Monday, June 22, 2015

Route du Sud ပွဲ မှတ်စုများ။

Alberto Contador လား၊ Nairo Quintana လား။
Tour de France အတွက် သွေးပူလေ့ကျင့်ခန်း နောက်ဆုံးပွဲစဉ်အဖြစ် ဒီနေ့ စတင်တဲ့ Route du Sud ပြိုင်ပွဲမှာ ထိပ်ထိပ်ကျဲ GC သမားနှစ်ဦးဖြစ်သူ Alberto Contador (Tinkoff-Saxo) နဲ့ Nairo Quintana (Movistar) တို့ ပါဝင်ယှဉ်ပြိုင်နေပါတယ်။



Time trial တဦးချင်းစံချိန်ပြု၊ အသင်းလိုက်စံချိန်ပြုပွဲတွေမပါပဲ တောင်တက်ပွဲ သက်သက် ၄ ရက်တာ ကျင်းပမဲ့ ဒီပွဲမှာ မဟာပြိုင်ဖက်နှစ်ဦးဖြစ်သူ Alberto Contador (Tinkoff-Saxo) နဲ့ Nairo Quintana (Movistar) ဘယ်သူ GC ရ မလဲဆိုတာ စိတ်ဝင်စားဘွယ်ဖြစ်နေပါတယ်။
Alberto Contador (Tinkoff-Saxo) ဟာ ပြီးခဲ့တဲ့ လကမှ Grand Tour တခု ဖြစ်တဲ့ Giro d’Italia ၂၁ ရက်တာပြိုင်ပွဲအတွင်း ပန်းရောင်အကျီရထားသူဖြစ် သလို Nairo Quintana (Movistar) ဟာ မနှစ်က ပန်းရောင်အကျီရထား သူဖြစ်ပါတယ်။
တခါ ရှေ့လ ၄ ရက်နေ့မှာစတင်မဲ့ Tour de France ပတ်သက်ပြီးပြောမယ်ဆို ရင် Alberto Contador ဟာ ချန်ပီယံ ၂ ခါဖြစ်ဖူးပြီး ဒီနှစ်မှာ ထပ်ရဖို့ကြိုးစား လိမ့်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။
အလားတူပါပဲ မနှစ်က Tour de France ဒုတိယ နေရာနဲ့တင်းတိမ်လိုက်ရသူ Nairo Quintana ကလည်း ဒီနှစ်မှာ ချန်ပီယံဖြစ်နိုင်ဖို့ အသေအလဲလေ့ကျင့် ထားတယ်ဆိုတာ သံသယရှိစရာမလိုပါ။
ဒါကြောင့် ဒီနေ့စတင်တဲ့ ၄ ရက်ကြာပွဲဟာ သူတို့ ၂ ဦးအတွက် Tour de France အကြို တကယ့်ခြေစမ်းပွဲဖြစ်ပါတယ်။ တခြား နာမည်ကြီး Grand Tour ချန်ပီယံတွေဖြစ်တဲ့ Chris Froome (Sky) နဲ့ Vincenzo Nibali (Astana) တို့ကတော့ Tour de France ဖွင့်ပွဲကနေ သူတို့ ၂ ဦးကို စောင့် ကြိုနေမှာပါ။ ။
..................

Route du Sud ပထမနေ့ Steven Tronet အနိုင်ရ။
Tour de France အကြို သွေးပူလေ့ကျင့်ခန်း နောက်ဆုံးပွဲအဖြစ် ပြင်သစ် နိုင်ငံမှာ ဒီနေ့စတင်တဲ့ Route du Sud စက်ဘီးစီးပြိုင်ပွဲ ပထမနေ့မှာ Steven Tronet (Fra) Auber 93 က 4:59:41 နာရီနဲ့ ပထမရသွားပါတယ်။

သူ့နောက်မှာတော့ Romain Hardy (Fra) Cofidis, Solutions Credits နဲ့ Michael Carbel Svendgaard (Den) Cult Energy Pro Cycling တို့က နှာ တဖျားစီနောက်ကျပြီး ဒုတိယနဲ့ တတိယ ရပါတယ်။
Time trial တဦးချင်းစံချိန်ပြု၊ အသင်းလိုက်စံချိန်ပြုပွဲတွေမပါပဲ တောင်တက်ပွဲ သက်သက် ၄ ရက်တာကျင်းပတဲ့ ပထမနေ့ Lourdes ကနေ Auch အထိ 204 km ပြိုင်ပွဲတလျောက် ရာသီဥတု သာယာခဲ့ပါတယ်။
တာလွတ်လိုက်တာနဲ့ Cédric Pineau (FDJ), Beñat Txoperena (Murias Taldea), Daniel Martinez (Colombia) နဲ့ Hector Saez (Caja Rural-Seguros RGA) တို့ ၄ ဦးပါ Breakaway အဖွဲ့တခုက Peloton ကို ၄ မီနစ် အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။
ပန်းဝင်ဖို့ ကီလို ၃၀ လောက်အလိုမှာတော့ Breakaway အဖွဲ့ရဲ့အရှိန် တဖြေးဖြေးကျလာပီး Peloton ရဲ့ အရှိန်တက်လာပါတယ်။ ၂၄ ကီလို အရောက်မှာ Gap က တမီနစ်ဝန်းကျင်ပဲကျန်ပါတော့တယ်။ အဲဒီအချိန်မှာ Daniel Martinez (Colombia) က ကျန် ၃ ဦးကိုချန်ထားပြီး တကိုယ်တော် ထွက်ပြေးပါတယ်။
ကီလို ၂၀ အလိုမှာ ကျန်နေတဲ့ ၃ ဦးကို Peloton က မိသွားပါတယ်။ ဒါပေမယ့် Daniel Martinez ကတော့ တမီနစ်နီးပါးအထိဖြတ်ပြီး ရှေ့မှာလွတ်နေဆဲပါ။ ၁၂ ကီလိုအလိုမှာတော့ Peloton ထဲက ၂ ဦးလွတ်ထွက်လာပြီး ရှေ့ကပြေး နေသူကို အမှီလိုက်ဖို့ကြိုးစားပါတယ်။
တခါ အဲဒီလိုအကြိတ်အနယ်ကြိုးစားနေစဉ် နောက်ထပ် ၂ ဦး ထပ်လွတ်ထွက် လာပြန်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ရှေးပြေး ၅ ဦးပေါင်းမိပြီး အုပ်စု တခုဖြစ်သွားကာ စက္ကန့် ၃၀ ကျော်အထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပန်းဝင်ဖို့ ၃ ကီလိုလောက်အလိုမှာတော့ အားလုံးကို Peloton က မိ သွားပါတယ်။ ဒီလိုနဲ့နောက်ဆုံး မီတာ ၂၀၀ ၀န်းကျင်ကျမှ Sprint တင်ရင်းနဲ့ Steven Tronet (Fra) Auber 93 က ပထမ ရသွားတာပါ။
GC နာမည်ကြီးတွေဖြစ်တဲ့ Alberto Contador (Tinkoff-Saxo) က နံပတ် ၁၀ နေရာကနေပန်းဝင်ပြီး Nairo Quintana (Movistar) က ၄၂ နေရာကနေ ပန်းဝင်ပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးစလုံးရဲ့ အချိန်ကတော့ ပထမ ရသူနဲ့ ၃ စက္ကန့်စီနောက်ကျပြီး အတူတူပဲဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Auch ကနေ Saint-Gaudens အထိ 141 km ကီလိုမီတာ ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
....................

