Monday, June 8, 2015

Giro d'Italia 2015 ပွဲအတွက် စာစုများ။

Giro d'Italia 2015 စက်ဘီးပြိုင်ပွဲ ပထမနေ့ (အသင်းလိုက် စံချိန်ပြု)
................
Giro d'Italia 2015 စက်ဘီးပြိုင်ပွဲ ဒုတိယနေ့။
အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia 2015 စက်ဘီးစီးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်မှာ Elia Viviani က အနိုင်ရသွားပါတယ်။ အသက် ၂၆ နှစ်အရွယ် အီတလီနိုင်ငံသားဟာ Team Sky မှအားထားရသူ ဖြစ်ပါတယ်။
Albenga မှ Genoa အထိ 177 ကီလိုမီတာ လမ်းပေါ်ပြိုင်ပွဲအတွင်း ထိခိုက် ပြိုလဲမှုတွေရှိခဲ့ပြီး အကြိတ်အနယ်ပြိုင်ခဲ့ကြတာပါ။ ပန်းဝင်ဖို့ ကီလို ၂၀ ၀န်း ကျင်အထိ ၅ ဦးအုပ်စု Break Away က ၆ မီနစ်နီးနီးအထိဖြတ်ခဲ့ပြီးမှ Pelton က ပြန်မိခဲ့တာပါ။
အဲဒီလို ဖမ်းမိပြီးချိန်မှာ ဒီပွဲ (သတင်း ၃ ပတ်ပေါင်း) မှာ ပထမ ရမယ်လို့ အများ ကမှန်းထားတဲ့ Contador ရဲ့ Tinkoff-Saxo အသင်းက ဦးဆောင်စီးနင်း ခဲ့ပါတယ်။ ဒါပေမယ့် ပန်းဝင်ဖို့ ၃ ကီလိုခန့်အကွာမှာတော့ Team Sky နဲ့ အခြားအသင်းတွေက ရှေ့တိုးနေရာယူလာတာကိုတွေ့ရပါတယ်။ 
ပန်းဝင်ဖို့ မီတာ ၆၀ လောက်အလိုမှာတော့ ဂျာမနီက နာမည်ကြီး Sprtiner André Greipel (Lotto Soudal အသင်း) က စပြီး အသားကုန်တင်ပါတယ်။ သူ့နောက်မှာ Moreno Hofland (Ned) Team LottoNL-Jumbo နဲ့ Elia Viviani (Ita) Team Sky တို့ ကပ်ပါလာပြီး တဲ့နောက် Elia Viviani က နှာ တဖျားအသာနဲ့အခုလို အနိုင်ရသွားတာဖြစ်ပါတယ်။
၂ ရက်ပေါင်းရလာဒ် ပထမ သို့မဟုတ် ပန်းရောင်အကျီရှင်အဖြစ်တော့ မနေ့က time trial အသင်းလိုက်စံချိန်ပြုပြိုင်ပွဲမှာ ပထမရထားသူ Orica GreenEdge အသင်းမှ သြစတေလျနိုင်ငံသား Michael Matthews က ရရှိထားဆဲပါ။ နာမည်ကြီး Contador ရဲ့ခြေစွမ်းကိုတော့ တောင်ပေါ်ပွဲတွေရောက် မှ မြင်ရလိမ့်မယ်လို့ တွက်ဆမိပါတယ်။
..................................................
ဒါက မနေ့ကစပြီး အီတလီမှာ ကျင်းပနေတဲ့ Giro d'Italia 2015 ရဲ့ နောက်ဆုံး အခြေနေ။ ဒီပွဲလိုပဲ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတခုကတော့ ဒီိည (အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်စံတော်ချိန် နေ့လည်ပိုင်း ဆိုတော့ မြန်မာအချိန် တနလာင်္ မနက်ပိုင်းဖြစ်နိုင်ပါတယ်) စတင်မဲ့ Tour of California ပွဲဖြစ်ပါတယ်။
Sacramento - Sacramento ကီလိုမီတာ 204.3 ကိုစီးနင်းကြမှာဖြစ်ပြီး တာ တိုဘုရင် Sprtiner တွေအများကြီးပါဝင်ပါတယ်။ Tinkoff-Saxo အသင်းမှ Peter Sagan၊ Etixx-QuickStep အသင်းမှ Cavendish နဲ့ Team Katusha အင်းမှ နော်ဝေးနိုင်ငံသား Alexander Kristoff တို့ရဲ့ ပြိုင်ဆိုင်မှုဟာ အကြိတ် အနယ်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ 
......................
Giro d'Italia 2015 တတိယနေ့ Michael Matthews အနိုင်ရ။
အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia 2015 စက်ဘီးပြိုင်ပွဲ တတိယနေ့မှာ (Orica-GreenEdge) အသင်းမှ Michael Matthews က အနိုင်ရသွားပါတယ်။

Rapallo ကနေ Sestri Levante အထိ ၁၃၆ ကီလိုမီတာပြိုင်ပွဲအတွင်း သြစတေလျနိုင်ငံသား Michael Matthews က ပန်းဝင်ခါနီး မီတာ ၅၀ ၀န်းကျင်အလိုမှာ Sprint ဆွဲပြီး အခုလို အနိုင်ရသွားတာဖြစ်ပါတယ်။ (Trek Factory Racing) အသင်းမှ Fabio Felline က ဒုတိယနဲ့ (BMC Racing Team) အသင်းမှ Philippe Gilber က တတိယ ရကြပါတယ်။
ပန်းဝင်ဖို့ ကီလိုမီတာ ၄၀ ၀န်းကျင်အလိုမှာ ပြင်းထန်တဲ့ ထိခိုက်လဲပြိုမှုတခုဖြစ်ခဲ့ပြီး (AG2R La Mondiale) အသင်းမှ Domenico Pozzovivo ကို ဆေးရုံတင်လိုက်ရပါတယ်။ 
Michael Matthews ဟာ မနေ့ကအထိ ၂ ရက်ပေါင်းရလာဒ်အကောင်းဆုံးနဲ့ ပန်းရောင်အကျီရထားသူမို့ ဒီနေ့မှာလည်း ပန်းရောင်အကျီကို ဆက်ထိမ်း ထား နိုင်ခဲ့ပါတယ်။ ဒီတပွဲလုံးအတွက် (သတင်း ၃ ပတ်စာပွဲပြီးရင်) ပထမ ရမယ်လို့ ထင်ကြေးပေးခံထားရသူ Tinkoff-Saxo အင်းမှ Alberto Contador (Spa) က တော့ မနေ့ကနှုန်းထားအတိုင်း ၁၇ စက္ကန့်အကွာနဲ့ နံပတ် ၆ နေရာကနေ ကပ်လိုက်နေပါတယ်။
၃ ရက်ပြီးဆုံးချိန်အထိ ၁-၁၀ ရထားသူ ၁၀ ဦးကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Michael Matthews (Aus) Orica GreenEdge 8:06:27
2 Simon Clarke (Aus) Orica GreenEdge 0:00:06
3 Simon Gerrans (Aus) Orica GreenEdge 0:00:10
4 Esteban Chaves (Col) Orica GreenEdge
5 Roman Kreuziger (Cze) Tinkoff-Saxo 0:00:17
6 Alberto Contador (Spa) Tinkoff-Saxo
7 Michael Rogers (Aus) Tinkoff-Saxo
8 Paolo Tiralongo (Ita) Astana Pro Team 0:00:23
9 Fabio Aru (Ita) Astana Pro Team
10 Diego Rosa (Ita) Astana Pro Team ဖြစ်ပါတယ်။
.............
Giro d'Italia 2015 စတုတ္တနေ့ Davide Formolo အနိုင်ရ။
အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia 2015 စက်ဘီးပြိုင်ပွဲ စတုတ္တနေ့မှာ Cannondale-Garmin အသင်းမှ Davide Formolo တကိုယ်တော် အနိုင်ရသွားပါတယ်။

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အီတလီနိုင်ငံသားအတွက် ဒါဟာ ပရိုဖက်ရှင်နယ်ဘ၀နဲ့ ပထမ ဆုံး အောင်ပွဲဖြစ်ပါတယ်။ အုပ်စု လိုက်ပန်းဝင် လာသူတွေထဲက Simon Clarke (Aus) Orica GreenEdge နဲ့ Jonathan Monsalve (Ven) Southeast Pro Cycling တို့ ၂၂ စက္ကန့်နောက်ကျပြီး ဒုတိယ နဲ့ တတိယ ရရှိသွားပါတယ်။
Chiavari ကနေ La Spezia အထိ ကီလိုမီတာ 150 km ရှိတဲ့ ဒီနေ့ပွဲစဉ်မှာ တောင် အတက်အဆင်းအတော်များပါတယ်။ ပွဲစ စချင်း ထွက်ပြေးသွားတဲ့ Breakaway အုပ်စုဟာ Peloton ပင်မအုပ်စုကို ၁၀ မီနစ်အထိ ဖြတ်ထားနိုင်ခဲ့ ပါတယ်။ ပန်းဝင်ဖို့ ၁၅ ကီလိုဝန်း ကျင်အထိ ၂ မီနစ်ခန့်ပြတ်နေဆဲပါ။
မနေ့ကအထိ ပန်းရောင်အကျီ (၃ ရက်ပေါင်း ပထမ) ရထားတဲ့ (Orica-GreenEdge) အသင်းမှ သြစတေလျနိုင်ငံသား Michael Matthews ဟာ အုပ်စုနဲ့အတူမလိုက်နိုင်ပဲ ပြတ်ကျန်ခဲ့ပါတယ်။ ပင်မအုပ်စုထဲမှာတော့ အဓိက ပြိုင်ဖက်တွေဖြစ်တဲ့ Alberto Contador (Spa) Tinkoff-Saxo၊ Fabio Aru (Ita) Astana Pro Team၊ Richie Porte (Aus) Team Sky နဲ့ Rigoberto Uran တို့ပါဝင်လာပါတယ်။
ဒါကြောင့် ၄ ရက်အပြီးမှာ Orica GreenEdge အသင်းမှ Simon Clarke က ၁၁ နာရီ ၅၄ မီနစ် ၄၈ စက္ကန့်နဲ့ ပန်းရောင်အကျီရထားပါတယ်။ သူနောက်က ၁၄ ဦးကတော့...
General classification after stage 4
# Rider Name (Country) Team Result
1 Simon Clarke (Aus) Orica GreenEdge 11:54:48
2 Esteban Chaves (Col) Orica GreenEdge 0:00:10
3 Roman Kreuziger (Cze) Tinkoff-Saxo 0:00:17
4 Alberto Contador (Spa) Tinkoff-Saxo
5 Fabio Aru (Ita) Astana Pro Team 0:00:23
6 Dario Cataldo (Ita) Astana Pro Team
7 Giovanni Visconti (Ita) Movistar Team 0:00:29
8 Amaël Moinard (Fra) BMC Racing Team 0:00:31
9 Davide Formolo (Ita) Cannondale-Garmin Pro Cycling Team
10 Richie Porte (Aus) Team Sky 0:00:37
11 Kanstantsin Siutsou (Blr) Team Sky
12 Jonathan Monsalve (Ven) Southeast Pro Cycling 0:00:57
13 Mikel Landa Meana (Spa) Astana Pro Team 0:01:05
14 Rigoberto Uran (Col) Etixx - Quick-Step 0:01:11
15 Andrey Amador (CRc) Movistar Team 0:01:13 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ La Spezia ကနေ Abetone အထိ 152 km ကီလိုမီတာ စီးဖို့ရှိနေပါတယ်။
...........
Giro d'Italia 2015 ပွဲ ၅ ရက်မြောက်အပြီးမှာ Contador ပန်းရောင်အကျီရပြီ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia 2015 စက်ဘီးပြိုင်ပွဲ ၅ ရက်မြောက်နေ့ အပြီးမှာ စပိန်က နာမည်ကြီး စက်ဘီးသမား Alberto Contador (Spa) Tinkoff-Saxo က ပန်းရောင်အကျီရသွားပါတယ်။

