Monday, June 8, 2015

Tour of California 2015 စာစုများ။

Tour of California 2015 ပထမနေ့ Mark Cavendish အနိုင်ရ။
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ မနေ့ကစတင်တဲ့ Tour of California 2015 စက်ဘီးပြိုင်ပွဲ ပထမနေ့မှာ (Etixx-QuickStep) အသင်း မှ Mark Cavendish က ပထမ ရသွားပါတယ်။


Sacramento- Sacramento ကီလိုမီတာ ၂၀၄.၃ တာဝေးပွဲမှာ နောက်ဆုံး ပန်းဝင်ခါနီး မီတာ ၅၀ ၀န်းကျင်မှာမှ Sprint နဲ့ အသားကုန်တင်ပြီး အခုလို အနိုင်ရသွားတာပါ။ (Tinkoff-Saxo) အသင်းမှ Peter Sagan က ဒုတိယ၊၊ (BMC Racing) အသင်းမှ Jempy Drucker က တတိယ ရရှိခဲ့ပါတယ်
၈ ရက်ကြာကျင်းပမဲ့ ဒီပွဲဟာ လာမဲ့တနင်္ဂနွေကျရင် Los Angeles - Pasadena မှာ ပန်းဝင်မှာဖြစ်ပါတယ်။ ဒီနေ့ည (မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက်) မှာတော့ Nevada City မှ Lodi အထိ 193.1 ကီလိုမီတာကို ဒုတိယ နေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
မနေ့ကပွဲမှာ ၁ မှ ၁၀ အထိ ပန်းဝင်သူ စာရင်းကတော့...
# Rider Name (Country) Team Result
1 Mark Cavendish (GBr) Etixx - Quick-Step 4:43:27
2 Peter Sagan (Svk) Tinkoff-Saxo
3 Jempy Drucker (Lux) BMC Racing Team
4 John Murphy (USA) UnitedHealthcare Pro Cycling
5 Guillaume Boivin (Can) Optum p/b Kelly Benefit Strategies
6 Zico Waeytens (Bel) Team Giant-Alpecin
7 Wouter Wippert (Ned) Drapac Professional Cycling
8 Tyler Farrar (USA) MTN - Qhubeka
9 Koen de Kort (Ned) Team Giant-Alpecin
10 Danny van Poppel (Ned) Trek Factory Racing
...................
Tour of California 2015 ဒုတိယနေ့မှာလည်း Mark Cavendish ကပဲ နိုင်။
အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာ ကျင်းပနေတဲ့ Tour of California 2015 ဒုတိယနေ့မှာလည်း (Etixx-Quick Step) အသင်းမှ Mark Cavendish ကပဲ ဆက်လက်အနိုင်ရသွားပါ တယ်။ မနေ့ကအတိုင်း ပန်းဝင်ခါနီး မီတာ ၅၀ အလိုမှာမှ Sprint ဆွဲကြပြီး (Tinkoff-Saxo) အသင်းမှ Peter Sagan ကို နှာတဖျားအသာနဲ့ အခုလို အနိုင်ရသွားတာဖြစ်ပါတယ်။

ပထမ မရတာကြာပြီဖြစ်လို့ ဖိအားအတော်ခံနေရတဲ့ စလိုဗက်ကီးယားနိုင်ငံသား Peter Sagan ဟာ ဒီနေ့ပွဲမှာလည်း ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ တတိယ အဖြစ်ကတော့ Drapac Professional Cycling အသင်း မှ Wouter Wippert (Ned) က ရရှိသွားပါတယ်။ 
Nevada City ကနေ Lodi အထိ 193.1ကီလိုမီတာပြိုင်ပွဲအတွင်း breakaway အုပ်စုအဖြစ် Daniel Oss (BMC Racing) Markel Irizar (Trek Factory Racing) and Luis Amaran (Jamis-Hagens Berman) အပါဝင် ၄ ဦးအဖွဲ့က ပန်းဝင်ခါနီး ၅ ကီလိုအထိ ၃ မီနစ်ခန့် ဖြတ် ထားနိုင်ခဲ့ပါတယ်။
ပန်းဝင်ဖို့ ၁၀ ကီလိုမီတာဝန်းကျင်မှာ ပြင်းထန်တဲ့ပြိုလဲမှုတခုဖြစ်ခဲ့ပြီး စက်ဘီးသမားတချို့ ပြိုင်ပွဲကနေ ထွက်သွားရပါတယ်။
ဒုတိယနေ့အပြီး ၁-၁၀ ဦးကတော့... 
