Monday, June 8, 2015

Tour des Fjords 2015 အတွက် စာစုများ။

Tour des Fjords ပထမနေ့ Alexander Kristoff အနိုင်ရ။

နော်ဝေးနိုင်ငံ ဒုတိယမြို့တော် Bergen မှာ ဒီနေ့စတင်တဲ့ Tour des Fjords ၅ ရက်ကြာ စက်ဘီးစီးပြိုင်ပွဲ ပထမ နေ့မှာ နော်ဝေးက နာမည်ကြိး စက်ဘီးသမား Alexander Kristoff (Nor) Team Katusha က 4:31:55 နာရီနဲ့ ပထမ ရ သွားပါတယ်။ 

သူ့နောက်မှာတော့ Marco Haller (Aut) Team Katusha နဲ့ Daryl Impey (RSA) Orica-GreenEdge တို့က ကပ်ဝင်ပြီး ဒုတိယနဲ့တတိယ ရကြပါတယ်။ ရှေ့က အီတလီပွဲလိုပါပဲ၊ ပန်းဝင်သူ ၁ ကနေ ၂၃ အထိဟာ အချိန်အတူတူ တပြိုင်တည်းဝင်ကြတာဖြစ်ပါတယ်။
Bergen ကနေ Norheimsund အထိ 177 km ကီလိုမီတာပြိုင်ပွဲအတွင်း တာ ထွက်ပြီး ၁၀ ကီလိုမီတာခန့်ကတည်းက ၆ ဦးပါ breakaway အုပ်စုတခု ထွက် ပြေးလွတ်မြောက်သွားပြီး Peloton ကို ၄ မီနစ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပန်းဝင်ဖို့ ကီလို ၄၀ ခန့်အလိုမှာတော့ breakaway အဖွဲ့ရဲ့ အရှိန်တဖြေးဖြေးကျလာပြီး Peloton ကပြန်ဖမ်းမိသွားပါတယ်။ နောက် ဆုံး ပန်းဝင်ခါနီးမှ Sprint အသားကုန်တင်ပြီး Alexander Kristoff (Nor) Team Katusha က အခုလို အနိုင်ရသွားတာဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့သတင်းပတ်ကကျင်းပခဲ့တဲ့ Tour of Norway ၅ ရက်ကြာပြိုင်ပွဲ မှာလည်း ပထမနဲ့ ဒုတိယနေ့တွေမှာ အနိုင်ရခဲ့ပြီး ၅ ပွဲပေါင်း အမှတ်အများဆုံး နဲ့ အစိမ်းရောင်အကျီရထားသူဖြစ်ပါတယ်။ 
Tour des Fjords ပြိုင်ပွဲဆီ စက်ဘီးအသင်း ၂၁ သင်းမှ Pro စက်ဘီးသမား ၁၂၃ ဦး ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။
မနက်ဖြန်မှာတော့ Ulvik ကနေ Haugesund အထိ 205 km ကီလိုမီတာကို ရေလက်ကြားတလျောက် စီးနင်းယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
.............