သူ့နောက်မှာတော့ တခြား နာမည်ကြီးတွေဖြစ်တဲ့ Fabio Aru (Ita) Astana Pro Team က ၂ စက္ကန့်နဲ့ Richie Porte (Aus) Team Sky က ၂၀ စက္ကန့်တို့နဲ့ ကပ်ပြီးရှိနေပါတယ်။
ဒီနေ့အတွက် ပထမ အဖြစ်တော့ Jan Polanc (Lampre-Merida) နဲ့ ဒုတိယ အဖြစ် Sylvain Chavanel (IAM Cycling) တို့က ရသွားကြပါတယ်။ 
La Spezia ကနေ Abetone အထိ 152 km ကီလိုမီတာပြိုင်ပွဲဟာ တောင်တက်သက်သက် လိုဖြစ်နေပြီး အလွန်မြင့်တဲ့တောင်တွေကို တက်ခဲ့ကြရပါတယ်။ ဒီနေ့ ပထမ နဲ့ ဒုတိယ ရ သွားကြတဲ့ Jan Polanc (Lampre-Merida) နဲ့ Sylvain Chavanel (IAM Cycling) အပါ ၀င် ၅ ဦးအဖွဲ့ဟာ တာထွက်ပြီးသိပ်မကြာခင်ကတည်းက Breakaway အဖြစ်ထွက်ပြေးနိုင်ပြီး ၁၀ မီနစ်နီးပါးအထိ ပန်းရောင်အဖွဲ့ကို ဖြတ်ထားနိုင်ခဲ့ပါတယ်။
EuroSport TV-Live ပြကွက်တွေအရ ပန်းဝင်ဖို့ ၂၅ ကီလိုမီတာအထိ ၁၀ ကီလိုနီးပါး ပြတ် နေဆဲဖြစ်ပါတယ်။ ကီလို ၂၀ ၀န်းကျင် နောက်ဆုံးတောင်အတက်ကစပြီး Breakaway အုပ်စု တဖြေးဖြေးခြေကျလာပြီး ပန်းရောင်အုပ်စု တဖြေးဖြေးခြေတက်လာပါတယ်။ တနည်းအားဖြင့် ၁၀ မီနစ်ပြတ်နေရာကနေ ၈ မီနစ်၊ ၅ မီနစ် စသဖြင့် တဖြေးဖြေးဆင်းလာပါတယ်။
၁၀ ကီလိုခန့်အလိုမှာတော့ Breakaway အုပ်စုအတွင်း စတင်တိုက်ခိုက်ကြပြီး တဦးကျန် ၄ ဦးလွတ်သွားပါတယ်။ အဲဒီထဲကမှတခါ အဆင့်ဆင့်တိုက်ခိုက်ပြီးတဲ့နောက် Jan Polanc (Lampre-Merida) နဲ့ Sylvain Chavanel (IAM Cycling) က ပန်းဝင်တဲ့အထိရောက်သွား ပါတယ်။ ဒါတောင် Jan Polanc (Lampre-Merida) နဲ့ Sylvain Chavanel (IAM Cycling) က ပန်းဝင်ချိန် ၁ မီနစ်ခွဲကွာပါတယ်။
ပန်းရောင်အုပ်စုအခြေနေကိုပြောရမယ်ဆိုရင် ၂၅ ကီလိုအထိ အားလုံး အုပ်စုတခုတည်းရှိနေ ဆဲဖြစ်ပြီး ၁၀ ကီလိုလောက်အလိုမှာ လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Orica GreenEdge အသင်းမှ Simon Clarke ပြတ်ကျန်ခဲ့ပါတယ်။ အဲဒီနောက် တောင်တက်ရှိန်တဖြေးဖြေးမြင့် တက်လာပြီး ၄ ကီလိုအလိုလောက်မှာ Alberto Contador (Spa) Tinkoff-Saxo က စတင် တိုက်ခိုက်ပါတယ်။
အားလုံးထင်ထားတဲ့အတိုင်း သူစတိုက်တာနဲ့ တခြားနာမည်ကြီးတွေဖြစ်တဲ့ Fabio Aru (Ita) Astana Pro Team နဲ့ Richie Porte (Aus) Team Sky က ကပ်လိုက်ပါတယ်။ ပွဲက အကြိတ်အနယ်ရှိလှပါတယ်။ ဒုတိယနေရာမှာရှိနေတဲ့ Fabio Aru (Ita) အတွက်ကံကောင်း တာကတော့ Astana Pro Team အသင်းမှ အသင်းဖေါ်တဦး သူတို့နဲ့အတူပါလာခြင်းပါပဲ။ 
ဒီလိုနဲ့ပန်းဝင်ဖို့ မီတာ ၅၀ လောက်အလိုမှမှာ အဲဒီအသင်းဖေါ်က Fabio Aru (Ita) ကို ရှေ့ တင်ပေးလိုက်တာဖြစ်ပါတယ်။ သူတို့ ၃ ဦးမှာ Fabio Aru (Ita) က အစောဆုံးပန်းဝင်နိုင်ပေမဲ့ မနေ့ကအထိရထားတဲ့အမှတ်တွေအရ Alberto Contador (Spa) Tinkoff-Saxo က ၂ စက္ကန့်အသာနဲ့ ပန်းရောင်အကျီရသွားတာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ပွဲစဉ်ဟာ ၂၁ ရက်ကြာ Giro d'Italia 2015 ပွဲစဉ်မှာ ဘယ်သူတွေ အကျီပန်းရောင်ရနိုင်ခြေရှိသလဲဆိုတာကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ Alberto Contador၊ Fabio Aru နဲ့ Richie Porte တို့ကရဖို့သေချာသလောက်ရှိနေပါတယ်။ 
အခြား နည်မည်ကြီးတဦးဖြစ်တဲ့ ကိုလံဘီယာမှ Rigoberto Uran (Col) ကတော့ ၁ မီနစ် ၂၂ စက္ကန့်ပြတ်ပြီး နံပတ် ၁၂ နေရာမှာကျန်နေပါတယ်။ ၅ ရက်နေ့အပြီး ၁-၁၂ စာရင်းကတော့ ...
General classification after stage 5
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 16:05:54
2 Fabio Aru (Ita) Astana Pro Team 0:00:02
3 Richie Porte (Aus) Team Sky 0:00:20
4 Roman Kreuziger (Cze) Tinkoff-Saxo 0:00:22
5 Dario Cataldo (Ita) Astana Pro Team 0:00:28
6 Esteban Chaves (Col) Orica GreenEdge 0:00:37
7 Giovanni Visconti (Ita) Movistar Team 0:00:56
8 Mikel Landa Meana (Spa) Astana Pro Team 0:01:01
9 Davide Formolo (Ita) Cannondale-Garmin Pro Cycling Team 0:01:15
10 Andrey Amador (CRc) Movistar Team 0:01:18
11 Damiano Caruso (Ita) BMC Racing Team 0:01:22
12 Rigoberto Uran (Col) Etixx - Quick-Step တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Montecatini Terme ကနေ Castiglione Della Pescaia အထိ 183 km ကီလိုမီတာကို ဆက်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒါအပြင် ဒီည (မြန်မာစံတော်ချိန် မနက်ဖြန်မနက်) မှာလည်း အမေရိကန်ပြည်ထောင်စု ကာလီဖုန်းနီးယားမှာ ၈ ရက်ကြာကျင်းပနေတဲ့ Tour of California 2015 စတုတ္တနေ့ အဖြစ် Pismo Beach ကနေ Avila Beach အထိ 172.2 km ကီလိုမီတာ ပြိုင်ပွဲကို ကြည့်ရှုအားပေး နိုင်ပါတယ်။
................
Giro d'Italia 2015 ပွဲ ၆ ရက်မြောက်နေ့ André Greipel အနိုင်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia 2015 စက်ဘီးပြိုင်ပွဲ ၆ ရက်မြောက်နေ့မှာ ဂျာမနီမှာ နာမည်ကြီး Sprinter André Greipel (Ger) Lotto Soudal က ပထမ ရသွားပါတယ်။ သူနောက်မှာတော့ Matteo Pelucchi (Ita) IAM Cycling နဲ့ Sacha Modolo (Ita) Lampre-Merida တို့က ကပ်ပြီးပန်းဝင်ကြပါတယ်။

ဆိုးတာကတော့ ပန်းဝင်ဖို့ မီတာ ၂၀၀ အလို အားလုံး အသားကုန် Sprint တင်ကြတဲ့အချိန်မှာ စက်ဘီးသမားတဦးလဲပြိုရာကနေ ဒါဇင်နဲ့ချီ ဆက်တိုက် ပြိုလဲသွားခဲ့ပါတယ်။ စတင်ပြိုလဲသူ ကတော့ Daniele Colli (Nippo - Vini Fantini) ဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံ တင်လိုက်ရပါတယ်။ မနက်ဖြန် ဆက်မစီးနိုင်တော့ဘူးလို့ ယူဆရပါတယ်။
TV မှာတွေ့ရတဲ့ပုံရိပ်တွေအရ ဘေးကနေ ဓာတ်ပုံရိုက်နေတဲ့ ကင်မရာသမားနဲ့တိုက်မိပြီး အခုလို ပြိုလဲသွားတာလို့ဆိုပါတယ်။ ပြိုင်ပွဲကျင်းပရေးအဖွဲ့ကတော့ အားကစားသမားတွေကို တောင်းပန်ပေမဲ့ ဒီလိုမဖြစ်အောင် လူမရှိတဲ့နေရာမှာ ပွဲကျင်းပဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
အားလုံးစိတ်ဝင်စားနေတဲ့သတင်းကတော့ ဒီလိုပြိုလဲတဲ့အထဲ အ၀ါရောင်အကျီပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo ပါသွားတဲ့အတွက် မနက်ဖြန် ဆက်စီးနိုင်ပါ တော့မလားဆိုတာပါပဲ။ အစောပိုင်းသတင်းတွေအရ ဒဏ်ရာမပြင်းဘူးဆိုပေမဲ့ ဆုယူတဲ့ အချိန်မှာ အ၀ါရောင်အကျီကိုတောင် ကိုယ်တိုင် ဇစ်မဖြုတ်နိုင်ဘူး။ ပန်းစည်းကိုလည်း ယာဖက်လက်နဲ့ပဲကိုင်ပြိး ပရိတ်သတ်ကို လက်တဖက်တည်းနဲ့သာ လက်ပြနှုတ်ဆက်တာ တွေ့ရတယ်လို့ မီဒီယာတွေကရေးနေပါတယ်။
ဒဏ်ရာရနေတဲ့ကြားကနေ ချက်ချင်းထပြီး စီးနိုင်တဲ့အတွက် သူဟာ ပထမ နေရာမှာ ရှိမြဲရှိနေဆဲပါ။ သူ့နောက်မှာတော့ Fabio Aru (Ita) Astana Pro Team က ၂ စက္ကန့်နဲ့ Richie Porte (Aus) Team Sky က ၂၀ စက္ကန့်) ဆက်ရှိနေပါတယ်။ သူဟာ မနှစ်ကလည်း အလားတူပြိုလဲပြီး ပွဲကနေထွက်သွားရဖူးတဲ့အတွက် အားလုံးက သူ ဘာဆက်ဖြစ်မလဲဆို တာကို စိတ်ဝင်စားနေကြပါတယ်။
...............
Giro d'Italia 2015 ပွဲ ၇ ရက်မြောက်နေ့ Diego Ulissi အနိုင်ရ။ 

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia 2015 စက်ဘီးပြိုင်ပွဲ ၇ ရက်မြောက်နေ့မှာ Diego Ulissi (Ita) Lampre-Merida က ပထမ ရသွားပါတယ်။ 
သူ့နောက်မှာတော့ Juan Jose Lobato (Spa) Movistar Team 
နဲ့ Simon Gerrans (Aus) Orica GreenEdge တို့က ဒုတိယ နဲ့ တတိယ အဖြစ် ကပ်ပြီးပန်းဝင်ကြပါတယ်။
ပန်းရောင်အကျီပိုင်ရှင် Alberto Contador ဟာ မနေ့က ပန်းဝင်ခါနီး လဲပြိုမှု အတွင်း ခပ်ပြင်းပြင်းဒဏ်ရာရသွားပေမယ့် ဒီနေ့ပွဲကို ကောင်းမွန်စွာ ပြန်စီးနိုင် တဲ့အတွက် မနေ့ကအတိုင်း ၇ ရက်ပေါင်း ပထမ နေရာဖြစ်တဲ့ ပန်းရောင်အကျီ ကိုထိမ်းထားနိုင်ဆဲပါ။ သူ့နောက်မှာတော့ Fabio Aru (Ita) Astana Pro Team က ၂ စက္ကန့်နဲ့ Richie Porte (Aus) Team Sky က ၂၀ စက္ကန့်) ဆက်ရှိနေပါတယ်။ 
Grosseto ကနေ Fiuggi အထိ 264 km ကီလိုအကွာအဝေးရှိတာကြောင့် ဒီနေ့ပွဲဟာ သတင်း ၃ ပတ်အတွင်း တာအဝေးဆုံးပွဲနေ့ဖြစ်ပါတယ်။ ပွဲစတင်ပြီး သိပ်မကြာခင်မှာကတည်းက ၄ ဦးပါ Breakaway အုပ်စုတခုက ၁၁ မီနစ် ကျော်အထိ အဓိကအုပ်စုကို ဖြတ်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပန်းဝင်ဖို့ ကီလို ၇၀ နောက်ပိုင်းမှာတော့ ပန်းရောင်အုပ်စုရဲ့ အရှိန် တဖြေးဖြေးမြင့်လာပြီး Breakaway အုပ်စုရဲ့အရှိန် တဖြေးဖြေးကျလာပါတယ်။ ဒီလိုနဲ့ ပန်းဝင်ဖို့ ၁၅ ကီလိုဝန်းကျင်မှာ အားလုံးကိုဖမ်းမိပြီး အုပ်စုတခုတည်း ဖြစ်သွားပါတယ်။
မနေ့က ပန်းဝင်စဉ်မှာ ဓာတ်ပုံရိုက်နေတဲ့ ပရိသတ်တဦးနဲ့တိုက်မိပြီး စက်ဘီး သမားဒါဇင်နဲ့ချီပြိုလဲသွားခဲ့ပေမယ့် ဒီနေ့မှာတော့ အဲဒီလိုမဖြစ်အောင် ပွဲစီစဉ် သူတွေက ကာကွယ်နိုင်ခဲ့ပါတယ်။
မနက်ဖြန်မှာတော့ Fiuggi ကနေ Campitello Matese အထိ 186 km ကီလို မီတာကို ဆက်စီးကြမှာဖြစ်ပါတယ်။ ဒါပေမယ့် မနက်ဖြန်ပွဲဟာ ဒီနေ့လို မြေပြန့်မများပဲ တောင်တက် များပါတယ်။ အထူးသဖြင့် ပန်းဝင်ခါနီး 13km ကီလိုမီတာဟာ တောင်တက်သက်သက် ဖြစ်တဲ့အတွက် ဒဏ်ရာရထားတဲ့ ပန်းရောင်အကျီပိုင်ရှင် Alberto Contador စိမ်ခေါ်မှု ကြီးကြီးမားမားရင်ဆိုင်ရဘွယ်ရှိနေပါတယ်။ ။