General classification after stage 2
# Rider Name (Country) Team Result
1 Mark Cavendish (GBr) Etixx - Quick-Step 9:30:09
2 Peter Sagan (Svk) Tinkoff-Saxo 0:00:08
3 Robin Carpenter (USA) Hincapie Racing Team 0:00:11
4 William Clarke (Aus) Drapac Professional Cycling
5 Markel Irizar Aranburu (Spa) Trek Factory Racing 0:00:14
6 Jempy Drucker (Lux) BMC Racing Team 0:00:16
7 Wouter Wippert (Ned) Drapac Professional Cycling
8 Rob Britton (Can) Team SmartStop
9 John Murphy (USA) UnitedHealthcare Pro Cycling 0:00:20
10 Danny van Poppel (Ned) Trek Factory Racing တို့ဖြစ်ပါတယ်။
.............
Tour of California 2015 တတိယနေ့ Toms Skujins အနိုင်ရ။
အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာ ကျင်းပနေတဲ့ Tour of California 2015 တတိယ နေ့မှာ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ လူငယ်လေး Toms Skujins က ပထမ ရသွားပါတယ်။

San Jose ကနေ San Jose မြို့တပတ် 168.9 km ကီလိုမီတာပြိုင်ပွဲရဲ့ နောက်ဆုံး ကီလို ၅၀ ကျော်ကို Hincapie Racing Team အသင်းမှ Toms Skujins (Lat) က တကိုယ်တော် စီးပြီး အခုလို အနိုင်ရသွားတာပါ။
သူ့နောက်မှာ တမီနစ်ကျော်နောက်ကျပြီးမှ အုပ်စုအလိုက် ပန်းဝင်လာသူတွေ ထဲမှာတော့ Peter Sagan (Svk) Tinkoff-Saxo က ဒုတိယ၊ Julian Alaphilippe (Fra) Etixx - Quick-Step တို့က တတိယ ရပါတယ်။ မနေ့က အထိ အ၀ါရောင်အကျီရထားသူ (Etixx-Quick Step) အသင်းမှ Mark Cavendish ကတော့ ဒီနေ့မှာ အ၀ါရောင်ကိုစွန့်လိုက်ရပါတယ်။
ထူးခြားတာကတော့ ဒုတိယ ချည်း ၃ ရက်ဆက်တိုက်ရနေသူ Peter Sagan (Svk) Tinkoff-Saxo ပါပဲ။ သူဟာ ဒီနှစ်အတွက် Tinkoff-Saxo အသင်းကို ပြောင်းပြီးကတည်းက ဥရောပပွဲတခုမှာ ပထမ တကြိမ်သာရသေးပြီး အောင်ပွဲ နဲ့ဝေးလို့ ဝေဖန်ခံနေရသူဖြစ်ပါတယ်။ 
သူရဲ့အဓိကအောင်ပွဲဟာ ကာလီဖုန်းနီးယားဖြစ်တဲ့အတွက် ဒီပွဲမှာ သူ ပထမ ရမယ်ဆိုပြီး အများကမျှော်လင့်နေပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အခုချိန် ထိ ပထမ မရသေးဘဲ ဒုတိယ ချည်း ၃ ရက်ဆက်တိုက်ရနေပါတယ်။
ဒီနေ့မှာတော့ Pismo Beach ကနေ Avila Beach အထိ 172.2 km ကီလို မီတာကို စတုတ္တနေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
၃ ရက်တာပြိုင်ပွဲပြီးချိန် ၁-၁၀ ရထားသူ ၁၀ ဦးစာရင်းကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Toms Skujins (Lat) Hincapie Racing Team 14:04:01
2 Peter Sagan (Svk) Tinkoff-Saxo 0:00:32
3 Rob Britton (Can) Team SmartStop 0:00:43
4 Julian Alaphilippe (Fra) Etixx - Quick-Step 0:00:44
5 Daniel Alexander Jaramillo Diez (Col) Jamis - Hagens Berman
6 Dion Smith (NZl) Hincapie Racing Team 0:00:47
7 Robert Gesink (Ned) Team LottoNL-Jumbo
8 Ben Hermans (Bel) BMC Racing Team
9 Lawson Craddock (USA) Team Giant-Alpecin
10 Jay McCarthy (Aus) Tinkoff-Saxo တို့ဖြစ်ပါတယ်။

..............
Tour of California မှာ Peter Sagan တကယ်နိုင်ပြီ။
အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာ ကျင်းပနေတဲ့ Tour of California 2015 စတုတ္တနေ့မှာ Peter Sagan (Svk) Tinkoff-Saxo ပထမ ရသွားပါတယ်။

သူဟာ ၃ ရက်ဆက်တိုက် ဒုတိယ ရပြီးတဲ့နောက် ဒီနေ့မှာတော့ Sprint အား ကောင်းစွာနဲ့ ဒုတိယလူကို စက်ဘီး တစီးစာအသာ အနိုင်ရသွားတာပါ။ ထုံးစံ အတိုင်း ပထမ ရတဲ့အချိန်မှာ စက်ဘီးကိုထောင်ပြီး စီးပြသွားပါသေးတယ်။ ဒီလိုဆုရသွားတဲ့အတွက် သူအပေါ်အချိန်လုံး ရှိနေတဲ့ Tinkoff-Saxo အသင်းပိုင်ရှင် Oleg Tinkoff ရဲ့ ဖိအားတွေလည်း တစုံတရာလျော့ သွားမယ်လို့မျှော်လင့်ရပါတယ်။
သူနောက်မှာတော့ Wouter Wippert (Ned) Drapac Professional Cycling နဲ့ လက်ရှိ အစိမ်းရောင်ပိုင်ရှင် Mark Cavendish (GBr) Etixx - Quick-Step တို့ပန်းဝင်ပါတယ်။ ၄ ရက်ပေါင်း ပထမနေရာ သို့မဟုတ် အ၀ါရောင်အကျီကိုတော့ Toms Skujins (Hincapie) က ထိမ်းထားဆဲဖြစ်ပြီး Peter Sagan က ၂၂ စက္ကန့်အကွာနဲ့ ဒုတိယနေရာမှာရှိနေပါတယ်။
Pismo Beach ကနေ Avila Beach အထိ 172.2 km ကီလိုမီတာပြိုင်ပွဲအတွင်း ကီလို ၂၀ ကျော်ကတည်းက Breakaway အုပ်စုအဖြစ် Gregory Daniel (Axeon Cycling), Kiel Reijnen (UnitedHealthcare), William Clarke (Drapac) and Jesse Anthony (Optum-Kelly Benefit ၄ ဦးအုပ်စုက 3:40 မီနစ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ 
ပန်းဝင်ဖို့ ကီလို ၃၀ ၀န်းကျင်အလိုမှာတော့ သူတို့အုပ်စုရဲ့အရှိန်တဖြေးဖြေးကျလာပြီး ၁၇ ကီလိုအလိုမှာ ၃၀ စက္ကန့်ပဲ ကွာပါတော့တယ်။ ဒီလိုနဲ့နောက်ဆုံး ပန်းဝင်ခါနီးမှာမှ အားလုံး Sprint တင်ကြပြီး ပီတာဆာဂင်က အခုလို အနိုင်ရသွားတာပါ။
ဒီနေ့မှာတော့ ၅ ရက်မြောက်ပြိုင်ပွဲအဖြစ် Santa Barbara ကနေ Santa Clarita အထိ 157.7 km ကီလိုမီတာကို ယှဉ်ပြိုင်စီးနင်းဖို့ရှိနေပါတယ်။ ။
၎ ရက်မြောက်နေ့အထိ ၁-၁၀ ရထားသူ ၁၀ ဦးကတော့... 