Tour des Fjords ဒုတိယနေ့ Alexander Kristoff ပဲ ဆက်လက်အနိုင်ရ။


နော်ဝေးနိုင်ငံမှာ ၅ ရက်ကြာကျင်းပနေတဲ့ Tour des Fjords စက်ဘီးစီးပြိုင်ပွဲ ဒုတိယ နေ့မှာလလည်း နော်ဝေးက နာမည်ကြိး စက်ဘီးသမား Alexander Kristoff (Nor) Team Katusha ကပဲ 5:42:11 နာရိနဲ့ ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ Jasper Stuyven (Bel) Trek Factory Racing နဲ့ Asbjørn Kragh Andersen (Den) Team Trefor- Blue Water တို့က ကပ်လျက်ပန်းဝင်ပြီး ဒုတိယနဲ့ တတိယ ရသွားကြပါတယ်။
Ulvik ကနေ Haugesund အထိ 205 km ကီလိုမီတာပြိုင်ပွဲ ပထမ ပိုင်းမှာ မိုးသိပ်မရွာပေမဲ့ နောက်ပိုင်းမှာတော့ မိုးသဲပြီး ရာသီဥတုအေးတဲ့အတွက် စက်ဘီးသမားတွေ မိုးကာဝတ်ပြီး အအေးဒဏ်ကို အံတုခဲ့ရပါတယ်။
တာထွက်ပြီးသိပ်မကြာခင်မှာကတည်းက ၃ ဦးပါ breakaway အုပ်စုတခု ထွက်ပြေးလွတ်မြောက်သွားပြီး Peloton ကို ၃ မီနစ်အထိ ဖြတ်ထားနိုင်ခဲ့ပါ တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ၃ ဦးဟာ ၂ ဖွဲကွဲပြီး တဦးတည်း ထပ် ထွက်ပြေးပါတယ်။ ပန်းဝင်ဖို့ ၂၀ ကီလိုဝန်းကျင်အလိုမှာတော့ သူ့ကိုလည်း Peloton က ပြန်မိသွားပါတယ်။
နောက်ဆုံး ပန်းဝင်ခါနီးမှာတော့ မနေ့ကလိုပဲ Sprint အသားကုန်တင်ပြီး Alexander Kristoff (Nor) Team Katusha က အခုလို အနိုင်ရသွားတာ ဖြစ်ပါတယ်။
၂ ရက်ပေါင်းရလာဒ် ၁-၁၀ ရထားသူတွေကတော့...
General classification after stage 2
# Rider Name (Country) Team Result
1 Alexander Kristoff (Nor) Team Katusha 10:13:46
2 Jasper Stuyven (Bel) Trek Factory Racing 0:00:14
3 Marco Haller (Aut) Team Katusha
4 Asbjørn Kragh Andersen (Den) Team Trefor - Blue Water 0:00:16
5 Daryl Impey (RSA) Orica-GreenEdge
6 Kristian Sbaragli (Ita) MTN - Qhubeka 0:00:20
7 Michael Valgren Andersen (Den) Tinkoff-Saxo
8 Edvald Boasson Hagen (Nor) MTN - Qhubeka
9 Carlos Barbero Cuesta (Spa) Caja Rural-Seguros RGA
10 Mads Pedersen (Den) Cult Energy Pro Cycling တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ၃ ရက်မြောက်နေ့အဖြစ် Stord ကနေ Sauda အထိ 166 km ကီလိုမီတာကို ရေလက်ကြားတလျောက် ဆက်လက် စီးနင်းယှဉ်ပြိုင်ကြ မှာဖြစ်ပါတယ်။ 
...........
Tour des Fjords တတိယနေ့ Alexander Kristoff ပဲ ဆက်လက်အနိုင်ရ။

နော်ဝေးနိုင်ငံမှာ ၅ ရက်ကြာကျင်းပနေတဲ့ Tour des Fjords စက်ဘီးစီးပြိုင်ပွဲ တတိယ နေ့မှာလည်း နော်ဝေးက နာမည်ကြိး စက်ဘီးသမား Alexander Kristoff (Nor) Team Katusha ကပဲ 3:57:05 နာရီနဲပ ၃ ရက်မြောက် ဆက် တိုက် အနိုင်ရသွား ပါတယ်။
သူ့နောက်မှာတော့ Daryl Impey (RSA) Orica-GreenEdge နဲ့ Edvald Boasson Hagen (Nor) MTN - Qhubeka တို့က ကပ်ဝင်ပြီး ဒုတိယနဲ့ တတိယ ရသွားကြပါတယ်။