................
Giro d'Italia 2015 ပွဲ ၈ ရက်မြောက်နေ့ Benat Intxausti အနိုင်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia 2015 စက်ဘီးပြိုင်ပွဲ ၈ ရက်မြောက်နေ့မှာ Benat Intxausti (Spa) Movistar Team က 4:51:34 နာရီနဲ့ အနိုင်ရသွားပါတယ်။ သူနောက်မှာတော့ Mikel Landa Meana (Spa) Astana Pro Team က ဒုတိယ၊ Sébastien Reichenbach (Swi) IAM Cycling က တတိယ အသီးသီးရပါတယ်။

၈ ရက်ပေါင်း ပထမ သို့မဟုတ် ပန်းရောင်အကျီပိုင်ရှင်ကတော့ အပြောင်းအလဲ မရှိပါဘူး။ မနေ့ကအတိုင်း Alberto Contador Alberto Contador (Spa) Tinkoff-Saxo က ပန်းရောင်ကိုဆက်ထိမ်းထားနိုင်တဲ့အပြင် ၂ စက္ကန့်ပြတ်နေ တဲ့ Fabio Aru (Ita) Astana Pro Team ကို ၄ စက္ကန့်အထိ ဖြတ်နိုင်ခဲ့ပါတယ်။
Richie Porte (Aus) Team Sky က ၂၀ စက္ကန့်နဲ့တတိယ နေရာမှာဆက်ရှိ နေပါတယ်။ မနေ့ကအထိ အဆင့် ၁၀ နောက်ရောက်နေတဲ့ Rigoberto Uran (Col) Etixx - Quick-Step ဟာလဲ ဒီနေ့ အခြေနေအတော်ကောင်းလာတာ ကိုတွေ့ရ ပါတယ်။ 
Fiuggi ကနေ Campitello Matese အထိ 186 km ကီလိုမီတာပြိုင်ပွဲ တလျောက်လုံးနီးပါး မိုးတွေရွာနေပြီး ပန်းဝင်ဖို့ ကီလို ၂၀ ၀န်းကျင်မှ နေရောင် ကိုတွေ့လာရပါတယ်။ တာထွက်ပြီးသိပ်မကြာခင်ကတည်းက ၃ ဦးပါ Breakaway အုပ်စုနဲ့ ၉ ဦးပါ Breakaway အုပ်စု ၂ ခုက ပွဲကိုဦးဆောင်ခဲ့တာ ပန်းဝင်တဲ့အထိလို့ပြောနိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင် အခု ပထမ ပန်းဝင်သွားတဲ့ Benat Intxausti (Spa) Movistar Team ဟာ ဒုတိယ Breakaway အုပ်စုကဖြစ်ပါတယ်။ ဒုတိယ အုပ်စုထဲက ၂ ဦးထွက်ပြေးလာပြိးတဲ့နောက် ပန်းဝင်ဖို့ ၃ ကီလိုခန့်အလိုမှာ ပထမ အုပ်စုကိုမိသွားပါတယ်။ ပြီးတော့မှ Benat Intxausti က တကိုယ်တော် ၃ ကီလိုခန့်စီးပြိး လွတ်လွတ်ကျွတ်ကျွတ်အနိုင်ရသွားတာပါ။
အခုချိန်ထိ ၈ ရက်ပေါင်း ၁-၈ ဦးစာရင်းကတော့..
General classification after stage 8
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 32:40:07
2 Fabio Aru (Ita) Astana Pro Team 0:00:04
3 Richie Porte (Aus) Team Sky 0:00:22
4 Dario Cataldo (Ita) Astana Pro Team 0:00:30
5 Mikel Landa Meana (Spa) Astana Pro Team 0:00:42
6 Roman Kreuziger (Cze) Tinkoff-Saxo 0:01:00
7 Giovanni Visconti (Ita) Movistar Team 0:01:16
8 Rigoberto Uran (Col) Etixx - Quick-Step 0:01:24
တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Benevento ကနေ San Giorgio Del Sannio အထိ 215 km ကီလိုမီတာကိုယှဉ်ပြိုင်ကြမှာဖြစ်ပြီး တနလာင်္နေ့မှာတော့ ပထမ သတင်း ပတ်နားရက်ဖြစ်ပါတယ်။ ။
...................
Giro d'Italia 2015 ပွဲ ၉ ရက်မြောက်နေ့ Paolo Tiralongo အနိုင်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia 2015 စက်ဘီးပြိုင်ပွဲ ၉ ရက်မြောက်နေ့မှာ Paolo Tiralongo (Ita) Astana Pro Team က 5:50:31နာရီနဲ့ ပထမ ရသွားပါတယ်။ သူ့နောက်မှာတော့ Steven Kruijswijk (Ned) Team LottoNL-Jumbo 0:00:21 နဲ့ Simon Geschke (Ger) Team Giant-Alpecin 0:00:23 တို့က ဒုတိယနဲ့ တတိယ ရသွားပါ တယ်။

၉ ရက်ပေါင်း ပထမ သို့မဟုတ် ပန်းရောင်အကျီပိုင်ရှင်ကတော့ အပြောင်း အလဲမရှိပါဘူး။ မနေ့ကအတိုင်း Alberto Contador Alberto Contador (Spa) Tinkoff-Saxo က ပန်းရောင်ကိုဆက်ထိမ်းထားနိုင်ပါတယ်။ ဒါပေမယ့် ပန်းအ၀င်မှာ Fabio Aru (Ita) Astana Pro Team က Sprint အားကောင်း ကောင်းတင်နိုင်တဲ့အတွက် မနေ့ကပြတ်နေတဲ့ ၄ စက္ကန့်အစား ဒီနေ့မှာတော့ ၃ စက္ကန့်ပဲကျန်ပါတယ်။ 
Richie Porte (Aus) Team Sky က ၂၀ စက္ကန့်နဲ့တတိယ နေရာမှာဆက်ရှိ နေဆဲဖြစ်ပေမဲ့ မနေ့ကအခြေနေကောင်းခဲ့သူ Rigoberto Uran (Col) Etixx - Quick-Step ကတော့ ဒီနေ့ အုပ်စုထဲမှာ ပြတ်ကျန်ခဲ့ပါတယ်။ 
တောင်တက်ပွဲတွေရဲ့ ထုံးစံအတိုင်း ဒီနေ့မှာလည်း ၁၁ ဦးပါ Breakaway အုပ်စု တခုက ပွဲကိုဦးဆောင်ခဲ့တာပါ။ ပန်းဝင်ဖို့ ကီလို ၅၀ ကနေ ၁၅ လောက်အတွင်း ပင်မအုပ်စုကို ၄ မီနစ်ကျော်ကျော်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ အခု ပန်းဝင် သွားတဲ့ ပ-ဒု-တ အပါဝင် ၈ ဦးစလုံးဟာ အဲဒီ Breakaway အုပ်စုထဲကဖြစ် ပါတယ်။
အခုချိန် ၉ ရက်မြောက်နေ့ပွဲပြီးတဲ့အထိ ၁-၁၀ ရထားသူတွေကတော့...
General classification after stage 9
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 38:31:35
2 Fabio Aru (Ita) Astana Pro Team 0:00:03
3 Richie Porte (Aus) Team Sky 0:00:22
4 Mikel Landa Meana (Spa) Astana Pro Team 0:00:46
5 Dario Cataldo (Ita) Astana Pro Team 0:01:16
6 Roman Kreuziger (Cze) Tinkoff-Saxo 0:01:46
7 Giovanni Visconti (Ita) Movistar Team 0:02:02
8 Rigoberto Uran (Col) Etixx - Quick-Step 0:02:10
9 Damiano Caruso (Ita) BMC Racing Team 0:02:20
10 Andrey Amador (CRc) Movistar Team 0:02:24 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ပထမ သတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။
အင်္ဂါနေ့မှာတော့ Civitanova Marche ကနေ Forlì အထိ 200 km ကီလို မီတာကို ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
................
Giro d'Italia 2015 ပွဲ ၁၀ ရက်မြောက်နေ့ Nicola Boem အနိုင်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၀ ရက်မြောက်နေ့မှာ Nicola Boem (Ita) Bardiani CSF က 4:26:16 နာရီ နဲ့ ပထမ ရသွားပါတယ်။ သူ့နောက်မှာတော့ Matteo Busato (Ita) Southeast Pro Cycling က ဒုတိယ၊ Alessandro Malaguti (Ita) Nippo - Vini Fantini က တတိယ ရပါတယ်။

၁၀ ရက်ပေါင်း ပထမ သို့မဟုတ် ပန်းရောင်အကျီပိုင်ရှင်ကတော့ အပြောင်း အလဲ မရှိပါဘူး။ ပြီးခဲ့တဲ့အပတ်ကအတိုင်း Alberto Contador Alberto Contador (Spa) Tinkoff-Saxo က ပန်းရောင်ကိုဆက်ထိမ်းထားနိုင်ပါတယ်။ ဒုတိယ နေရာကိုတော့ Fabio Aru (Ita) Astana Pro Team က ၃ စက္ကန့် နောက်ကျနဲ့ ကပ်လိုက်နေပါတယ်။
ဒါပေမယ့် တနေ့ကအထိ စက္ကန့် ၂၀ ကျော်သာပြတ်ပြီး တတိယ လိုက်နေတဲ့ Richie Porte (Aus) Team Sky ကတော့ ဒီနေ့ပွဲမှာ (ပန်းဝင်ဖို့ ၇ ကီလိုခန့်အလိုမှာ) ရှေ့ဘီးပေါက်လို့ တခြားအသင်းမှ သြဇီတဦးရဲ့ ဘီးကိုအစားထိုးမှုနဲ့ အတော်လူပြောစရာဖြစ်ခဲ့ပါတယ်။
UCI နိုင်ငံတကာ စက်ဘီးအဖွဲ့ချုပ်က ထုတ်ထားတဲ့ ဥပဒေအရ တသင်းတည်းက အသင်း သားအချင်းချင်းသာ ဘီးလဲလှယ်ခွင့်ရှိပြီး အခြားအသင်းက မိတ်ဆွေတဦးဦးရဲ့ ဘီးကို အစား ထိုးတာဟာ တရားမ၀င်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် အခုလိုအရေးပေါ်ဘီးပေါက်တဲ့အတွက် Orica-GreenEdge အသင်းမှ Simon Clarke ရဲ့ ရှေ့ဘီးကိုယူပြီး အစားထိုးစီးခြင်းဟာ တရားမ၀င်မှုဖြစ်တယ်။ ဒါကြောင့် အချိန် ၂ မီနစ်လျော့တဲ့ အပြစ်ဒဏ်ပေးခံရပါတယ်။
ဒီလို အပြစ်ဒဏ်ရော၊ ဘီးပေါက်လို့ဖြုတ်လဲစဉ် နောက်ကျကျန်ခဲ့တာရောပေါင်းလိုက်တဲ့အခါ 3:09 မီနစ်အထိနောက်ကျပြီး နံပတ် ၁၂ အထိပြုတ်ကျသွားပါတယ်။ 
၁၀ ရက်မြောက်ပွဲအပြီး ၁-၁၂ စာရင်းကတော့.. 
General classification after stage 10
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 42:58:09
2 Fabio Aru (Ita) Astana Pro Team 0:00:03
3 Mikel Landa Meana (Spa) Astana Pro Team 0:00:46
4 Dario Cataldo (Ita) Astana Pro Team 0:01:16
5 Roman Kreuziger (Cze) Tinkoff-Saxo 0:01:46
6 Rigoberto Uran (Col) Etixx - Quick-Step 0:02:10
7 Giovanni Visconti (Ita) Movistar Team 0:02:12
8 Damiano Caruso (Ita) BMC Racing Team 0:02:20
9 Andrey Amador (CRc) Movistar Team 0:02:24
10 Leopold Konig (Cze) Team Sky 0:02:30
11 Davide Formolo (Ita) Cannondale-Garmin Pro Cycling Team 0:03:01
12 Richie Porte (Aus) Team Sky 0:03:09 တို့ဖြစ်ပါတယ်။
Civitanova Marche ကနေ Forlì အထိ 200 km ကီလိုပြိုင်ပွဲအတွင်း အခု ပ-ဒု-တ ရသွားတဲ့
Nicola Boem (Ita) Bardiani CSF၊ Matteo Busato (Ita) Southeast Pro Cycling၊ Alessandro Malaguti (Ita) Nippo - Vini Fantini အပါဝင် ၅ ဦးပါ Breakaway အုပ်စုက ဦးဆောင်ခဲ့တာပါ။ ပန်းဝင်ဖို့ ၈ ကီလိုလောက်အလိုမှာတော့ Breakaway အုပ်စုနဲ့ ပန်းရောင် အုပ်စုကြား အကွာအဝေးဟာ စက္ကန့် ၅၀ ခန့်သာကျန်တော့တဲ့အတွက် မိတော့မယ်ထင်ပြီး တဦးက နေခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ပန်ဝင်ချိန်မှာ Breakaway မှ ၄ ဦးတည်း ပန်းဝင်သွားခြင်း ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Forlì ကနေ Imola (Autodromo Ferrari) အထိ 153 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

................
Giro d'Italia 2015 ပွဲ ၁၁ ရက်မြောက်နေ့ Ilnur Zakarin အနိုင်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၁ ရက်မြောက်နေ့မှာ Ilnur Zakarin (Rus) Team Katusha က ပထမ ရ သွားပါတယ်။ Breakaway အုပ်စုကနေ ပန်းမ၀င်မီ ၅ ကီလိုခန့်အလိုမှာ ကတည်းက တဦးတည်း ထွက်ပြေးလွတ်မြောက်ပြီး 3:55:08 နာရီနဲပ ပထမ အဖြစ် ပန်းဝင်သွားတာဖြစ်ပါတယ်။

သူ့နောက်မှာတော့ ၆ ဦးပါ အုပ်စုထဲက Carlos Betancur (Col) AG2R La Mondiale နဲ့ Franco Pellizotti (Ita) Androni Giocattoli တို့က ၅၃ စက္ကန့် ပြတ်ပြီး ဒုတိယနဲ့ တတိယ ရပါတယ်။ ပ-ဒု-တ အားလုံးဟာ Breakaway အုပ်စုမှဖြစ်ပါတယ်။ 
၁၁ ရက်ပေါင်း ပထမ သို့မဟုတ် ပန်းရောင်အကျီပိုင်ရှင်ကတော့ အပြောင်း အလဲ မရှိပါဘူး။ မနေ့ကအတိုင်း Alberto Contador Alberto Contador (Spa) Tinkoff-Saxo က ပန်းရောင်ကိုဆက်ထိမ်းထားနိုင်ပါတယ်။ ဒုတိယ နေရာကိုတော့ Fabio Aru (Ita) Astana Pro Team က ၃ စက္ကန့် နောက်ကျ နဲ့ ကပ်လိုက်နေပါတယ်။
မနေ့က ၂ မီနစ်လျော့ ပြစ်ဒဏ်ပေးခံရတဲ့ Richie Porte (Aus) Team Sky ကတော့ ၁၁ မှာရှိနေဆဲပါ။ ၁၁ ရက်အပြီး ၁-၁၀ ရထားသူတွေကတော့..
General classification after stage 11
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 46:54:19
2 Fabio Aru (Ita) Astana Pro Team 0:00:03
3 Mikel Landa Meana (Spa) Astana Pro Team 0:00:46
4 Dario Cataldo (Ita) Astana Pro Team 0:01:16
5 Roman Kreuziger (Cze) Tinkoff-Saxo 0:01:46
6 Rigoberto Uran (Col) Etixx - Quick-Step 0:02:10
7 Giovanni Visconti (Ita) Movistar Team 0:02:12
8 Damiano Caruso (Ita) BMC Racing Team 0:02:20
9 Andrey Amador (CRc) Movistar Team 0:02:24
10 Leopold Konig (Cze) Team Sky 0:02:30 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Imola ကနေ Vicenza (Monte Berico) အထိ 190 km ကီလို မီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
.................
Giro d'Italia 2015 ပွဲ ၁၂ ရက်မြောက်နေ့ Philippe Gilber အနိုင်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၂ ရက်မြောက်နေ့မှာ BMC အသင်းမှ Philippe Gilbert (Bel) BMC Racing Team က 4:22:50 နာရီနဲ့ ပထမ ရသွား ပါတယ်။ သူ့နောက်မှာတော့ ထူးထူးခြားခြား အ၀ါရောင်အကျီပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo က ၃ စက္ကန့်နောက်ကျပြီး ပန်းဝင်လာပါတယ်။ ၀င်လာပါတယ်။ 

တတိယအဖြစ်တော့ Diego Ulissi (Ita) Lampre-Merida ကရသွားပါတယ်။ Breakaway အုပ်စုမှ တဦးဟာ ပန်းဝင်ဖို့ မီတာ ၂၀ လောက်အလိုမှ အရှိန် တင်မစီးနိုင်တော့တဲ့အတွက် Philippe Gilber ကဖမ်းမိပြီး အခုလို ပထမ ရသွားတာပါ။
Imola ကနေ Vicenza (Monte Berico) အထိ 190 km ကီလိုမီတာပြိုင်ပွဲဟာ တနေကုန် နီးပါးမိုးရွာနေတဲ့အတွက် ချော်လဲမှုမဖြစ်အောင် စက်ဘီးသမားတွေ သတိထားစီးခဲ့ကြရပါ တယ်။ 
ပန်းရောင်အကျီပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo က အခုလို ဒုတိယရသွား တဲ့အတွက် time bonus အဖြစ် ၆ စက္ကန့်အပိုဆောင်းဆုရပါတယ်။ တခါမနေ့ကအထိ ၃ စက္ကန့်ပြတ်နဲ့ ဒုတိယနေရာက ကပ်လိုက်နေသူ Fabio Aru (Ita) Astana Pro Team ဟာ ဒီနေ့မှာတော့ Alberto Contador ကိုကပ်မထားနိုင်တဲ့အတွက် ၁၁ စက္ကန့်နောက်ကျပြီး ၂၆ နေရာနဲ့ပန်းဝင်တဲ့အတွက် စုစုပေါင်း ၁၇ စက္ကန့်နစ်နာသွားပါတယ်။
မနေ့က တာယာပေါက်ပြီး အခြားအသင်းသားတဦးဆီက ရှေ့ဘိန်းကို လဲယူမှုနဲ့ ၂ မီနစ် လျော့ ပြစ်ဒဏ်ပေးခံထားရလို့ တတိယ နေရာကနေ ၁၂ နေရာအထိဆင်းသွားရသူ Richie Porte (Aus) Team Sky ကတော့ ဒီနေ့မှာလည်း ၁၂ မှာရှိနေဆဲပါ။ ဒါပေမယ့် ၁၂ နေရာက Richie Porte နဲ့ လောလောဆယ် နံပတ် ၆ နေရာမှာရှိနေသူ Rigoberto Uran (Col) Etixx - Quick-Step တို့ဟာ ပထမ နေရာအတွက် ခြိမ်းခြောက်နေဆဲလို့ အကဲခတ်တွေက ဆိုပါ တယ်။
၁၂ ရက်မြောက်ပွဲအပြီး ၁-၁၂ စာရင်းကတော့... 
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 51:17:06
2 Fabio Aru (Ita) Astana Pro Team 0:00:17
3 Mikel Landa Meana (Spa) Astana Pro Team 0:00:55
4 Dario Cataldo (Ita) Astana Pro Team 0:01:30
5 Roman Kreuziger (Cze) Tinkoff-Saxo 0:01:55
6 Rigoberto Uran (Col) Etixx - Quick-Step 0:02:19
7 Giovanni Visconti (Ita) Movistar Team 0:02:21
8 Damiano Caruso (Ita) BMC Racing Team 0:02:29
9 Andrey Amador (CRc) Movistar Team 0:02:38
10 Leopold Konig (Cze) Team Sky 0:02:44
11 Davide Formolo (Ita) Cannondale-Garmin Pro Cycling Team 0:03:10
12 Richie Porte (Aus) Team Sky 0:03:18 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Montecchio Maggiore ကနေ Jesolo အထိ 147 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။

......................
Giro d'Italia 2015 ပွဲ ၁၃ ရက်မြောက်နေ့ Sacha Modolo အနိုင်ရ။
အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၃ ရက်မြောက်နေ့မှာ Sacha Modolo (Ita) Lampre-Merida က 03:03:08
နာရီနဲ့ ပထမ ရသွားပါတယ်။ Giacomo Nizzolo (Ita) Trek Factory Racing နဲ့ Elia Viviani (Ita) Team Sky တို့လည်း သူနဲ့အတူကပ်ဝင်ပြီး ဒုတိယနဲ့ တတိယ ရသွားပါတယ်။

ထူးတာကတော့ ပန်းဝင်ဖို့ ၃ ကီလိုခန့်အလိုမှာ ကြီးမားတဲ့ ပြိုလဲမှုတခုဖြစ်ခဲ့ ခြင်းပါ။
မိုးကလည်းရွာ၊ လမ်းကလည်းချောနေတော့ အရှိန်မထိမ်းနိုင်ပဲ ဒါဇင်နဲ့ ချီလဲပြိုခဲ့ပါတယ်။ အဲဒီထဲမှာ ပန်းရောင်အကျီပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxoနဲ့ Team Sky မှ Richie Porte တို့လည်းပါတယ်လို့ ယူဆရပါတယ်။
တီဗွီ ပြကွက်တွေအရ မနေ့ကအထိ ၁၇ စက္ကန့်ပြတ်ပြိး ဒုတိယနေရာက ကပ်လိုက်နေသူ Fabio Aru (Ita) Astana Pro Team က ပန်းရောင်အကျီရသွားတာကိုတွေ့လိုက်ရပါတယ်။ အခြေနေတွေပြောင်းပြန်ဖြစ်သွားပြီး မနေ့က အ၀ါရောင်အကျီရှင် Alberto Contador က ဒီနေ့လဲပြိုမှုနဲ့တိုးနေလို့ ပန်းဝင်တာ မီနစ် ၄၀ ခန့်နောက်ကျတဲ့အတွက် Fabio Aru နောက်ကို ၁၉ စက္ကန့်ပြန်ပြတ်သွားပါတယ်။
ဆက်တိုက်ကံဆိုးနေဆဲပုဂ္ဂိုလ်ကတော့ Team Sky မှ Richie Porte ပါပဲ။ အရင်တနေ့က ရှေ့ ဘီးပေါက်လို့ အခြားအသင်းကလူရဲ့ဘီးကို လဲယူမှုနဲ့ ၂ မီနစ်အလျော့ခံထားရကနေ ဒီနေ့မှာလဲ ပြိုလဲမှုနဲ့တိုးနေလို့ ပန်းဝင်ချိန် ၂ မီနစ်ထပ်နောက်သွားပြန်ပါတယ်။ ဒါကြောင့် အ၀ါရောင် အကျီပိုင်ရှင်နဲ့ ၅ မီနစ်ခန့်ပြတ်သွားပါတယ်။
Montecchio Maggiore ကနေ Jesolo အထိ 147 km ကီလိုမီတာပြိုင်ပွဲစဉ်တလျောက်လုံး မိုးတွေရွာနေပါတယ်။ တာထွက်ပြီးသိပ်မကြာခင်ကတည်းက Rick Zabel (BMC), Jerome Pineau (IAM Cycling) and Marco Frapporti (Androni Giacattoli) တို့ ၃ ဦးပါ Breakaway အဖွဲ့က ဦးဆောင်ခဲ့တာ ပန်းဝင်ဖို့ ၁၆ ကီလိုအထိပါ။ 
ရယ်စရာဖြစ်ရပ်တခုကတော့ ရထားလမ်းဖြတ်ကူးစဉ်မှာ ရထားလာချိန်နဲ့တိုးနေလို့ Breakaway အဖွဲ့ ၃ီးစလုံး ရပ်စောင့်ခဲ့ရတဲ့အဖြစ်ပါ။ ပန်းဝင်ဖို့ ၁၆ ကီလိုအလိုမှာတော့ သူတို့အဖွဲ့ကို ပန်းရောင်အဖွဲ့က ဖမ်းမိသွားပါတယ်။
၁၃ ရက်အပြီး ၁-၁၀ ရထားသူတွေကတော့...
General Classification
# Rider Name (Country) Team Result
1 Fabio Aru (Ita) Astana Pro Team 54:20:55
2 Alberto Contador (Spa) Tinkoff-Saxo 0:00:19
3 Mikel Landa Meana (Spa) Astana Pro Team 0:00:14
4 Roman Kreuziger (Cze) Tinkoff-Saxo 0:01:38
5 Dario Cataldo (Ita) Astana Pro Team 0:01:49
6 Rigoberto Uran (Col) Etixx - Quick-Step 0:02:02
7 Damiano Caruso (Ita) BMC Racing Team 0:02:12
8 Andrey Amador (CRc) Movistar Team 0:02:21
9 Giovanni Visconti (Ita) Movistar Team 0:02:40
10 Yury Trofimov (Rus) Team Katusha 0:03:15 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Treviso ကနေ Valdobbiadene အထိ 59.4 km ကီလိုမီတာကို တဦးချင်းစံချိန်ပြု (Individual time trial) စီးကြရမှာဖြစ်ပါတယ်။ ဒဏ်ရာရထားတဲ့ Alberto Contador ဟာ ဒီပွဲအတွက်စိုးရိမ်နေစဉ် အခုတော့ အဲဒီပွဲမတိုင်ခင်မှာကတည်းက ကံဆိုးပြီး ပန်းရောင်အကျီကိုစွန့်လိုက်ရပါတယ်။ မနက်ဖြန်မှာ ပန်းရောင်အကျီပိုင်ရှင် အပြောင်းအလဲ ဖြစ်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ။
......................
Giro d'Italia 2015 ပွဲ ၁၄ ရက်မြောက်နေ့ Alberto Contador ပန်းရောင်အကျီပြန်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၄ ရက်မြောက်နေ့ တဦးချင်းစံချိန်ပြု (Individual time trial) ပြိုင်ပွဲမှာ Vasil Kiryienka (Blr) Team Sky က 1:17:52 နာရီနဲ့ ပထမရသွားပါတယ်။ သူ့နောက်မှာတော့ Luis Leon Sanchez (Spa) Astana Pro Team က 0:00:12 စက္ကန့်နောက်ကျပြီး ဒုတိယ။ Alberto Contador (Spa) Tinkoff-Saxo က 0:00:14 စက္ကန့်နောက်ကျပြီး တတိယရပါတယ်။