General classification after stage 4
# Rider Name (Country) Team Result
1 Toms Skujins (Lat) Hincapie Racing Team 18:10:57
2 Peter Sagan (Svk) Tinkoff-Saxo 0:00:22
3 Rob Britton (Can) Team SmartStop 0:00:43
4 Julian Alaphilippe (Fra) Etixx - Quick-Step 0:00:44
5 Daniel Alexander Jaramillo Diez (Col) Jamis - Hagens Berman
6 Robert Gesink (Ned) Team LottoNL-Jumbo 0:00:47
7 Ben Hermans (Bel) BMC Racing Team
8 Dion Smith (NZl) Hincapie Racing Team
9 Lawson Craddock (USA) Team Giant-Alpecin
10 Jay McCarthy (Aus) Tinkoff-Saxo တို့ဖြစ်ပါတယ်။
..................
Tour of California ၅ ရက်မြောက်မှာ Mark Cavendish ပြန်နိုင်ပြန်ပြီ။
အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာ ကျင်းပ နေတဲ့ Tour of California 2015 စက်ဘီးပြိုင်ပွဲ ၅ ရက်မြောက်နေ့မှာ Mark Cavendish (GBr) Etixx - Quick-Step ပထမ ပြန်ရသွားပါတယ်။ ဒါဟာ ၅ ရက်အတွင်း ၃ ကြိမ်မြောက် အနိုင်ရခြင်းလည်းဖြစ်ပါတယ်။

သူ့နောက်မှာတော့ Zico Waeytens (Bel) Team Giant-Alpecin က ဒုတိယ နဲ့ မနေ့က ပထမရသူ Peter Sagan (Svk) Tinkoff-Saxo က ဒီနေ့ တတိယ ပြန်ဖြစ်သွားပါတယ်။ သူဟာ ၃ ရက် ဒုတိယ၊ တရက် ပထမနဲ့ ဒီနေ့မှာ တတိယ ဖြစ်သွားခဲ့ပါတယ်။
Santa Barbara ကနေ Santa Clarita အထိ 154km ကီလိုမီတာ ပြိုင်ပွဲ တလျောက်လုံးနီးပါး မိုးတွေရွာနေလို့ လမ်းချော်မှုတွေဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲအစ ပိုင်းကနေ ပန်းဝင်ဖို့ ၅ ၃ ကီလိုလောက်အထိ Breakaway ၅ ဦးအုပ်စုတခု (Danilo Wyss (BMC Racing), Alex Howes (Cannondale-Garmin), Javier Megias Leal (Novo Nordisk), Lachlan Morton (Jelly Belly-Maxxis) and Geoffrey Curran (Axeon Cycling) က ဦးဆောင်ခဲ့ပါတယ်။ 
မိုးရွာပြီးမှောင်မဲနေတဲ့အတွက် EuroSport TV ကပုံတွေ သိပ်မကြည်လင်လှ ပါ။ ပန်းဝင်ဖို့ ၄ ကီလိုခွဲအလိုမှာတော့ မိုးရေထဲ ဘီးချော်ပြိုလဲမှုတခုဖြစ်ခဲ့ပြီး စက်ဘီးသမား တဒါဇင်ခန့် လဲပြိုသွားပါတယ်။ ဒါပေမယ့် ဦးဆောင်အဖွဲ့တွေ ဖြစ်တဲ့ အခု ပ-ဒု-တ ရသူအုပ်ကတော့ လွတ်သွားခဲ့ပါတယ်။
၅ ရက်တာပွဲအပြီးမှာတော့ Skujins က ပထမ အဖြစ် အကျီအ၀ါကို ဆက် ထိမ်းထားဆဲဖြစ်ပါတယ်။ Peter Sagan (Svk) Tinkoff-Saxo ကလည်း ၂၂ စက္ကန့် အကွာနဲ့ ဒုတိယ နေရာမှာရှိနေဆဲဖြစ်ပါတယ်။ 
မနက်ဖြန်မှာတော့ Big Bear Lake (ITT) မှာ 24.1 km ကီလိုမီတာ တဦးချင်းစံချိန်ပြု time trial ပြိုင်ကြရမှာဖြစ်ပါတယ်။
............
Tour of California ၆ ရက်မြောက်မှာ Peter Sagan ပြန်နိုင်။
အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာ ကျင်းပ နေတဲ့ Tour of California 2015 စက်ဘီးပြိုင်ပွဲ ၆ ရက်မြောက်နေ့ တဦးချင်း စံချိန်ပြု time trial ပြိုင်ပွဲမှာ Peter Sagan (Tinkoff Saxo) က အခုလို အနိုင် ရသွားတာပါ။

၁၀.၆ ကီလိုမီတာ တဦးချင်းစံချိန်ပြုမှာ Peter Sagan (Svk) Tinkoff-Saxo က 22:15:24 မီနစ်နဲ့ ပထမ၊ Julian Alaphilippe (Fra) Etixx - Quick-Step က 0:00:44 နဲ့ ဒုတိယ၊ Joey Rosskopf (USA) BMC Racing Team 0:00:48 နဲ့ တတိယ ရသွားပါတယ်။
Peter Sagan ဟာ ဒီပွဲမှာ စံချိန်ကောင်းကောင်းနဲ့ နိုင်သွားတဲ့အတွက် ၆ ရက် စလုံးအတွက် အ၀ါရောင်အကျီပိုင်ရှင် Toms Skujins (Lat) Hincapie Racing Team ကို 0:00:28 ဖြတ်လိုက်နိုင်တာကြောင့် အ၀ါရောင် အကျီကို ပါ ရရှိသွားပါတယ်။
၆ ရက်နေ့အပြီး ၁-၁၀ ဦးကတော့... 
1 Peter Sagan (Svk) Tinkoff-Saxo 22:15:23
2 Toms Skujins (Lat) Hincapie Racing Team 0:00:28
3 Julian Alaphilippe (Fra) Etixx - Quick-Step 0:00:45
4 Joey Rosskopf (USA) BMC Racing Team 0:00:49
5 Sergio Luis Henao Montoya (Col) Team Sky 0:00:55
6 Jay McCarthy (Aus) Tinkoff-Saxo 0:00:56
7 Robert Gesink (Ned) Team LottoNL-Jumbo 0:00:56
8 Ben King (USA) Cannondale-Garmin 0:00:58
9 Dion Smith (NZl) Hincapie Racing Team 0:01:03
10 Haimar Zubeldia Aguirre (Spa) TrekRacing 0:01:04
တို့ဖြစ်ပါတယ်။
မနေ့ကမိုးရွာပြီး စက်ဘီးသမားတချို့လဲပြိုမှုရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ရာသီဥတု က သာသာယာယာပါပဲ။
မနက်ဖြန်မှာတော့ Ontario ကနေ Mt. Baldy အထိ 128.7 km ကီလိုမီတာ ကိုယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
..........
Tour of California ၇ ရက်မြောက်ပွဲ Julian Alaphilippe အနိုင်ပြန်ရ။

အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာ ကျင်းပ နေတဲ့ Tour of California 2015 စက်ဘီးပြိုင်ပွဲ ၇ ရက်မြောက်နေ့ တောင် တက်ပြိုင်ပွဲမှာ Julian Alaphilippe (Fra) Etixx - Quick-Step က 3:42:13 နဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Sergio Luis Henao Montoya (Col) Team Sky 0:00:23 နဲ့ Ian Boswell (USA) Team Sky တို့က ဒုတိယနဲ့ တတိယ ရကြ ပါတယ်။ 