Stord ကနေ Sauda အထိ 166 km ကီလိုမီတာပြိုင်ပွဲတလျောက် မနေ့ကလို ပဲမိုးတွေရွာနေလို့ စက်ဘီးသမားတွေ မိုးကာဝတ်စီးနင်းခဲ့ကြရပါတယ်။ တာ ထွက်ပြီးသိပ်မကြာခင်ကတည်းက ၁၇ ဦးပါ Breakaway တခုက ထွက်ပြေး လွတ်မြောက်သွားပါတယ်။ ၁ မီနစ်ကျော်ကျော်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော Breakaway ထဲကနေ ၃ ဦး ထပ်မံထွက်ပြေးသွားတာ ပန်းဝင်ဖို့ ၁၀ ကီလိုဝန်းကျင်အထိပါပဲ။ သာယာလှတဲ့ ရေလက်ကြား တလျောက်မှာ ၁၃ ကီလိုမီတာ ရှည်တဲ့ လှိုင်ဂူတခုကိုလည်း စက်ဘီးသမား တွေဖြတ်ခဲ့ရပါတယ်။
ပန်းဝင်ဖို့ ၅ ကီလိုဝန်းကျင်မှာတော့ Breakaway အုပ်စုကို Peloton က ဖမ်းမိ သွားပါတယ်။ အဲဒီနောက်မှာတော့ Alexander Kristoff တို့ရဲ့ Team Katusha က ပွဲရဲ့အရှိန်ကိုထိမ်းပြီး တပ်ဦးကနေ နေရာယူနိုင်အောင်ကြိုးစားခဲ့ပါတယ်။
ပန်းဝင်ဖို့ မီတာ ၅၀ အလိုလောက်ကျမှ Alexander Kristoff (Nor) Team Katusha က အသားကုန် Sprint တင်ပြီး စက်ဘီး ၂ စီးစာလောက်အသာနဲ့ အခုလို အနိုင်ရသွားတာပါ။
၃ ရက်မြောက်ပွဲအပြီး ၁-၁၀ ရထားသူတွေကတော့ ...
General classification after stage 3
# Rider Name (Country) Team Result
1 Alexander Kristoff (Nor) Team Katusha 14:10:41
2 Daryl Impey (RSA) Orica-GreenEdge 0:00:20
3 Jasper Stuyven (Bel) Trek Factory Racing 0:00:24
4 Michael Valgren Andersen (Den) Tinkoff-Saxo
5 Marco Haller (Aut) Team Katusha
6 Asbjørn Kragh Andersen (Den) Team Trefor - Blue Water 0:00:26
7 Edvald Boasson Hagen (Nor) MTN - Qhubeka
8 Kristian Sbaragli (Ita) MTN - Qhubeka 0:00:30
9 Mads Pedersen (Den) Cult Energy Pro Cycling
10 Marco Marcato (Ita) Wanty - Groupe Gobert တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ရေနံ့မြို့တော်လို့နာမည်ကြီးတဲ့ Stavanger ကနေ Sandnes အထိ 177 km ကီလိုမီတာကို ရေလက်ကြားတလျောက် ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ် ပါတယ်။ ။
...............
Tour des Fjords စတုတ္တနေ့မှာ ဒိန်းမတ်လူငယ် Søren Kragh Andersen အနိုင်ရ။

နော်ဝေးနိုင်ငံမှာ ၅ ရက်ကြာကျင်းပနေတဲ့ Tour des Fjords စက်ဘီးစီးပြိုင်ပွဲ ၄ ရက်မြောက်နေ့မှာ ဒိန်းမတ်နိုင်ငံမှ လူငယ်လေး Søren Kragh Andersen (Den) Team Trefor - Blue Water က 4:03:27 နာရီနဲ့ ပထမ ရသွားပါ တယ်။ 
သူ့နောက်မှာတော့ Amets Txurruka (Spa) Caja Rural-Seguros RGA က 0:00:01 စက္ကန့်ပြတ်ပြီး ဒုတိယနဲ့ Michael Olsson (Swe) Team Trefor - Blue Water က 0:00:04 စက္ကန့်ပြတ်ပြီး တတိယရပါတယ်။

ဒါဟာ အသက် ၂၁ နှစ်သာရှိသေးတဲ့ လူငယ်လေး Søren Kragh Andersen (Den) Team Trefor - Blue Water အတွက် ပထမဆုံး နိုင်ငံတကာ ပရိုဖက် ရှင်နယ်နိုင်ပွဲဖြစ်တဲ့အတွက် စက်ဘီး အသင်းကြီးအတော်များများက သူ့ကို ၀ယ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းသမားတွေကရေးပါတယ်။