ဒါပေမယ့် မနေ့က ပန်းရောင်အကျီရထားတဲ့ Fabio Aru (Ita) Astana Pro Team ဟာ ၃ မီနစ်နောက်ကျပြီး ၂၉ နေရာကနေ ပန်းဝင်တဲ့အတွက် Alberto Contador က ပန်းရောင်အကျီကိုပြန်ရသွားတာဖြစ်ပါတယ်။ မနေ့က ပြိုင်ပွဲအတွင်း ပန်းဝင်ဖို့ ၃ ကီလိုဝန်း ကျင်မှာ ပြိုလဲမှုဖြစ်ခဲ့ပြီး Alberto Contador နောက်ကျကျန်ခဲ့စဉ် Fabio Aru အရင်ပန်းဝင် သွားပြီး ၁၉ စက္ကန့်အသာစီးရသွားပါတယ်။ ဒီနေ့မှာတော့ ၃ မီနစ်နီးပါး ပြန်ပြတ်သွားတဲ့ အတွက် အခုလို ပန်းရောင်အကျီကိုပြန်အပ်လိုက်ရတာပါ။
Treviso ကနေ Valdobbiadene အထိ 59.4 km ကီလိုမီတာကို တဦးချင်းစံချိန်ပြု (Individual time trial) ပြိုင်ပွဲမှာတလျောက်လုံးမိုးတွေရွာနေတဲ့အတွက် လမ်းချော် မှာစိုးလို့ စက်ဘီးသမားတွေ သတိထားစီးနေကြတာတွေ့ရပါတယ်။ ဒီလောက်မိုးသဲတဲ့ကြားထဲ ပရိတ် သတ်အားပေးမှုကနည်းတာမဟုတ်။ စက်ဘီးသမားအတွက် လမ်းကြောင်းမကျန်လောက် အောင်တောင် လမ်းပိတ်အားပေးကြတဲ့အတွက် စက်ဘီးသမားနဲ့ ပရိတ်သတ် တိုက်မိတော့ မလားဆိုပြီး စိုးရိမ်စိတ်နဲ့ကြည့်ခဲ့ရပါတယ်။
တခြားနာမည်ကြီးတွေဖြစ်တဲ့ Rigoberto Uran (Col) Etixx - Quick နဲ့ Team Sky မှ Richie Porte တို့ဟာလည်း ဒီနေ့စံချိန်သိပ်မကောင်းပဲ ၂ မီနစ်ဝန်းကျင်စီ နောက်ကျ ကျပါတယ်။ ဒါကြောင့် ၁၄ ရက်အပြီး ၁-၁၀ ထဲကို Team Sky မှ Richie Porte ၀င်မလာ နိုင်သေးပါ။
၁၄ ရက်အပြီး ၁-၁၀ စာရင်းကတော့...
General classification after stage 14
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 55:39:00
2 Fabio Aru (Ita) Astana Pro Team 0:02:28
3 Andrey Amador (CRc) Movistar Team 0:03:36
4 Rigoberto Uran (Col) Etixx - Quick-Step 0:04:14
5 Jurgen Van Den Broeck (Bel) Lotto Soudal 0:04:17
6 Dario Cataldo (Ita) Astana Pro Team 0:04:50
7 Mikel Landa Meana (Spa) Astana Pro Team 0:04:55
8 Damiano Caruso (Ita) BMC Racing Team 0:04:56
9 Roman Kreuziger (Cze) Tinkoff-Saxo 0:04:57
10 Leopold Konig (Cze) Team Sky 0:05:35
တို့ဖြစ်ပြီး Richie Porte (Aus) Team Skyက 0:08:52 မီနစ်အပြတ်နဲ့ ၁၇ နေရာမှာရှိနေ ပါတယ်။
မနက်ဖြန်မှာတော့ Marostica ကနေ Madonna Di Campiglio အထိ 165 km ကီလိုမီတာ ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
....................
Giro d'Italia ပွဲ ၁၅ ရက်မြောက်နေ့ Mikel Landa Meana အနိုင်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၅ ရက်မြောက်နေ့မှာ Mikel Landa Meana (Spa) Astana Pro Team က 4:22:35 နာရီနဲ့ ပထမ ရသွားပါတယ်။ သူ့နောက်မှာတော့ Yury Trofimov (Rus) Team Katusha က 0:00:02 စက္ကန့်နောက်ကျပြီး ဒုတိယ ရပါတယ်။

လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo က 0:00:05 စက္ကန့်နောက်ကျပြီး တတိယနဲ့ ပန်းရောင်အကျီကိုပြန်ရဖို့ကြိုးစားနေ သူ Fabio Aru (Ita) Astana Pro Team က 0:00:06 စက္ကန့်နောက်ကျနဲ့ စတုတ္တရ ပါတယ်။ ဒါကြောင့် ပန်းရောင်အကျီကို Alberto Contador က ၂ မီနစ် ၃၅ စက္ကန့်အသာနဲ့ ဆက်ထိမ်းထားဆဲပါ။
Marostica ကနေ Madonna Di Campiglio အထိ 165 km ကီလိုမီတာပြိုင် ပွဲ ပထမပိုင်းမှာ ရာသီဥတုသာယာနေပေမယ့် နောက်ပိုင်းမှာတော့ ရေခဲ တောင်တွေရှိတဲ့ တောင်အမြင့်တွေကိုတက်ကြရပါတယ်။ ဒီနေ့ပွဲစဉ်ဟာ ဒုတိယ မြောက် အမြင့်ဆုံးတောင်တန်းပါတဲ့ နေ့လို့ဆိုပါတယ်။
တာထွက်ပြီးသိပ်မကြာခင်မှာ တနာရီ ၄၈ ကီလိုမီတာနှုန်းနဲ့ ၁၀ ဦးပါ Breakaway အုပ်စုတခုကထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် စက္ကန့် ၄၀ လောက်အထိပဲဖြတ်နိုင်ခဲ့ပါတယ်။ တောင်တလုံးအလွန်မှာ နောက်ထပ် ထွက် ပြေးတဲ့ ၄ ဦးပါအဖွဲကတော့ ၂ မီနစ်ခွဲအထိ လွတ်မြောက်ခဲ့ပါတယ်။
ပန်းဝင်ဖို့ကီလို ၃၀ ခန့်အလို နောက်ဆုံးတောင်ကိုတက်ဖို့ ကုန်းအဆင်းမှာ အရှိန်ယူစဉ် လမ်းချော်မှုတခုဖြစ်ခဲ့ပြီး အနည်းဆုံး စက် ဘီးသမား ၃ ဦး ချော်လဲ ခဲ့ပါတယ်။ 
နောက်ဆုံးတောင်အတက်မှာတော့ ပန်းရောင်အကျီအတွက် ဒုတိယနေရာက ကပ်လိုက်နေသူ Astana အသင်းမှ Aru နဲ့ သူရဲ့အသင်းဖေါ် ၅ ဦးရှေ့တန်း ရောက်လာပါတယ်။ ပန်းရောင်အကျီပိုင်ရှင် Alberto Contador ကတော့ Tinkoff-Saxo အသင်းဖေါ်တွေမပါပဲ တကိုယ်တော်ပါလာပါတယ်။ ဒါကို Astana အသင်းရဲ့ ရထားတွဲထဲ Contador ကပ်ပြီးလိုက်လာတယ်လို့ သတင်း သမားတချို့ကရေးကြပါတယ်။
နောက်ဆုံးပန်းဝင်ဖို့ ၃ ကီလိုအလိုမှာတော့ Contador က စတင်တိုက်ခိုက်ပါ တယ်။ အဲဒီနောက် ဒုတိယရသူ Yury Trofimov (Rus) Team Katusha က အသားကုန်တင်ပြီး တကိုယ်တော် ထွက်ပြေးပါတယ်။ ဒါပေမယ့် ပန်းဝင်ဖို့ မီတာ ၅၀၀ ၀န်းကျင်အလိုမှာတော့ Mikel Landa Meana (Spa) Astana Pro Team သူ့ကိုဖမ်းမိသွားပြီးကျော်တက်သွားတဲ့အတွက် ဒုတိယနဲ ကျေနပ် လိုက်ရပါတယ်။
အဲဒီအချိန်မှာ Contador က Aru ကို တစက္ကန့်ခန့်ဖြတ်ထားနိုင်ခဲ့တဲ့အပြင် တတိယ နေရာပါ ရလိုက်တဲ့အတွက် Time bonus အဖြစ် ၆ စက္ကန့်ထပ်ရ လိုက်ပါတယ်။ ဒါကြောင့် ၂-၂၈ စက္ကန့်ပြတ်နေရာကနေ ဒီပွဲအပြီးမှာ ၂-၃၅ စက္ကန့်အထိ ဖြတ်ထားနိုင်လိုက်ပါတယ်။
၁၅ ရက် သို့မဟုတ် သတင်း ၂ ပတ်ပြီးဆုံးချိန်အထိ ၁-၁၀ ရထားသူတွေက တော့...
General classification after stage 15
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 60:01:34
2 Fabio Aru (Ita) Astana Pro Team 0:02:35
3 Andrey Amador (CRc) Movistar Team 0:04:19
4 Mikel Landa Meana (Spa) Astana Pro Team 0:04:46
5 Leopold Konig (Cze) Team Sky 0:06:36
6 Yury Trofimov (Rus) Team Katusha 0:06:58
7 Damiano Caruso (Ita) BMC Racing Team 0:07:10
8 Maxime Monfort (Bel) Lotto Soudal 0:08:20
9 Giovanni Visconti (Ita) Movistar Team 0:09:53
10 Alexandre Geniez (Fra) FDJ.fr 0:10:03 တို့ဖြစ်ပါတယ်။
အစောပိုင်းက GC မှာအခြေအနေကောင်းနိုင်တယ်ဆိုပြီး ထင်ကြေးခံရသူ တွေထဲက Rigoberto Uran (Col) Etixx - Quick-Step က 0:12:15 မီနစ် နောက်ကျပြီး နံပတ်စဉ် ၁၅ နေရာနဲ့ Richie Porte (Aus) Team Sky က 0:35:57 မီနစ်နောက်ကျပြီး နံပတ်စဉ် ၂၇ အထိကျသွားခဲ့ပါတယ်။

