Tuesday, June 4, 2024

“သစ်ပင်စိုက်ဖို့အပြင် သစ်ပင်ထိန်းဖို့လည်း လိုအပ်ပါတယ်”


“သစ်ပင်စိုက်ဖို့အပြင် သစ်ပင်ထိန်းဖို့လည်း လိုအပ်ပါတယ်”

 ဦးဝင်းမျိုးသူ (သဘာ၀ ပတ်ဝန်းကျင်ရေးရာ ပညာရှင်)

(၅- ၅- ၂၀၂၄)

“သဘာဝပတ်ဝန်းကျင်နေ့မှာ တာဝန်ကျေ သစ်ပင်တွေစိုက်ကြတာအပြင် အဲဒီသစ်ပင်တွေ ရေရှည်ရှင်သန်နိုင်အောင် ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်။ စိုက်သမျှသစ်ပင်တွေ အကုန်ရှင်ရင် မြန်မာပြည်မှာသစ်တောဧရိယာ တိုးလာတာမြင်ရမှာပေါ့” လို့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

ဒီနေ့ (ဇွန် ၅) ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ဘာတွေဆောင်ရွက်သင့်သလဲ၊ နေပြည်တော်က သစ်ပင်စိုက်ပွဲ အလုပ်ဖြစ်ရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- နေပြည်တော်က သစ်ပင်စိုက်ပွဲ ဘယ်လောက်အထိ အလုပ်ဖြစ်နေသလဲ...

- နိုင်ငံအဆင့်က မလုပ်နိုင်ရင် နိုင်ငံသားတဦးချင်းစီကကော ဘာတွေ လုပ်နိုင်ခြေရှိသလဲ...

- ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ အညာကမြို့တွေ ပါဝင်နေတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်စမယ်ဆိုတဲ့အပေါ် သဘာဝပတ်ဝန်းကျင်ရှု့ဒေါင့်ကနေ ဘယ်လိုမြင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖြန် ထုတ်လွင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

သံတွဲလေဆိပ်အနီးထိ AA တပ်တွေရောက်လာ... ပေါက်မြို့နယ်က ပျု- စခန်းကို PDF သ...


သံတွဲလေဆိပ်အနီးထိ AA တပ်တွေရောက်လာ... ပေါက်မြို့နယ်က ပျု- စခန်းကို PDF သိမ်းပိုက်...  နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၅- ၅- ၂၀၂၄)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေနဲ့ ၃ မိုင်အကွာ ဂေါ့တောင်ရွာနားအထိ AA -  အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေတဲ့အတွက် သံတွဲလေဆိပ်ကို ပိတ်ထားလိုက်ရတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။

ဇွန်လ ၂ ရက်၊ ညနေပိုင်းမှာ စတင်တိုက်ပွဲဖြစ်ပြီး ၃ ရက်နေ့ရော၊ ၄ ရက်နေ့ပါ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဗုံးသီးအချို့ ကမ်းခြေက ဇိမ်ခံဟိုတယ်ဝင်းထဲကျတယ်လို့ ဒေသခံတွေပြောတာကို ကိုးကားဖေါ်ပြပါတယ်။

သံတွဲမြို့နဲ့ မိုင် ၂၀ ခန့်ဝေးတဲ့ သူဌေး-ရေအားလျှပ်စစ်စီမံကိန်းဝင်းထဲရှိ အမြောက်တပ်ကို AA က ထိုးစစ်ဆင်ရာကနေ သံတွဲမြို့သိမ်းစီမံကိန်းစတင်ခဲ့ပြီး အခုဆိုရင် သံတွဲမြို့နဲ့ ၃ မိုင်ပတ်လည်အထိ AA တပ်တွေ ရောက်ရှိနေပြီလို့ ဖေါ်ပြထားပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး AA ဖက်ကတော့ တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒါ့အပြင်...

- ဒေါနတောင်ပေါ်က အောင်ဇေယျစစ်ကြောင်းကို KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ပြီး RPG တလက်နဲ့ ကျည်ဘောက်တွေ သိမ်းမိ...

- မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာရှိ စစ်တပ်နဲ့ ပျူ- ပူးတွဲအထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် လက်နက်ငယ် ၉  လက်သိမ်းမိ ...

- မုံရွာမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ငယ် ၂ လက် သိမ်းမိ..

- ကျိုက်ဒုံဒေသရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ KNLA- ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို ဒေသခံလူထုက ဂုဏ်ပြုပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, June 3, 2024

မင်းကင်းမြို့နယ်က မင်္ဂလာဆောင်ပွဲကို စစ်တပ်က ဗုံးကြဲ... ခင်ဦးမြို့‌‌ က စ...