နော်ဝေးနိုင်ငံရဲ့ အနောက်တောင်ဖက်က ရေနံ့မြို့တော်လို့နာမည်ကြီးတဲ့ Stavanger ကနေ Sandnes အထိ 177 km ကီလိုမီတာ ရေလက်ကြား ပြိုင်ပွဲတလျောက် ဒီနေ့ ထူးထူးခြားခြားနေသာခဲ့ပါတယ်။
ပြိုင်ပွဲအစောပိုင်းမှာ ၄ ဦးပါ Breakaway အုပ်စုတခုက အ၀ါရောင် အကျီပိုင် ရှင် Alexander Kristoff ရှိနေတဲ့ အဓိကအုပ်စု Peloton ကို ၁၅ မီနစ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ 
နောက်ပိုင်းမှာတော့ အခု ပထမ ရသွားတဲ့ဒိန်းမတ်လူငယ်အပါဝင် စက်ဘီးသ မား ၁၃ ဦးပါ အုပ်စုတခု ထပ်မံထွက်ပြေးလွတ်မြောက်သွားပါတယ်။ တကယ် လို့ ကျနော်တို့အဖွဲ့ကသာ အ၀ါရောင်အုပ်စုကို ၃ မီနစ်ဖြတ်ထားနိုင်ပြီး ပန်းဝင် မယ်ဆိုရင် အ၀ါရောင်ကို ကျနော်ရပြီ လို့ Søren Kragh Andersen ကပြော ပါတယ်။
Stavanger မြို့ကို ၃ ပတ် ပတ်ပြီး ပန်းဝင်ဖို့ပြင်နေစဉ် နောက်ဆုံးအပတ် တောင်ကုန်းအတက်မှာ Søren Kragh Andersen က ပြိုင်ဖက် ၁၃ ဦးကို ချန်ထားပြီး အစွမ်းကုန် Sprint တင်ထွက်ပြေးနိုင်ခဲ့ပါတယ်။
လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် Alexander Kristoff (Nor) Team Katusha ကတော့ တမီနစ်တိတိနောက်ကျပြီး ၁၈ နေရာကနေ ပန်းဝင်ခဲ့ပါတယ်။ 
ဒါကြောင့် အသက် ၂၁ နှစ်အရွယ် ဒိန်းမတ်လူင်ယ Søren Kragh Andersen ဟာ ၄ ရက်မြောက်နေ့ကို အနိုင်ရတဲ့အပြင် ၄ ရက်ပေါင်းအမှတ်အများဆုံးနဲ့ အ၀ါရောင်အကျီကိုပါ ရသွားခဲ့ပါတယ်။
၎ ရက်အပြီး ၁-၁၀ ရထားသူတွေကတော့ ...
# Rider Name (Country) Team Result
1 Søren Kragh Andersen (Den) Team Trefor - Blue Water 18:14:28
2 Marco Haller (Aut) Team Katusha 0:00:08
3 Michael Olsson (Swe) Team Trefor - Blue Water 0:00:10
4 Rasmus Guldhammer (Den) Cult Energy Pro Cycling 0:00:14
5 Amets Txurruka (Spa) Caja Rural-Seguros RGA 0:00:25
6 Mads Pedersen (Den) Cult Energy Pro Cycling 0:00:33
7 Alexander Kristoff (Nor) Team Katusha 0:00:40
8 Kristian Sbaragli (Ita) MTN - Qhubeka 0:00:45
9 Angel Madrazo Ruiz (Spa) Caja Rural-Seguros RGA
10 Daryl Impey (RSA) Orica-GreenEdge 0:00:48 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ နောက်ဆုံးနေ့အဖြစ် Hinna Park ကနေ Stavanger အထိ186 km ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
တောင်တက်အားကောင်းပြီး ခြေသွက်နေတဲ့ ဒိန်းမတ်လူငယ်လေး Søren Kragh Andersen (Den) Team Trefor - Blue Water ကပဲ ၅ ရက်ပေါင်း ပထမ နဲ့ အ၀ါရောင် အကျီရသွားမလား။ လက်ရှိချန်ပီယံ Kristian Sbaragli (Ita) MTN - Qhubeka ကပဲ ဆက်ထိမ်းထားနိုင်မလားဆိုတာကတော့ မနက် ဖြန်ပွဲမှာ လူစိတ်ဝင်စားမှုအများဆုံး မေးခွန်းဖြစ်နေပါလိမ့်မယ်။ ။
...................
