https://youtu.be/-9hVQiAXJOg?si=At_I5kXtj3H47nDW
“စစ်တပ်အတွက် သုံးတာများနေတယ်၊ စစ်ဗိုလ်တွေ ခိုးတာများနေတယ်၊ အဲ ၂ ခုကို ပြင်ဖို့လိုတယ်” - ဦးစိန်ဌေး (စီးပွားရေးပညာရှင်)
(၂၁ အောက်တိုဘာ ၂၀၂၆) “စစ်တပ်အတွက် သုံးတာများနေတယ်၊ စစ်ဗိုလ်တွေ ခိုးတာများနေတယ်၊ အဲ ၂ ခုကို ပြင်နိုင်ရင် ဘတ်ဂျက်လိုငွေ အများကြီးကျသွားလိမ့်မယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။ ကျပ်ငွေ ဈေးကျပြီး တဒေါ်လာကို ၅ ထောင်ကျပ်နီးပါးဖြစ်နေတာ၊ ဘတ်ဂျက်လိုငွေ ၁၀ ဘီလီယံကျော်အထိပြနေတာ... စတဲ့အခြေနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - ကျပ်ငွေဈေး ဘာကြောင့် ထပ်ကျသွားတာလဲ... - စစ်ဗိုလ်တွေက ခရိုနီတွေနဲ့ပေါင်းပြီး ခိုးစားနေလို့ တိုင်းပြည်ဘတ်ဂျက်လိုငွေပြတယ်ဆိုတာ ဘယ်လို အထောက်ထားရှိလဲ... - အာဏာသိမ်းတာခြင်းအတူတူ... နေဝင်း- သန်းရွှေ- မင်းအောင်လှိုင် ဘာကြောင့် အဆင့်ဆင့် ပိုဆိုးလာသလဲ... - စစ်တပ်အတွက်အသုံးများနေတာ၊ စစ်ဗိုလ်တွေ အခိုးများနေတာကို တားဆီးနိုင်ရင် တိုင်းပြည်စီးပွား ပြန်တက်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (... နိုင်ငံခြားချေးငွေနဲ့ ဒီပြသာနာကို ဖြေရှင်းနိုင်မလား... တကယ်အဖြေက ဘာဖြစ်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။)







0 comments:
Post a Comment