Thursday, July 4, 2024

မိုးမိတ် ရွှေသာယာစခန်းကို TNLA သိမ်းပိုက်... လွိုင်ကော်မှာ တိုက်ပွဲပြင်း...


မိုးမိတ် ရွှေသာယာစခန်းကို TNLA သိမ်းပိုက်... လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(5-7-2024)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၀)ရက် မြောက်နေ့မှာ မိုးမိတ်မြို့က ရွှေသာယာ တပ်စခန်းကို TNLA/ PSLF တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ပြီး နောင်ချိုမြို့က ဒုံးတပ် (၆၀၆) မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မိုးမိတ်မြို့က ရွှေသာယာ တပ်စခန်းသိမ်းပွဲမှာ TNLA၊ နဲ့အတူ PDF (မိုးကုတ်ဗျုဟာ) ပါဝင်တယ်လို့ ဖေါ်ပြပါတယ်။ နောင်ချိုက ဒုံးတပ် (၆၀၆)ကိုတော့ TNLA နဲ့အတူ DPLA၊ (ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ MDY-PDF မန္တလေးတိုင်း PDF တပ်တွေက ပူးတွဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အသေအလဲ ခုခံနေပြီး တရက်တည်းမှာတင် လေယာဉ်က ၁၅ ကြိမ် ဗုံးကြဲတယ်လို့ဆိုပါတယ်။ 

တချိန်တည်းမှာပဲ သီပေါမြို့နယ် ဒုဌဝတီ တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ညနေပိုင်းမှာ TNLA က ဝင်ရောက်တိုက်ခိုက်ပြီး မိုင်းရယ်နဲ့ တန့်ယန်းမြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ဖေါ်ပြပါတယ်။

လားရှိုးမြို့မှာလည်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ဒဏ်ကြောင့် နောက်ထပ် အရပ်သား (၆) ဦး ထပ်မံသေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုးက စစ်ကောင်စီ တပ်စခန်းတွေကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဆက်ပြီး ထိုးစစ်ဆင်နေ...

- မန္တလေး-မိုးကုတ် လမ်းပေါ်က လက်ပန်လှ ရွာကို စစ်ကောင်စီလေယာဉ်က ဗုံးကြဲလို့ အရပ်သား ထိခိုက်မှုရှိ...

- လွိုင်ကော်မြို့ မှာ ဇူလိုင် ၄ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြန်ဖြစ်နေ...

- ဇွန်လအတွင်း တိုက်ပွဲပေါင်း (၁၂၀) ကျော် ဖြစ်ပွားပြီး စစ်ကောင်စီဖက်က (၆၀) ကျော်သေဆုံး၊ ၁၉ ဦး ဒဏ်ရာရတယ်လို့ KNLA - တပ်မဟာ (၅) က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, July 3, 2024

လားရှိုးက စစ်ကောင်စီစခန်း MNDAA တိုက်ခိုက်... စဉ့်ကူးမြို့နယ်က စစ်တပ်စခန...


လားရှိုးမြို့က စစ်ကောင်စီစခန်းကို MNDAA တိုက်ခိုက်... စဉ့်ကူးမြို့နယ်က စစ်တပ်စခန်းတွေကို PDF သိမ်းပိုက် ...နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၄- ၇ - ၂၀၂၄)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း ၆ ခုကိုသိမ်းပိုက်ပြီး လက်နက်မျိုးစုံ (၄၀)ကျော်နဲ့ စစ်သုံ့ပန်း ၁၀ ကျော် ဖမ်းမိထားတယ်လို့ PDF-MDY ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)” မှာ PDF-MDY က ဟန်ချက်ညီပါဝင်နေပြီး သိမ်းမိစခန်း ၆ ခုကတော့ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်းနဲ့  နွယ်ရုံ ရဲစခန်းတို့ဖြစ်ပါတယ်။

သိမ်းမိလက်နက်တွေထဲမှာတော့ ၆၀ မမ အပါဝင် လက်မျီုးစုံ ၄၀ ခန့်ကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။ စစ်သုံ့ပန်း ၁၃ ဦး ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။ ဒီစစ်ဆင်ရေးမှာ PDF-MDY ကို စဉ့်ကူးမြို့နယ် ပကဖ က ထောက်ပို့ဆိုင်ရာကိစ္စရပ်တွေမှာ ကူညီနေတယ်လို့ ဖေါ်ပြပါတယ်။

