https://youtu.be/u7P1qVawzlI?si=buvfOavy03mRuGc0
“စစ်ရေးအရ လုပ်ရဲကိုင်ရဲရှိသူတွေကို ရာထူးတိုးပေးပြီး စစ်ရှိန်ထပ်မြှင့်မယ့်သဘောလို့ ယူဆနိုင်ပါတယ်” - CDM ဗိုလ်ကြီးဇင်ယော် (စစ်ရေးသတင်း လေ့လာသုံးသပ်သူ)
(၁၅ အောက်တိုဘာ ၂၀၂၆) “နေပြည်တော်မှာဖြစ်နေတဲ့ စစ်တပ်အတွင်း ရာထူးတိုးပွဲအခြေနေကိုကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ ကာ-ချုပ် မဟုတ်တော့ပေမယ့် စစ်တပ်အပေါ် သြဇာရှိဆဲဖြစ်တယ်၊ အခုဖြစ်စဉ်က စစ်ရေးအရ လုပ်ရဲကိုင်ရဲရှိသူတွေကို ရာထူးတိုးပေးပြီး စစ်ရှိန်ထပ်မြှင့်မယ့်သဘောလို့ ယူဆနိုင်ပါတယ်” လို့ စစ်ရေးသတင်း လေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ စစ်တပ်အတွင်း ညှိ-ကွပ် ရာထူး အသစ်ခန့်အပ်တာ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအပါဝင် ဒါဇင်နဲ့ချီတဲ့ ရာထူးပြောင်းပွဲတွေ ဆက်တိုက်လုပ်နေတာ ဘာသဘောလဲ၊ ဘယ်ကိုဦးတည်နေတာလဲ ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ညှိ-ကွပ် အသစ်ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက် ဘယ်သူလဲ... စစ်ရေးအရ ဘာတွေ ထူးလာနိုင်သလဲ... - စစ်ရုံးချုပ် အကြီးတန်းတွေအပြင်... ကထစ မှူးတွေ၊ တိုင်းမှူးတွေ၊ တပ်မမှူးတွေပါ အပြောင်းအလဲရှိသလား... - ဒီအပြောင်းအလဲတွေက ဘယ်ကို ဦးတည်နေသလဲ... မင်းအောင်လှိုင်သစ္စာခံသူတွေနဲ့ ရဲဝင်းဦးသစ္စာခံသူတွေကြား သဘောထားကွဲလာနိုင်သလား... - ဒီအပြောင်းလဲတွေကြောင့်... ရခိုင်စစ်ပွဲ၊ ချင်းတောင်ပိုင်းနဲ့ ကချင်စစ်မြေပြင်အခြေနေ ဘာတွေ ထူးခြားလာနိုင်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment