Sunday, December 3, 2023

“ခလရ ၁၂၅ က ဒီဒေသမှာ အကြီးဆုံးစခန်းဖြစ်လို့ လက်နက်တွေ အများကြီး သိမ်းမိတာ...


“ခလရ ၁၂၅ က ဒီဒေသမှာ အကြီးဆုံးစခန်းဖြစ်လို့ လက်နက်တွေ အများကြီး သိမ်းမိတာဖြစ်ပါတယ်”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၄ -၁၂ -၂၀၂၃)

“ခလရ ၁၂၅ က လောက်ကိုင်ဒေသမှာ အကြီးဆုံး၊ အခိုင်မာဆုံးခစန်းတခုဖြစ်တဲ့တွက် လက်နက်တွေ အခုလို အများကြီးသိမ်းမိတာဖြစ်ပါတယ်။ နောက်ထပ်လည်း သိမ်းမိတာတွေဆက်ရှိနေပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံးအဆင့် ဆက်လုပ်နေပါတယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချခဲ့တဲ့ ခလရ ၁၂၅ ဌာနချုပ်စခန်းမှာ သိမ်းမိတဲ့လက်နက်တွေ အလွန်များနေတဲ့အပေါ် ...  BNN
သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ခလရ ၁၂၅ လက်နက်ချမှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ် အလွန်များနေတာ ဘာကြောင့်လဲ...

- ညီနောင် ၃ ဖွဲ့ကို နိုင်ငံခြား ဒရုန်းပညာရှင် ထောင်နဲ့ချီကူညီနေတဲ့ဆိုတဲ့ စစ်ကောင်စီစွပ်စွဲချက်အပေါ် MNDAA က ဘယ်လိုတုန့်ပြန်ခဲ့သလဲ...

- ၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံးအဆင့် ဘယ်လိုဆက်လက်ဆောင်ရွက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း ဒီဇင်ဘာ ၃ ရက်နေ့ မနက်ပိုင်းက ပြောကြားထားချက်ဖြစ်ပါတယ်။ ညနေပိုင်း ထပ်မံရရှိတဲ့သတင်းတွေအရ တနင်္ဂနွေနေ့မှာလည်း လောက်ကိုင်းမြို့အနီးက နောက်ထပ် စစ်ကောင်စီတပ်စခန်း ၅ ခုကိုသိမ်းမိပြီး လက်နက်တွေပါရရှိခဲ့တယ်။ စစ်ကောင်စီဖက်က အကျအဆုံးများတယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

တခါ ခလရ ၁၂၅ လက်နက်ချချိန်မှာ လက်နက်ချမှုအတွင်းမပါဝင်ပဲ လူအင်အား ၁၀၀ လောက်ခေါ်ပြီး ထွက်ပြေးသွားတဲ့ ဗျုဟာမှူးနှင့်အဖွဲ့ကို ရှာဖွေချေမှုန်းနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း MNDAA ကပြောပါတယ်။

ဒီနေ့ TNLA ဖက်မှာလည်း တိုက်ပွဲတွေပြင်းထန်ပြီး ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် နမ့်ခမ်း၊ လားရှိုး၊ မူဆယ်မြို့နယ်တွေတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ဖက်မှာတော့ ဘူးသီးတောင်၊ ပေါက်တော၊ ပလက်ဝမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်ကို AA က တိုက်ခိုက်နေတယ်လို့ ညီနောင် ၃ ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပတယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီကိုဖြုတ်ချတာအပြင် တိုင်းပြည်ကိုပါ အုပ်ချုပ်နိုင်စွမ်းရှိတယ်ဆိ...


“စစ်ကောင်စီကိုဖြုတ်ချတာအပြင် တိုင်းပြည်ကိုပါ အုပ်ချုပ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံတကာက လက်ခံဖို့လိုပါတယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၃- ၁၂- ၂၀၂၃)

“ကျနော်တို့ တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီကိုဖြုတ်ချနိုင်တဲ့အပြင် တိုင်းပြည်ကို တည်ငြိမ်စွာအုပ်ချုပ်နိုင်စွမ်းရှိသူတွေဖြစ်တယ်ဆိုတာကို နိုင်ငံတကာက လက်ခံဖို့လိုတယ်၊ လူသားချင်းစာနာတဲ့အကူအညီပေးရေးအတွက် နိုင်ငံတကာဖက်က အရှိန်မြှင့်ဖိုလိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကို ဖြိုချနိုင်သူမရှိလောက်ဘူးဆိုတဲ့ နိုင်ငံတကာရဲ့ အယူအဆဟာ အခု ၁၀၂၇ စစ်ဆင်ရေး တလကျော်ကြာပြီးချိန်မှာ ပြောင်းလဲသွားပြီလား၊ နိုင်ငံတကာရဲ့ လူသားစာနာ အကူအညီတွေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- စစ်တပ်ကို ဖြိုချနိုင်သူ မရှိလောက်ဘူးဆိုတဲ့ နိုင်ငံတကာရဲ့ အယူအဆဟာ အခု ၁၀၂၇ စစ်ဆင်ရေး တလကျော်ကြာပြီးချိန်မှာ ပြောင်းလဲသွားပြီလား...

-  ကရင်၊ ကရင်နီ၊ ကချင်နဲ့အတူ ညီနောင် ၃ ဖွဲ့ပါလာပြီဖြစ်တဲ့အတွက် အခြား ERO တွေလည်း နွေဦးတော်လှန်ရေးထဲ ပါဝင်လာတော့မလား...

- စစ်ကောင်စီဥက္ကဌနှင့်အဖွဲ့... ထွက်ပြေးမှာလား... လက်နက်ချမှာလားလို့ မေးရမယ့်အဆင့်ထိ ရောက်လာနေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, December 2, 2023

“နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း မခံရ၊ စစ်ရေးကလည်း ရှုံး၊ စီးပွားရေးကလည်း ...


“နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း မခံရ၊ စစ်ရေးကလည်း ရှုံး၊ စီးပွားရေးကလည်း မြင်တဲ့အတိုင်းပဲ”

- ဦးစိန်ဌေး (နိုင်ငံရေး - ဘောဂဗေဒ လေ့လာသူ)

(၃- ၁၂- ၂၀၂၃)

“စစ်ကောင်စီဟာ နိုင်ငံရေးအရ ဘယ်သူရဲ့အသိအမှတ်ပြုခြင်းကိုမှ မခံရ၊ စစ်ရေးအရလည်း ရှုံးနိမ့်လာ၊ စီးပွားရေးကလည်း လုံးဝကျဆင်းနေတဲ့အတွက် ပြိုကျတော့မှာ သေချာတယ်” လို့  နိုင်ငံရေး - ဘောဂဗေဒ လေ့လာသူ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်၊ အလုပ်သမားအရေးအခင်းတွေမှာ တက္ကသိုလ်ကျောင်းသားတဦးအဖြစ်ပါဝင်ခဲ့သူ ဦးစိန်ဌေးက ပြောပါတယ်။

လတ်တလော ရန်ကုန်မှာ လောင်စာဆီဈေးတက်နေတာ၊ ဒေါ်လာ ပြတ်လပ်နေတာ၊ နယ်စပ်ကုန်သွယ်ရေးလမ်းတွေ အပိတ်ခံရတာ၊ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တာ၊ ၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်လာတာ... စတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- လောင်စာဆီမလုံလောက်တာ၊ ဈေးတက်တာ ဘာကြောင့်လဲ...

- နယ်စပ်ကုန်သွယ်ရေးအပိတ်ခံရမှုက စစ်ကောင်စီကို ဘယ်လိုထိခိုက်စေသလဲ...

- ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်ကြောင့် စစ်ကောင်စီဟာ ထင်တာထက် ပိုစောပြီး ပြုတ်ကျသွားနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီကိုဖြုတ်ချတာအပြင် တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းပါရှိကြောင်း ပြနိုင်ဖို့ ဘာတွေလိုအပ်နေသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အလံဖြူထောင်တဲ့ပွဲတွေ ဆက်တိုက်မြင်လာရဖို့ ရှိနေတယ်”



“အလံဖြူထောင်တဲ့ပွဲတွေ ဆက်တိုက်မြင်လာရဖို့ ရှိနေတယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၂- ၁၂- ၂၀၂၃)

“လက်ရှိ အခြေအနေဟာ တော်လှန်ရေးတပ်တွေက ထိုးစစ်၊ စစ်ကောင်စီတပ်က ခံစစ်ဖြစ်သွားတာမို့ စစ်ကောင်စီဘက်က အလံဖြူထောင်တဲ့ပွဲတွေ ဆက်တိုက်မြင်လာရဖို့ရှိနေတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလကျော်ကြာပြီး စစ်ရေး နိုင်ငံရေးတိုးတက်ပြောင်းလဲမှုအခြေအနေ၊ KNU က မြို့သိမ်းတိုက်ပွဲ မလုပ်သေးတာ ဘာကြောင့်လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- ကော့ကရိတ်အပါဝင် ကရင်ပြည်နယ်ထဲက တိုက်ပွဲအခြေအနေ...

- KNU က မြို့သိမ်းတိုက်ပွဲမလုပ်သေးတာ ဘာကြောင့်လဲ...

- စစ်ကောင်စီဘက်က အလံဖြူထောင်မှ ဆွေးနွေးရေးကို စဉ်းစားသင့်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီမကြာခင် ပြုတ်ကျတော့မယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက သဘောပေါက်လာနေပြီလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, December 1, 2023

“စစ်တပ်ကဗုံးကြဲလို့ ရေဇွာမြို့မှာ ဘုရားကျောင်းအပါဝင် အိမ်ခြေ ၆၀ ကျော်ပျက...


“စစ်တပ်ကဗုံးကြဲလို့ ရေဇွာမြို့မှာ ဘုရားကျောင်းအပါဝင် အိမ်ခြေ ၆၀
ကျော်ပျက်စီးခဲ့ရတယ်”

တာဝန်ရှိသူတဦး (Zotung Federal Council)

(၂ -၁၂ -၂၀၂၃)

“ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တဲ့ မတူပီမြို့နယ်ထဲက
ရေဇွာမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဘုရားကျောင်းအပါအဝင်
နေအိမ်အဆောက်အအုံ အလုံး ၆၀ ကျော် ပျက်စီးခဲ့ရတယ်။ အခုတော့
တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်နေပြီး မကြာခင်မှာ ပြည်သူတွေ
ပြန်နေခွင့်ရအောင် ဆောင်ရွက်နေတယ်” လို့  Zotung Federal Council
တာဝန်ရှိသူတဦးက BNN ကိုပြောပါတယ်။

ရေဇွာမြို့သိမ်းတိုက်ပွဲနဲ့
ရေဇွာမြို့ရဲ့နောက်ဆုံးအခြေအနေကိုပြောပြပေးဖို့ ... BNN သတင်းဌာနက
ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ရေဇွာမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုအခြေအနေ...

- ရေဇွာမြို့သိမ်းတိုက်ပွဲနှင့် သိမ်းမိသော လက်နက်များ...

- နယ်မြေရှင်းလင်းရေးနှင့် လူထုပြန်လည်နေရာချထားရေးအခြေအနေ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ချင်းတော်လှန်ရေးတပ်ပေါင်းစုက ရေဇွာမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၂၅
မှာစတင်ခဲ့ပြီး ၂၉ ရက်နေ့မှာအပြီးသိမ်းနိုင်ခဲံတာဖြစ်ပါတယ်။ အဲဒီလို
အပြီးသိမ်းတဲ့နေ့ နိုဝင်ဘာ ၂၈ နဲ့ ၂၉ မှာ စစ်ကောင်စီတပ်က ဗုံးအလုံး ၂၀
ကျော်အထိ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မတူပီမြို့နယ်တွင်းက ရေဇွာမြို့ဟာ ချင်းတော်လှန်ရေးတပ်တွေက
သီတင်းတပတ်အတွင်း ဒုတိယမြောက် သိမ်းပိုက်လိုက်တဲ့မြို့ဖြစ်ပြီး ပထမ
သိမ်းပိုက်တဲ့မြို့ကတော့ လိုင်လင်းပီဖြစ်ပါတယ်။

အခုဆိုရင် အိန္ဒိယ-မြန်မာနယ်စပ်က အဓိကကုန်သွယ်ရေးမြို့ဖြစ်တဲ့
ရိခေါဒါရ်အပါဝင် မြို့ငယ် ၇ မြို့ကို ချင်းတော်လှန်ရေးတပ်တွေက
သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“မူဆယ်နဲ့ သီပေါမှာ စခန်းသိမ်းတိုက်ပွဲတွေရှိတယ်၊ စခန်း ၃၀၀ နီးပါးသိမ်းထား...


“မူဆယ်နဲ့ သီပေါမှာ စခန်းသိမ်းတိုက်ပွဲတွေရှိတယ်၊ စခန်း ၃၀၀ နီးပါးသိမ်းထားနိုင်ပြီ”

- ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံ (PSLF / TNLA)

(၁ -၁၂- ၂၀၂၃)

“ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်နဲ့ သီပေါမှာ ဒီနေ့ စခန်းသိမ်းတိုက်ပွဲ နှစ်ခုရှိခဲ့ပြီး စစ်ကောင်စီဖက်က အကျအဆုံးများတယ်၊ လက်နက်ကြီး လက်နက်ငယ်တွေသိမ်းမိတယ်၊ ညီနောင် ၃ ဖွဲ့ရဲ့ ၃၅ ရက်တာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းပေါင်း ၃၀၀ နီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်” လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး၊ တအာန်းအမျိုးသားတပ်မတော်  (PSLF / TNLA) ရဲ့  ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံက BNN ကိုပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ ထူးခြားတုက်ပွဲအခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေး ၃၆ ရက်တာထူးခြားချက်တွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မူဆယ်၊ သီပေါဖက်က စခန်းသိမ်းတိုက်ပွဲတွေရဲ့ အခြေအနေ...

- MDY-PDF နဲ့ TNLA ကြား ပူးပေါင်းဆောင်ရွက်မှုအနေအထား...

- ၁၀၂၇ စစ်ဆင်ရေး ၃၆ ရက်တာအတွင်း အောင်မြင်မှုများ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More