မတ္တရာမြို့နယ်တွင်းက စစ်ကောင်စီစခန်းတွေ၊ လက်နက်တွေကို ရာနဲ့ချီသိမ်းမိကြောင်း တနေ့ ကြေညာပြီးနောက် အခု ဆက်တိုက် စဉ့်ကူးမြို့နယ်က စခန်းသိမ်းပွဲတွေအကြောင်း PDF-MDY က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- စစ်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ
အသုံးများလာတဲ့အတွက် စစ်ဆင်ရေး ၈ ရက်တာအတွင်း စစ်ကောင်းစီရဲ့ ဗုံးထိလို့ သေဆုံးတဲ့အရပ်သား ၂၅ ဦးကျော်လာ...

- လားရှိုးမြို့မှာ ဇူလိုင် ၃ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲဖြစ်နေတာကြောင့် မြို့အဝင်-အထွက်လမ်းတွေ၊ လေယာဉ်နဲ့ ဘတ်စ်ကား လိုင်းတွေကိုပါ ပိတ်ထား...

- ထားဝယ် -သရက်ချောင်း လမ်းပိုင်းမှာ ပျူစောထီးတွေ လိုက်ပါလာတဲ့ယဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- စစ်ကောင်စီဖက်က ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်သားနဲ့ ရဲသား (၄၃) ဦး ဇွန်လ အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG က ထုတ်ပြန်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ကိုယ့်ဒေသ လွတ်မြောက်ရေးအဆင့်ကနေ စစ်ကောင်စီပြုတ်ကျမှဖြစ်မယ်ဆိုတဲ့အဆင့်ထိ...


“ကိုယ့်ဒေသ လွတ်မြောက်ရေးအဆင့်ကနေ စစ်ကောင်စီပြုတ်ကျမှဖြစ်မယ်ဆိုတဲ့အဆင့်ထိ ERO တွေဘက်က မျှော်လင့်ရဲလာတဲ့သဘောဖြစ်တယ်”

- ဆလိုင်းယောမာန် - (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၃- ၇- ၂၀၂၄)

“၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကို ပြန်လည်စတင်နိုင်ခြင်းဟာ ERO (တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ) တွေဘက်က ကိုယ့်ဒေသတခုတည်း လွတ်မြောက်ရေး စဉ်းစားချက်အဆင့်ကနေ စစ်ကောင်စီပြုတ်ကျမှ မြန်မာပြည်အနာဂတ်အဆင်ပြေမယ်ဆိုတဲ့ အဆင့်အထိ မျှော်လင့်ရဲလာတဲ့သဘောဖြစ်တယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ မတူပီမြို့သိမ်းတိုက်ပွဲအခြေအနေ၊ အရှေ့မြောက်ဒေသမှာ ပြန်အားကောင်းလာတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အခြေအနေ၊ အလယ်ပိုင်းဒေသက PDF တွေရဲ့ စွမ်းရည်မြင့်မားလာမှု အခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမန်းချက် ဒုတိယ ပိုင်းမှာ...

- ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပြန်လည် စတင်ခြင်းက စစ်ရေး- နိုင်ငံရေးအရ ဘယ်လိုအရေးပါသလဲ...

- ERO တွေနဲ့  PDF တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ အားကောင်းလာနေပြီလဲ...

- အခုချိန်ဟာ စစ်ကောင်စီအလွန်ခေတ်ကို ရဲရဲကြီး မျှော်လင့်လို့ရနေတဲ့ အနေအထား ရောက်လာပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, July 2, 2024

လေကြောင်းရန်ကာကွယ်ရေးတပ် အပါဝင် တပ်စခန်း ၈ ခု PDF-MDY သိမ်းပိုက်... ရေး-...


လေကြောင်းရန်ကာကွယ်ရေးတပ် အပါဝင် တပ်စခန်း ၈ ခု PDF-MDY သိမ်းပိုက်... ရေး-ထားဝယ်ကားလမ်းတိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၃- ၇- ၂၀၂၄)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါဝင် စစ်ကောင်စီ တပ်စခန်း ၈ ခု၊ လက်နက်မျိုးစုံ ၁၀၀ ကျော်၊ စစ်သုံ့ပန်း ၆၀ ကျော် သိမ်းပိုက်မိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF- MDY က သတင်းထုတ်ပြန်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”မှာ   PDF-MDY က ဟန်ချက်ညီညီ တိုက်ပွဲဝင်နေပြီး နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနဲ့ မတ္တရာ စစ်မျက်နှာတွေမှာ စစ်ဆင်ရေးဖေါ်ဆောင်နေပါတယ်။ အခု စစ်ဆင်ရေး ပထမ သီတင်းပတ်ရဲ့ ထူးခြားချက်တွေကို လူထုထံ အသိပေးတာလို့ ဖေါ်ပြပါတယ်။

သိမ်းမိစခန်းတွေကတော့ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော် တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်းနဲ့  Alpha ဘိလပ်မြေစက်ရုံ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင် တပ်စခန်းတို့ဖြစ်ပါတယ်။

စစ်ပွဲအတွင်း ဖမ်းဆီးရမိစစ်သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံသူ (၆၄)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး တပ်မိသာစုဝင် အမျိုးသမီး ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် စုစုပေါင်းက (၁၁၇)ဦးရှိတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ် စစ်ဆင်ရေးအတွင်း သိမ်းမိလက်နက်ကတော့ ၈၁ မမ၊ ၆၀ မမ၊ RPG
ပါဝင် လက်နက်မျိုးစုံ ၁၂၅ လက်ဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖါ်ပြထားပါတယ်။ ဒီစစ်ဆင်ရေးမှာ PDF- MDY နဲ့အတူ ဒေသခံအဖွဲ့အစည်းဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)၊ (၈)ရက်မြောက်နေ့မှာ နောင်ချိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းကို ထိုးစစ်ဆင်နေတယ်လို့ PSLF/ TNLA က သတင်းထုတ်ပြန်...

- ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်စပ်ရှိ ဆောင်းပြောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများကာ တော်လှန်ရေးတပ်တွေက လက်နက်ငယ်အချို့ သိမ်းမိ...

- ရေး-ထားဝယ် ကားလမ်းပေါ်မှာဖြစ်ပွားတဲ့ ဇွန်လ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ရင်းမှူးအပါဝင် ၅၀ ခန့်သေဆုံးတယ်လို့ ဒေါန စစ်ကြောင်းက သတင်းထုတန်ပြန်...

- သံတွဲနဲ့ ငပလီမှာ တိုက်ပွဲပြင်းထန်နေတာတာကို အခွင့်ကောင်းယူပြီး မသမာသူ အုပ်စုတစ်စုက ULA/AA နာမည်ကိုအသုံးပြုကာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်တွေထံကနေ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံနေဟု AA သတိပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, July 1, 2024

စစ်ကောင်စီစခန်း ၃၂ ခု၊ လက်နက်မျိးစုံ ၅၀၀ ကျော်ကို TNLA သိမ်းပိုက်... မတူ...


စစ်ကောင်စီစခန်း ၃၂ ခု၊ လက်နက်မျိးစုံ ၅၀၀ ကျော်ကို TNLA သိမ်းပိုက်... မတူပီမြို့သိမ်းတိုက်ပွဲမှာ သိမ်းမိတဲ့ ရာနဲ့ချီတဲ့ လက်နက်တွေ ချင်းညီနောင် ထုတ်ပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂- ၇- ၂၀၂၄)

၁၀/၂၇ စစ်ဆင်ရေး အပိုင်း ၂၊ ၇ ရက်မြောက်နေ့မှာ မိုးကုတ်မြို့ အနောက်ပိုင်းမှာ လက်နက် ၄၀ ကျော်နဲ့အတူ စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိတယ်လို့ PSLF/ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) ပြောခွင့်ရက BNN ကို ပြောပါတယ်။

နောင်ချိုက ၆၀၆ တပ်ရင်း၊ ကျောက်မဲက ၅၀၁၊ ၅၀၂ တပ်ရင်းနဲ့ မိုးမိတ်က စခန်းတွေကို သိမ်းနိုင်ဖို့ ဆက်လုပ်နေပြီး တိုက်ပွဲကာလ ၇ ရက်အတွင်း စစ်ကောင်စီစခန်း ၃၂ ခု၊ လက်နက်မျိးစုံ ၅၀၀ ကျော်ကို သိမ်းထားနိုင်ပြီလို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။