မနက်ဖြန်မှာတော့ ဒုတိယ သတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။ သဖက် ခါ ၂၆ ရက်နေ့မှာတော့ Pinzolo ကနေ Aprica အထိ 174 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
.....................
Giro d'Italia 2015 ပြိုင်ပွဲမှ Richie Porte ထွက်ခွါ။
အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia 2015 စက်ဘီးစီးပြိုင်ပွဲ ဒုတယ သတင်းပတ် နားရက်မှာ Team Sky မှ အသင်းခေါင်း ဆောင် Richie Porte က အခုလိုကြေညာလိုက်တာပါ။
သူဟာ ပန်းရောင်အကျီပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo၊ ဒုတိယ နေရာကကပ်လိုက်နေသူ Fabio Aru (Ita) Astana Pro Team နဲ့ 
Rigoberto Uran (Col) Etixx - Quick-Step တို့နဲ့အတူ သတင်း ၃ ပတ် ပေါင်း ပန်းရောင်အကျီရနိုင်သူအဖြစ် ထင်ကြေးပေးခံထားရသူဖြစ်ပါတယ်။
ပထမ သတင်းပတ် ၉ ရက်စလုံး အခြေနေတွေကောင်းခဲ့ပေမယ့် ဒုတယိ သတင်းပတ်မှာတော့ သူဟာ ဆက်တိုက်လိုလိုကံဆိုးခဲ့ပါတယ်။ ဒုတိယ သ တင်းပတ်အစ ၁၀ ရက်မြောက်ပွဲစဉ်မှာ သူ့ရှေ့ဘီးတာယာပေါက်တဲ့အတွက် Orica GreenEdge အသင်းမှ သြစီနိုင်ငံသားတဦးဖြစ်သူ Simon Clarke ဆီကနေ ရှေ့ဘီးကိုဆွဲယူပြီး ဆက်လက်ယှဉ်ပြိုင်ခဲ့ပါတယ်။
တာယာလဲနေလို့ စက္ကန့် ၄၀ ခန့်နောက်ကျတဲ့အပြင် အခြားအသင်းက ဘီးကို တရားမ၀င်လဲလှယ်မှုနဲ့ ၂ မီနစ်လျော့တဲ့ ပြစ်ဒဏ်ပါခံလိုက်ရလို့ နေရင်းထိုင် ရင်း ၃ မီနစ် နစ်နာသွားခဲ့ပါတယ်။ တခါ နောက်တရက်မှာလည်း ပန်းဝင်ခါနီး ၃ ကီလိုအလို အစုအပြုံလိုက်လဲချော်မှုအတွင်းပါဝင်ခဲ့ပြီး စက်ဘီးကျိုးသွားတဲ့ အတွက် တခြားစက်ဘီးရှာနေရင်းနဲ့ ၂ မီနစ်ကျော် ထပ်နောက်ကျသွားပြန် ပါတယ်။
နောက်ဆုံး စနေနေ့ တဦးချင်းစံချိန်ပြုပွဲနဲ့ မနေ့ကပွဲတွေမှာ အခြေနေပိုဆိုး လာပြီး ပန်းရောင်အကျီပိုင်ရှင်နဲ့ ၂၇ မီနစ်အထိပြတ်သွားတဲ့အတွက် ဒီပွဲကို စွန့်လွှတ်ဖို့သူစဉ်းစားခဲ့ပုံရပါတယ်။ တခါ သူ့အသင်းရဲ့ဆရာဝန်ကလည်း သူ့ ရဲ့ ဒူးဒဏ်ရာကြောင့် ဆက်မစီးသင့်တော့ဘူးလို့ အကြံပြုတယ်လို့ဆိုပါတယ်။
Giro d'Italia 2015 ပွဲမစခင်အထိ ကမ္ဘာ့အမှတ်အများဆုံးစက်ဘီးသမား အဖြစ် UCI က သတ်မှတ်ထားတဲ့ စက်ဘီးသမားတဦး ပြိုင်ပွဲကနေ အခုလို ထွက်သွားရတာဟာ စိတ်မကောင်းဘွယ်ဖြစ်ပါတယ်။ 
''Giro ဟာ ဒီနှစ်အတွက် ကျနော်ရည်မှန်းထားတဲ့ အဓိက ပွဲတခုပါ။ ဒီအတွက် တရာသီလုံး ကျနော်လေ့ကျင့်နေခဲ့တာပါ။ ဒါပေမယ့် ကျနော်ကံမကောင်းခဲ့ ပါဘူး'' လို့ Richie Porte ကပြောပါတယ်။
သူဟာ ဒီပွဲကနေ အနားယူပြီး ဇူလိုင်လမှာစတင်မဲ့ Tour de France ပွဲ အတွက် အဓိကထား ပြင်ဆင်လိမ့်မယ်လို့ ယူဆမိပါတယ်။ ။
.....................
Giro d'Italia ပွဲ ၁၆ ရက်မြောက်နေ့ Mikel Landa Meana ဆက်လက် အနိုင်ရ။
အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၆ ရက်မြောက်နေ့မှာလည်း Mikel Landa Meana (Spa) Astana Pro Team ကပဲ 5:02:51 နာရီနဲ့ ပထမ ရသွားပါတယ်။ သူနောက်မှာတော့ Steven Kruijswijk (Ned) Team LottoNL-Jumbo က 0:00:38 စက္ကန့် နောက်ကျပြီး ဒုတိယနဲ့ Alberto Contador (Spa) Tinkoff-Saxo တို့က တတိယ ရပါတယ်။

Mikel Landa Meana (Spa) Astana Pro Team ဟာ တောင်တက်ပွဲတွေ မှာ အခုလို ၂ ရက်ဆက်တိုက်အနိုင်ရလိုက်တဲ့အတွက် သူ့ရဲ့အသင်းခေါင်း ဆောင်၊ ပန်းရောင်အကျီအတွက် ဒုတိယ နေရာကကပ်လိုက်နေသူ Fabio Aru (Ita) ကိုကျော်ပြီး ဒုတိယ နေရာဆီရောက်လာပါတယ်။
ပန်းရောင်အကျီကိုတော့ Alberto Contador (Spa) Tinkoff-Saxo က ၄ မီနစ် ၂ စက္ကန့်အသာနဲ့ ဆက်ထိမ်းထားဆဲပါ။
ဒုတိယ သတင်းပတ် နားရက်အပြိးမှာ ပြန်စတဲ့ တတိယ သတင်းပတ်ရဲ့ ပထမ ဆုံးနေ့ Pinzolo ကနေ Aprica အထိ 174 km ကီလိုမီတာပွဲတလျောက် မိုးရွာ ပြီး ရာသီဥတုအေးနေတဲ့အတွက် စက်ဘီးသမားအတော်များများဟာ တာ မထွက်ခင် Roller ပေါ်မှာ သွေးပူလေ့ကျင့်ခန်းအရင်လုပ်ခဲ့ကြရပါတယ်။
ပွဲစပြီးနောက်မှာတော့ ၉ ဦးပါ Breakaway အဖွဲ့တခု ထွက်ပြေးလွတ်မြောက် သွားပါတယ်။ ဒါပေမယ့် အချိန် ၂ မီနစ်ထက် ပိုမဖြတ်နိုင်ပဲ Peloton က ပြန်မိ သွားပါတယ်။
ပန်းဝင်ခါနီး တောင်အတက်မှာတော့ Fabio Aru (Ita) ပင်ပန်းနေတဲ့အတွက် သူ့ကို အရင်တက်သွားဖို့ တာဝန်ပေးလိုက်ကြောင်း Mikel Landa Meana (Spa) Astana Pro ကပြောပါတယ်။ 
၁၆ ရက်နေ့ပွဲပြီးချိန် ၁-၁၀ ရထားသူတွေကတော့...
Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 65:04:59
2 Mikel Landa Meana (Spa) Astana Pro Team 0:04:02
3 Fabio Aru (Ita) Astana Pro Team 0:04:52
4 Andrey Amador (CRc) Movistar Team 0:05:48
5 Yury Trofimov (Rus) Team Katusha 0:08:27
6 Leopold Konig (Cze) Team Sky 0:09:21
7 Damiano Caruso (Ita) BMC Racing Team 0:09:52
8 Steven Kruijswijk (Ned) Team LottoNL-Jumbo 0:11:40
9 Alexandre Geniez (Fra) FDJ.fr 0:12:48
10 Ryder Hesjedal (Can) Cannondale-Garmin Pro Cycling Team 0:12:49 တို့ဖြစ်ပါတယ်။
ဒီနေ့မှာတော့ (အခုပွဲစနေပါပြီ) Aprica ကနေ Lugano အထိ 134 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒါအပြင် ဒီနေ့ညနေပိုင်းမှာ နော်ဝေးနိုင်ငံက နာမည်ကြီပြိုင်ပွဲတခုဖြစ်တဲ့ Tour des Fjords ကို ဒုတိယ မြို့တော် Bergen မှာ စတင်ကျင်းပဖို့ရှိနေပါတယ်။ နော်ဝေးနိုင်ငံရဲ့ အလှပဆုံး ရေလက်ကျားတလျောက် ၅ ရက်ကြာယှဉ်ပြိုင်ကြ မှာဖြစ်ပြီး ရေနြံ့မို့တော် Stavanger မှာ ၃၁ ရက်နေ့ ပန်းဝင်မှာဖြစ်ပါတယ်။ ။
......................
Giro d'Italia ပွဲ ၁၇ ရက်မြောက်နေ့ Sacha Modolo အနိုင်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၇ ရက်မြောက်နေ့မှာ Sacha Modolo (Ita) Lampre-Merida က 3:07:51 နာရီနဲ့ ပထမ ရသွားပါတယ်။ သူ့နောက်မှာတော့ Giacomo Nizzolo (Ita) TrekRacing နဲ့ Luka Mezgec (Slo) Team Giant-Alpecin တို့က ကပ်ဝင် ပြီး ဒုတိယနဲ့ တတိယရပါတယ်။

တကယ်တော့ ကပ်ပြီးဝင်တာ ၃ ဦးတည်းမကပါဘူး။ ပထမ ကနေ ၄၁ ဦးအထိ ကို ၃-နာရီ ၇မီနစ် ၅၁ စက္ကန့်နဲ့အချိန်တူတူပေးထားပါတယ်။ ဒီအုပ်စုထဲမှာ ပန်း ရောင်အကျီပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo၊ ဒုတိယ နေရာ က ၄ မီနစ် ၂ စက့္ကန့်ပြတ်နဲ့ကပ်လိုက်နေသူ Mikel Landa Meana (Spa) Astana Pro Team နဲ့ တတတိယ နေရာက ၄ မီနစ် ၅၂ စက္ကန့်ပြတ်နဲ့လိုက်နေ သူ Fabio Aru (Ita) Astana Pro Team တို့လည်းပါတဲ့အတွက် ပန်းရောင် အကျီ အနေအထားကတော့ အပြောင်းအလဲမရှိသေးပါဘူး။
Aprica ကနေ Lugano အထိ 134 km ကီလိုမီတာပြိုင်ပွဲဟာ ၂၁ ရက်တာ အတွင်း အတိုဆုံးပြိုင်ပွဲဖြစ်တဲ့အတွက် နေ့လည်ပိုင်းမှာ အေးအေးဆေးဆေး တာထွက်ကြတယ်လို့ဆိုပါတယ်။ ရာသီဥတုကလဲ မိုးမရွာပဲ နေအတော်ပူတယ် လို့သိရပါတယ်။
တာထွက်ပြီးသိပ်မကြာခင်မှာကတည်းက ၃ ဦးပါ Breakaway အဖွဲ့တခု ထွက်ပြေးလွတ်မြောက် သွားပါတယ်။ ဒါပေမယ့် အချိန် ၃ မီနစ်ထက် ပို အောင် Peloton ကိုဖြတ်မထားနိုင်ခဲ့ပါဘူး။ ပန်းဝင်ဖို့ ကီလို ၆၀ အလိုမှာ တော့ Breakaway အဖွဲ့ရဲ့ အရှိန်တဖြေးဖြေးကျလာပြီး ၂ မီနစ်ဝန်းကျင်ပဲ ကျန်ပါ တယ်။ 
ကီလို ၄၀ အလိုမှာ တမီနစ်ဝန်းကျက်ပဲကျန်ပြီး ၂၇ ကီလိုအလိုမှာ Breakaway အဖွဲ့ကို Peloton ပြန်ဖမ်းမိသွားပါတယ်။ ဒါဟာ Sacha Modolo (Ita) Lampre-Merida အတွက် ဒုတိယမြောက် တနေ့တာ အောင်ပွဲ State Win ဖြစ်ပါတယ်။
၁၇ ရက်မြောက်ပြီုးဆုံးချိန် သို့မဟုတ် တနင်္ဂနွေနေ့ပန်းမ၀င်မှီ ၄ ရက်အလို အထိ ၁-၁၀ ရထားသူတွေကတော့...
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 68:12:50
2 Mikel Landa Meana (Spa) Astana Pro Team 0:04:02
3 Fabio Aru (Ita) Astana Pro Team 0:04:52
4 Andrey Amador (CRc) Movistar Team 0:05:48
5 Yury Trofimov (Rus) Team Katusha 0:08:27
6 Leopold Konig (Cze) Team Sky 0:09:31
7 Damiano Caruso (Ita) BMC Racing Team 0:09:52
8 Steven Kruijswijk (Ned) Team LottoNL-Jumbo 0:11:40
9 Alexandre Geniez (Fra) FDJ.fr 0:12:48
10 Ryder Hesjedal (Can) Cannondale-Garmin Pro Cycling Team 0:13:01 တို့ဖြစ်ပါတယ်။
အမှတ်အများဆုံး အစိမ်းရောင်အကျီပိုင်ရှင်အဖြစ် Giacomo Nizzolo (Ita) TrekRacing၊ တောင်တက်သမား ဖြူနီကြား အကျီပိုင်ရှင်အဖြစ် Steven Kruijswijk (Ned) Team LottoNL-Jumbo နဲ့ လူငယ်ခြေတက် အဖြူရောင် အကျီပိုင်ရှင်အဖြစ် Fabio Aru (Ita) Astana Pro Team တို့က ရရှိထား ပါတယ်။
ဒီပွဲကို စက်ဘီးအသင်း ၂၂ သင်း (1 Lampre - Merida 9:23:33
2 BMC Racing Team
3 Team Sky
4 Lotto Soudal
5 Team Katusha
6 Astana Pro Team
7 Ag2R La Mondiale 0:00:17
8 Movistar Team 0:00:22
9 Trek Factory Racing 0:00:29
10 Fdj 0:00:35
11 IAM Cycling 0:00:39
12 Team Cannondale - Garmin 0:00:46
13 Tinkoff Saxo 0:00:47
14 Team Lotto Nl - Jumbo 0:01:02
15 Southeast 0:01:14
16 Etixx - Quick-Step 0:01:19
17 Orica GreenEdge 0:01:37
18 Nippo - Vini Fantini 0:01:49
19 Androni-Sidermec 0:01:51
20 CCC Sprandi Polkowice 0:02:04
21 Bardiani Csf 0:02:56
22 Team Giant - Alpecin မှ Pro စက်ဘီးသမား ၁၇၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်နေပါတယ်။
မနက်ဖြန်မှာတော့ ၁၈ ရက်မြောက်နေ့အဖြစ် Melide ကနေ Verbania အထိ 170 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
..........................
Giro d'Italia ပွဲ ၁၈ ရက်မြောက်နေ့ Philippe Gilbert အနိုင်ရ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၈ ရက်မြောက်နေ့မှာ Philippe Gilbert (Bel) BMC Racing Team က 4:04:14 နာရီနဲ့ ပထမ ရသွားပါတယ်။ သူ့နောက်မှာတော့ Francesco Bongiorno (Ita) Bardiani CSF က 0:00:47 စက္ကန့်နောက်ကျပြီး ဒုတိယ နဲ့ Sylvain Chavanel (Fra) IAM Cycling က 0:01:01 မီနစ်နောက်ကျပြီး တတိယ ရပါတယ်။

