https://youtu.be/kv-q6jVCTI8?si=d7Su7nipIm-QgmNc
“အလုပ်သမားတွေဆီက အခွန်ကောက်ပြီးရင် ဘယ်လိုဝန်ဆောင်မှု ပြန်ပေးမှာလဲ၊ အကောက်သက်သက်ပဲလား” - ဦးထူးချစ် - ( Foundation for Education and Development)
(၁၇ အောက်တိုဘာ ၂၀၂၆) “ထိုင်းရောက် အလုပ်သမားတွေဆီက အခွန်ကောက်ပြီးရင် မြန်မာဖက်က ဘယ်လိုဝန်ဆောင်မှု ပြန်ပေးမှာလဲ၊ အကောက်သက်သက်ပဲလား။ ထိုင်းမှာတောင် ၅ % ကို လူမှုဖူလုံရေးရန်ပုံငွေအဖြစ်ကောက်ထားပြီးရင် ဆေးကုတာ၊ လျှော်ကြေးပေးတာ စသဖြင့် အများကြီး ဝန်ဆောင်မှုပြန်ပေးထားတယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း - FED - ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။ CI အလုပ်သမားလက်မှတ် သက်တန်းတိုးမယ့် မြန်မာအလုပ်သမားတွေအနေနဲ့ အခွန်ငွေ ၂% ပေးထားတဲ့ပြေစာအပြင် ဝင်ငွေရဲ့ ၂၅%၊ သို့မဟုတ် ဘတ် ၂၀၀၀ စီကို ၃ လစာ မြန်မာပြည်ကိုလွဲထားတဲ့ ပြေစာပါ ပြရမယ်လို့ စစ်ကောင်စီဖက်က ကြေညာချက်ထုတ်လိုက်တဲ့အတွက် အလုပ်သမားတွေ အခက်တွေ့နေရတဲ့အကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - အခွန်ငွေ ၂% ပေးထားတဲ့ပြေစာ၊ ဝင်ငွေရဲ့ ၂၅% ကို ၃ လစာအတွက် မြန်မာပြည်က မိသားစုထဲ လွဲထားတဲ့ပြေစာ ပြရမယ်ဆိုတဲ့အတွက် အလုပ်သမားတွေ ဘယ်လို အခက်တွေ့နေရသလဲ... - စစ်တပ်ဖက်ကပြောထားတဲ့ ဘဏ်တွေကို ဘယ်လိုလွဲရမှာလဲ... အဲဒီဘဏ်တွေက ရွာတိုင်းမှာရှိလား၊ မိသားစုနေအိမ်တွေဆီအထိ လိုက်ပို့ပေးနိုင်သလား... - ဘတ် ၆၀၀၀ လွဲခိုင်းတဲ့ကိစ္စက တကယ်ကို နိုင်ငံခြားငွေ လိုနေလို့လား... အလုပ်သမားတွေကို ဖိနှိပ်ဖို့နည်းလမ်း ထွင်နေတာမျိုးလား... - အခွန်ငွေ ၅% ကို လူမှုဖူလုံရေးရန်ပုံငွေအဖြစ် ထည့်ခိုင်းပြီး ကျန်းမာရေးအာမခံပေးထားတဲ့ ထိုင်းနိုင်ငံလို ... မြန်မာစစ်တပ်ဖက်က ဘာကြောင့် လုပ်မပေးနိုင်တာလဲ... - အလုပ်သမားတွေ အဆင်ပြေစေရေးအတွက် အလုပ်သမားဝန်ကြီးနဲ့ စစ်ဗိုလ်ချုပ်တွေဖက်က ပြန်လည်စဉ်းစား သုံးသပ်နိုင်စွမ်း ရှိလာနိုင်သေးလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။







0 comments:
Post a Comment