Thursday, May 12, 2016

Giro d'Italia ပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပမယ်ဆိုပါလား...။

Giro d'Italia ပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပမယ်ဆိုပါလား...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲကနေ ဒီနေထွက် လာတဲ့ထူးခြားသတင်းတပုဒ်ကတော့ ၂၀၁၈ Giro d'Italia ပွဲကို ဂျပန်နိုင်ငံမှာ စတင်ကျင်းမယ်ဆိုတဲ့သတင်းပါ။

Grand Tour (၂၁ ရက်တာပွဲ ၃ ပွဲ) တွေကို အိမ်နီးချင်း ဥရောပနိုင်ငံတွေကို ဖြတ်ပြီးစီးလေ့ရှိတာမြင်ဖူးပေမဲ့ သမုဒ္ဒရာကိုဖြတ်ပြီး ဟိုး...အာရှအရှေ့ဖျားက ဂျပန်မှာစတင်ပြီး အီတလီမှာပန်းဝင်မယ်ဆိုတာကတော့ အတော်ထူးခြားတဲ့ သတင်းပါ။
အီတလီသတင်းစာ La Stampa မှာပါတဲ့ဆောင်းပါးကို ကိုးကားပြီး Cycliingnews မှာ အခုလိုဖေါ်ပြထားတာဖြစ်ပါတယ်။ ဒီနှစ်ပွဲကို နယ်သာလန် ကနေစတင်တာလွှတ်သလိုမျိုး ၂၀၁၈ ကျရင်လည်း ဂျပန်မှာ ပထမ ၄ ရက်ပွဲ တွေကိုကျင်းမှာဖြစ်ကြောင်း၊ အဲဒီ ၄ ရက်ပွဲစဉ်ထဲမှာ ဂျပန်ရဲ့အမြင့်ဆုံးတောင် Mount Fuji –( 3,776 metres) တက်တဲပွဲစဉ်ပါ စီစဉ်ထားတယ်လို့ဆိုပါ တယ်။
journalist Giorgio Viberti ရဲ့အပြောတိုင်းဆိုရင် Giro d’Italia ရဲ့ race director Mauro Vegni ဟာ ဂျပန်နိုင်ငံဆီသွားရောက်ဆွေးနွေးခဲ့ပြီး အပြီး သတ်သဘောတူညီမှုကို အခုကျင်းပနေတဲ့ပွဲစဉ်ကို လာကြည့်တဲ့ ဂျပန်တာ ၀န်ရှိသူတွေနဲ့ လက်မှတ်ထိုးဘွယ်ရှိတယ်လို့ သိရပါတယ်။ 

ဂျပန်နိုင်ငံဟာ ပရိုဖက်ရှင်နယ်စက်ဘီးပွဲကို အတော်စိတ်ဝင်စားတဲ့နိုင်ငံဖြစ်ပြီး Giro d’Italia ပွဲကို TV ကနေ လိုက်ဖ် ပြပေးနေပါတယ်။ La Stampa သတင်း စာရဲ့တွက်ချက်မှုအရဆိုရင် ဂျပန်မှာ ၄ ရက်တာပွဲကျင်းပရေးအတွက် 35 million Euro ကုန်ကျမယ်လို့မှန်းပါတယ်။ ဒီအတွက် ကြောငြာကုပဏီတွေ ရှိနေပြီလို့ယူဆရပါတယ်။
2012 တုန်းက အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့ကနေ Giro d’Italia ပွဲ ကိုစတင်ဖို့ကြိုးစားခဲ့ဖူးပေမဲ့ ရွေးကောက်ပွဲနဲ့တိုက်နေလို့ အစီစဉ်အထ မမြောက်ခဲ့ပါဘူး။ ဒါကြောင့် အခုဂျပန်ပွဲသာဖြစ်လာမယ်ဆိုရင် ဒါဟာ ဥရောပပြင်ပနိုင်ငံတခုမှာ ပထမ ဆုံးအကြိကျင်းပခြင်းဖြစ်လာပါလိမ့်မယ်။
ဒါပေမဲ့ ဒီလောက်အဝေးကြီးကို ခရီးသွားပြီးစီးဖို့ စက်ဘီးသမားတွေက သ ဘောတူရဲ့လား၊ UCI ကကော Giro d'Italia အဲလိုလုပ်မှာကို ခွင့်ပြုချက်ပေး ရဲ့လားဆိုတာကတော့ မသေချာသေးပါဘူး။ ဘာဖြစ်ဖြစ် globalisation ခေတ် မှာ professional cycling ရဲ့ ပထမ ဆုံး Grand Tour ပွဲတခုကို အာရှမှာ 2018 ဖြစ်လာမယ်ဆိုရင် ကြိုဆိုသင့်တယ်မဟုတ်ပါလား။ ။