ဒါပေမယ့် ပန်းရောင်အကျီပိုင်ရှင်ကတော့ အပြောင်းအလဲမရှိပဲ Alberto Contador (Spa) Tinkoff-Saxo ကပဲ ဆက်ထိမ်းထားဆဲပါ။ သူဟာ ဒီလို ဆက်ထိမ်းထားတဲ့အပြင် ပန်းဝင်ဖို့ ကီလို ၄၀ ကျော်အလိုမှာ မဟာ ပြိုင်ဖက် တွေ ဖြစ်တဲ့ Mikel Landa Meana (Spa) Astana Pro Team နဲ့ Fabio Aru (Ita) Astana Pro Team တို့အုပ်စုကို ချန်ထားခဲ့ပြီး တကိုယ်တော် ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
Melide ကနေ Verbania အထိ 170 km ကီလိုမီတာပြိုင်ပွဲ အစောပိုင်းမှာ ကတည်းက ၁၂ ဦးပါ Breakaway အဖွဲ့တခု ထွက်ပြေးလွတ်မြောက် သွား ခဲ့ပါတယ်။ ၁၀ မီနစ်ကျော်တဲ့အထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ပြီး ကီလို ၄၀ ၀န်းကျင်အလိုမှာမှ Alberto Contador က တကို်ယ်တော် ထလိုက်ပါတယ်။
နောက်ပိုင်းမှာတော့ Breakaway အုပ်စု ၂ ခုကွဲသွားပြိး ပထမ အုပ်မှာ ၅ ဦးပဲ ကျန်ပါတယ်။ အဲဒီအုပ်ကနေ ကျန်ခဲ့သူ ၂ ဦးနဲ့ Alberto Contado ပေါင်းမိသွား ပါတယ်။
ဒီကြားထဲ Team Sky အများစုပါဝင်တဲ့ လဲပြိုမှုတခုဖြစ်ပွါးခဲ့ပြီး တချို့ဆေးရုံ တင်၊ တချီု့က ဆက်မစီးနိုင်တော့လို့ ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။ Philippe Gilbert (Bel) BMC Racing Team အတွက်တော့ ဒါဟာ ဒုတိယအကြိမ် တနေ့တာနိုင်ပွဲ Stage Win ဖြစ်ပါ တယ်။
၁၈ ရက်မြောက်အပြီး သို့မဟုတ် ၂၁ ရက်ပြည့်ဖို့ ၃ ရက်အလိုအချိန် ၁-၁၀ ရထားသူတွေ ကတော့... General classification after stage 18
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 72:23:09
2 Mikel Landa Meana (Spa) Astana Pro Team 0:05:15
3 Fabio Aru (Ita) Astana Pro Team 0:06:05
4 Andrey Amador (CRc) Movistar Team 0:07:01
5 Yury Trofimov (Rus) Team Katusha 0:09:40
6 Leopold Konig (Cze) Team Sky 0:10:44
7 Damiano Caruso (Ita) BMC Racing Team 0:11:05
8 Steven Kruijswijk (Ned) Team LottoNL-Jumbo 0:12:53
9 Ryder Hesjedal (Can) Cannondale-Garmin Pro Cycling Team 0:13:01
10 Alexandre Geniez (Fra) FDJ.fr 0:14:01 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ၁၉ ရက်မြောက်နေ့အဖြစ် Gravellona Toce ကနေ Cervinia အထိ 236 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
....................
Giro d'Italia ပွဲ ၁၉ ရက်မြောက်နေ့ Fabio Aru ပြန်နိုင်။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၁၉ ရက်မြောက်နေ့မှာ ပန်းရောင်အကျီအတွက် တတိယ နေရာကနေ ကပ်လိုက်နေသူ Fabio Aru (Ita) Astana Pro Team က မဟာပြိုင်ဖက်တွေကို ၁ မီနစ်ကျော်ကျော်ဖြတ်ပြီး 6:24:13 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Ryder Hesjedal (Can) Cannondale-Garmin Pro Cycling Team က 0:00:28 စက္ကန့် နောက်ကျပြီး ဒုတိယနဲ့ Rigoberto Uran (Col) Etixx - Quick-Step က 0:01:10 မီနစ် နောက်ကျပြီး တတိယ ရပါတယ်။
အဲဒီနောက်မှာမှ လက်ရှိ ပန်းရောင်အကျီရှင် Alberto Contador (Spa) Tinkoff-Saxo နဲ့ ဒုတိယ နေရာကနေ ကပ်လိုက်နေသူ Mikel Landa Meana (Spa) Astana Pro Team အပါဝင် ၄ ဦးအုပ်စုက 0:01:18 မီနစ် နောက်ကျပြီး ပန်းဝင်လာပါတယ်။
Gravellona Toce ကနေ Cervinia အထိ 236 km ကီလိုမီတာပြိုင်ပွဲဟာ အရှည်ဆုံးပွဲတခု ဖြစ်တဲ့အပြင် ပန်းဝင်ဖို့ခရီးတ၀က်အလိုလောက်ကတည်းက တောင်တွေ ဆက်တိုက်တက်ရ တဲ့အတွက် သူရဲကောင်းရွေးပွဲလို့တောင် သတင်းတွေက ရေးကြပါတယ်။
ပန်းဝင်ဖို့ ၁၀ ကီလိုမီတာအထိအခြေနေဟာ သိပ်ထူးခြားမှုမရှိခဲ့ပါဘူး။ Breakaway အဖွဲ့မှ ထပ်လွတ်သွားတဲ့ Moviestar အသင်းမှတဦးက ၂ မီနစ်ခန့်အသာနဲ့ ဦးဆောင်နေပြီး သူ့နောက်မှာတော့ Katusha ကတဦးကပ်လိုက်နေပါတယ်။
ပန်းဝင်ဖို့ ၆ ကီလိုလောက်အလိုမှာတော့ Fabio Aru (Ita) Astana Pro Team က စတင် တိုက်ခိုက်ပါတယ်။ Aru ထွက်ပြေးသွားတာကို မြင်ရဲ့နဲ့ Contador က မလိုက်ပါဘူး။ သူရဲ့ အနီးကပ်ဆုံးပြိုင်ဖက် Mikel Landa Meana (Spa) Astana Pro Team အပါဝင် တခြား ၄ ဦးလောက်အုပ်စုမှာဆက်နေပြီး Aru ကို လွတ်ပေးလိုက်ပါတယ်။
အဲဒီလို Contador တယောက် Aru နောက်လိုက်ရမလား၊ Mikel Landa Meana ကိုပဲ အသေကပ်ထားရမလား ဆုံးဖြတ်ရခက်နေတုန်း ၁-၁၀ ရနေကြဖြစ်ပေမဲ့ ကံဆိုးစွာနဲ့ မီနစ် ၃၀ ခန့်အထိပြတ်ကျန်နေသူ Rigoberto Uran (Col) Etixx - Quick-Step နဲ့ ၂ ဦးအဖွဲ့က သူတို့ ဆီမှီလာပါတယ်။
အဲဒီနောက် Uran က ဒီအဖွဲ့ကိုထားခဲ့ပြီး ထွက်ပြေးသွားပြန်ပါတယ်။ ဒီလိုနဲ့ ပန်းဝင်ဖို့ ၃ ကီလို မီတာအတွင်း ပြိုင်ပွဲဟာ အကြိတ်အနယ်ရှိလှပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်။ 
သတင်းဝေဖန်သူတချို့ကတော့ ပွဲအခြေနေကို Astana Pro Team အသင်းက ကြိုက်သလို ထိမ်းထားလို့ရပြီး Alberto Contador (Spa) Tinkoff-Saxo ကို Astana Pro Team မှ Aru နဲ့ Mikel Landa တို့က ပညာပေးနေပြီလို့ဆိုပါတယ်။ ဒါပေမယ့် တချို့ကတော့ ဒါဟာ Contador က တမင်လွတ်ပေးထားတာသာဖြစ်ပြီး လာမဲ့ ၂ ရက်အတွက် အားမွေးထားတာ လို့ပြောပါတယ်။
၁၉ ရက်မြောက်ပွဲအပြီး သို့မဟုတ် ပန်းဝင်ဖို့ ၂ ရက်လိုအထိ ၁-၁၀ ရထားသူတွေကတော့..
General classification after stage 19
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 78:48:40
2 Fabio Aru (Ita) Astana Pro Team 0:04:37
3 Mikel Landa Meana (Spa) Astana Pro Team 0:05:15
4 Andrey Amador (CRc) Movistar Team 0:08:10
5 Leopold Konig (Cze) Team Sky 0:10:47
6 Yury Trofimov (Rus) Team Katusha 0:11:11
7 Ryder Hesjedal (Can) Cannondale-Garmin Pro Cycling Team 0:12:05
8 Damiano Caruso (Ita) BMC Racing Team 0:12:14
9 Steven Kruijswijk (Ned) Team LottoNL-Jumbo 0:12:53
10 Alexandre Geniez (Fra) FDJ.fr 0:15:07 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Saint-Vincent ကနေ Sestriere အထိ 199 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
...............
Giro d'Italia ပွဲ ၂၀ ရက်မြောက်နေ့ Fabio Aru ဆက်လက်အနိုင်ရ။
အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပနေတဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၂၀ ရက် မြောက်နေ့ သို့မဟုတ် နောက်ဆုံးပန်းတိုင်ဆီရောက်ဖို့တရက်အလိုမှာ Fabio Aru (Ita) Astana Pro Team က တကိုယ်တော် ပထမ ရသွားပါတယ်။

