https://youtu.be/-5bISRJDhDg?si=ZSg7s6_R-m9swTV3
“ဒီမိုကရေစီဖက်ဒရယ်က အစိုးရအပြောင်းအလဲကိုပဲ ဦးတည်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိ ဦးတည်တယ်” - ဦးခင်မောင်ဝင်း - ဖက်ဒရယ်၊ ဒီမိုကရေစီနဲ့ လူနည်းစုရေးရာ လေ့လာသူ (IPSJ).
(၁၅ အောက်တိုဘာ ၂၀၂၆) “ဒီမိုကရေစီဖက်ဒရယ်ဆိုတာက အစိုးရအပြောင်းအလဲလောက်ကိုပဲ ဦးတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိကို ဦးတည်တယ်၊ ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီကို ကျင့်သုံးဖို့လိုတယ်” လို့ ဖက်ဒရယ်၊ ဒီမိုကရေစီ၊ တိုင်းရင်းသားနဲ့ လူနည်းစုရေးရာ လေ့လာသူ (Institute for Peace and Social Justice) အဖွဲ့က ဦးခင်မောင်ဝင်းက ပြောပါတယ်။ ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဘာကွာသလဲ၊ စကားလုံး ရှေ့နောက်ပြောင်းရုံပဲလား... အဓိပါယ်ပါ အများကြီးပြောင်းသွားသလား၊ ဒီနေ့ နွေဦးတော်လှန်ရေးက ဖက်ဒရယ်ဒီမိုကရေစီအထိ ဦးတည်နေပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဘာကွာသလဲ... - ၁၉၈၈ ကာလနဲ့ အခု ၂၀၂၁ ကာလမှာ ဖက်ဒရယ်ဆိုင်ရာ တွေးခေါ်စဉ်းစားမှုတွေ တကယ်ပဲ ပြောင်းလဲလာပြီလား... - NLD, CRPH, NUG, SCEF တို့ရဲ့ ဖက်ဒရယ်မူက ဘာလဲ... ဒီမိုကရေစီဖက်ဒရယ်လား... ဖက်ဒရယ်ဒီမိုကရေစီအဆင့်ထိ ရောက်နေပြီလား... - ဖက်ဒရယ်ဒီမိုကရေစီက အရင်လား... စစ်အာဏာရှင်ပြုတ်ကျရေးက အရင်လား... - “ဒီမိုကရေစီဖက်ဒရယ်က အစိုးရအပြောင်းအလဲကိုပဲ ဦးတည်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကမှ စနစ်ပြောင်းလဲရေးအထိ ဦးတည်တယ်” လို့ ဘာကြောင့်ပြောတာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment