Friday, December 1, 2023

“မူဆယ်နဲ့ သီပေါမှာ စခန်းသိမ်းတိုက်ပွဲတွေရှိတယ်၊ စခန်း ၃၀၀ နီးပါးသိမ်းထား...


“မူဆယ်နဲ့ သီပေါမှာ စခန်းသိမ်းတိုက်ပွဲတွေရှိတယ်၊ စခန်း ၃၀၀ နီးပါးသိမ်းထားနိုင်ပြီ”

- ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံ (PSLF / TNLA)

(၁ -၁၂- ၂၀၂၃)

“ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်နဲ့ သီပေါမှာ ဒီနေ့ စခန်းသိမ်းတိုက်ပွဲ နှစ်ခုရှိခဲ့ပြီး စစ်ကောင်စီဖက်က အကျအဆုံးများတယ်၊ လက်နက်ကြီး လက်နက်ငယ်တွေသိမ်းမိတယ်၊ ညီနောင် ၃ ဖွဲ့ရဲ့ ၃၅ ရက်တာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းပေါင်း ၃၀၀ နီးပါးကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်” လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး၊ တအာန်းအမျိုးသားတပ်မတော်  (PSLF / TNLA) ရဲ့  ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံက BNN ကိုပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ ထူးခြားတုက်ပွဲအခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေး ၃၆ ရက်တာထူးခြားချက်တွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မူဆယ်၊ သီပေါဖက်က စခန်းသိမ်းတိုက်ပွဲတွေရဲ့ အခြေအနေ...

- MDY-PDF နဲ့ TNLA ကြား ပူးပေါင်းဆောင်ရွက်မှုအနေအထား...

- ၁၀၂၇ စစ်ဆင်ရေး ၃၆ ရက်တာအတွင်း အောင်မြင်မှုများ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, November 30, 2023

“လောက်ကိုင်နဲ့ တာရွှေခမ်းကလွဲရင် အားလုံးသိမ်းမိထားပြီလို့ ပြောနိုင်ပါတယ်”


“လောက်ကိုင်နဲ့ တာရွှေခမ်းကလွဲရင် အားလုံးသိမ်းမိထားပြီလို့ ပြောနိုင်ပါတယ်”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၃၀- ၁၁- ၂၀၂၃)

“မနေ့က ကုန်းကြမ်းမြို့ကို သိမ်းပြီးတဲ့နောက် လောက်ကိုင်နဲ့ တာရွှေခမ်းမြို့ နှစ်ခုပဲ သိမ်းဖို့ကျန်တော့တယ်၊ သိမ်းထားတဲ့မြို့တွေအားလုံးမှာ အုပ်ချုပ်ရေးချပြီး လူထုတွေ ပုံမှန်ပြန်နေနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

ဒီနေ့ စခန်းသိမ်းတိုက်ပွဲအခြေအနေ၊ သိမ်းထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးစနစ်တကျ ဆောင်ရွက်နိုင်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ စခန်းသိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေ...

- မနက်က သိမ်းမိတဲ့ ကုန်းကြမ်းစစ်ဗျုဟာကုန်း ဘယ်လောက်အရေးပါသလဲ...

- သိမ်းမိမြို့တွေမှာ အုပ်ချုပ်ရေး စနစ်တကျဆောင်ရွက်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

( MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက ပြောကြားချက်ဖြစ်ပါတယ်။ 
TNLA ကတော့ နမ့်ခမ်း၊ နောင်ချို၊ မူဆယ်မြို့နယ်တွေမှာ တိုက်ပွဲကြီးတွေဖြစ်ပေမယ့် စခန်းသိမ်းတိုက်ပွဲတော့ ဒီနေ့မရှိဘူးပြောပါတယ်။ နောင်ချိုမြို့နယ် ရေဝင်ကျေးရွာတိုက်ပွဲမှာတော့ MDY-PDF နဲ့ ပူးပေါင်းတိုက်ခဲ့တာလို့ တာဝန်ရှိသူကပြောပါတယ်။

ရခိုင်ဒေသမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ပလက်ဝမြိုနယ်ရှိ နှုးဘူးဗျုဟာနှင့် တရွန်အိုင်ဗျုဟာကုန်းတွေကို သိမ်းပိုက်နိုင်ရေး AA က အပြင်းထန်တိုက်ခိုက်နေတယ်ပြောပါတယ်။ ဒ့ါအပြင် ပေါက်တောမှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက် ကြည်း၊ ရေ၊ လေ သုံးမျိုးတွဲ တိုက်ခိုက်နေတယ်။ လူထုတွေ ပိတ်မိတာ၊ လူသားဒိုင်းအဖြစ် စစ်ကောင်စီက အသုံးပြုတာရှိနေတယ်လို့ ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, November 29, 2023

“ဒေသအလိုက် လွတ်မြောက်ရေးတိုက်ပွဲတွေကနေ နေပြည်တော်သို့ ချီတက်ရေး ဖြစ်လာနိ...


“ဒေသအလိုက် လွတ်မြောက်ရေးတိုက်ပွဲတွေကနေ နေပြည်တော်သို့ ချီတက်ရေး ဖြစ်လာနိုင်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၀- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေး တလပြည့်နေ့မှာ ရှေ့တဆင့်မြှင့်ပြီး Nationwide Operation အဆင့်ကိုသွားမယ်ဆိုပေမယ့် လက်တွေ့အခြေအနေမှာတော့ ကိုယ့်ဒေသကိုယ် လွတ်မြောက်အောင် အရင်ဆုံးတိုက်ပွဲဝင်ရမှာဖြစ်တယ်။ ဒေသအလိုက်လွတ်မြောက်ရေးတိုက်ပွဲတွေကို ကျော်ဖြတ်ပြီးမှသာ စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတာ ဖြစ်လာနိုင်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလပြည့်နောက်ပိုင်း Nationwide Operation ဖြစ်လာနိုင်ခြေရှိ မရှိနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အမေရိကန်ဆန့်ကျင်ရေးကနေ တရုတ်ဆန့်ကျင်ရေးဖြစ်သွားတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်က လက်ရှိစစ်ပွဲအပေါ် ဘယ်လိုရိုက်ခတ်နိုင်သလဲ...

- Nationwide Operation အဆင့်ကိုတက်ဖို့ ဘာတွေလိုအပ်နေသေးလဲ...

- မြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိတာမျိုးမဖြစ်အောင် လူထုတွေက ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီဘက်က တပ်ရင်းအလိုက်လက်နက်ချတယ်၊ ကုန်းကြမ်းဒေသတခုလုံးကို သိမ်းပ...


“စစ်ကောင်စီဘက်က တပ်ရင်းအလိုက်လက်နက်ချတယ်၊ ကုန်းကြမ်းဒေသတခုလုံးကို သိမ်းပိုက်လိုက်တယ်”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၉ -၁၁- ၂၀၂၃)

“စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချတယ်ဆိုတာ မှန်တယ်။ အဲဒီနောက် စိုးမိုးတောင်ကုန်းကို သိမ်းတယ်၊ ကုန်းကြမ်းမြို့နဲ့ ရှင်းဝမ်ဒေသတခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်” လို့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်
(MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချတာ၊ ဒီနေ့ စခန်းသိမ်းတိုက်ပွဲထူးခြားတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော်
မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချတာ ဘယ်နှစ်ရင်းရှိနေပြီလဲ...

- လက်နက်ချချင်သူ၊ ပြည်သူနဲ့ပူးပေါင်းချင်သူ တပ်မတော်သားတွေ၊ ရဲတွေအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်သလဲ...

