Tuesday, April 30, 2024

“စဉ့်ကူးမြို့နယ်က စစ်ကောင်စီစခန်း MDY- PDF သိမ်းပိုက်... ကျင်ဒွေးမြို့ကိ...


“စဉ့်ကူးမြို့နယ်က စစ်ကောင်စီစခန်း MDY- PDF သိမ်းပိုက်... ကျင်ဒွေးမြို့ကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁- ၅- ၂၀၂၄)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဖက်က ၁၁ ဦးသေ၊ ၁၅ ဦး လက်နက်ချက်တယ်လို့  MDY- PDF မန္တလေး- PDF က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ (၂၈) ရက် မနက်ခင်းပိုင်းမှာ အခုလိုတိုက်ခိုက်တာဖြစ်ပြီး ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံး၊ (၁၅) ဦး လက်နက်ချ အညံ့ခံ၊ ၆၀ မမ အပါဝင် လက်နက်ကြီး-လက်နက်ငယ် ၂၀ လက် သိမ်းမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ချင်းပြည်နယ်၊ ကန်ပက်လက်မြိုနယ်တွင်းက ကျင်ဒွေးမြို့ကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်...

- ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို လေထီးနဲ့ချပေးတဲ့ ရိက္ခာခြောက်အတော်များများကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက သိမ်းမိ...

- ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရှမ်နီပြည်သူ့စစ် SNA က အဖွဲ့ဝင်  ၅ ဦး ပြည်သူ့ရင်ခွင်သို့ခိုလှုံ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ပြည်နယ်တခုချင်းစီ တိုက်ပွဲကနေ တနိုင်ငံလုံး ဟန်ချက်ညီ တိုက်ပွဲဖေါ်နိုင်ရ...


“ပြည်နယ်တခုချင်းစီ တိုက်ပွဲကနေ တနိုင်ငံလုံး ဟန်ချက်ညီ တိုက်ပွဲဖေါ်နိုင်ရေးကို ဆောင်ရွက်ဖို့ အချိန်ရောက်ပြီ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၀- ၄- ၂၀၂၄)

“ပြည်နယ်တခုချင်းစီမှာ သူ့အစီစဉ်နဲ့သူ ဖြစ်ပေါ်နေတဲ့ မြိုသိမ်း၊ နယ်သိမ်းတိုက်ပွဲတွေကနေ တနိုင်ငံလုံး မဟာဗျုဟာမြောက် တိုက်ပွဲဖေါ်နိုင်ရေးကို ဆောင်ရွက်ဖို့ အချိန်ရောက်နေပြီဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း တိုးတက်မှုအခြေအနေ၊ မြဝတီတိုက်ပွဲကနေ ရှေ့ကို ဘယ်လိုဆက်ချီတက်ကြမလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်
မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- မြဝတီမှအပ အခြားစစ်မျက်နှာအားလုံးမှာ နွေဦးတော်လှန်ရေး အောင်ပွဲရနေပြီလား...

- စစ်ရှုံး စစ်ကောင်စီအတွင်း အချင်းချင်း ပွတ်တိုက်မှုက ဘယ်လောက်ကြီးမားနေသလဲ...

- မိုးမကျခင် ၂ လအတွင်း NUG က ဘာတွေ ဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, April 29, 2024

“ဆင်ဘိုမြို့ ကို KIA သိမ်း... ရှမ်းမြောက်မှာ စစ်တပ်က စစ်ပြင်မှုရှိလာ... ...