Route du Sud ဒုတိယနေ့ Bryan Coquard အနိုင်ရ။
Tour de France အကြို သွေးပူလေ့ကျင့်ခန်း နောက်ဆုံးပွဲအဖြစ် ပြင်သစ် နိုင်ငံမှာ မနေ့ကစတင်တဲ့ Route du Sud ၄ ရက်တာ စက်ဘီးစီးပြိုင်ပွဲ ဒုတိ ယနေ့မှာ Bryan Coquard (Fra) Team Europcar က 3:23:25 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Quentin Jauregui (Fra) Ag2r La Mondiale နဲ့ Armindo Fonseca (Fra) Bretagne-Séché Environnement တို့က နှာ တဖျားစီနောက်ကျပြီး ဒုတိယနဲ့ တတိယ ရပါတယ်။
၂ ရက်ပေါင်း ပထမ အ၀ါရောင်အကျီပိုင်ရှင်ကတော့ မနေ့က ပထမ ရထားသူ Steven Tronet (Fra) Auber 99 က 8:22:56 နာရီနဲ့ ထိမ်းထားဆဲပါ။
Auch ကနေ Saint-Gaudens အထိ 141 km ကီလိုမီတာပြိုင်ပွဲ ပထမ ပိုင်းမှာ Samuel Magalhães (Radio Populat-Boavista), Mads Pedersen (Cult Energy), Yoann Paillot (Marseille 13 KTM), Eneko Lizarralde (Murias) and Camilo Castiblanco (Colombia) တို့ ၅ ဦးပါ Breakaway အဖွဲ့က ပန်းဝင်ဖို့ ကီလို ၂၀ နီးပါးအထိ ဦးဆောင်ခဲ့ပါတယ်။
၂၅ ကီလိုဝန်းကျင်အလိုကစပြိး Christophe Juul Jensen (Tinkoff-Saxo), Jasha Sütterlin (Movistar) and Oliver Le Gac (FDJ) တို့ ၃ ဦး Peloton ထဲကနေ ဖောက်ထွက်ပြီး စလိုက်ပါတယ်။ ပထမ အုပ်စုနဲ့ နောက်ကလိုက်လာ တဲ့အုပ်စုပေါင်းမိပြီး ဆက်ပြေးကြပါတယ်။
ဒါပေမယ့် Europcar ဦးဆောင်တဲ့အဖွဲ့က Peloton ကိုအရှိန်မြင့်တင်နိုင်ခဲ့တဲ့ အတွက် ပန်းဝင်ဖို့ ၁၀ ကီလိုအလိုမှာ ရှေ့းပြေးအဖွဲ့နဲ့ အုပ်စုကြီးအကြား အကွာ အဝေးက ၃၀ စက္ကန့်ပဲကျန်ပါတယ်။ ဒီလိုအကြိတ်အနယ်ပြိုင်ရင်းနဲ့ နောက်ဆုံး ကီလိုမီတာအထိ တဦးက ရှေ့မှာ လွတ်နေဆဲပါ။
ပန်းဝင်ဖို့ မီတာ ၅၀ အလိုမှာမှ အခု ပထမ ရသွားသူ Bryan Coquard (Fra) Team Europcar က အသားကုန်အရှိန်တင်ပြီး ပန်းဝင်သွားတာပါ။
၂ ရက်တာပွဲအပြီး ၁-၁၀ GC ရထားသူတွေကတော့...
General Classification
# Rider Name (Country) Team Result
1 Steven Tronet (Fra) Auber 99 8:22:56 
2 Bryan Coquard (Fra) Team Europcar 0:00:03 
3 Romain Hardy (Fra) Cofidis, Solutions Crédits 0:00:04 
4 Michael Carbel Svendgaard (Den) Cult Energy Pro Cycling 0:00:06 
5 Armindo Fonseca (Fra) Bretagne-Séché Environnement 0:00:09 
6 Rudy Molard (Fra) Cofidis, Credit Solutions 0:00:13 
7 Quentin Pacher (Fra) Equipe Cycliste De L’Armée De Terre 
8 Linus Gerdemann (Ger) Cult Energy Pro Cycling 
9 Lasse Norman Hansen (Den) Team Cannondale-Garmin 
10 Edwin Alciviades Avila Vanegas (Col) Colombia တို့ဖြစ်ပါတယ်။
GC နာမည်ကြီးတွေဖြစ်တဲ့ Alberto Contador Velasco (Esp) Tinkoff-Saxo နဲ့ Nairo Alexander Quintana Rojas (Col) Movistar တို့ကတော့ နံပတ် ၁၀ နဲ့အချိန်တူ ၁၃ စက္ကန့်နောက်ကျပြီး ကပ်လိုက်နေဆဲဖြစ်ပါတယ်။
မနက်ဖြန် Izaourt ကနေ Bagnères-de-Luchon အထိ 181 km ကီလိုမီတာ ပွဲပြီးရင်တော့ တကယ်အ၀ါရောင်အကျီပိုင်ရှင် ဘယ်သူဖြစ်မလဲဆိုတာ သဲသဲ ကွဲကွဲမြင်လာရမယ်လို့ မျှော်လင့်မိပါတယ်။ ။
...................

Route du Sud တတိယနေ့ Alberto Contador အနိုင်ရပြီ။
Tour de France အကြို သွေးပူလေ့ကျင့်ခန်း နောက်ဆုံးပွဲအဖြစ် ပြင်သစ် နိုင်ငံမှာ ၄ ရက်ကြာကျင်းပနေတဲ့ Route du Sud စက်ဘီးစီးပြိုင်ပွဲ တတိယ နေ့မှာ နာမည်ကြီး GC သမား Alberto Contador Velasco (Esp) Tinkoff-Saxo က 4:48:05 နာရီနဲ့ ပထမရသွားပါတယ်။

တခြားနာမည်ကြီး GC သမားတဦးဖြစ်သူ Nairo Alexander Quintana Rojas (Col) Movistar ကတော့ 0:00:13 စက္ကန့်နောက်ကျပြီး ဒုတိယ ဖြစ် သွားပါတယ်။ သူတို့နှစ်ဦးနောက်မှာတော့ Pierre-Roger Latour (Fra) Ag2r La Mondiale က 0:00:35 စက္ကန့်နောက်ကျနဲ့ တတိယ ရပါတယ်။
မနေ့ကအထိ အ၀ါရောင်ရထားသူ Steven Tronet (Fra) Auber 99 ကို အားလုံးကကျော်နိုင်ခဲ့တဲ့အတွက် ဒီနေ့ ပ-ဒု-တ အားလုံးဟာ GC မှာလဲ ပ-ဒု-တ အဖြစ်စာရင်းဝင်သွားပါတယ်။
Izaourt ကနေ Bagnères-de-Luchon အထိ 181 km ကီလိုမီတာ ပြိုင်ပွဲမှာ တောင်တက်အတော်များခဲ့ပြီး နောက်ဆုံးတောင် Porte des Bales မှာ Contador က Quintana ကိုဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်မီ အထိ Quintana ဟာ အေးအေးဆေးဆေးစီးနေခဲ့ပေမဲ့ Contador ဖြတ်ခဲ့တဲ့ Gap ကို မဖြည့်နိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ ပန်းဝင်တဲ့အချိန်မှာ ၁၃ စက္ကန့်ပြတ်ပြီးကျန်ခဲ့ပါတယ်။ Contador ဟာ ပထမ ရတဲ့အတွက် Time Bonus ပါ ၅ စက္ကန့်ထပ်ရတဲ့အတွက် ၁၇ စက္ကန့် အထိ Quintana ဖြတ်ထားနိုင်ခဲ့ပါတယ်။
မနေ့ကကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့အတိုင်းပါပဲ။ တတိယ နေ့မှာ ဘယ်သူ အ၀ါရောင်ရမလဲ၊ အဲဒီရတဲ့သူဟာ ၄ ရက်ပေါင်း အ၀ါရောင်ရဖို့အလားလာ ကောင်းသွားပြီဆိုတဲ့အတိုင်း မနက်ဖြန်မှာ Contador ကပဲ အ၀ါရောင်ကို ဆက်ထိမ်းသွားနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့လက အီတလီမှာကျင်းပခဲ့တဲ့ သတင်း ၃ ပတ်ကြာ Giro d’Italia ပွဲမှာ ပန်းရောင်အကျီရပြီးကတည်းက ဒါဟာ Contador အတွက် ပထမ ဆုံး နိုင်ပွဲ လည်းဖြစ်ပါတယ်။
တတိယနေ့ပြီးအချိန် ၁-၁၀ ရထားသူတွေကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Alberto Contador Velasco (Esp) Tinkoff-Saxo 13:11:04 
2 Nairo Alexander Quintana Rojas (Col) Movistar 0:00:17 
3 Pierre-Roger Latour (Fra) Ag2r La Mondiale 0:00:41 
4 Stéphane Rossetto (Fra) Cofidis, Solutions Crédits 0:00:58 
5 Eduardo Sepulveda (Arg) Bretagne-Séché Environnement 
6 Miguel Angel Rubiano Chavez (Col) Colombia 0:01:31 
7 Alberto Gallego (Esp) Radio Popular-Boavista 0:02:08 
8 Julien Loubet (Fra) Team Marseille 13 KTM 0:03:06 
9 Federico Figueiredo (Por) Radio Popular-Boavista 
10 Nathan Brown (USA) Team Cannondale-Garmin တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Revel ကနေ Gaillac အထိ 166 km ကီလိုမီတာကို နောက်ဆုံးနေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ။
.....................

