Saturday, January 6, 2024

“ဗျုဟာအားနည်းပြီး အင်အားကျဆင်းလာတဲ့အတွက် စစ်ကိုမတိုက်ရဲတော့တဲ့ အနေအထားဖြ...


“ဗျုဟာအားနည်းပြီး အင်အားကျဆင်းလာတဲ့အတွက် စစ်ကိုမတိုက်ရဲတော့တဲ့ အနေအထားဖြစ်သွားပြီ”

ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၇- ၁- ၂၀၂၄)

“လက်ရှိ စစ်ကောင်စီတပ်ရဲ့ အခြေအနေဟာ စစ်ဗျုဟာပိုင်းမှာ အားနည်းတဲ့အပြင် စစ်သည်အင်အားကလည်းတဖြေးဖြေးကျဆင်းလာနေပြီး လူသစ်ကလည်းစုမရ၊ လူထုထောက်ခံမှုကလည်းမရတဲ့အတွက် စစ်သားတွေဟာ စိတ်ဓာတ်ကျပြီး စစ်မတိုက်ရဲတော့တဲ့အခြေအနေထိရောက်သွားပြီ” လို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

လောက်ကိုင်စစ်မျက်နှာမှာ ဗိုလ်မှူးချုပ် ၆ ဦး ဦးဆောင်ပြီး အင်အား ၃၀၀၀ နီးပါး လုံး၀ လက်နက်ချလိုက်တဲ့အခြေအနေ၊ တိုက်သမျှပွဲ အကုန်ရှုံးနေတဲ့အခြေအနေ၊ လက်နက်ချက်မှု၊ တပ်ပြေးမှူများလာနေတဲ့ လက်ရှိစစ်တပ်အခြေအနေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- လက်နက်အပြည့်အစုံရှိပါရဲ့နဲ့ ဗိုလ်မှူးချုပ်အဆင့် ၆ ဦး ဦးဆောင်တဲ့  စစ်သည်အင်အား ၃၀၀၀ နီးပါး လက်နက်ချလိုက်တာ ဘာကြောင့်လဲ...

- တော်လှန်ရေးတပ်တွေဖက်က ပြောက်ကြားဗျုဟာကနေ ရင်ဆိုင်ထိုးစစ်ဆင်တဲ့ ဗျုဟာကို ပြောင်းလိုက်တဲ့အတွက် စစ်ကောင်စီတပ် အငိုက်မိသွားတာလား...

- စစ်သည်တွေနဲ့ မိသားစုတွေ အသက်အန္တရယ် ထိခိုက်မှာစိုးလို့ လက်နက်ချခိုင်းလိုက်တယ်ဆိုတာဖြစ်နိုင်သလား...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီဥက္ကဌပြောနေတဲ့ ထိုးစစ်ပြန်ဆင်မှယ်ဆိုတာ ဖြစ်နိုင်ခြေရှိသေးရဲ့လား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, January 5, 2024

“လောက်ကိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်လက်နက်ချ၊ တအာင်းနဲ့ ရခိုင်...


“လောက်ကိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်လက်နက်ချ၊ တအာင်းနဲ့ ရခိုင်းဖက်မှာ တိုက်ပွဲပြင်းထန်...”

(၆- ၁- ၂၀၂၄)

ဇန်နဝါရီ ၅ ရက်နေ့ ည ၁၂ နာရီအထိ ရထားတဲ့သတင်းတွေထဲက ကိုးကန့်ဒေသ လောက်ကိုင်မြို့ှရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချလိုက်တာကို အရင်ဆုံးတင်ပြချင်ပါတယ်။

ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)အပါဝင် စကခ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) တွေ၊ တပ်မတွေ၊ တပ်ရင်းတွေက ရှိသမျှ တပ်သားတယောက်မကျန် အားလုံး (၂၃၈၉) ဦး ညီနောင် ၃ ဖွဲ့ထံ ဒီနေ့ (ဇန်နဝါရီ ၅ ရက်)မှာ လက်နက်ချခဲ့တယ်လို့ ည ၁၂ နာရီခန့်မှာထုတ်ပြန်တဲ့ ညီနောင် ၃ ဖွဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