ကံဆိုးတာကတော့ အ၀ါရောင်အကျီပိုင်ရှင် Peter Sagan (Tinkoff Saxo) ပါပဲ။ ပန်းဝင်ဖို့ ၅ ကီလိုမီတာအထိ အုပ်စုနဲ့အတူ ပုံမှန်လိုက်လာနိုင်ခဲ့ပြီးမှ ပန်း အ၀င်မှာ Julian Alaphilippe ကို ၂ စက္ကန့်နောက်ကျသွားတဲ့အတွက် အ၀ါ ရောင်အကျီကို စွန့်လိုက်ရပါတယ်။ Julian Alaphilippeကို မနေ့က စံချိန်ပြု ပွဲမှာ ၄၅ စက္ကန့်ဖြတ်ထားနိုင်ခဲ့ပြီး ဒီနေ့ပွဲမှာ ပီတာက ၄၇ စက္ကန့်နောက်ကျပြိး မှပန်းဝင်နိုင်တဲ့အတွက် အခုလို ၂ စက္ကန့်နောက်ကျသွားတာဖြစ်ပါတယ်။ မနက် ဖြန် နောက်ဆုံးနေ့ပွဲမှာ ဒီ ၂ စက္ကန့်ကို ပြန်ဖြည့်နိုင်မလားဆိုတာကိုတော့ စိတ် ၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
Ontario ကနေ Mt. Baldy အထိ 128.7 km ကီလိုမီတာပြိုင်ပွဲဟာ တောင် တက်သက်သက်ဖြစ်ပြီး Sprinter မာ့ ကာဗင်းဒစ်ဆိုရင် အစောပိုင်းကတည်း က ပြတ်ကျန်ခဲ့ပါတယ်။ Breakaway အုပ်စုတွေရှိခဲ့ပေမဲ့ ပန်းဝင်ဖို့ ကီလို ၂၀ ၀န်းကျင်မှာ အားလုံးကို အုပ်စုကြီးက ပြန်ဖမ်းမိသွားပါတယ်။
ဒီလိုနဲ့ နောက်ဆုံးတောင် Mt. Baldy မှာ ပန်းဝင်ဖို့ ၄ ကီလိုအလိုကျမှ Julian Alaphilippe (Fra) Etixx - Quick စဖေါက်ပြေးပါတယ်။ ကျန်တဲ့လူတွေ ချက် ချင်းမလိုက်တဲ့အတွက် တဖြေးဖြေးတင်ပြေးရာကနေ ပန်းဝင်တဲ့အထိ ဒုတိယ လူကို ၂၃ စက္ကန့်ဖြတ်သွားနိုင်ခဲ့တာပါ။ ပီတာဆာဂင်ကတော့ ၄၆ စက္ကန့် နောက်ကျပြီး နံပတ် ၆ နေရာကနေ ပန်းဝင်ခဲ့ပါတယ်။
အရင်နှစ်တွေက အစိမ်းရောင်အကျီကိုသာ စိတ်ဝင်စားတဲ့ ပီတာဆာဂင်ဟာ ဒီနှစ်မှာတော့ အ၀ါရောင်အကျီရဖို့အထိ ကြိုးစားလာတာဖြစ်ပါတယ်။
အခု ၇ ရက်မြောက် ပွဲအပြီးအထိ ၁-၁၀ ရထားသူတွေကတော့..
General classification after stage 7
# Rider Name (Country) Team Result
1 Julian Alaphilippe (Fra) Etixx - Quick-Step 25:58:21
2 Peter Sagan (Svk) Tinkoff-Saxo 0:00:02
3 Sergio Luis Henao Montoya (Col) Team Sky 0:00:33
4 Joseph Lloyd Dombrowski (USA) Cannondale-Garmin Pro Cycling Team 0:01:10
5 Robert Gesink (Ned) Team LottoNL-Jumbo 0:01:11
6 Haimar Zubeldia Aguirre (Spa) Trek Factory Racing 0:01:12
7 Ian Boswell (USA) Team Sky 0:01:19
8 Riccardo Zoidl (Aut) Trek Factory Racing 0:01:20
9 Peter Kennaugh (GBr) Team Sky 0:01:40
10 Rob Britton (Can) Team SmartStop 0:02:06 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Los Angeles ကနေ Pasadena 96.5 km ကီလိုမီတာ ကိုစီးနင်းကြမှာဖြစ်ပြိး ပီတာဆာဂင် အ၀ါရောင်ပြန်ရ မရ သို့မဟုတ် Julian Alaphilippe (Fra) ကို Peter Sagan (Svk) ၃ စက္ကန့်လောက်ပြတ်အောင် စီးနိုင် မနိုင်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ။
..........................