- ကုန်းကြမ်းမြို့ကို သိမ်းပြီဆိုတော့ ကိုးကန့်ဒေသမှာ လောက်ကိုင်တမြို့ပဲ သိမ်းဖို့ကျန်တော့တာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ချင်းတောင်တန်းပေါ်မှာလည်း ဒီနေ့ မတူပီမြို့နယ်ထဲက ရေဇွာမြိုံကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။ မနက်ဖန် ဆက်လက်တင်ပြပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, November 28, 2023

“စစ်ကောင်စီတပ်က ခုခံစစ်အနေအထားကိုရောက်သွားပြီး တော်လှန်ရေးတပ်တွေက အပြန်အ...


“စစ်ကောင်စီတပ်က ခုခံစစ်အနေအထားကိုရောက်သွားပြီး တော်လှန်ရေးတပ်တွေက အပြန်အလှန်ထိုးစစ်ဆင်နေတဲ့ အဆင့်ကိုရောက်နေပြီ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၉ - ၁၁ -၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေး တလကြာပြီးတဲ့အချိန်မှာ စစ်ကောင်စီတပ်အခြေအနေက ခုခံစစ်အနေအထားကိုရောက်သွားပြီး တော်လှန်ရေးတပ်တွေက အပြန်အလှန်ထိုးစစ်ဆင်နေတဲ့ အဆင့်ကိုရောက်နေပြီ” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလပြည့်အခြေအနေအပေါ် သုံးသပ်ချက်ပေးဖို့ ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်ကောင်စီတပ် လက်ရှိအခြေအနေကို ဒုက္ခိတ ပျားတုတ်ခံရတဲ့အခြေအနေလို့ ဘာကြောင့်ပြောတာလဲ...

- စကစ ဥက္ကဌပြောထားတဲ့အတိုင်း အရှေ့မြောက်ဒေသဆီ တန်ပြန်ထိုးစစ်လုပ်ရေး ဖြစ်နိုင်ခြေရှိသေးရဲ့လား...

- စစ်ကောင်စီက ခံစစ်၊ တော်လှန်ရေးတပ်တွေက ထိုးစစ်ဖြစ်သွားပြီဆိုတာ ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တနိင်ငံလုံး ဟန်ချက်ညီတိုက်နိုင်ဖို့ ဘာတွေလိုအပ်နေသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“လောက်ကိုင်မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နေတာ ၅- သောင်းလောက်ရှိနေပါပြီ”


“လောက်ကိုင်မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နေတာ ၅- သောင်းလောက်ရှိနေပါပြီ”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၈- ၁၁- ၂၀၂၃)

“ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို တိုက်ပွဲစဖြစ်ချိန်ကတည်းက ကယ်ထုတ်နေတယ်။ အထူးသဖြင့် အခုလ ၂၅ ရက်နေ့ကနေ အရှိန်မြှင့် လုပ်ဆောင်ပေးတဲ့အတွက် အခုဆိုရင် လူ ၅ သောင်းလောက် ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်။ အရပ်သားကယ်ထုတ်ရေးကို အလေးထားဆောင်ရွက်နေပါတယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလပြည့်ချိန်ှမှာ လောက်ကိုင်အပါဝင် မြို့ကြီး-ရွာကြီးတွေမှာ သိန်းနဲ့ချီ ပိတ်မိနေတဲ့ အရပ်သားတွေ လုံခြုံရေးကိစ္စကို တော်လှန်ရေးတပ်တွေက ဘယ်လိုဆောင်ရွက်ပေးနေသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ရင်းမှူးတဦး ထပ်ကျဆုံးတဲ့အကြောင်း...

- စစ်ကောင်စီဖက်က အထိနာတိုင်း အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်လေ့ရှိသလား...

- လောက်ကိုင်အပါဝင် မြို့ကြီး၊ ရွာကြီးတွေမှာ ပိတ်မိနေတဲ့ အရပ်သားတွေလုံခြုံရေးအတွက် တော်လှန်ရေးတပ်တွေက ဘာတွေဆောင်ရွက်ပေးနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More