လက်နက်ချသူတွေထဲမှာ ဗိုလ်မှူးချုပ်အဆင့် ၆ ဦးအပါဝင် အရာရှိ (၂၂၈) ဦး၊ တပ်သားနှင့်အခြားအဆင့် (၁၈၉၅) ဦးပါဝင်ပြီး မိသားစုဝင်က (၁၆၀၁) ဦးပါတယ်လို့ဆိုပါတယ်။ သူတို့ကို လုံခြုံရာကို ပို့ပေးထားပြီးဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲအနေဖြင့် ပွိုင့် (၂၀၂၂) ကုန်း သို့မဟုတ် ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း”ကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆) ဦးလည်း လက်နက် ထပ်ချတဲ့အတွက် (မိသားစုစာရင်းမပါ) အားလုံး ၂၃၈၉ ဦးဖြစ်သွားတာလို့ သိရပါတယ်။

ဒါ့အပြင် ကိုးကန့်နဲ့ ၀ နယ်စပ်ရှိ ဟိုပန်မြို့ကိုလည်း ညီနောင် ၃ ဖွဲ့တပ်တွေက ဒီမနက် ထိန်းချုပ်လိုက်တယ်။ စစ်ကောင်စီတပ်တွေအားလုံး ဒေသတခုလုံးကနေ ဆုတ်ခွာသွားပြီဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ သတင်းတွေပြန့်နေပါတယ်။ ဟိုပန်မြို့ထဲ UWSA တပ်ဖွဲ့တွေ ကားတန်းနဲ့ဝင်လာပြီး မြိုံအုပ်ချုပ်ရေးကို နေရာယူလိုက်တာကိုလည်း အဲဒီပုံတွေထဲတွေ့ရပါတယ်။ 

ဒါ့အပြင်...

-  မိုးမိတ်မြို့နယ်ရှိ (ဆင်ကင်) တပ်စခန်းကို PSLF/TNLA က သိမ်းပိုက်...

-  ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုမျှမကျန် အပြီးသတ်သိမ်းပိုက်နိုင်ရေး (AA) က စစ်ရှိန်မြှင့်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, January 4, 2024

“ရဟတ်ယာဉ်ပေါ်ပါသူ အားလုံးသေဆုံး၊ နောင်ချိုမှာ ဗိုလ်မှူးတဦး အရှင်မိနှင့် ...


“ရဟတ်ယာဉ်ပေါ်ပါသူ အားလုံးသေဆုံး၊ နောင်ချိုမှာ ဗိုလ်မှူးတဦး အရှင်မိနှင့် တိုက်ပွဲသတင်းများ....

(၄- ၁- ၂၀၂၄)

ဇန်နဝါရီ ၄ ရက် ည ၁၂ နာရီအထိရထားတဲ့သတင်းတွေထဲက မနေ့က ဝိုင်းမော်မြို့နယ်မှာ ပစ်ချခံရတဲ့ စစ်ကောင်စီရဟတ်ယာဉ်ပေါ်ပါ စစ်သား ၆ ဦးစလုံး သေဆုံးသွားတဲ့သတင်းကို အရင်ဆုံးတင်ပြချင်ပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နာဖော့စစ်တပ်စခန်းဆီ ရိက္ခာနဲ့ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဲ့ ထောက်ပို့စစ်ရဟတ်ယာဉ် Mi 17 ကို မနေ့က နေ့လည် ၁၂ နာရီခန့်မှာ KIA ကချင်လွတ်လပ်ရေးတပ်က ပစ်ချလိုက်တာဖြစ်ပါတယ်။ 

ဆိုရှယ်မီဒီယာမှာ ပြန်နှံ့နေတဲ့သတင်းတွေအရ စစ်သား ၆ ဦးသေဆုံးပြီး လေယာဉ်မှုးကိုဒဏ်ရာနဲ့အရှင်မိထားတယ်ဆိုပေမယ့် တကယ့်မြေပြင်မှာတော့ အားလုံးမီးလောင်ပျက်စီးနေတဲ့ လေယာဉ်နဲ့အလောင်းတွေကိုသာ တွေ့ရတယ်လို့ KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်....

ဒါ့အပြင်...

- ကွတ်ခိုင်မြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ မိုးမိတ်မြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်တို့ တိုပွဲပြင်းထန်နေ...

- နောင်ချိုမြို့နယ် သံဘိုကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဖက်က စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းမိ...

- ရခိုင်ဖက်မှာတော့ ပလက်ဝဒေသရှိ စကခ (၁၉) ရှေ့တန်းဌာနချုပ်၊ တပ်မ (၁၁) ရှေ့တန်းဌာနချုပ်၊ ပလက်ဝ-ကျောက်တော်အစပ်ရှိ “မီးဝဗျူဟာ” နှင့် ကျောက်တော်မြို့အတွင်းရှိ “တောင်ရှည်တောင်ဗျူဟာကုန်း” များကို အပြီးသတ် သိမ်းနိုင်ရေး AA က စစ်ရှိန်မြှင့်...

- ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဖက်မှာတော့ ကညွတ်ကွင်းမြို့ အနီးရှိ စစ်ကောင်စီစခန်း (၈) ခုကိုရှင်းလင်း၊ စစ်တပ်အတွက်အရေးပါတဲ့ သံတံတားတခုကို ဖျက်ဆီး...

... စတဲ့ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, January 3, 2024

“ချင်းလက်၀ စခန်းကုန်းကို AA သိမ်းပိုက်၊ စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA ပစ်ခ...


“ချင်းလက်၀ စခန်းကုန်းကို AA သိမ်းပိုက်၊ စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA  ပစ်ချနှင့် တိုက်ပွဲသတင်းများ....

(၄- ၁- ၂၀၂၄)

ဒီဇင်ဘာ ၃ ရက်နေ့ ည ၁၂ နာရီအထိ ရထားတဲ့သတင်းတွေထဲက ပလက်ဝမြို့နယ်ရှိ ခမောင်ဝနဲ့ ချင်းလက်၀ စစ်ကောင်စီတပ် စခန်းကုန်းတွေကို ရခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်တဲ့သတင်း အရင်ဆုံးတင်ပြချင်ပါတယ်။

ဒီစခန်း ၂ ခု သိမ်းပိုက်ရေးအတွက် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ပြီး ခမောင်းဝစခန်းကို ဇန်နာဝါရီ ၂ ရက်နေ့၊ ချင်းလက်ဝစခန်းကို ဒီနေ့ (ဇန်နဝါရီ ၃) မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အလောင်တွေနဲ့အတူ လက်နက်-ခဲယမ်းများစွာကို သိမ်းမိတယ်လို့ AA က ည ၁၁ နာရီခန့်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပလက်ဝဒေသမှာ ကျန်နေသေးတဲ့ “ပလက်ဝ (၂၈၉) ဗျူဟာကုန်း” နှင့် “မီးဝဗျူဟာကုန်း”၊ ပြီးတော့ ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ် ၈ ခု၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ “တောင်ရှည်တောင် ဗျူဟာကုန်း” တို့ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရေး AA က အရှိန်မြင့်ဆောင်ရွက်နေတယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ AA နှင့် ညီနောင် ၃ ဖွဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒ့ါအပြင်...

- ကွတ်ခိုင်၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး နောင်ချိုတိုက်ပွဲမှာဆိုရင် TNLA နဲ့အတူ MDY-PDF (မန္တလေး) တပ်တွေပါ ပါဝင်တိုက်နေ...

- ကချင်ပြည်နယ်မှာတော့ ဝိုင်းမော်မြို့နယ်တွင်းရှိ နာဖော့စစ်တပ်စခန်းဆီ ရိက္ခာနဲ့ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဲ့ ထောက်ပို့စစ်ရဟတ်ယာဉ်တစီးကို KIA က ပစ်ချ...

- ရဟတ်ယာဉ်ပေါ်ပါ စစ်သား ၆ ဦးသေဆုံးပြီး လေယာဉ်မှုးကို အရှင်မိထားတယ်လို့ သတင်းတွေထွက်နေ...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA ပစ်ချနှင့် တိုက်ပွဲသတင်းများ...”


“စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA ပစ်ချနှင့် တိုက်ပွဲသတင်းများ...”

(၃- ၁- ၂၀၂၄)

စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်တစီးကို ရှေ့တန်းတပ်တွေက ပစ်ချလိုက်တယ်လို့ ကချင်လွတ်လပ်ရေးတပ်- KIA ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းဆီ ရိက္ခာနဲ့ခဲယမ်းလာပို့တယ်လို့ယူဆရတဲ့ ရဟတ်ယာဉ် ၂ စီးထဲက တစီးကို ဒီနေ့ ၁၂ နာရီဝန်းကျင်မှာ ပစ်ချလိုက်တာဖြစ်တယ်လို့ KIO/ KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်...

မြေပြင်က အသေးစိပ်သတင်းတော့ သတင်းမေးချိန်အထိ မရသေးပါဘူး။ လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ လေယာဉ်ပျက်ကျတဲ့ ဗီဒီယိုကလစ် ဖေါ်ပြထားတာတွေ့ရပါတယ်။

ဒါ့အပြင်....

- ကွတ်ခိုင်မြို့မှာ စကစနဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ...

- ပလက်၀ တာဝါတိုင် စခန်းကုန်းမှာ စကစနဲ့ AA တိုက်ပွဲပြင်းထန်နေ...

- တောင်ငူခရိုင်၊ ထောတထူ (ထန်းတပင်)မြို့နယ်မှာ ရိက္ခာလမ်းကြောင်းဖြတ်ခံရတဲ့ စကစ စစ်သားတွေ စခန်းကိုစွန့်ခွာ ထွက်ပြေး...

- စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဖက်မှာတော့ စစ်ကောင်စီတပ်ကို PDF တွေက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ငယ် ၂ လက်ရ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, January 2, 2024

“ပလက်ဝရှိ ခမောင်းဝစခန်း ကို AA က သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...


“ပလက်ဝရှိ ခမောင်းဝစခန်း ကို AA က သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...

(၃- ၁- ၂၀၂၄)

ဇန်နဝါရီ ၂ ရက်နေ့ ည ၁၂ နာရီအထိရထားတဲ့သတင်းတွေထဲက ပလက်ဝဒေသရှိ “ခမောင်းဝစခန်း” ကို ရက္ခိုင့်တပ်‌တော် (AA) က ဇန်နဝါရီလ (၂) ရက်နေ့မှာ သိမ်းပိုက်လိုက်တာကို အရင်ဆုံးတင်ပြချက်ပါတယ်။

လက်နက်ချအညံ့မခံသေးတဲ့ စခန်းကြီး၊ ငယ်များနှင့်  တစ်ဝက်တစ်ပျက် ကျန်သေးတဲ့ စခန်းများကိုလည်း အခု ရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ AA နှင့် ညီနောင် ၃ ဖွဲ့ကြေညာချက်ကဆိုပါတယ်။

တဝက်တပျက်ကျန်နေသေးတဲ့စခန်းတွေရဲ့အမည်ကို ဒီနေ့ကြေညာချက်မှာဖေါ်ပြမထားပါဘူး။ ဒါပေမယ့် အရင်နေ့ကြေညာချက်တွေအရဆိုရင်တော့ ပလက်ဝမြိုနယ်တွင်းက ချင်းလက်ဝ စခန်း( ပလက်ဝ)၊ မီးဝ ဗျူဟာကုန်း (ပလက်ဝ)နှင့် ပွိုင့် (၃၁၃) ကုန်းတွေကို အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ AA ကပြောထားပါတယ်။

ဒါ့အပြင်...

- တအာင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ် ဒီနေ့ ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်၊ တချိန်တည်းမှာပဲ (TNLA) ဦးဆောင်ပြီး MDY PDF (မန်းလေး ပီဒီအက်) ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့က နောင်ချို မြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်...

- ကိုးကန့်ဒေသမှာတော့ ဆိုက်ဘာမှုခင်းတွေကို အမြစ်ပြတ်တဲ့အထိ ဆက်လုပ်သွားမယ်လို့ (MNDAA) ရဲ့ စစ်ဦးစီးချုပ် ဦးဖုန်တဲရင်ကပြော...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More