၁၀၂၇ အပိုင်း ၂ မှာ မဟာမိတ် တပ်တွဖြစ်တဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)၊ MDY-PDF, DPLA (ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊  PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) တို့ ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူ သုံးနေပြီး အရပ်သား ပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်နေတယ်။ ကျောက်မဲမြို့မှာဆိုရင် ပေါင် ၅၀၀ ဗုံး ကြဲချတဲ့အတွက် ဟိုတယ် အပါအဝင် လူနေအိမ် ၂၀ ခန့် ပျက်စီးပြီး အရပ်သား ၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ လွေးယေဦးက  ဆက်ပြောပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့၊ ရပ်ကွက် ၉ ရှိ ဆီဆိုင်ပေါ်  ဗုံးကျတဲ့အတွက် ဓတ်ဆီဆိုင် မီးလောင်နေတဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ရပါတယ်။ နောင်ချိုမြို့ မီးသတ်ရုံး အနီးမှာလည်း ပေါင် ၅၀၀ ဗုံး ထိတဲ့အတွက် အိမ် ၈ လုံးထက် မနည်း ပျက်စီးတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒ့ါအပြင်...

- အောင်လံမြို့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်သား ၁၀ ဦးခန့် သေဆုံး...

- ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ ရဲ့  ၆ လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ၂၇၃ ဦး သေဆုံးပြီး ၁၅၁ ဦး ထိခိုက် ဒဏ်ရာရတယ်လို့ KNU (ကရင်အမျိုးသားအစည်းအရုံး - ဗဟို) က သတင်းထုတ်ပြန်...

- တရုတ် စီးပွားရေးလုပ်ငန်းတွေရှိတဲ့ ကျောက်ဖြူမြို့ကို စစ်ကောင်စီက စစ်အင်အား ဖြည့်တင်းနေ...

- မတူပီ မြို့သိမ်းတိုက်ပွဲက ရှရိတဲ့ လေယာဉ်ပစ် လက်နက်အပါဝင် ရာနဲ့ချီတဲ့ သိမ်းမိလက်နက် မှတ်တမ်းဓာတ်ပုံကို ချင်းညီနောင် စစ်ဆင်ရေး (Operation CB) က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“မတူပီမြို့သိမ်းတိုက်ပွဲဟာ တပ်ရင်းအဆင့်၊ ဗျုဟာအဆင့်ကို သိမ်းနိုင်တာဖြစ်လ...


“မတူပီမြို့သိမ်းတိုက်ပွဲဟာ တပ်ရင်းအဆင့်၊ ဗျုဟာအဆင့်ကို သိမ်းနိုင်တာဖြစ်လို့ အရေးကြီးတဲ့ တိုးတက်မှုဖြစ်ပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင်)

(၁- ၇ -၂၀၂၄)

“မတူပီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ ခုနဲ့ စစ်ဗျုဟာတခုကို သိမ်းပိုက်နိုင်ခြင်းဟာ ချင်းပြည်နယ်အတွင်း ပထမ ဆုံးအကြိမ် တပ်ရင်းအဆင့်၊ ဗျုဟာအဆင့်ကို သိမ်းနိုင်တာဖြစ်တဲ့အတွက် အရေးပါတဲ့ တိုးတက်မှုဖြစ်တယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရနဲ့ မင်းတပ်မြို့နယ် ပအဖ ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောပါတယ်။

ဇွန် ၂၉ မှာ သိမ်းပိုက်လိုက်တဲ့ မတူပီမြို့သိမ်းတိုက်ပွဲအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မတူပီမြို့သိမ်းတိုက်ပွဲမှာ ဘယ်လိုထူးခြားချက်တွေ တွေ့မြင်ရသလဲ...

- စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးအခြေအနေ လုံး၀ ကျဆင်းသွားပြီလား...

- မတူပီ ဗျုဟာအောက်မှာ တခုတည်းကျန်နေတဲ့ မင်းတပ်က ခလရ ၂၇၄ ဘာဆက်ဖြစ်နိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂- ပြန်လည်စတင်နိုင်ခြင်းက တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေကို ဘယ်လိုခွန်အားဖြစ်စေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More