မင်းကင်းမြို့နယ်က မင်္ဂလာဆောင်ပွဲကို စစ်တပ်က ဗုံးကြဲ... ခင်ဦးမြို့‌‌ က စစ်တပ်အရာရှိကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၄- ၅- ၂၀၂၄)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာမှာပြုလုပ်နေတဲ့ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါဝင် လူ ၂၀ ကျော်အထိ သေဆုံးတယ်လို့ ဒေသတွင်းမီဒီယာ မြေလတ်အသံက ဖေါ်ပြပါတယ်။

ဇွန် ၃ ရက်၊ မနက် ၈ နာရီဝန်ကျင်မှာ မင်္ဂလာအခမ်းအနား ကျင်းပနေစဉ် စစ်လေယာဉ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချသွားတာလို့ဆိုပါတယ်။ လေယာဉ်ဗုံးကြဲပြီးနောက်မှာ အနီးဝန်းကျင်ရှိ စစ်တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်ပစ်နေတဲ့အတွက် အလောင်းကောက်တာတောင် မလုပ်နိုင်ဖြစ်နေတယ်လို့ ဒေသခံတွေပြောတာကို ကိုးကားဖေါ်ပြပါတယ်။

သေဆုံးသူတွေထဲ သတိုးသားနဲ့ သတိုးသမီးလည်း ပါသွားတယ်၊ မင်္ဂလာဆောင်သူဟာ PDF သို့မဟုတ် ပကဖ အဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့သတင်းတွေကိုတော့ အတည်ပြုချက်မရသေးဘူးလို့
ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ NUG ဒေသဆိုင်ရာရုံးဖွင့်ပွဲလုပ်နေစဉ် ဗုံးကြဲခံရမှုကြောင့် လူ ၈၀ ကျော်သေဆုံးပြီးနောက်ပိုင်း အခု သေဆုံးမှုဟာ ဒီဒေသအတွင်း အဆိုးဆုံးဖြစ်ပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာနဲ့ ဘော်ဆာဒီကျေးရွာကြားရှိ တံတားကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး တံတားပျက်စီး...

- တီးတိန်မြို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ ထပ်မံ မီးရှို့ခံရ၊ အရပ်သား ၂ ဦးသေဆုံး...

- ခင်ဦးမြို့‌‌ မှာ စစ်တပ်အရာရှိတဦးနဲ့ တပ်ဖွဲ့ဝင်တဦး ဆိုင်ကယ်နဲ့သွားနေစဉ် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် လက်နက်နဲ့ ဆိုင်ကယ် သိမ်းမိ...

- အောင်ဇေယျ စစ်ကြောင်းကို BGF ကရင်နယ်ခြားစောင့်တပ်က အကူအညီပေးဖို့ပြင်နေတယ်ဆိုတဲ့သတင်းတွကို BGF ဖက်က ငြင်းဆို...

- တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တောင်ညိုစစ်ကြောင်းရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ..

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, June 2, 2024

အောင်ဇေယျ စစ်ကြောင်းထံက လက်နက် ၆ လက်သိမ်းမိ... ရွှေကူမြို့နယ်က တိုက်နယ်...


အောင်ဇေယျ စစ်ကြောင်းထံက လက်နက် ၆ လက်သိမ်းမိ...  ရွှေကူမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၃- ၆- ၂၀၂၄)

- ကရင်ပြည်နယ်၊ ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ရန်ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား မနေ့က တိုက်ပွဲပြင်းထန်ပြီး လက်နက်ငယ် ၆ လက် သိမ်းမိတယ်လို့ People's Spring က ဖေါ်ပြပါတယ်။

ဇွန် တရက်ကနေ ဇွန် ၂ ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီအလောင်း ၆ 
လောင်းနဲ့ လက်နက်ငယ် ၆ လက်သိမ်းမိတယ်လို့ ကျားဖြူစစ်ကြောင်းက အရာရှိတဦးပြောတာကို ကိုးကားဖေါ်ပြပါတယ်။

စစ်ကောင်စီဖက်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတဲ့အပြင် အတွဲလိုက် ဒရုန်းတွေ၊ အဝေးပစ်အမြောက်ကြီးတွေပါ သုံးနေတဲ့အတွက် တိုက်ပွဲအသံကို မြဝတီ-မဲဆောက်ဖက်ကတောင် ကြားနေရတယ်လို့ဆိုပါတယ်။

၂ လကြာတဲ့အထိ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ အောင်ဇေယျကို ဒု ကာ-ချုပ် စိုးဝင်းကိုယ်တိုင်က ရှေ့တိုးဖို့ အသေတွန်းနေတာဖြစ်နိင်တယ်လို့ ကျားဖြူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

အောင်ဇေယျစစ်ကြောင်းဟာ တောနော-ရေတံခွန်အကျော် ဘုရားကုန်းအနီးမှာ ရပ်တန့်နေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ရွှေကူမြို့နယ်ရှိ မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက်
ကလေးငယ် တဦးသေဆုံးပြီး ဆေးရုံပျက်စီး...