Tour des Fjords ပြိုင်ပွဲ ၅ ရက်ပေါင်း အ၀ါရောင်အကျီ Marco Haller ရရှိ။
နော်ဝေးနိုင်ငံမှာ ၅ ရက်ကြာကျင်းပနေတဲ့ Tour des Fjords စက်ဘီးစီးပြိုင်ပွဲ နောက်ဆုံးနေ့မှာ နော်ဝေးက နာမည်ကြီး စက်ဘီးသမား Edvald Boasson Hagen (Nor) MTN - Qhubeka က 4:04:18 နာရီနဲ့ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Daryl Impey (RSA) Orica-GreenEdge က ဆံချည်မျှင်တခုစာ နောက်ကျပြီး ဒုတိယ၊ Marco Haller (Aut) Team Katusha က တတိယ ရသွားပါတယ်။
Marco Haller (Aut) Team Katusha ဒီနေ့အတွက် တတိယ နဲ့ကျေနပ်လိုက်ရပေမဲ့ ၅ ရက် စလုံးပေါင်း အမှတ်အများဆုံးဖြစ်နေသူ မနေ့က အ၀ါရောင် အကျီပိုင်ရှင် ဒိန်းမတ်လူငယ်လေး Søren Kragh Andersen (Den) Team Trefor - Blue Water ကို ဒုတိယ အုပ်မှာ ဖြတ် ထားနိုင်ခဲ့တဲ့အတွက် စုစုပေါင်းအမှတ်အများဆုံးရပြီး အ၀ါရောင်အကျီကို ရရှိသွားပါတယ်။
Hinna Park ကနေ Stavanger အထိနဲ့ မြို့ပတ်ပြိုင်ပွဲ 186 km ကီလိုမီတာ ပြိုင်ပွဲ တလျောက်လုံး နေသာပြီး ရာသီဥတုသာယာနေပါတယ်။ ပန်းဝင်ဖို့ ၈ ကီလိုမီတာအထိ ၅ ဦးပါ Breakaway အုပ်စုတခုက ဦးဆောင်လာခဲ့ပါတယ်။
မြို့ပတ်ပွဲနောက်ဆုံးအပတ် ရ ကီလို တောင်ကုန်းတက်အရောက်မှာမှ အခု ပထမ ရသွားတဲ့ Edvald Boasson Hagen က အသားကုန် Sprint တင်ပြီး ရှေ့က ၅ ဦးကိုဖြတ်တဲ့အပြင် နောက်ကပါလာတဲ့ အ၀ါရောင်အကျီအုပ်စု Peloton တခုလုံးကိုပါ ဖြတ်ထားနိုင်ခဲ့ပါတယ်။
သူနဲ့အတူ အခြားစက်ဘီးသမား ၃ ဦးလဲကပ်ပါလာတဲ့အတွက် ၄ ဦးရှေးပြေးအဖွဲ့ ဖြစ်သွား ပါတယ်။ တဖြေးဖြေးနဲ့ အ၀ါရောင်အုပ်စုကို ၂၂ စက္ကန့်အထိဖြတ်ထားနိုင်ခဲ့ပေမယ့် ပန်း ၀င်ခါနီးမှာ အ၀ါရောင် အုပ်စုပြန်မိသွားလိမ့်မယ်လို့ ထင်ခဲ့မိပါတယ်။
ဒါပေမယ့် သူတို့ ၄ ဦးရဲ့အရှိန်ဟာ ကျမသွားပဲ ဆက်တင်သွားနိုင်တဲ့အတွက် ပန်းဝင်ဖို့ မီတာ ၅၀ ၀န်းကျင်အလို မှာ အကြိတ်အနယ် Sprint တင်ပြီး Edvald Boasson Hagen က ဒုတိယ လူကို တကယ့်ကို နှာတဖျားအသာနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။

၅ ရက်ပေါင်း ၁-၁၀ ရသူတွေကတော့...