လက်ရှိပန်းရောင်အကျီပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo ကို ၂ မီနစ် ခွဲနီးပါး ဖြတ်ခဲ့နိုင်တဲ့အတွက် သူတို့ ၂ ဦးကြား ၂ မီနစ် ၂ စက္ကန့်ပဲ ကျန်ပါတယ်။ မနက်ဖြန် နောက်ဆုံး နေ့မှာ ဒီ ၂ မီနစ်ခွဲစာကို Fabio Aru အမီလိုက်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ အတော်ကောင်းနေပါတယ်။
Saint-Vincent ကနေ Sestriere အထိ 199 km ကီလိုမီတာပြိုင်ပွဲတလျောက် ရာသီဥတု သယာနေပါတယ်။ ပန်းဝင်ဖို့ ကီလို ၄၀ ခန့်အလို အမြင်ဆုံးတောင်ကို စတက်တဲ့အထိ ပွဲက သိပ်စိတ်လှုပ်ရှားဘွယ်မရှိသေးပါဘူး။ 
ဒါပေမယ့် ၃၅ ကီလိုလောက်မှာ ရေခဲတွေဖုံးနေတဲ့ မြင့်မားတဲ့တောင်တန်းတခုကိုတွေ့ရပြီး အဲဒီက၊ မြေနီလမ်းပေါ် Fabio Aru တို့အုပ်စု စတင်တိုက်ခိုက်တာပါပဲ။ တတိယနေရာမှာရှိနေ သူ Mikel Landa Meana က အဓိက တိုက်ခိုက်ရေသမားဖြစ်ပြီး ပန်းရောင်အကျီ ပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo ဘယ်လိုမှ က်ပမထားနိုင်ပဲ ပြတ်ကျန်ခဲ့ပါတယ်။ 
ဒီလိုအကျပ်အတည်းမှာ အရေးပါလာတာကတော့ အသင်းလိုက်ခြေညီမှုပါပဲ။ Fabio Aru နဲ့ Mikel Landa အပါဝင် Astana အသင်းသားတွေခြေညီပြီး အခုလိုအကြပ်အတည်းတွေ့ချိန် မှာ သူတို့အသင်းသား ၅ ဦးခန့်အတူရှိနေဆဲပါ။ ဒါပေမယ့် Tinkoff-Saxo ဖက်မှာတော့ Alberto Contador ကလွဲပြီး တဦးမှ ဒီအဆင့်ထိ လိုက်မလာနိုင်ခဲ့ပါ။
အထူးသဖြင့် ဒီလိုပြတ်ကျန်ခဲ့ပြီး ကီလို ၂၀ ခန့်ကို Alberto Contador တဦးတည်းစီးရသလို ဖြစ်သွားစေခဲ့ပါတယ်။ တခါ သူဟာ အစောပိုင်းနေ့တွေက လဲပြိုမှုတွေမှာ ဒဏ်ရာခပ်ပြင်းပြင်း ရထားတာကလည်း ဒီလိုမျိုးတောင်မြင့်မြင့်တက်ရတဲ့ပွဲမှာ သူ့ကို ဒုက္ခပေးခဲ့ပုံရပါတယ်။
Mikel Landa နဲ့ Aru တို့ဟာ ၂ အုပ်ခွဲပြီး Contador ကိုတိုက်ခိုက်ကြပေမယ့် နောက်ဆုံး ပန်း ၀င်ဖို့ ၅ ကီလိုခန့်အလိုမှာတော့ သူတို့ ၂ ဦးအပါဝင် ၆ ဦးလောက်ဟာ တအုပ်တည်းဖြစ်သွားပါ တယ်။ အဲဒီထဲမှာ နာမည်ကြီး ကိုလံဘီယာမှစက်ဘီးသမား Rigoberto Uran လည်းပါ ပါတယ်။
ပန်းဝင်ဖို့ တကီလိုခွဲလောက်အလိုမှာတော့ သူ့ကိုအသေကပ်ထားတဲ့ Rigoberto Uran (Col) Etixx - Quick-Step ကို မရရအောင် ခါချပြီး Fabio Aru တဦးတည်း ထွက်ပြေးလွတ်မြောက် ခဲ့ပါတယ်။
ဒီလိုနဲ့ Fabio Aru (Ita) Astana Pro Team က 5:12:25 နာရီနဲ့ ပထမ၊ Ryder Hesjedal (Can) Cannondale-Garmin Pro Cycling Team က 0:00 18 မီနစ်ပြတ်ပြီး ဒုတိယနဲ့ Rigoberto Uran (Col) Etixx - Quick-Step က 0:00:24 စက္ကန့်ပြတ်ပြီး တတိယ အသီးသီး ရပါတယ်။
Astana အသင်းရဲ့ အဓိက တိုက်ခိုက်ရေးသမား Mikel Landa ကတော့ Uran နောက်မှာ ကပ်ဝင်ပြီး စတုတ္တရပါတယ်။ Alberto Contador (Spa) Tinkoff-Saxo ကတော့ Fabio Aru ရဲ့နောက်မှာ 0:01:40 မီနစ်နောက်ကျပြီးမှ ပန်းဝင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် သူတို့ ၂ ဦးကြား မနေ့ကပြတ်နေတဲ့ ၄ မီနစ် ၃၇ စက္ကန်မှာ တမီနစ် ၄၀ နှုတ်လိုက်တဲ့အခါ ၂ မီနစ် ၂ စက္ကန့်ပဲကျန်ပါတော့တယ်။ မနက်ဖြန်မှာတော့ ဒီလိုမြင့်မားတဲ့တောင်တွေကို တက်စရာမလို တော့တဲ့အတွက် ဒီ ၂ မီနစ်အသာကို Contador ကပဲ ဆက်ထိမ်းပြီး ပန်းရောင်အကျီကို ဆက်ယူသွားလိမ့်မယ်လို့မျှော်လင့်ရပါတယ်။
၂၀ ရက်နေ့ပြီးတဲ့အချိန် ၁-၁၀ ရထားသူတွေကတော့..
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 84:03:30 
2 Fabio Aru (Ita) Astana Pro Team 0:02:02 
3 Mikel Landa Meana (Spa) Astana Pro Team 0:03:14 
4 Andrey Amador (CRc) Movistar Team 0:08:19 
5 Ryder Hesjedal (Can) Cannondale-Garmin Pro Cycling Team 0:09:52 
6 Leopold Konig (Cze) Team Sky 0:10:50 
7 Steven Kruijswijk (Ned) Team LottoNL-Jumbo 0:11:02 
8 Damiano Caruso (Ita) BMC Racing Team 0:12:17 
9 Alexandre Geniez (Fra) FDJ.fr 0:16:00 
10 Yury Trofimov (Rus) Team Katusha 0:16:23 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ၂၁ ရက်မြောက်နေ့ သို့မဟုတ် နောက်ဆုံးနေ့အဖြစ် Turin ကနေ Milan အထိ 178 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
...............
Giro d'Italia ပွဲ ၂၁ ရက်ပေါင်း Alberto Contador ပန်းရောင်အကျီရသွားပြီ။

အီတလီနိုင်ငံမှာ သတင်း ၃ ပတ်ကြာကျင်းပခဲ့တဲ့ Giro d'Italia စက်ဘီးပြိုင်ပွဲ ၂၁ ရက် မြောက်နေ့ သို့မဟုတ် နောက်ဆုံးနေ့မှာ Iljo Keisse (Bel) Etixx - Quick-Step က 004:18:37 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Luke Durbridge (Aus) Orica GreenEdge က နှာတဖျားစာ ကပ်ရှုံးပြီး ဒုတိယ ဖြစ်သွားပါတယ်။ သူတို့ ၂ ဦးဟာ ပန်းဝင်ဖို့ ၁ ကီလိုမီတာအထိ ပန်းရောင်အုပ်စု Peloton ကို စက္ကန့် ၃၀ ခန့်ဖြတ်ထားနိုင်ခဲ့ပြီး ပန်းဝင်ဖို့ မီတာ ၁၀၀ အလိုကျမှ Sprint တင် ရင်း အရင်တင်မိတဲ့ Luke Durbridge ကအရင် အရှိန်ကုန်ပြီး ljo Keisse ကို နှာတဖျားစာ ကပ်ရှုံးသွားတာဖြစ်ပါတယ်။
ပန်းရောင်အုပ်စုက ၉ စက္ကန့်နောက်ကျပန်းဝင်လာပြီး ပထမဆုံး ၀င်လာသူ Roger Kluge (Ger) IAM Cycling က တတိယ ရသွားပါတယ်။
ဒါပေမယ့် အားလုံးစိတ်ဝင်စားနေတဲ့ ၂၁ ရက်ပေါင်း ပထမ ပန်းရောင်အကျီ ပို်င်ရှင်ကတော့ အပြောင်းအလဲမရှိပါဘူး။ မနေ့ကလိုမျိုးများ Astana Pro Team အသင်းသားတွေက ပန်းရောင်ပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo ကိုအပြင်းအထန်တိုက်ခိုက်ပြီး ၂-၃ မီနစ်ဖြတ်ထားခဲ့နိုင်မလား။
မနေ့က ၂ မီနစ် ၂ စက့္ကန့်သာလိုတော့တဲ့ Astana Pro Team အသင်း ခေါင်းဆောင် Fabio Aru (Ita) Astana Pro Team ကများ Alberto Contador ကိုဖြတ်ထားခဲ့ပြီး ပထမ များရသွားမလား ထင်ကြပေမဲ့ အဲဒီ လိုဖြစ်မလာခဲ့ပါဘူး။
Turin ကနေ Milan အထိနဲ့ မိလန်မြို့ပတ်ပြိုင်ပွဲ 178 km ကီလိုမီတာပြိုင်ပွဲအတွင်း ဒီနေ့ ရာသီဥတုသယာနေပါတယ်။ 
၂၁ ရက်အပြီး ၁-၁၀ ရသူတွေကတော့... 
1 Alberto Contador (Spa) Tinkoff-Saxo 03/01/1900 16:22
2 Fabio Aru (Ita) Astana Pro Team 00:01:53
3 Mikel Landa Meana (Spa) Astana Pro Team 00:03:05
4 Andrey Amador (CRc) Movistar Team 00:08:10
5 Ryder Hesjedal (Can) Cannondale-Garmin Pro Cycling Team 00:09:52
6 Leopold Konig (Cze) Team Sky 00:10:53
7 Steven Kruijswijk (Ned) LottoNL-Jumbo 00:11:21
8 Damiano Caruso (Ita) BMC Racing Team 00:12:08
9 Alexandre Geniez (Fra) FDJ.fr 00:15:41
10 Yuri Trofimov (Rus) Katusha 00:16:41 တို့ဖြစ်ပါတယ်။
မနှစ်က ဒုတိယရပြီး ဒီနှစ်မှာလည်းအခြေနေကောင်းနိုင်တယ်လို့ ခန့်မှန်းခံရသူ ကိုလံဘီယာ စက်ဘီးသမား Rigoberto Uran (Col) Etixx - Quick-Step ကတော့ ၂၈ စက္ကန့်နောက်ကျ ပြိး ၁၄ နေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
လေ ၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ (ကြားထဲမှာ နားရက် ၂ ရက်ပါ) ၂၁ ရက်တာကျင်းပခဲ့ တဲ့ ကမ္ဘာ့ထိပ်တန်းစက်ဘီးစီးပြိုင်ပွဲ Giro D'Itali 2015 ပြိုင်ပွဲ (၂၁ ရက်တာ အခြားပြိုင်ပွဲဆိုလို့ Tour De France နဲ့ Vuelta a España ၂ ခုပဲရှိပါတယ်) ဆီ UCI အသိအမှတ်ပြု Pro စက်ဘီးအသင်း ၂၂ သင်းမှ တသင်းမှာ ၉ ဦးစီနဲ့ စက်ဘီးသမား ၂၀၀ နီးပါး ၀င်ရောက်ယှဉ် ပြိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပြိုလဲတာ၊ ရာသီဒဏ်ကိုမခံနိုင်လို့ ဖျားနာတာအပါဝင် ဒဏ်ရာမျိုးစုံကြောင့် နာမည် ကြီးစက်ဘီးသမားတချို့ (ပထမ ရမယ်လို့ ရေပန်းစားခဲ့သူ Team Sky မှ Richie Porte အပါဝင် စက်ဘီးသမားတဒါဇင်ကျော် ပွဲမပြီးခင် ထွက်သွားရပါတယ်။ ၂၁ ရက်စလုံး ပန်းဝင် နိုင်သူဦးရေကတော့ ၁၆၃ ဦးပဲရှိပါတယ်။
ဖြူ-နီ-၀ါ-စိမ်း အကျီရသွားသူတွေကတော့... ၂၁ ရက်ပေါင်း ပထမ အဖြစ် ပန်းရောင်အကျီ ရသွားသူက Alberto Contador (Spa) Tinkoff-Saxo ဖြစ်ပါတယ်။ အမှတ်အများဆုံးနဲ့ အစိမ်းရောင်အကျီရသူကတော့ Giacomo Nizzolo (Ita) TrekRacing ဖြစ်ပါတယ်။ လူငယ် ခြေတက် အဖြူရောင်အကျီရသူကတော့ စုစုပေါင်းမှာ ဒုတိယနဲ့ကျေနပ်လိုက်ရသူ Fabio Aru (Ita) Astana Pro Team ဖြစ်ပါတယ်။ အဖြူ-အနီပျောက်ကြား တောင်တက်သမားဆုကို တော့ Giovanni Visconti (Ita) Movistar Team တို့က ရရှိသွားပါတယ်။
အကောင်းဆုံးအသင်းဆုကိုတော့ Astana Pro Team က 264:42:31 နာရီနဲ့ ရသွားပါတယ်။
၂၃ သင်းရဲ့ နောက်ဆုံးပိတ် တန်းစီဇယားအခြေနေကတော့...
Teams classification
# Rider Name (Country) Team Result
1 Astana Pro Team 264:42:31
2 BMC Racing Team 0:43:16
3 Team Sky 1:13:51
4 Movistar Team 1:20:16
5 Cannondale-Garmin Pro Cycling Team 2:26:57
6 Lotto Soudal 3:02:42
7 Tinkoff-Saxo 3:14:36
8 Team Katusha 3:32:21
9 FDJ.fr 4:27:13
10 Etixx - Quick-Step 4:43:52
11 AG2R La Mondiale 5:07:06
12 Team LottoNL-Jumbo 6:09:28
13 Bardiani CSF 6:13:03
14 CCC Sprandi Polkowice 6:28:13
15 Androni Giocattoli 6:43:57
16 IAM Cycling 6:48:56
17 Southeast Pro Cycling 7:01:20
18 Lampre-Merida 7:30:02
19 Orica GreenEdge 8:13:27
20 Nippo - Vini Fantini 8:59:07
21 Trek Factory Racing 10:37:14
22 Team Giant-Alpecin 11:29:3 နောက်ကျ တို့ဖြစ်ပါတယ်။
၂၁ ရက်တာ ကမ္ဘာ့ပြိုင်ပွဲတခုပြီးသွားပြီမို့ လာမဲ့ ဇွန်လအတွင်း ၃-၄ ရက်၊ သတင်း တပတ် ပွဲငယ်တွေသာရှိပါလိမ့်မယ်။ ဒါပေမယ့် ဇူလိုင်လ ပထမ သတင်းပတ်မှာတော့ ကမ္ဘာ့နာမည် အကြီးဆုံး Tour De France ပြိုင်ပွဲကြီးစပါလိ့မ်မယ်။ ဇူလိုင်လ ၄ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ သတင်း ၃ ပတ်ကြာကျင်းပမဲ့ အဲဒီပွဲအကြောင်းကိုလည်း အခုလိုပဲ အသေးစိပ် တင်ပြဖို့ ရှိပါကြောင်း အစီရင်ခံရင်း ခဏတာရပ်နားလိုက်ရပါတယ်။ ။
ခင်မင်လေးစားစွာဖြင့်
ထက်အောင်ကျော်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More