Route du Sud ပွဲ ၄ ရက်ပေါင်း Alberto Contador အနိုင်ရ။
Tour de France အကြို သွေးပူလေ့ကျင့်ခန်း နောက်ဆုံးပွဲအဖြစ် ပြင်သစ် နိုင်ငံမှာ ၄ ရက်ကြာကျင်းပနေတဲ့ Route du Sud စက်ဘီးစီးပြိုင်ပွဲ နောက်ဆုံး နေ့ပွဲစဉ်မှာ Bryan Coquard (Fra) Team Europcar က 3:44:54 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Lorenzo Manzin (Fra) FDJ.fr နဲ့ Leonardo Duque (Col) Colombia တို့က ဒုတိယနဲ့ တတိယ ရပါတယ်။ ဒါဟာ Bryan Coquard အတွက် ၂ ရက်ဆက်တိုက် အောင်ပွဲရခြင်းလည်းဖြစ်ပါတယ်။
ဒါပေမယ့် ၄ ရက်ပေါင်း ပထမ GC အများဆုံးဆုကိုတော့ Alberto Contador Velasco (Esp) Tinkoff-Saxo က ရသွားပါတယ်။ သူဟာ မနေ့က ရထားတဲ့ ပထမ နေရာကို Tinkoff-Saxo အသင်းသားတွေအကူအညီနဲ့ ပုံမှန်လေး ထိမ်း သွားနိုင်ခဲ့တာဖြစ်ပါတယ်။
မနေ့ကအထိ ၁၇ စက္ကန့်ပြတ်ပြီး ဒုတိယ ရထားသူ Nairo Alexander Quintana Rojas (Col) Movistar ဟာ ဒီနေ့မှာလည်း ပထမရအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒုတိယ နေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
ဒီပွဲဟာ ဇူလိုင်လ ၄ ရက်နေ့မှာ စတင်မဲ့ Tour de France အတွက် နောက်ဆုံး သွေးပူလေ့ကျင့်ခန်းလဲဖြစ်ပါတယ်။
၎ ရက်တာပွဲအပြီး ၁-၁၀ ရသွားသူတွေကတော့...
Final general classification after stage 4
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff-Saxo 13:11:04 
2 Nairo Quintana (Col) Movistar Team 0:00:17 
3 Pierre-Roger Latour (Fra) Ag2r La Mondiale 0:00:41 
4 Stéphane Rossetto (Fra) Cofidis, Solutions Crédits 0:00:58 
5 Eduardo Sepulveda (Arg) Bretagne-Séché Environnement 
6 Miguel Angel Rubiano Chavez (Col) Colombia 0:01:31 
7 Alberto Gallego (Esp) Radio Popular-Boavista 0:02:08 
8 Julien Loubet (Fra) Team Marseille 13 KTM 0:03:06 
9 Federico Figueiredo (Por) Radio Popular-Boavista 
10 Nathan Brown (USA) Team Cannondale-Garmin တို့ဖြစ်ပါတယ်။ ။ 
...........။      ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More