- နွေဦးတော်လှန်ရေး ၃ နှစ်တာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၀) ကျော်ကို
ချေမှုန်းနိုင်ခဲ့ပြီး တော်လှန်ရေးဖက်ကလည်း ရဲဘော် ၅ ဦး အသက်ပေးလှုူခဲ့ရတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့က သတင်းထုတ်ပြန်...

- KNDF - ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ၃ နှစ်ပြည့်အခမ်းအနား ကျင်းပ...

-  ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်တပ်အရာရှိတဦးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက် ရှေ့တန်းစခန်းက စစ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် ငွေကျပ် ၇၅ သိန်း ဆုချီးမြှင့်...

- ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရင်းဖွဲ့စည်းမှု (၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့ စာချုပ်တွေအားလုံး တရားဝင်မှုမရှိဘူးဆိုတာကို ထု...


“စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့ စာချုပ်တွေအားလုံး တရားဝင်မှုမရှိဘူးဆိုတာကို ထုတ်ဖေါ်ပြသဖို့လိုတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂- ၆- ၂၀၂၄)

“ဧရာဝတီမြစ်ဆုံစီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအပါဝင် အာဏာသိမ်းစစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေအားလုံး တရားဝင်မှုမရှိဘူးဆိုတာကို နိုင်ငံတကာအဆင့်၊ အစိုးရအဆင့်၊ ဒေသဆိုင်ရာအဆင့် အသီးသီးမှာ ထုတ်ဖေါ်ပြသဖို့လိုတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ရပ်နားထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းတို့ကို ရုရှားနဲ့ တရုတ်လက်ထဲ စစ်ကောင်စီက ထိုးအပ်ဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ကျောက်ဖြူစီမံကိန်းကို ပြန်လည်ပြင်ဆင်ရေး လုပ်နိုင်ခြေရှိသေးလား...

- ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းတွေ စစ်ကောင်စီလက်ထက်မှာ ပြန်မစနိုင်အောင် ဘယ်လိုကန့်ကွက်ကြမလဲ...

- နိုင်ငံခြားရင်းနှီးမြှုုပ်နှံသူတွေက စစ်ကောင်စီအလွန်ခေတ်အထိ မစောင့်နိုင်ကြဘူးလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, June 1, 2024

“စစ်ရှုံးစစ်တပ်ကို ဆက်ပြီး ဖက်တွယ်နေမလား... ပြည်သူနဲ့ အမြန်ပူးပေါင်းမလား”


“စစ်ရှုံးစစ်တပ်ကို ဆက်ပြီး ဖက်တွယ်နေမလား... ပြည်သူနဲ့ အမြန်ပူးပေါင်းမလား”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံကော်မီတီ - IEC )

(၁- ၆- ၂၀၂၄)

“စစ်ရှုံးစစ်တပ်ကို ဆက်ပြီး ဖက်တွယ်နေမလား၊ ပြည်သူနဲ့ အမြန်ပူးပေါင်းမလား ဆိုတာကို ဒီနေ့ တပ်မတော်သားတွေ အမြန်ဆုံးရွေးချယ် ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပြီဖြစ်တယ်” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံကော်မီတီ
ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

ပြည်တွင်းမှာလည်း စစ်ရှုံး၊ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုလည်းမရဖြစ်နေတဲ့ စစ်ကောင်စီဥက္ကဌက လမ်းကြောင်းသစ်မရှာပဲ ဘာကြောင့်ရှံးမဲ မဲနေတယ်ထင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တပ်ရင်း ၅၀၀ ကျော်ထဲက တပ်ရင်း ၆၀ နီးပါး လုံး၀ ပြုတ်ထွက်သွားတာ ဘာကြောင့်လဲ...

- ရှေ့တန်းတပ်တွေကို လက်နက်ချရေး၊ ပြည်သူနဲ့ ပူးပေါင်းရေး တရားဟောစည်းရုံးတာ အလုပ်ဖြစ်ရဲ့လား...

- စစ်ရှုံးစစ်ကောင်စီက လမ်းကြောင်းသစ်မရှာပဲ ဘာကြောင့် ရှုံးမဲ မဲနေတာလဲ...

- ဒီလို အကျပ်အတည်းကာလမှာ တပ်မတော်သားတွေ ဘာဆက်လုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More