့ကို လက်ခံတွေ့ဆုံတယ်ဆိုတာဟာ အာဆီယံမူအတိုင်း နိုင်ငံရေးအရ တဆင့်နိမ့် ဘေးဖယ်ထားပြီး စီးပွားရေးအရ အလုပ်သဘော တာဝန်ကျေ ဆက်ဆံရတဲ့သဘောလို့ ယူဆတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ မလေးရှားနိုင်ငံကို ၂ ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - အာဏာသိမ်း မင်းအောင်လှိုင်အစိုးရကို လက်ခံဘူးပြောထားတဲ့ မလေးရှားက ဘာကြောင့် ရပ်တည်ချက် ပြောင်းသွားတာလဲ... - ရိုဟင်ဂျာအရေးကလည်း စီးပွားရေးကိစ္စတွေကိုလိုပဲ အရေးပါနေသလား... - ဒီနေ့ ဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ်နဲ့ မင်းအောင်လှိုင်တို့ကြား ဘာတွေ သဘောတူချက် ရနိုင်သလဲ... - နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ၊ မြန်မာ့အရေးကို တလျောက်လုံးအားပေးထောက်ခံလာသူ လက်ရှိဝန်ကြီးချုပ် အာနဝါအနေနဲ့ ဒီမိုကရေစီအရေးဆောင်ရွက်ဖို့ မင်းအောင်လှိုင်ကို တစုံတရာပြောဆိုနိုင်ခြေရှိသလား... - မင်းအောင်လှိုင်ရဲ့ သံတမန်ရေးထိုးစစ်ကို NUG, SCEF တို့က ဘယ်လို ကောင်တာ လုပ်သင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment