Thursday, April 14, 2016

Paris-Roubaix ပွဲမှာ ကံဆိုးခဲ့ပေမဲ့ WorldTour အဆင့်ထိပ်ဆုံးမှာ Sagan ရှိနေဆဲ...။

Paris-Roubaix ပွဲမှာ ကံဆိုးခဲ့ပေမဲ့ WorldTour အဆင့်ထိပ်ဆုံးမှာ Sagan ရှိနေဆဲ...။
...
Paris-Roubaix ပွဲမကျင်းပခင် WorldTour အဆင့်ထိပ်ဆုံးမှာရှိနေတဲ့ Sagan ဟာ ဒီပွဲမှာ ကံဆိုးပြီး နံပတ် ၁၁ နေရာဖြစ်သွားခဲ့ပေမဲ့ သူရဲ့ ပထမ နေရာက အပြောင်းအလဲမဖြစ်ခဲ့ပါဘူး။ 


 ဒီပွဲမှာ ပထရသူ Hayman က အမှတ် ၁၀၀ ရပေမဲ့ အရင်က ရထားတာ နည်း တာကြောင့် 16th အဆင့်အထိပဲ တက်လာနိုင်ခဲ့ပါတယ်။ စနေနေ့ကပြီးဆုံး သွားတဲ့ Vuelta a Pais Vasco ပွဲမှာ ပထမ ရလိုက်သူ ဆာဂန်ရဲ့အသင်းဖေါ် Alberto Contador ကလည်း အမှတ်တွေအများကြီးရတာကြောင့် ဒုတိယ နေ ရာဆီရောက်လာပါတယ်။
ဒါကြောင့် Tinkkoff အသင်းဟာ တဦးချင်းစီအတွက် ပ-ဒု ရတဲ့အပြင် အသင်း လိုက်မှာပါ ပထမ ရသွားပါတယ်။ နိုင်ငံအလိုက်မှာတော့ သြစတေလျက ရ ထားပါတယ်။

မနေ့ကပွဲအပြီး ထုတ်ပြန်ထားတဲ့ WorldTour အဆင့်သတ်မှတ်ချက် ဇယား ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...။ 
WorldTour Standings - April 10
Individual
# Rider Name (Country) Team 
1 Peter Sagan (Svk) Tinkoff Team 329 pts
2 Alberto Contador (Spa) Tinkoff Team 280 
3 Richie Porte (Aus) BMC Racing Team 222 
4 Sergio Henao (Col) Team Sky 204 
5 Sep Vanmarcke (Bel) Team LottoNl-Jumbo 201 
6 Nairo Quintana (Col) Movistar Team 178 
7 Fabian Cancellara (Swi) Trek-Segafredo 166 
8 Greg Van Avermaet (Bel) BMC Racing Team 162 
9 Arnaud Demare (Fra) FDJ 137 
10 Ian Stannard (GBr) Team Sky 120 
11 Simon Gerrans (Aus) Orica-GreenEdge 119 
12 Thibaut Pinot (Fra) FDJ 111 
13 Alexander Kristoff (Nor) Team Katusha 106 
14 Geraint Thomas (GBr) Team Sky 104 
15 Michal Kwiatkowski (Pol) Team Sky 102 
16 Mathew Hayman (Aus) Orica-GreenEdge 100 
17 Ilnur Zakarin (Rus) Team Katusha 96 
18 Ben Swift (GBr) Team Sky 92 
19 Jurgen Roelandts (Bel) Lotto Soudal 84 
20 Tom Boonen (Bel) Etixx - Quick-Step 80 
21 Daniel Martin (Irl) Etixx - Quick-Step 76 
22 Bob Jungels (Lux) Etixx - Quick-Step 70 
23 Heinrich Haussler (Aus) IAM Cycling 70 
24 Jay McCarthy (Aus) Tinkoff Team 68 
25 Sebastien Reichenbach (Swi) FDJ 60 


Teams
# Rider Name (Country) Team 
1 Tinkoff Team 683 pts
2 Team Sky 622 
3 BMC Racing Team 490 
4 FDJ 323 
5 Team Katusha 323 
6 Etixx - Quick-Step 311 
7 Movistar Team 310 
8 Orica-GreenEdge 283 
9 Trek-Segafredo 214 
10 Team LottoNl-Jumbo 213 
11 Lotto Soudal 170 
12 Cannondale Pro Cycling 114 
13 IAM Cycling 94 
14 AG2R La Mondiale 84 
15 Astana Pro Team 80 
16 Team Dimension Data 75 
17 Lampre - Merida 51 
18 Team Giant-Alpecin 10 

Nations
# Rider Name (Country) Team 
1 Australia 579 pts
2 Belgium 557 
3 Spain 470 
4 Colombia 416 
5 Greece 397 
6 Slovenia 329 
7 France 325 
8 Switzerland 238 
9 Norway 158 
10 Russian Federation 155 
11 Poland 103 
12 Italy 93 
13 Netherlands 87 
14 Ireland 76 
15 Luxembourg 76 
16 Czech Republic 62 
17 United States 62 
18 Canada 54 
19 Portugal 38 
20 Germany 38 
21 Slovenia 25 
22 Latvia 20 
23 New Zealand 6 
24 Kazakhstan 6 
25 South Africa 4 
26 Denmark 2 
27 Eritrea 2 
28 Belgium 1

Paris-Roubaix ပွဲ Mathew Hayman အနိုင်ရ..။
...
ပီတာဆာဂန်နှင့် ကာစီးလာလားတို့ ကံဆိုး...။
...
Spring Classics ပွဲတွေထဲမှာ နာမည်အကြီးဆုံးပွဲတခုဖြစ်တဲ့ Paris-Roubaix ပွဲ ('The Queen of the Classics, or 'The Hell of the North) ပွဲ မှာ Mathew Hayman (Aus) Orica-GreenEdge က 5:51:53 နာရီနဲ့ ပထမ ရသွားပါတယ်။


သူ့နောက်မှာတော့ (၄ ကြိမ်ရထားဖူးသူ) Tom Boonen (Bel) Etixx - Quick-Step က နှာတဖျား နောက်ကျပြီး ဒုတိယနဲ့ Ian Stannard (GBr) Team Sky က တတိယ ရသွားပါတယ်။
၁၁၄ ကြိမ် မြောက် Paris-Roubaix ပွဲဟာ 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။ ပြိးခဲ့တဲ့ သတင်းပတ် ကစီးခဲ့တဲ့ Flunder ထက် ကျောက်တုံးခင်းလမ်းများပေမဲ့ သိပ်အမြင့်ကြီးတွေ မပါပါဘူး။ ဒါပေမဲ့ ကျဉ်းမြောင်းပြီး ရွံတွေပေနေတဲ့အတွက် အတော်အန္တရယ် များပါတယ်။
ဒါကြောင့်လည်း ၃ ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ ကာစီးလာလား လိုပုဂ္ဂိုလ်တောင် လဲပြိုတဲ့သဘောဖြစ်ပါတယ်။ ဒီပွဲကို TV ကနေ အစ-အဆုံး Live ပြတဲ့အတွက် ပရိသတ်တွေလဲမြင်ပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကျနော်က ကာစီလာလား လဲတာကို မမြင်လိုက်ပါ။ ဆာဂန် ခုန်ပျံကျော်လွှားပြီးထွက်လာတာကိုသာမြင်လိုက်ပြီး ချော်လဲသူဟာ ကာစီးလာလာမှန်း မသိလိုက်ပါ။
ပွဲ အစ-အဆုံးကို နဲနဲခြုံပြောရမယ်ဆိုရင် ကီလီု ၃၀ လောက်စီးပြီးကတည်းက ရှေ့မှာ လူ ၂၀ ခန့်အုပ်တခုက ၂ မီနစ်လောက်အသာနဲ့ပြေးနေပါတယ်။ နောက် ပိုင်းမှာ ၄ မီနစ်အထိဖြစ်သွားပါတယ်။ အဲဒီနောက် Peloton အတွင်း ၂ ဖွဲ့ကွဲ သွားပြီး အခု ပထမ ရသူတွေအပါဝင် ၁၀ ကျော် လွတ်ထွက်သွားပါတယ်။
အဲလိုလွတ်သွားတဲ့အချိန်မှာ ဆာဂန်၊ ကာစီးလာလားတို့အဖွဲ့က Peloton ထဲ ကျန်ခဲ့ပါတယ်။ တိုနီမာတင်ဦးဆောင်တဲ့ ဒုတိယ အုပ်စုဟာ လက်ရွေးစဉ် တဒါ ဇင်လိုဖြစ်နေပြီး အသားကုန်အရှိန်တင်ပြေးနိုင်တဲ့အတွက် ရှေ့က အုပ်ကို မီဖို့ တဖြေးဖြေးနီးလာပါတယ်။
အနောက်က Peloton ထဲမှာလည်း ဆာဂန်နဲ့ ကာစီးလာလာ တလှည့်စီ အရှိန် တင်စီးရာကနေ ကီလို ၅၀ ခန့်အလိုမှာ ရှေ့ကိုမီဖို့ ၃၅ စက္ကန့်ပဲလိုပါတော့တယ်။ ကံဆိုးချင်တော့ အဲဒီအချိန်မှာ ကာစီးလာလားချော်လဲပြီး ဆာဂန်က ခုန်ပျံ ကျော်လွှားပြီး သီသီလေးလွတ်လာပါတယ်။

ဒါပေမဲ့ သူမှာ အသင်းဖေါ်ပါမလာတော့ပါဘူး။ (ကျနော်အထင် မမှားဘူးဆိုရင် သူဟာ ကာစီးလာလာနဲ့တွဲစီးဖို့ ဆုံးဖြတ်ထားပုံရပါတယ်)။ တခြား ရှေ့မှာ ပြုတ် ကျန်ခဲ့သူတွေနဲ့အုပ်စုဖွဲ့ပြန်စီးပေမဲ့ အချင်းချင်း အလှည့်ကျတာဝန်ခွဲဝေတာ အ ဆင်ပြေပုံမရပါဘူး။ ဒါကြောင့် တမီနစ်ခန့်ပြတ်နေတာကို ၅၀ စက္ကန့်လောက် အထိကျအောင်သာစီးနိုင်ပြီး အဲဒီထက် ပိုတက်မလာခဲ့ပါ။
ရှေ့ပြေးအုပ်စုထဲမှာတော့ တွန်ဘွန်း၊ ဟာဂန်နဲ့ အခြား ၅ ဦးခန့်ဟာ အလှည့်ကျ အရှိန်တင်ပြီး စနစ်တကျစီးနိုင်တဲ့အတွက် Gap က တမီနစ်အထက် ပြန်တက် သွားပါတယ်။ ကီလို ၃၀ လောက်အလိုအထိ တမီနစ်ပြတ်နေဆဲ၊ ပြီးတော့ ဆာဂန်ဆီမှာ အသင်းဖေါ် သို့မဟုတ် စိတ်တူကိုယ်တူခြေရည်တူ စီးနိုင်သူ မရှိ ဘူးဆိုတော့ အဲဒီမှာ ကတည်းက ဒီနေ့ ဆာဂန်တယောက် ခြေကောင်းပေမဲ့ ကံမကောင်းတော့ဘူးဆိုတော ပေါ်နေတယ်ပြောရမှာပါ။
ရှေ့ပြေးအဖွဲ့တွင်းမှာလည်း စကိုင်းကပုဂ္ဂိုလ်တွေ ၂ ကြိမ်တောင်လဲပြိုပြီး အတော်အခြေအနေဆိုးခဲ့ပါတယ်။ နောက်ဆုံး ၅ ကီလိုမှာတော့ ရှေ့ပြေး ၅ ဦးပဲ ရမယ်ဆိုတာသေချာသွားပါပြီ။ ၀ါရင့် တွန်ဘွန်းနဲ့ ဟာဂန်တို့ရမယ်ဆိုပြီး ထင်ခဲ့ပေမဲ့ ကြားကတယောက်ရသွားပါတယ်။
ဒီနေ့ပန်းဝင်တဲ့ ၁-၁၀ စာရင်းကတော့...
# Rider Name (Country) Team Result
1 Mathew Hayman (Aus) Orica-GreenEdge 5:51:53 
2 Tom Boonen (Bel) Etixx - Quick-Step 
3 Ian Stannard (GBr) Team Sky 
4 Sep Vanmarcke (Bel) Team LottoNl-Jumbo 
5 Edvald Boasson Hagen (Nor) Dimension Data 0:00:03 
6 Heinrich Haussler (Aus) IAM Cycling 0:01:00 
7 Marcel Sieberg (Ger) Lotto Soudal 
8 Aleksejs Saramotins (Lat) IAM Cycling 
9 Imanol Erviti Ollo (Spa) Movistar Team 0:01:07 
10 Adrien Petit (Fra) Direct Energie 0:02:20 
11 Peter Sagan (Svk) Tinkoff Team တို့ဖြစ်ပါတယ်။
လဲပြိုမှုအတွင်းပါသွားတဲ့ ကာစီးလာလာကတော့ ၇ မီနစ်ခွဲနောက်ကျပြီး နံပတ် ၄၀ ဖြစ်သွားပါတယ်။ ဒါကြောင့် စက်ဘီးပွဲ (အထူးသဖြင့် ဒီလို အန္တရယ်များလှ တဲ့ Spring Classics ကျောက်တုံးခင်းလမ်းတွေဟာ) ခြေကောင်းဖို့အပြင် ကံ ကောင်းဖို့လည်းလိုပါသေးတယ်။ ကာစီးလာလားသာ လဲချော်မှုမဖြစ်ဘူးဆိုရင် သူနဲ့ ဆာဂန်ပေါင်းစီးရင်းနဲ့ ပွဲရလာဒ်ဟာ တမျိုးဖြစ်သွားမယ်ဆိုတာ သံသယ ရှိစရာမလိုပါ။ ။

ပွဲအပြီး ဆာဂန်ရဲ့ ပြောကြားချက်...
"It was a crazy and dificult day. Roubaix is a great race, but it's hard to win here. We lost the Oscar Gato already at the beginning of the race and he was my key assistant. Each team has its own strategy. When crashes split the peloton more powerful teams had riders in front and they have had to work against me and complicate mine return to the top. 
I was able to work with Cancellara, but after the his fall we lost good rhythm and thus the chances of winning. For Roubaix is also needed luck and today I didn't."

........

Paris-Roubaix ပွဲအတွက် Peter Sagan ဘာတွေပြင်ထားသလဲ...။
...
Spring Classics ပွဲတွေထဲမှာ နာမည်အကြီးဆုံးပွဲတခုဖြစ်တဲ့ Paris-Roubaix ပွဲ ('The Queen of the Classics, or 'The Hell of the North) ကို မနက်ဖြန်မနက် ၁၀ နာရီခွဲ (မြန်မာစံတော်ချိန် ၃ နာရီဝန်းကျင်) မှာ စတင် ဖို့ရှိနေပါတယ်။
ဒီပွဲဟာ ပြီးခဲ့တဲ့တနင်္ဂနွေကကျင်းပတဲ့ ဘလဂျီယံက အကြိမ် ၁၀၀ မြောက် Tour of Flanders ထက် ၁၄ နှစ်စောတဲ့အတွက် အကြိမ် ၁၁၄ ကြိမ် မြောက်ပွဲဖြစ်ပါတယ်။

Tour of Flanders ဟာ ၂၅၅ ကီလိုမီတာ ရှည်လျားပြီး cobbled climbs ကျောက်တုံးခင်းလမ်းတောင်ကုန်း ၇ ခုနဲ့အတူ လမ်းကျဉ်းတွေ၊ လမ်းကွေ့တွေ အများကြီးပါဝင်တာကို ပရိတ်သတ်တွေမြင်ခဲ့ပြီးဖြစ်မှာပါ။
အခု တနင်္ဂနွေမှစမဲ့ Paris-Roubaix က 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။ ဒါ့အပြင် ရာသီဥတု ကလည်း မိုးသည်းမယ်လို့မှန်းထားတဲ့အတွက် ပွဲဟာ အတော်ပြင်းပြင်းထန် ထန် စီးရမဲ့သဘောရှိနေပါတယ်။
ပွဲကျင်းပမဲ့လမ်းတလျောက် စက်ဘီးအသင်းအတော်များများ ကြိုတင်လေ့လာ ကြသလို မနေ့ကတော့ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်တို့ရဲ့ Tinkoff အသင်း သွား ရောက်လေ့လာခဲ့ပါတယ်။ မီဒီယာတွေကို အသိမပေးပဲ ဒီတိုင်းထွက် သွားတာဖြစ်ပေမဲ့ အသင်းကားရပ်တဲ့နေရာတိုင်း၊ စက်ဘီးစီးပြီးရပ်တဲ့နေရာ တိုင်းမှာ မီဒီယာသမားတွေ၊ ပွဲကြည့်ပရိတ်သတ်တွေနဲ့ တိုးပြီး မေးခွန်းတွေကို ဖြေ၊ အော်တိုတွေလက်မှတ်ထိုး၊ ပရိတ်သတ်နဲ့အတူ selfie ရိုက်ရနဲ့ ဆာဂန် တယောက် အတော်အလုပ်များခဲ့ပါတယ်။
အဲဒီမေးမြန်းချက်တွေထဲက တချို့နဲ့ ဒီပွဲအတွက် အထူးပြင်ဆင်ထားတဲ့ ဆာဂန် ရဲ့ စီးတော်ယဉ်အကြောင်းကို မျှဝေလိုက်ပါတယ်...။
...
ဆာဂန် ဘာတွေပြောခဲ့သလဲ...
...
ပြီးခဲ့တဲ့ တနင်္ဂနွေကကျင်းပတဲ့ Tour of Flanders မှာအနိုင်ရထားတဲ့ ဆာဂန်ကို Paris-Roubaix မှာလည်း အနိုင်ရတယ်လို့ အတော်များများက ခန့်မှန်းနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးသတင်းထောက်တွေရဲ့အမေးကို သူက အတိအကျမဖြေပါဘူး။ ...ကျနော်ဟာ အမြဲတန်း အေးဆေးပါပဲ။ စိတ်ဖိအား မရှိပါဘူး...လို့ဖြေပါတယ်။
ဘာဖြစ်ရမယ်လို့ မျှော်မှန်းထားတာမရှိပါဘူး။ ပန်းဝင်တဲ့အထိ စီးမယ်၊ လဲပြိုတဲ့ အထဲမပါအောင် ကရုစိုက်မယ်၊ ကံကောင်းရင်နိုင်မယ်၊ ကံမကောင်းရင် မနိုင် ဘူး...ဆိုပြီး သူက ပြောပါတယ်။
ဆာဂန်နဲ့သူ့အသင်းဖေါ်တွေဟာ ကျောက်တုံးခင်းလမ်း ၂၇ ခုထဲက ၁၆ ဆီ သွားခဲ့ပါတယ်။ လမ်းအခြေအနေကိုကြည့်ပြိးတဲ့နောက် စက်ဘီးအထိုင် ဘာ တွေပြောင်းဖို့လိုမလဲဆိုတာအတွက် သူ့အသင်းရဲ့ နည်းပညာဆရာတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။
ဒီလမ်းတလျောက်မှာ ဘယ်နေရာတွေက အခက်ခဲဆုံးလဲ။ ဘယ်တောင်ကုန်း က ပွဲရဲ့အဆုံးအဖြတ်ကိုပေးနိုင်လဲ။ ဥပမာ ပြီးခဲ့တဲ့တနင်္ဂနွေဆိုရင် Paterberg တောင်ကုန်းမှာ ဆာဂန် ထွက်ပြေးလွတ်မြောက်ပြီး အောင်ပွဲလမ်းစ ရသွားသ လိုမျိုးပေါ့ဆိုပြီးမေးတော့...
လူတိုင်းက Roubaix ကိုကြိုက်တယ်။ ဘာကြောင့်လဲဆိုရင် တခြားပွဲတွေနဲ့ မတူတဲ့အနေအထားရှိနေလို့ပါ။ ပြိးတော့ ဒီပွဲရဲ့နောက်မှာ သမိုင်းကြောင်းက လည်းကြီးကြီးမားမားရှိတယ်လို့ ဆာဂန်ကပြောပါတယ်။ ပြီးတော့ ဒီပွဲမှာ ၄ ကြိမ် အနိုင်ရထားသူ Tom Boonen နဲ့ ၃ ကြိမ်နိုင်ထားသူ Fabian Cancellara တို့ရဲ့ အစဉ်အလာကြီးပုံကိုလဲ သူကပြောခဲ့ပါတယ်။

....
ဒီပွဲအတွက် စက်ဘီးကို အထူးပြင်ဆင်ဖို့ လိုအပ်သလား...။
...
ဆာဂန်ဟာ ဒီပွဲအတွက် စက်ဘီးကို အထူးပြင်ဆင်ထားတယ်လို့သိရပါတယ်။ (ဓတ်ပုံထဲက ဘီးကိုကြည့်ပါ)။ နောက်ဆုံးပြင်ဆင်မှုကတော့ အဲဒီနေ့ (မနက် ဖြန်) မှာမိုးရွာမလား၊ နေသာမလားဆိုတဲ့အချက်ပေါ် ကြည့်ပြီး တာယာ အပြောင်းအလဲ ထပ်လုပ်မယ်လို့ဆိုပါတယ်။
ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်းဆိုရင် သူရဲ့ Specialized S-Works ဘီးကို တခု လုံးအနက်ရောင်ဆိုးထားပြီး သူ့အမည်၊ ကမ္ဘာ့ချန်ပီယံသင်္ကေတနဲ့ အခြား သင်္ကေတတချို့ကိုသာ အရောင်ထည့်ထားပါတယ်။ သူ့ဘီးဟာ အသင်းဖေါ် တွေရဲ့ ဘီးနဲ့ သိပ်မကွာပါဘူး။
ဒါပေမဲ့ ကျောက်တုံးခင်းလမ်းတွေပေါ် ခြေချော်မထွက်အောင် ခြေနင်းပြား padded bar ကို extra grip လုပ်ထားပါတယ်။ အရင်ပွဲနဲ့ အဓိကကွာခြား ချက်ကတော့ electronic Shimano Dura Ace Di2 အစား Shimano components ကိုရွေးထားခြင်းပါပဲ။ သူရဲ့ရှေ့ဂီယာက 44-53 ဖြစ်ပါတယ်။
Tinkoff အသင်းရဲ့ chief mechanic Christophe Desimpelaere ကတော့ မနှစ်ကပွဲမှာ ဂီယာနဲ့ mechanical ပြသာနာနဲနဲရှိခဲ့ဖူးတဲ့အတွက် ဒီနှစ် အဲလို မဖြစ်အောင် အသေအချာပြင်ထားပေးတယ်လို့ပြောပါတယ်။ ဘီးရဲ့ အစိတ် အပိုင်းအတော်များများဟာ မနှစ်ကအတိုင်းဖြစ်ပြီး ဘီးဆိုက်ကိုတော့ ၃၀ လက်မ သုံးထားတာတွေ့ရပါတယ်။
ဒါပေမဲ့ မနက်ဖြန် မိုးရွာပြိး စိုစွတ်နေမလား။ နေသာပြီးခြောက်သွေ့နေမလား ဆိုတဲ့အပေါ်မူတည်ပြိး ပွဲမစခင် မနက်ပိုင်းမှာမှ တာယာအပြောင်းအလဲ ထပ် လုပ်မယ်လို့ chief mechanic ကပြောပါတယ်။ 
ကဲ...မနက်ဖြန် ပီတာဆာဂန် အနိုင်ရနိုင်သလား...။ ဂန်ဒ၀င် ဆရာကြီးတွေဖြစ် တဲ့ ကာစီလာလားနဲ့ တွန်ဘွန်းတို့ပဲ ရသွားနိုင်မလား...။ မနက် ၁၀ နာရီခွဲကနေ ပွဲအစ-အဆုံး TV မှာ လိုက်ဖ် ကြည့်ရမှာဖြစ်ပါကြောင်း အစီရင်ခံလိုက်ရပါ တယ်။ ။

Vuelta al Pais Vasco ပွဲပြီးစီး၊ Contador အ၀ါရောင်အကျီရသွားပြီ...။

Vuelta al Pais Vasco ပွဲပြီးစီး၊ Contador အ၀ါရောင်အကျီရသွားပြီ...။
...
စပိန်နိုင်ငံ Basque ဒေသမှာ ၆ ရက်ကြာကျင်းပနေတဲ့ Vuelta al Pais Vasco ပွဲနောက်ဆုံးနေ့ Eibar - Eibar (ITT) တဦးချင်း စံချိန်ပြု 16.5 km ကီလိုမီတာပြိုင်ပွဲမှာ GC ဆရာကြီး Alberto Contador (Spa) Tinkoff Team က 0:29:13 မီနစ်နဲ့ ပထမ ရသွားပါတယ်။


ဒါဟာ ထူးခြားတဲ့ရလာဒ်ပါပဲ။ ဘာကြောင့်လဲဆို GC သမားတွေဟာ တောင် တက်ပဲကောင်းလေ့ရှိပြီး စံချိန်ပြုမှာ သိပ်ကောင်းလေ့မရှိပါ။ ဒါပေမဲ့ ဒီပွဲမှာ တော့ ထူးထူးခြားခြား GC အတွက် အကြိတ်အနယ်ပြိုင်နေသူ ၃ ဦးစလုံး ပ-ဒု-တ ရသွားပါတယ်။
ဒုတိယ ရသူက Nairo Quintana (Col) Movistar Team ဖြစ်ပြီး 0:00:05 စက္ကန့်နောက်ကျပါတယ်။ မနေ့က ကွန်တာဒါ ကို ၆ စက္ကန့် ဖြတ်ပြီး GC ပထမ ရထားသူ Sergio Henao (Col) Team Sky ကတော့ 0:00:18 စက္ကန့်နောက် ကျပြီး တတိယ ရပါတယ်။
အဓိပါယ်ကတော့ မနေ့က ၆ စက္ကန့်ကိုနှုတ်လိုက်ရင် ၁၂ စက္ကန့်တောင် သာနေ တဲ့အတွက် Henao ဆီက အ၀ါရောင်အကျီကို Contador ဆီပေးလိုက်ရပါ တယ်။ မနေက GC တတိယ နေရာမှာ ၁၀ စက္ကန့်ပြတ်ပြီးရှိနေသူ Thibaut Pinot (Fra) FDJ ကတော့ ဒီနေ့အခြေအနေမကောင်းခဲ့ပါဘူး။ တမီနစ်ကျော် အထိနောက်ကျသွားတဲ့အတွက် GC ပ-ဒု-တ ထဲကနေပြုတ်သွားပါတယ်။
ဒါကြောင့် မနေ့က GC နံပတ် ၆ နေရာမှာ ၃၈ စက္ကန့်ပြတ်နေသူ Quintana က တတိယနေရာဆီတက်လာပါတယ်။ ဒါဟာ Contador အတွက် ဒီပွဲကို ၄ ကြိမ် မြောက်အနိုင်ရခြင်း သို့မဟုတ် သူရဲ့ ပရိုသက်တန်းအတွက် နောက်ဆုံးအကြိမ် အနိုင်ရခြင်းလဲဖြစ်ပါတယ်။
၆ ရက်တာပွဲအပြီး ၁-၁၀ ရသွားတဲ့ GC စာရင်းကတော့...
Final classification after stage 6
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff Team 22:44:43 
2 Sergio Henao (Col) Team Sky 0:00:12 
3 Nairo Quintana (Col) Movistar Team 0:00:37 
4 Thibaut Pinot (Fra) FDJ 0:01:13 
5 Joaquin Rodriguez (Spa) Team Katusha 0:01:22 
6 Samuel Sanchez (Spa) BMC Racing Team 0:01:29 
7 Rui Costa (Por) Lampre - Merida 0:02:19 
8 Simon Spilak (Slo) Team Katusha 0:02:47 
9 Lawson Craddock (USA) Cannondale Pro Cycling 0:02:52 
10 Wilco Kelderman (Ned) Team LottoNl-Jumbo 0:03:14 
တို့ဖြစ်ပါတယ်။

အဲ...တခုကျန်သွားလို့၊ မနေ့က ကျနော်ဟောကိန်းထုတ်ခဲ့တဲ့အတိုင်း ကွန်တာ ဒါ အ၀ါရောင်အကျီရသွားတယ်ဆိုတဲ့အကြောင်းပြောမလို့ပါ။
ဒီပွဲပြီးသွားလို့ မနက်ဖြန် ကြည့်စရာပွဲမရှိတော့ဘူးဆိုပြီး ထင်မနေနဲ့။ ဒီထက်ပို ကောင်းတဲ့ မဟာ စပရင်း ကလစစ် Spring Classics ပွဲကြီးတခု ပြင်သစ်မှာ ကျင်းပဖို့ရှိနေပါတယ်။ Paris-Roubaix ပွဲဟာ ကီလိုမီတာ 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။
ဒါ့အပြင် ရာသီဥတုကလည်း မိုးသည်းမယ်လို့မှန်းထားတဲ့အတွက် ပွဲဟာ အတော်ပြင်းပြင်းထန်ထန်စီးရမဲ့သဘောရှိနေပါတယ်။ ဒီပွဲကို မနက်ဖြန် မနက် ၁၀ နာရီခွဲ (မြန်မာစံတော်ချိန် ၃ နာရီဝန်းကျင်) မှာ TV ကနေ အစ အဆုံး LIVE ပြပေးမှာဖြစ်ပါတယ်။ 
လွဲမှပဲလွဲရော အရဲစွန့်ခန့်မှန်းချက်ပေးရမယ်ဆိုရင် တော့ ဒီနှစ် ခြေအကောင်း ဆုံး၊ သက်လုံအကောင်းဆုံး၊ နည်းစနစ်နဲ့ အရှိန်မြင့် စီးအားအကောင်းဆုံး ဖြစ်နေတဲ့၊ ပြီးခဲ့တဲ့ သတင်းနှစ်ပတ်စလုံးမှာ ဆက်တိုက် အနိုင်ရထားတဲ့ ကမ္ဘာ့ ချန်ပီယံ Peter Sagan ပဲ ပထမ ရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ရပါ တယ်။ ။
......

Vuelta al Pais Vasco ပွဲ ၅ ရက်မြောက်နေ့ Rosa အနိုင်ရ...။
...
စပိန်နိုင်ငံ Basque ဒေသမှာ ၆ ရက်ကြာကျင်းပနေတဲ့ Vuelta al Pais Vasco ၅ ရက်မြောက်နေ့ (Orio ကနေ Arrate (Eibar) အထိ) 159 km ပွဲမှာ Diego Rosa (Ita) Astana Pro Team က 4:19:19 နာရီနဲ့ တကိုယ်တော် အနိုင်ရသွားပါတယ်။

ဒီနေ့အတွက် တကိုယ်တော်ကတော့ တကယ့်ကိုတကိုယ်တော်ပါ။ ခရီးစဉ်ရဲ့ တ၀က် သို့မဟုတ် ကီလို ၁၀၀ ခန့်ကို တကိုယ်တော်စီးသွားတာ မယုံနိုင် လောက်အောင်ကို ဖြစ်ခဲ့ရပါတယ်။
သူဟာ Breakaway ၁၈ ဦးထဲကနေ ပန်းဝင်ဖို့ကီလို ၁၀၀ ၀န်းကျင်အလိုမှာ ကတည်းက တကိုယ်တော်ထွက်ပြေးလာသူဖြစ်ပါတယ်။ သူဟာ GC ဆရာ ကြီးတွေနဲ့ ၁၄ မီနစ်တောင်ပြတ်နေတာကြောင့် (သူ ၃ မီနစ်ကျော်ပြတ်ပြီး ပထမ ရလဲ GC သမားတွေကို မီဖို့ ၁၀ မီနစ်တောင်လိုသေးတဲ့အတွက်) ဘယ်သူကမှ သူ့ကို အမီလိုက် မဖမ်းတာလဲဖြစ်နိုင်ပါ တယ်။
ပုံမှန်အားဖြင့်ဆိုရင် တကို်ယ်တော်ရှေ့မှာပြေးနေသူဟာ တဖြေးဖြေးခြေကျလာ ပြီး နောက်ကအုပ်စုလိုက် လိုက်လာသူတွေက တဖြေးခြေတက်လာလေ့ရှိပေမဲ့ ဒီနေ့ပွဲမှာတော့ ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ Rosa ဟာ ခြေမကျတဲ့အပြင် ဒီလောက်မြင့်တဲ့ တောင်တွေကို အရှိန်လုံးဝမကျစေပဲ တဖြေးဖြေးအရှိန်တင်ပြီး စီးသွားပါတယ်။ ဒုတိယ လိုက်နေတဲ့အုပ်စုနဲ့ ပထမ ပိုင်းမှာ ၂ မီနစ်ပြတ်နေရာကနေ ပန်းဝင်ဖို့ ၁၅ ကီလိုဝန်းကျင်မှာ ၄ မီနစ်အထိ ပြတ်သွား ပါတယ်။

GC ဆရာကြီးတွေပါတဲ့အုပ်စုနဲ့ဆို ၇ မီနစ်အထိပြတ်သွားပါတယ်။ ဒီတိုင်းသာ ဆက်လွတ်ထားရင် ၁၄ မီနစ်အထိပြတ်ပြီး GC ပါ ရသွားနိုင်တာကို စိုးရိမ်လို့ လားတော့မသိပါဘူး။ ပန်းဝင်ဖို့ ၁၅ ကီလိုအလိုလောက်ကျမှ GC ဆရာကြီး တွေ အသဲအသန်ထလိုက်ပါတယ်။
ဟိုနေ့ကအ၀ါရောင်ရထားသူ မာလင်ဒါကို စကိုင်းအသင်းက တွဲခေါ်ပြိး ထွက် ပြေးပေမဲ့ သိပ်ကြာကြာလွတ်အောင်မပြေးနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ (ဒီနေ့ GC ရလိမ့်မယ်လို့စာရေးသူမှန်းခဲ့သူ) ကွန်ဒါတာနဲ့ အခု GC ရသွားသူ Henao အတွဲထွက်ပြေးလွတ်မြောက်သွားပါတယ်။
ဒုတိယ လိုက်နေတဲ့အုပ်စုကို သူတို့အတွဲက မိအောင်ဖမ်းနိုင်ခဲ့ပေမဲ့ ပထမ ရသွားသူ တကို်ယ်တော်သမား Rosa ကိုတော့ ဘယ်လိုမှ မမိနိုင်တော့ပါဘူး။
Rosa ဟာ နောက်ကလိုက်လာသူတွေနဲ့ ၃ မီနစ်ကျော်တောင်ပြတ်နေတဲ့ အတွက် ပန်းဝင်စည်းအပေါ်ရိုးရိုမဖြတ်ပဲ စက်ဘီးကိုရပ် လက်နဲ့မပြီး လမ်း လျောက်ပန်းဝင်တဲ့အထိ အပျော်လွန် အောင်ပွဲခံခဲ့ပါတယ်။
ဒီနေ့ ပန်းဝင်စည်းပေါ် ပထမ ဆုံးဖြတ်ခဲ့သူ ၁၀ ဦးကတော့...
1 Diego Rosa (Ita) Astana Pro Team က 4:19:19
2 Sergio Henao (Col) Team Sky 0:03:13 
3 Alberto Contador (Spa) Tinkoff Team 
4 Joaquin Rodriguez (Spa) Team Katusha 0:03:15 
5 Thibaut Pinot (Fra) FDJ 
6 Samuel Sanchez (Spa) BMC Racing Team 0:03:40 
7 Nairo Quintana (Col) Movistar Team 0:03:41 
8 Lawson Craddock (USA) Cannondale Pro Cycling 0:03:56 
9 Rui Costa (Por) Lampre - Merida 0:04:12 
10 Serge Pauwels (Bel) Dimension Data တို့ဖြစ်ပါတယ်။
...
၅ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမား ၁၀ ဦးကတော့...
General classification after stage 5
# Rider Name (Country) Team Result
1 Sergio Henao (Col) Team Sky 22:15:24 
2 Alberto Contador (Spa) Tinkoff Team 0:00:06 
3 Thibaut Pinot (Fra) FDJ 0:00:10 
4 Joaquin Rodriguez (Spa) Team Katusha 0:00:12 
5 Samuel Sanchez (Spa) BMC Racing Team 0:00:31 
6 Nairo Quintana (Col) Movistar Team 0:00:38 
7 Lawson Craddock (USA) Cannondale Pro Cycling 0:01:00 
8 Wilco Kelderman (Ned) Team LottoNl-Jumbo 0:01:07 
9 Rui Costa (Por) Lampre - Merida 0:01:09 
10 Sébastien Reichenbach (Swi) FDJ 0:01:11 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ နောက်ဆုံးနေ့အဖြစ် Eibar - Eibar (ITT) တဦးချင်း စံချိန်ပြု 16.5 km ကီလိုမီတာကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ GC သမား ထိပ်ဆုံး ၁၀ ဦးဟာ ၆ စက္ကန့်ကနေ တမီနစ် ၁၁ စက္ကန့်အထိသာ ကွာတဲ့ အတွက် မနက်ဖြန် တဦးချင်းစံချိန်ပြုမှာ ကောင်းကောင်းစီးနိုင်သူက အ၀ါ ရောင်အကျီကို ရသွားနိုင်တဲ့အနေအထားရှိနေပါတယ်။ လွဲမှပဲလွဲရော လွန်ခဲ့ တဲ့ ပွဲကြီး ၂ ခုစလုံးမှာ ဒုတိယနဲ့ချည်းကျေနပ်လိုက်ရသူ Alberto Contador (Spa) Tinkoff Team မနက်ဖြန် အ၀ါရောင်ရနိုင်တယ်လို့ ဟောကိန်း ထုတ် လိုက်ပါကြောင်း။ ။
.....

Vuelta al Pais Vasco ပွဲ ၄ ရက်မြောက်နေ့ Sanchez အနိုင်ရ...။
...
စပိန်နိုင်ငံ Basque ဒေသမှာ ၆ ရက်ကြာကျင်းပနေတဲ့ Vuelta al Pais Vasco ၄ ရက်မြောက်နေ့ (Lesaka ကနေ Orio အထိ) 165 km ပွဲမှာ Samuel Sanchez (Spa) BMC Racing Team က 4:13:12 နဲ့ တကိုယ် တော်အနိုင်ရသွားပါတယ်။

တကိုယ်တော်ဆိုပေမဲ့ မနေ့ကအတိုင်း သူပန်းဝင်စည်းပေါ်အရောက်မှာ အနောက်ကအုပ်စုမီလာတဲ့အတွက် အားလုံတပြိုင်တည်းပန်းဝင်သလို ဖြစ် သွားပြီး Rui Costa (Por) Lampre - Merida က ဒုတိယနဲ့ Warren Barguil (Fra) Team Giant-Alpecin က တတိယ ရပါတယ်။
GC ထဲက နာမည်ကြီးတွေဖြစ်တဲ့ ကွန်ဒါတာ၊ ကင်တားနားနဲ့ ဟင်နာရိုတို့ ၃ ဦး ပန်းမ၀င်မီနောက်ဆုံးတောင်ကုန်းမှာ လွတ်ထွက်လာပေမဲ့ တခါတည်းပြတ် အောင် မပြေးနိုင်ကြပါဘူး။ စကိုင်းအသင်းက ဟင်နရို Henao ပါလာတဲ့ အတွက်၊ ဒါမှမဟုတ် သူကနေ ကျန်နှစ်ဦးကိုဆွဲထားတဲ့အတွက် မပြေးတာ လည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆို လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် လင်ဒါဟာ စကိုင်းအသင်းကဖြစ်ပြီး သူနောက်မှာကျန်နေတဲ့အတွက် အခုလို ဆွဲထားတာလို့ ယူဆရပါတယ်။
ရှေ့ပိုင်းအခြေအနေကိုပြောရမယ်ဆိုရင်တော့ တာထွက်ပြီးသိပ်မကြာခင် မြင့်မားတဲ့တောင်တလုံးကိုဖြတ်ကတည်းက ၆ ဦးပါ Breakaway တဖွဲ့ လွတ်မြာက်သွားခဲ့ပါတယ်။ TV မှာလိုက်ဖ်ပြတဲ့ ပန်းဝင်ဖို့ ကီလို ၃၀ ကျော် အလိုအထိ အဲဒီ ၆ ဦးဟာ ၃ မီနစ်ဝန်းကျင်ပြတ်နေဆဲပါ။
ဒါပေမဲ့ စကိုင်းအသင်းဦးဆောင်ပြီးတဖြေးဖြေးအရှိန်တင်လိုက်ရာကနေ ရှေ့ ပြေးအုပ်စုအရှိန်ကျလာပါတယ်။ ပန်းဝင်ဖို့ ၁၄ ကိလိုဝန်းကျင်အလို မြင့်မားလှ တဲ့ (၂၈- ဒီဂရိမြင့်) တောင်ကုန်းအတက်မှာတော့ ကန်ဒါတာ၊ ကင်တားနားတို့ ၂ ဦးပြေးထွက်ရာကနေ ရှေ့ပြေးအဖွဲ့ကို မိသွားခဲ့ပါတယ်။
ဒါပေမဲ့ ရှေ့မှာ ပလင်ခံခဲ့တဲ့အတိုင်း သူတို့နှစ်ဦးနဲ့အတူ စကိုင်းက ဟင်နရို ပါလာတဲ့အတွက် ဆက်မပြေးပဲ ဆိုင်းထားလိုက်ပါတယ်။ အဲဒီအချိန်မှာ အရင် ရှေ့ပြေးနေသူတွေ ထပ်မံထွက်ပြေးလွတ်မြောက်သွားပြန်ပါတယ်။ ဒါပေမဲ့ ပြတ်အောင် မဖြတ်နိုင်ပါဘူး။
ဒီလိုနဲ့ပန်ဝင်ဖို့ ၃ ကိလိုခန့်အလို တောင်ကုန်းမှာ အားလုံးကိုဖမ်းမိပြီး တအုပ် တည်းဖြစ်သွားပါတယ်။ ဒီမတိုင်ခင် GC ဆရာကြီးနှစ်ဦးဖြစ်တဲ့ လူငယ်ခြေ တက် Thibout Pinot (FDJ) နဲ့ Fabio Aru (Astana) နှစ်ဦးတွဲပြီး ရှေ့ပြေး အုပ်စုကို အမီလိုက်တာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
ပန်းဝင်ဖို့ ၂ ကီလိုလောက်အလိုမှာ အခု ပထမ ရသွားသူ စတင်ထွက်ပြေးပါ တယ်။ လမ်းကတောင်ကုန်းကနေ ကုန်းဆင်းလိုမျိုးဖြစ်သွားပြီး ပန်းဝင်ဖို့ မီ တာ ၅၀၀ လောက်အလိုကျမှ ကုန်းပြန်တက်ပါတယ်။ မီတာ ၁၀ လောက် အသာနဲ့ပြေးနေတဲ့ ပုဂ္ဂိုလ်ကို ပန်းဝင်စည်းပေါ်ရောက်မှ နောက်ကလိုက်လာ တဲ့အုပ်စုက မိသွားတယ်ဆိုပါတော့။
ရှေ့မှာအစီရင်ခံခဲ့တဲ့အတိုင်း လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် Mikel Landa Meana နဲနဲပြတ်ကျန်ခဲ့အတွက် ဒီနေ့ အ၀ါရောင်ကိုစွန့်လိုက်ရပါတယ်။ ပထမ ပိုင်းမှာ ကွန်ဒါတာများ အ၀ါရောင်ရပြီလားလို့ထင်မိပေမဲ့ သူ့ဆီမရောက်ပဲ Wilco Kelderman က ယူသွားခဲ့ပါတယ်။
၎ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC စာရင်းကတော့...
General classification after stage 4
# Rider Name (Country) Team Result
1 Wilco Kelderman (Ned) Team LottoNl-Jumbo 17:52:48 
2 Sergio Henao (Col) Team Sky 0:00:04 
3 Mikel Landa Meana (Spa) Team Sky 0:00:07 
4 Samuel Sanchez (Spa) BMC Racing Team 0:00:08 
5 Alberto Contador (Spa) Tinkoff Team 0:00:10 
6 Thibaut Pinot (Fra) FDJ 0:00:12 
7 Rui Costa (Por) Lampre - Merida 0:00:14 
8 Nairo Quintana (Col) Movistar Team 
9 Robert Gesink (Ned) Team LottoNl-Jumbo 
10 Sébastien Reichenbach (Swi) FDJ တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Orio ကနေ Arrate (Eibar) အထိ 159 km ကို ဆက် လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။

Saturday, April 9, 2016

Paris-Roubaix ပွဲမှာ ဘယ်သူ ပထမ ရနိုင်သလဲ...။

Paris-Roubaix ပွဲမှာ ဘယ်သူ ပထမ ရနိုင်သလဲ...။
...
Spring Classics ပွဲတွေထဲမှာ နာမည်အကြီးဆုံးပွဲတခုဖြစ်တဲ့ Paris-Roubaix ပွဲ ('The Queen of the Classics', or 'The Hell of the North) ကို လာမဲ့တနင်္ဂနွေ (ဧပြီလ ၁၀ ရက်) မှာ ပြင်သစ်မှာ ကျင်းပဖို့ရှိနေ ပါတယ်။ ဒီပွဲဟာ ပြီးခဲ့တဲ့တနင်္ဂနွေကကျင်းပတဲ့ ဘလဂျီယံက အကြိမ် ၁၀၀ မြောက် Tour of Flanders ထက် ၁၄ နှစ်စောတဲ့အတွက် အကြိမ် ၁၁၄ ကြိမ် မြောက်ပွဲဖြစ်ပါတယ်။

Tour of Flanders ဟာ ၂၅၅ ကီလိုမီတာ ရှည်လျားပြီး cobbled climbs ကျောက်တုံးခင်းလမ်းတောင်ကုန်း ၇ ခုနဲ့အတူ လမ်းကျဉ်းတွေ၊ လမ်းကွေ့တွေ အများကြီးပါဝင်တာကို ပရိတ်သတ်တွေမြင်ခဲ့ပြီးဖြစ်မှာပါ။ အခု တနင်္ဂနွေမှစမဲ့ Paris-Roubaix က 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။
ဒါ့အပြင် ရာသီဥတုကလည်း မိုးသည်းမယ်လို့မှန်းထားတဲ့အတွက် ပွဲဟာ အတော်ပြင်းပြင်းထန်ထန်စီးရမဲ့သဘောရှိနေပါတယ်။ ဒီပွဲဟာလည်း အရင် အပတ်က Tour of Flanders လိုပဲ ဆာဂန်ရဲ့အဓိကပြိုင်ဖက်တွေဖြစ်တဲ့ Fabian Cancellara က ၃ ကြိမ်၊ Tom Boonen က ၄ ကြိမ်အနိုင်ရထားဖူးပြီး ဆာဂန်ကိုယ်တိုင်ကတော့ ၂၀၁၄ တုန်းက နံပတ် ၆ အထိပဲရထားဖူးပါတယ်။
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ Grand Tour (၂၁ ရက် တာပွဲများ) တွေမှာ တနှစ်ထဲ ၂ ပွဲ၊ ၃ ပွဲစလုံးအနိုင်ရဖို့မဖြစ်နိုင်သလို အခု Spring Classcis မှာလည်း Tour of Flanders ရော၊ Paris-Roubaix ပါ တနှစ်ထဲ ရဖို့မဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။

ဒါပေမဲ့ ဒီနှစ် ခြေစွပ်ကောင်းပြီး Gent-Wevelgem နဲ့ Flanders ကိုပါ တပတ် ခြားစီ double အနိုင်ရထားတဲ့ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်ဟာ ဒီနှစ်ခုစလုံးကို ရပြီစံချိန်တင်သွားနိုင်တဲ့အလားလာရှိနေတယ်လို့ အကဲခတ်တွေကဆိုနေပါ တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ တနင်္ဂနွေက နောက်ဆုံး ၁၅ ကီလိုကို တကိုယ် တော် အရှိန်တင်စီးသွားတာ၊ ကာစီးလာလာနဲ့အခြားတဦး နှစ်ဦးပေါင်းလိုက် တာတောင် မမီတော့တဲ့အတွက် ဆာဂန်ဟာ Sprinter သက်သက် မဟုတ် တော့ပဲ Clisscis ဆရာကြီးဖြစ်နေပြီ။ အခြေအခြေကိုကြည့်ပြီး တယောက် တည်းပြေးသင့်ရင်ပြေးရဲနေပြီဆိုတဲ့အနေအထားကြောင့် ဒီပွဲမှာ လူစိတ်ဝင်စား မှု အများဆုံးခံနေရသူဖြစ်လာနေပါတယ်။
ကာစီးလာလားနဲ့ တွန်ဘွန်းအပြင် နောက်ထပ်အလေးထားရမဲ့ ဆာဂန်ရဲ့ပြိုင် ဖက်တွေကတော့.. Niki Terpstra, Zdenek Stybar, Alexander Kristoff, Luke Rowe နဲ့ Lars Boom တို့ဖြစ်ပါတယ်။
ဒါပေမဲ့ စာရေးသူကတော့ ပုဂ္ဂိုလ်ရေးအစွဲရှိတယ်ပဲဆိုဆို Breakaway အဖွဲ့ တခုခုသာ လွတ်မသွားဘူးဆိုရင် ပီတာဆာဂန်ပဲ အနိုင်ရလိမ့်မယ်၊ တနင်္ဂနွေ သုံးပတ် ဆက်တိုက် ဆာဂန် အောင်ပွဲခံလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက် ချင်ပါတယ်။ ။
.....

Paris-Roubaix ပွဲအတွက် Peter Sagan ဘာတွေပြင်ထားသလဲ...။
...
Spring Classics ပွဲတွေထဲမှာ နာမည်အကြီးဆုံးပွဲတခုဖြစ်တဲ့ Paris-Roubaix ပွဲ ('The Queen of the Classics, or 'The Hell of the North) ကို မနက်ဖြန်မနက် ၁၀ နာရီခွဲ (မြန်မာစံတော်ချိန် ၃ နာရီဝန်းကျင်) မှာ စတင် ဖို့ရှိနေပါတယ်။
ဒီပွဲဟာ ပြီးခဲ့တဲ့တနင်္ဂနွေကကျင်းပတဲ့ ဘလဂျီယံက အကြိမ် ၁၀၀ မြောက် Tour of Flanders ထက် ၁၄ နှစ်စောတဲ့အတွက် အကြိမ် ၁၁၄ ကြိမ် မြောက်ပွဲဖြစ်ပါတယ်။

Tour of Flanders ဟာ ၂၅၅ ကီလိုမီတာ ရှည်လျားပြီး cobbled climbs ကျောက်တုံးခင်းလမ်းတောင်ကုန်း ၇ ခုနဲ့အတူ လမ်းကျဉ်းတွေ၊ လမ်းကွေ့တွေ အများကြီးပါဝင်တာကို ပရိတ်သတ်တွေမြင်ခဲ့ပြီးဖြစ်မှာပါ။
အခု တနင်္ဂနွေမှစမဲ့ Paris-Roubaix က 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။ ဒါ့အပြင် ရာသီဥတု ကလည်း မိုးသည်းမယ်လို့မှန်းထားတဲ့အတွက် ပွဲဟာ အတော်ပြင်းပြင်းထန် ထန် စီးရမဲ့သဘောရှိနေပါတယ်။
ပွဲကျင်းပမဲ့လမ်းတလျောက် စက်ဘီးအသင်းအတော်များများ ကြိုတင်လေ့လာ ကြသလို မနေ့ကတော့ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်တို့ရဲ့ Tinkoff အသင်း သွား ရောက်လေ့လာခဲ့ပါတယ်။ မီဒီယာတွေကို အသိမပေးပဲ ဒီတိုင်းထွက် သွားတာဖြစ်ပေမဲ့ အသင်းကားရပ်တဲ့နေရာတိုင်း၊ စက်ဘီးစီးပြီးရပ်တဲ့နေရာ တိုင်းမှာ မီဒီယာသမားတွေ၊ ပွဲကြည့်ပရိတ်သတ်တွေနဲ့ တိုးပြီး မေးခွန်းတွေကို ဖြေ၊ အော်တိုတွေလက်မှတ်ထိုး၊ ပရိတ်သတ်နဲ့အတူ selfie ရိုက်ရနဲ့ ဆာဂန် တယောက် အတော်အလုပ်များခဲ့ပါတယ်။
အဲဒီမေးမြန်းချက်တွေထဲက တချို့နဲ့ ဒီပွဲအတွက် အထူးပြင်ဆင်ထားတဲ့ ဆာဂန် ရဲ့ စီးတော်ယဉ်အကြောင်းကို မျှဝေလိုက်ပါတယ်...။
...

ဆာဂန် ဘာတွေပြောခဲ့သလဲ...
...
ပြီးခဲ့တဲ့ တနင်္ဂနွေကကျင်းပတဲ့ Tour of Flanders မှာအနိုင်ရထားတဲ့ ဆာဂန်ကို Paris-Roubaix မှာလည်း အနိုင်ရတယ်လို့ အတော်များများက ခန့်မှန်းနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးသတင်းထောက်တွေရဲ့အမေးကို သူက အတိအကျမဖြေပါဘူး။ ...ကျနော်ဟာ အမြဲတန်း အေးဆေးပါပဲ။ စိတ်ဖိအား မရှိပါဘူး...လို့ဖြေပါတယ်။
ဘာဖြစ်ရမယ်လို့ မျှော်မှန်းထားတာမရှိပါဘူး။ ပန်းဝင်တဲ့အထိ စီးမယ်၊ လဲပြိုတဲ့ အထဲမပါအောင် ကရုစိုက်မယ်၊ ကံကောင်းရင်နိုင်မယ်၊ ကံမကောင်းရင် မနိုင် ဘူး...ဆိုပြီး သူက ပြောပါတယ်။
ဆာဂန်နဲ့သူ့အသင်းဖေါ်တွေဟာ ကျောက်တုံးခင်းလမ်း ၂၇ ခုထဲက ၁၆ ဆီ သွားခဲ့ပါတယ်။ လမ်းအခြေအနေကိုကြည့်ပြိးတဲ့နောက် စက်ဘီးအထိုင် ဘာ တွေပြောင်းဖို့လိုမလဲဆိုတာအတွက် သူ့အသင်းရဲ့ နည်းပညာဆရာတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။
ဒီလမ်းတလျောက်မှာ ဘယ်နေရာတွေက အခက်ခဲဆုံးလဲ။ ဘယ်တောင်ကုန်း က ပွဲရဲ့အဆုံးအဖြတ်ကိုပေးနိုင်လဲ။ ဥပမာ ပြီးခဲ့တဲ့တနင်္ဂနွေဆိုရင် Paterberg တောင်ကုန်းမှာ ဆာဂန် ထွက်ပြေးလွတ်မြောက်ပြီး အောင်ပွဲလမ်းစ ရသွားသ လိုမျိုးပေါ့ဆိုပြီးမေးတော့...
လူတိုင်းက Roubaix ကိုကြိုက်တယ်။ ဘာကြောင့်လဲဆိုရင် တခြားပွဲတွေနဲ့ မတူတဲ့အနေအထားရှိနေလို့ပါ။ ပြိးတော့ ဒီပွဲရဲ့နောက်မှာ သမိုင်းကြောင်းက လည်းကြီးကြီးမားမားရှိတယ်လို့ ဆာဂန်ကပြောပါတယ်။ ပြီးတော့ ဒီပွဲမှာ ၄ ကြိမ် အနိုင်ရထားသူ Tom Boonen နဲ့ ၃ ကြိမ်နိုင်ထားသူ Fabian Cancellara တို့ရဲ့ အစဉ်အလာကြီးပုံကိုလဲ သူကပြောခဲ့ပါတယ်။

....
ဒီပွဲအတွက် စက်ဘီးကို အထူးပြင်ဆင်ဖို့ လိုအပ်သလား...။
...
ဆာဂန်ဟာ ဒီပွဲအတွက် စက်ဘီးကို အထူးပြင်ဆင်ထားတယ်လို့သိရပါတယ်။ (ဓတ်ပုံထဲက ဘီးကိုကြည့်ပါ)။ နောက်ဆုံးပြင်ဆင်မှုကတော့ အဲဒီနေ့ (မနက် ဖြန်) မှာမိုးရွာမလား၊ နေသာမလားဆိုတဲ့အချက်ပေါ် ကြည့်ပြီး တာယာ အပြောင်းအလဲ ထပ်လုပ်မယ်လို့ဆိုပါတယ်။
ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်းဆိုရင် သူရဲ့ Specialized S-Works ဘီးကို တခု လုံးအနက်ရောင်ဆိုးထားပြီး သူ့အမည်၊ ကမ္ဘာ့ချန်ပီယံသင်္ကေတနဲ့ အခြား သင်္ကေတတချို့ကိုသာ အရောင်ထည့်ထားပါတယ်။ သူ့ဘီးဟာ အသင်းဖေါ် တွေရဲ့ ဘီးနဲ့ သိပ်မကွာပါဘူး။
ဒါပေမဲ့ ကျောက်တုံးခင်းလမ်းတွေပေါ် ခြေချော်မထွက်အောင် ခြေနင်းပြား padded bar ကို extra grip လုပ်ထားပါတယ်။ အရင်ပွဲနဲ့ အဓိကကွာခြား ချက်ကတော့ electronic Shimano Dura Ace Di2 အစား Shimano components ကိုရွေးထားခြင်းပါပဲ။ သူရဲ့ရှေ့ဂီယာက 44-53 ဖြစ်ပါတယ်။
Tinkoff အသင်းရဲ့ chief mechanic Christophe Desimpelaere ကတော့ မနှစ်ကပွဲမှာ ဂီယာနဲ့ mechanical ပြသာနာနဲနဲရှိခဲ့ဖူးတဲ့အတွက် ဒီနှစ် အဲလို မဖြစ်အောင် အသေအချာပြင်ထားပေးတယ်လို့ပြောပါတယ်။ ဘီးရဲ့ အစိတ် အပိုင်းအတော်များများဟာ မနှစ်ကအတိုင်းဖြစ်ပြီး ဘီးဆိုက်ကိုတော့ ၃၀ လက်မ သုံးထားတာတွေ့ရပါတယ်။
ဒါပေမဲ့ မနက်ဖြန် မိုးရွာပြိး စိုစွတ်နေမလား။ နေသာပြီးခြောက်သွေ့နေမလား ဆိုတဲ့အပေါ်မူတည်ပြိး ပွဲမစခင် မနက်ပိုင်းမှာမှ တာယာအပြောင်းအလဲ ထပ် လုပ်မယ်လို့ chief mechanic ကပြောပါတယ်။ 
ကဲ...မနက်ဖြန် ပီတာဆာဂန် အနိုင်ရနိုင်သလား...။ ဂန်ဒ၀င် ဆရာကြီးတွေဖြစ် တဲ့ ကာစီလာလားနဲ့ တွန်ဘွန်းတို့ပဲ ရသွားနိုင်မလား...။ မနက် ၁၀ နာရီခွဲကနေ ပွဲအစ-အဆုံး TV မှာ လိုက်ဖ် ကြည့်ရမှာဖြစ်ပါကြောင်း အစီရင်ခံလိုက်ရပါ တယ်။ ။

ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမား ဘယ်သူလဲ...။

ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမား ဘယ်သူလဲ...။
...
ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားတွေကို လူသိများပေမဲ့ စက်ဘီးသမား တွေကိုတော့ လူသိနည်းနေဆဲလို့ထင်ပါတယ်။ ကျနော်အမှတ်မမှားဘူးဆိုရင် အခုအမေရိကားမှာ (တားမြစ်ဆေးသုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့) တရားရင်ဆိုင် နေရတဲ့ Tour de France ပွဲရဲ့ ၇ နှစ်ဆက်တိုက်ချန်ပီယံ Lance Armstrong ဟာ လူသိများဆုံး စက်ဘီးသမားပါ။


အဲဒါ လွန်ခဲ့တဲ့ ဆယ်စုကအခြေအနေကိုပြောတာပါ။ အခု ဆယ်စုနှစ် ၂၀၁၀ နဲ့ ၂၀၂၀ ကြားမှာတော့ ပီတာဆာဂန်ဟာ လူသိများဆုံး စက်ဘီးသမားလို့ထင်ပါ တယ်။ အထူးသဖြင့် ၂၀၁၅ နှောင်းပိုင်းမှာ ကမ္ဘာ့ချန်ပီယံ (အဲဒီမတိုင်ခင်က လည်း သူ့ရဲ့စီးဟန်ဟာ သူများနဲ့မတူပဲ တမူထူးတဲ့အတွက် လူသိများပြီးသား ဖြစ်ပါတယ်) ဖြစ်လာပြီးနောက်ပိုင်း၊ အခုရက်ပိုင်းအတွင်းကျင်းပတဲ့ Gent-Wevelgem နဲ့ Flanders ပွဲတွေမှာ ဆက်တိုက်အနိုင်ရပြီးနောက်ပိုင်း ဆာဂန် ဟာ ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမားဖြစ်လာနေပါတယ်။
လက်ရှိသူ့ကိုငှားထားတဲ့ Tinkkoff အသင်းကနေ တနှစ်အတွက် လစာ ယူရွန် ၄ သန်းပေးထားပြီး ၂၀၁၇ အကုန်အထိ စာချုပ်ရှိနေပါတယ်။ ဒါပေမဲ့ ရုရှားသူ ဌေး အသင်းပိုင်ရှင်က ဒီနှစ်အကုန်မှာ အသင်းကိုရောင်းထုတ်တော့မယ်လို့ဆို ထားတဲ့အတွက် ဆာဂန်ကို လိုချင်တဲ့အခြားအသင်းအတော်များများက ယူရွန် ၄ သန်းထက်ပိုတဲ့ငွေနဲ့ စာချုပ်ချုပ်နိုင်ဖို့ လိုက်နေကြတယ်လို့ဆိုပါတယ်။
အထူးသဖြင့် Etixx-QuickStep, BMC and Trek-Segafredo အသင်းတွေ က Classics squads အတွက် သူ့ကိုငှားချင်နေပါတယ်။ Etixx-QuickStep မှာ အသက်ကြီးလာတဲ့ Tom Boonen ကိုအစားထိုးနိုင်ဖို့၊ BMC မှာ Philippe Gilbert ထွက်တော့မှာမို့နဲ့ Trek-Segafredo မှာ Fabian Cancellara အနား ယူတော့မှာဖြစ်တဲ့အတွက် အလားအလာကောင်းတဲ့ လူငယ်ခြေတက် Classics အသင်းခေါင်းဆောင်ကို ဒီအသင်းတွေက အသဲအသန်လိုနေတာ ဖြစ်ပါတယ်။

Tinkkoff အသင်းရဲ့ မန်နေဂျာ Stefano Feltrin ကတော့ သူတို့အသင်းအနေ နဲ့ စပွတ်ဆာအသစ်တခုကိုရှာနေပြီး လာမဲ့မေလ Giro d’Italia ပွဲဝန်းကျင်မှာ အသင်းရဲ့ အနာဂတ်ကို အတိအကျပြောနိုင်လိမ့်မယ်လို့ပြောပါတယ်။
စက်ဘီးအသင်းတွေဟာ စက်ဘီးသမားတဦးအပေါ် ဒီလောက်ပမာဏများတဲ့ ငွေကို ရင်းနှီးမြှုပ်နှံမှုမလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ပြိုင်ဖက်အသင်းတခုခု က အဲဒီစက်ဘီးသမားနဲ့ စာချုပ်ချုပ်သွးမှာကိုလည်း စိုရိမ်နေပြန်ပါတယ်။ တချိန်တည်းမှာပဲ bike brands စက်ဘီးကုပ္ဗဏီတွေကလည်း ဆာဂန်ရဲ့ လက်မှတ်ရအောင် အသဲအသန်လိုက်နေကြပါတယ်။ အခုထိတော့ ဆာဂန် အတွက် စက်ဘီးဒီဇိုင်းထုတ်လုပ်ပေးနေတဲ့ Specialized က အသားစီးရ နေပါတယ်။
ကဲ... ၂၀၁၇ မှာ ဆာဂန် ဘယ်အသင်းဆီပြောင်းမလဲ...။ ဈေးအများဆုံး စက်ဘီးသမားအဖြစ် စံချိန်တင်နိုင်မလား...။ လောလောဆယ်တော့ တနင်္ဂနွေ မှာကျင်းပမဲ့ Paris-Roubaix ပွဲကို စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒိပွဲပါ ထပ်နိုင်ရင် ဆာဂန်ဟာ ကမ္ဘာ့အကောင်းဆုံးနဲ့ ဈေးအကြိးဆုံးစက်ဘီးသ မားဖြစ်လာမယ်ဆိုတာ သံသယရှိစရာမလိုတော့ဘူး မဟုတ်ပါလား။ ။

Wednesday, April 6, 2016

Scheldeprijs ပွဲ Kittel အနိုင်ရ...။

Scheldeprijs ပွဲ Kittel အနိုင်ရ...။
...
ဘလဂျီယံရဲ့ နောက်ဆုံး Spring Classics လို့ယူဆရတဲ့ Scheldeprijs ၂၀၈ ကီလိုမီတာပြိုင်ပွဲမှာ Marcel Kittel (Ger) Etixx - Quick-Step က 4:54:05 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ မနှစ်က ပထမ ရထားသူ Mark Cavendish (GBr) Dimension Data က နှာတဖျားနောက်ကျပြီး ဒုတိယနဲ့ André Greipel (Ger) Lotto Soudal က တတိယ ရပါတယ်။ ဒီ ၃ ဦးစလုံးဟာ တကယ့် နာမည်ကြီး Sprinter တွေမို့ ပန်းဝင်စည်းရောက်ခါနီး မီတာ ၂၀၀ လောက်ဟာ တကယ်ကိုအကြိတ်အနယ်ပါ။
ပန်ဝင်းဖို့ မီတာ ၂၀၀ လောက်အလိုမှာကတည်းက Kittel ကအရှိန်တင်ပေမဲ့ Cavendish က အသာစောင့်နေပြီး မီတာ ၁၀၀ အလိုမှ ကပ်တီးပါတယ်။ ဒါပေမဲ့ Kittel ကိုပြတ်အောင် မဖြတ်နိုင်တဲ့အတွက် ဒုတိယ နဲ့ကျေနပ်လိုက်ရ ပါတယ်။
# Rider Name (Country) Team Result
1 Marcel Kittel (Ger) Etixx - Quick-Step 4:54:05 
2 Mark Cavendish (GBr) Dimension Data 
3 André Greipel (Ger) Lotto Soudal 
4 Edward Theuns (Bel) Trek-Segafredo 
5 Niccolo Bonifazio (Ita) Trek-Segafredo 
6 Danny Van Poppel (Ned) Team Sky 
7 Nikias Arndt (Ger) Team Giant-Alpecin 
8 Wouter Wippert (Ned) Cannondale Pro Cycling 
9 Dylan Groenewegen (Ned) Team LottoNl-Jumbo 
10 Daniel Mclay (GBr) Fortuneo - Vital Concept

အင်း...ထုံးစံအတိုင်း ဒီပွဲမှာ လူစိဝင်စားမှုအများဆုံးခံရတဲ့ ပုဂ္ဂိုလ်ကတော့ ကျနော်တို့ရဲ့ဇတ်လိုက်ကြီး ပီတာဆာဂန်ပါပဲ။ ပြိးခဲ့တဲ့ တနင်္ဂနွေကမှ ပူပူနွေး နွေး Tour of Flanders မှာ ပထမ ရထားတာကြောင့် ဘလဂျီယံလူငယ်တွေ က သူ့ဘေးမှာဝိုင်းပြီး အော်တော်ရေးခိုင်းနေတာ တာထွက်ချိန်တောင် နောက် ကျတော့မလိုလိုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
သူရဲ့ပြိုင်ဖက် ကာစီးလာလားလဲ ဒီပွဲမှာ ၀င်စီးခဲ့ပါတယ်။ ဒါပေမဲ့ ဆာဂန်ဟာ လာမဲ့တနင်္ဂနွေမှာကျင်းပမဲ့ Paris-Roubaix ပွဲကို အဓိကထားတာကြောင့် ပန်းဝင်ခါနီး ကီလို ၁၀ ကိလိုလောက်အလိုမှ ပွဲကနေ ထွက်သွားတယ်လို့ သိရပါတယ်။ ဆိုလိုတာက ဒီပွဲကို သွေးပူအဖြစ်သာစီးတာကြောင့် ပန်းအ၀င် မှာ အကြိတ်အနယ်ပြိုင်ရင် အားကုန်မှာရယ်၊ တခုခုလဲချော်မှာကိုစိုးတာ ကြောင့် အခုလို ထွက်သွားတာပါ။

ဆာဂန်အပါဝင် ဒီနေ့ပွဲမှာဝင်ပြိုင်သူအားလုံးနီးပါးဟာ နာမည်အကြီးဆုံး (Tour of Flanders အပြိုင်) Spring Classics ဖြစ်တဲ့ Paris-Roubaix ကို တနင်္ဂ နွေနေ့မှာ ၀င်နွဲကြမှာပါ။ ။
.....

...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More