“ဆင်ဘိုမြို့ ကို KIA သိမ်း... ရှမ်းမြောက်မှာ စစ်တပ်က စစ်ပြင်မှုရှိလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၃၀- ၄- ၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ က စစ်ကောင်စီ ခလရ (၁၄၁) တပ်ရင်းကို KIA ကချင်လွတ်လပ်ရေးတပ် နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့က မနက်ပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်လိုက်ပြီဖြစ်တယ်လို့ KNG - Kachin News Group က ဖေါ်ပြပါတယ်။

မြစ်ကြီးနား – ဗန်းမော် ဧရာဝတီမြစ် ရေကြောင်းလမ်းပေါ်မှာရှိတဲ့ ဗျုဟာအရ အရေးပါတဲ့ ဒီစခန်းကို ဧပြီ ၂၈ ညပိုင်းကတည်းက ဝင်ရောက်စီးနင်းပြီး မနေ့က မနက် ၁၁ နာရီမှာ အလုံးစုံသိမ်းလိုက်နိုင်တာဖြစ်တယ်လို့ KIA အရာရှိတဦးပြောတာကို ကိုးကားဖေါ်ပြပါတယ်။

ဆင်ဘိုမြို့ထဲက ရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကို ပြီးခဲ့ဲ့ ဖေဖေါ်ဝါရီကတည်းက သိမ်းပိုက်ထားပြီး အခု စစ်တပ်စခန်းကိုပါ ရပြီဖြစ်တဲ့အတွက် ဆင်ဘိုမြို့တခုလုံးကို KIA က သိမ်းလိုက်ပြီဖြစ်တဲ့သဘော၊ ဧရာဝတီမြစ်ကြောင်းတွင်းက အရေးပါတဲ့ ဗျုဟာမြောက်နေရာကို သိမ်းပိုက်နိုင်လိုက်တဲ့သဘောလည်း ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- မြဝတီမြို့ရှိ စစ်ကောင်စီရဲ့ ရှေ့တန်းရုံးဆီ စစ်ရဟတ်ယာဉ် တစီးရောက်လာပြီး လူနဲ့ လက်နက်တွေ လာပို့...

- မုံရွာမြို့နယ်၊ တောင်ပလူရွာကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်...

- ရှမ်းမြောက်ဒေသ လားရှိုး၊ မူဆယ်၊ ကျောက်မဲနဲ့ နောင်ချို မြို့နယ် (၄) ခုမှာ စစ်ကောင်စီက လက်နက်- ခဲယမ်းဖြည့်တင်းနေတာတွေ့ရတယ်လို့ TNLA က သတင်းထုတ်ပြန်...

..စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“တရုတ်နဲ့အာဆီယံက နိုင်မြင်းကိုမလောင်းပဲနဲ့ ရှုံးနေတဲ့မြင်းကို သွားကူပေးန...


“တရုတ်နဲ့အာဆီယံက နိုင်မြင်းကိုမလောင်းပဲနဲ့ ရှုံးနေတဲ့မြင်းကို သွားကူပေးနေတာမျိုးကတော့...”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂၉ - ၄- ၂၀၂၄)

“နိုင်ငံတာက နိုင်မြင်းဘက်ကိုလောင်းမယ်လို့ မျှော်လင့်ထားပေမယ့် တရုတ်နဲ့အာဆီယံကတော့ နိုင်မြင်းကိုမလောင်းပဲ ရှုံးနေတဲ့မြင်းကို မရှုံးအောင် သွားကူပေးနေတာမျိုးကတော့ မဖြစ်သင့်ဘူးထင်တယ်” လို့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

မြဝတီတိုက်ပွဲအခြေအနေအပါဝင် နေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ချင်းတောင်တန်းပေါ်က နွေဦးတော်လှန်ရေး အခြေအနေ...

- မြဝတီတိုက်ပွဲအပေါ် တော်လှန်ရေးထဲက လူငယ်တွေ ဘယ်လိုရှုမြင်ကြသလဲ...

- KNU, KIA တို့ နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါလာခြင်းကို အပြောင်းအလဲကို မြန်မြန်ဖြစ်လာစေနိုင်သလား...

- တရုတ်နဲ့အာဆီယံက မြဝတီကျခါနီးမှ ငြိမ်းချမ်းရေးစကားပြောလာတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, April 28, 2024

“ဆင်ဘိုက စစ်တပ်စခန်းကို KIA သိမ်းပိုက်... ဆီဆိုင်တိုက်ပွဲမှာ စစ်ကောင်စီ ...


“ဆင်ဘိုက စစ်တပ်စခန်းကို KIA သိမ်းပိုက်... ဆီဆိုင်တိုက်ပွဲမှာ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၉ -၄- ၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ (၁၄၁)ကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက မနေ့က အပြီးသိမ်းပိုက်လိုက်ပြီလို့ လူထုနွေဦးက ဖေါ်ပြပါတယ်။

စစ်ကောင်စီဖက်က စခန်းမကျရေးအောင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ သုံးပြီး ခုခံနေတဲ့ကြားက မနေ့က ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ 

ဆင်ဘိုမြို့က ရဲခစန်းနဲ့ ဌာနဆိုင်ရာတွေကို ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာကတည်းက သိမ်းထားပြီးဖြစ်ပေမယ့် မြို့ပြင်ရှိ ခလရ(၁၄၁) တပ်စခန်းကိုတော့ အခုမှ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင်...

- ဆီဆိုင်မြို့နယ် နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ PNLA သတင်းထုတ်ပြန်...

-  စလင်းမြို့နယ်ကနေ  စေတုတ္တရာမြို့ရှိ  ကပစ (၂၀) ကို အင်အားဖြည့်ဖို့ထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရ...

- ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ပျက်စီး...

- ကရင်နီပြည်တပ်မတော် (KA)၊  အပတ်စဉ် (၇၅) သင်တန်းဆင်းပွဲကို ဧပြီ ၂၇ က ကျင်းပခဲ့ပြီး သင်တန်းသား ၂၂၆ ဦး တက်ရောက်ကာ KA စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ် မိန့်ခွန်းပြော...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စစ်မြေပြင်မှာ မယှဉ်နိုင်လို့ ဘာမှမဆိုင်တဲ့ ဆေးရုံကို တမင် ဗုံးလာကြဲတဲ့သ...


“စစ်မြေပြင်မှာ မယှဉ်နိုင်လို့ ဘာမှမဆိုင်တဲ့ ဆေးရုံကို တမင် ဗုံးလာကြဲတဲ့သဘောဖြစ်တယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ်- မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂၈- ၄- ၂၀၂၄)

“ကျင်ဒွေးတိုက်ပွဲအပါဝင် စစ်မြေပြင်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေကို ရင်ဆိုင်မတိုက်ရဲတဲ့အတွက် သူတို့ကို ဘာမှပြန်မလုပ်နိုင်တဲ့ ဆေးရုံကို တမင်ဗုံးလာကြဲတာဖြစ်တယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ဧပြီ ၂၅ ရက် ဗုံးကြဲမှုအတွင်း လူနာ ၅ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရတဲ့အပြင် ဝမ္မသူး ဆေးရုံ လုံးဝပျက်စီးသွားတဲ့အခြေအနေ၊ အရေးပေါ်ကုသမှုပေးဖို့ အကူအညီလိုအပ်နေတဲ့အခြေအနေအပါဝင် မင်းတပ်ဒေသက စစ်ရေး-နိုင်ငံရေးအခြေအနေနဲပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ဝမ္မသူးဆေးရုံ ဗုံးကြဲခံရမှု နောက်ဆုံးအခြေအနေ...

- ကျင်ဒွေးတိုက်ပွဲအပါဝင် ဒေသတွင်း စစ်ရေးလှုပ်ရှားမှုမှာ စစ်ကောင်စီ ဘယ်လောက်အထိနာနေသလဲ...

- နွေဦးတော်လှန်ရေးကို တူမီးနဲ့စခဲ့တဲ့ မင်းတပ်နဲ့ ချင်းတောင်တန်းပေါ်က တော်လှန်ရေး ၃ နှစ်တာအတွင်း တိုးတက်မှုများ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မြဝတီတိုက်ပွဲအပါဝင် တနိုင်ငံလုံးက ၃ နှစ်တာအတွင်း တိုးတက်မှုတွေအကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More