General Classification
# Rider Name (Country) Team Result
1 Marco Haller (Aut) Team Katusha 22:18:47 
2 Søren Kragh Andersen (Den) Team Trefor - Blue Water 0:00:12 
3 Michael Olsson (Swe) Team Trefor - Blue Water 0:00:24 
4 Rasmus Guldhammer (Den) Cult Energy Pro Cycling 0:00:28 
5 Amets Txurruka (Spa) Caja Rural-Seguros RGA 0:00:39 
6 Daryl Impey (RSA) Orica-GreenEdge 0:00:41 
7 Edvald Boasson Hagen (Nor) MTN - Qhubeka 0:00:46 
8 Mads Pedersen (Den) Cult Energy Pro Cycling 0:00:47 
9 Alexander Kristoff (Nor) Team Katusha 0:00:53 
10 Kristian Sbaragli (Ita) MTN - Qhubeka 0:00:59 တို့ဖြစ်ပါတယ်။
၅ ရက်ပေါင်း အမှတ်အများဆုံး အ၀ါရောင်အကျီပိုင်ရှင်အဖြစ် Marco Haller (Aut) Team Katusha၊ ၅ ရက်ပေါင်း Point အမှတ်အများဆုံး အစိမ်းရောင်အကျီပိုင်ရှင်အဖြစ် Alexander Kristoff (Nor) Team Katusha၊ လူငယ်ခြေတက် စက်ဘီးသမား အဖြူရောင်အကျီပိုင်ရှင် အဖြစ် Søren Kragh Andersen (Den) Team Trefor - Blue Water ကရရှိသွားပါတယ်။
မေလ ၂၇ ရက်နေက ၃၁ ရက်နေ့အထိ ၅ ရက်ကြာကျင်းပခဲ့တဲ့ Tour des Fjords စက်ဘီးစီး ပြိုင်ပွဲဆီ UCI အသိမှတ်ပြု Pro စက်ဘီးအသင်း ၂၁ သင်းမှ စက်ဘီး သမား ၁၂၃ ဦး ၀င်ပြိုင် ခဲ့ပါတယ်။ အဲဒီထဲက ၈၅ ဦးပဲ အစ အဆုံး ပန်းဝင်န်ိုင်ခဲ့ပါတယ်။
နော်ဝေးမှာ ကျင်းပတဲ့ ၅ ရက်တာ Tour des Fjords 2015 ပွဲနဲ့အတူ အီတလီမှာကျင်းပခဲ့တဲ့ ၂၁ ရက်တာ Giro d'Italia 2015 ကမ္ဘာ့ပြိုင်ပွဲကြီးလည်းပြီးသွားပြီမို့ လာမဲ့ ဇွန်လအတွင်း ၃-၄ ရက်၊ သတင်း တပတ် ပွဲငယ်တွေသာရှိပါလိမ့်မယ်။ ဒါပေမယ့် ဇူလိုင်လ ပထမ သတင်းပတ် မှာတော့ ကမ္ဘာ့နာမည်အကြီးဆုံး Tour De France ပြိုင်ပွဲကြီးစပါလိ့မ်မယ်။ ဇူလိုင်လ ၄ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ သတင်း ၃ ပတ်ကြာကျင်းပမဲ့ အဲဒီပွဲအကြောင်းကိုလည်း အခုလိုပဲ အသေးစိပ် တင်ပြဖို့ ရှိပါကြောင်း အစီရင်ခံရင်း ခဏတာရပ်နားလိုက်ရပါတယ်။ ။
ခင်မင်လေးစားစွာဖြင့်
ထက်အောင်ကျော်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More