Tour of California မှာ Peter Sagan အ၀ါရောင်အကျီရ။

အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ ၈ ရက်ကြာ ကျင်းပ နေတဲ့ Tour of California 2015 စက်ဘီးပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်မှာ နာ မည်ကြီး Sprinter Mark Cavendish က ပထမ ရသွားပါတယ်။
ပန်းဝင်ခါနီး အကြိတ်အနယ် Sprint တင်ရာမှာ Mark Cavendish (GBr) Etixx - Quick-Step က 2:14:55 နဲ့ ပထမ၊ Wouter Wippert (Ned) Drapac 0:00:00 က ဒုတိယနဲ့ Peter Sagan (Svk) Tinkoff-Saxo 0:00:00 က တတိယရပါတယ်။

၈ ရက်ပေါင်းရမှတ်မှာတော့ Peter Sagan က မနေ့က ပထမ ရထားသူ Julian Alaphilippe (Fra) Etixx - Quick-Step ကို ၃ စက္ကန့်ဖြတ်ပြီး ပထမ သို့မဟုတ် အ၀ါရောင်အကျီရ သွားပါတယ်။ မနေ့ကပွဲအပြီးမှာ Julian Alaphilippe ရဲ့နောက်ကို ပီတာက ၂ စက္ကန့်ပြတ် နေရာကနေ ဒီနေ့မှာတော့ မြို့ပတ်ပြိုင်ပွဲ ပထမ အပတ်မှာ ဒုတိယ ရတဲ့အတွက် တစက္ကန့် အပိုဆောင်းဆု time bonus ရပါတယ်။ 
တခါ နောက်ဆုံးပတ်ပန်းဝင်ချိန်မှာ သူ့ကို တတိယ မရအောင် Etixx - Quick-Step အသင်း က ကြိုးစား ပိတ်ဆိုခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ Tyler Farrar (USA) MTN - Qhubeka ကို ဆံချည်တမျင်စာ အသာရပြီး တတိယ ရသွားပါတယ်။ ဒါကြောင့် နောက်ထပ် စက္ကန့်တချို့အပိုဆုထပ်ရပြီး အ၀ါရောင်အကျီရသွားတာဖြစ်ပါတယ်။
Etixx - Quick-Step အသင်းကတော့ ဒီနေ့အတွက် Mark Cavendish ပထမရပေမဲ့ အားလုံးပေါင်း ပထမရသင့်သူ ပြင်သစ်လူငယ်လေး Julian Alaphilippe (Fra) Etixx - Quick-Step မရ တော့တဲ့အတွက် အသင်းအတွက် ဆုံးရှုံးခဲ့ရတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
ပန်းဝင်ပြီး အ၀ါရောင်အကျီရပြီဆိုတာ သေချာတာနဲ့ Peter Sagan ဟာ သူ့စတိုင်အတိုင်း စက်ဘီးကို ထောင်ပြီးစီးပြသွားပါတယ်။ အရင် အစိမ်းရောင် အကျီရနေရာကနေ အခုတော့ အ၀ါရောင်အကျီကိုပါ ပိုင်သွားတဲ့အတွက် Tinkoff-Saxo အသင်းပိုင်ရှင်ရဲ့ သူ့အပေါ်ထားရှိတဲ့ ဖိအားတွေ အိုကေ သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
၈ ရက်တာပွဲ အကောင်းဆုံးအမှတ်ရှင် ၁၀ ဦးကတော့...
Final general classification
1 Peter Sagan (Svk) Tinkoff-Saxo 28:13:12
2 Julian Alaphilippe (Fra) Etixx - Quick-Step 0:00:03
3 Sergio Luis Henao Montoya (Col) Team Sky 0:00:37
4 Joseph Lloyd Dombrowski (USA) Cannondale-Garmin Pro Cycling Team 0:01:14
5 Robert Gesink (Ned) Team LottoNL-Jumbo 0:01:15
6 Haimar Zubeldia Aguirre (Spa) TrekRacing 0:01:16
7 Ian Boswell (USA) Team Sky 0:01:23
8 Riccardo Zoidl (Aut) TrekRacing 0:01:24
9 Peter Kennaugh (GBr) Team Sky 0:01:44
10 Rob Britton (Can) Team SmartStop 0:02:10 ဖြစ်ပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More