Giro d'Italia ပွဲ ပထမ သီတင်းပတ် စာစုများ...။

Giro d'Italia ပွဲ ပထမနေ့ Dumoulin အနိုင်ရ...။
...
၂၁ ရက်တာ မဟာပြိုင်ပွဲ Grand Tour တခုဖြစ်တဲ့ Giro d'Italia ပွဲ (နယ်သာ လန်နဲ့ အီတလီမှာ) ပထမ နေ့ ITT တဦးချင်းစံချိန်ပြု (Apeldoorn - Apeldoorn) 9.8 km ပွဲမှာ နယ်သာလန် မှ စံချိန်ပြုဆရာကြီး Tom Dumoulin (Ned) Giant-Alpecin က 0:11:03 မီနစ်နဲ့ ပထမ ရသွားပါတယ်။

Primoz Roglic (Slo) LottoNL-Jumbo က တစက္ကန်ရဲ့ တ၀က်လောက် နောက်ကျပြီး ဒုတိယနဲ့ Andrey Amador (CRc) Movistar Team က 0:00:06 စက္ကန့်နောက်ကျနဲ့ တတိယ ရပါတယ်။
ပွဲမစခင်က နာမည်ကြီးနေသူ၊ တွန် ကိုယ်တိုင်က ပထမ ရနိုင်တယ်လို့ပြော ထားသူ ကာစီးလာလားကတော့ မနေ့က ၀မ်းကိုက်ရောဂါခံစားလိုက်ရတဲ့ အတွက် မှန်းထားသလောက် စံချိန်မကောင်းခဲ့ပဲ နံပတ် ၈ ဖြစ်သွားပါတယ်။
ဒီနေ့ ၁-၁၀ ရသူစာရင်းကတော့ ..
# Rider Name (Country) Team Result
1 Tom Dumoulin (Ned) Giant-Alpecin 0:11:03
2 Primoz Roglic (Slo) LottoNL-Jumbo
3 Andrey Amador (CRc) Movistar Team 0:00:06
4 Tobias Ludvigsson (Swe) Giant-Alpecin 0:00:08
5 Marcel Kittel (Ger) Etixx-QuickStep 0:00:11
6 Moreno Moser (Ita) Cannondale 0:00:12
7 Bob Jungels (Lux) Etixx-QuickStep 0:00:13
8 Fabian Cancellara (Swi) Trek-Segafredo 0:00:14
9 Matthias Brändle (Aut) IAM Cycling
10 Silvan Dillier (Swi) BMC Racing Team 0:00:16 ဖြစ်ပါတယ်။
...
GC ဆရာတွေရဲ့ အလားအလာ။
...

GC ဆရာကြီးတွေဖြစ်တဲ့ Vincenzo Nibali (Ita) Astana Pro Team က 0:00:19 စက္ကန့်နောက်ကျ။ Alejandro Valverde Belmonte (Spa) Movistar Team က :24 စက္ကန့်နောက်ကျ။ Mikel Landa Meana (Spa) Team Sky က ၄၀ စက္ကန့်နောက်ကျတဲ့ အနေအထားရှိနေပါတယ်။ တခြား GC ဆရာတွေဖြစ်တဲ့ Esteban Chaves (Orica-GreenEdge) က 30 seconds နောက်ကျ၊ Rigoberto Uran (Cannondale) က 33 seconds နောက်ကျခဲ့ပါတယ်။
ထူးတာကတော့ ဒီနှစ် Giro d'Italia မှာ ITT တဥိးချင်းစံချိန်ပြုပွဲချည်း ၃ ပွဲ (တပတ် တခါ) ပါနေခြင်းပါ။ အဓိပါယ်က ITT မှာခြေမကောင်းရင် GC အတွက်ပါ ထိခိုက်လာနိုင်တဲ့သဘော ရှိနေပါတယ်။ အထူးသဖြင့် နီဘာလီပြီးရင် ဒုတိယရေပန်းအစားဆုံးဖြစ်သူ လင်ဒါဟာ ၄၀ စက္ကန့်တောင်နောက်ကျတာမို့ သချာင်္နည်းအရတွက်ရင် ပြသာနာရှိနိုင်ပါတယ်။ တပွဲမှာ စက္ကန့် ၄၀ ဆို ၃ ပွဲမှာ ၂ မီနစ်နောက်ကျနေပြီးသားဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။
လက်ရှိပန်းရောင်အကျီရထားသူ တွန် ကတော့ သူဟာ မြေပြန့်ပဲကောင်းပြီး မဟာ တောင်တက်ပွဲတွေမှာ မရနိုင်ဘူးလို့ ၀န်ခံထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့နှစ် သြဂုတ်လအတွင်းက ကျင်းပခဲ့တဲ့ စပိန် Grand Tour ၂၁ ရက်တာပွဲ Vuelta a Espana မှာ အနီရောင်အကျီရခါ နီးအထိဖြစ်ခဲ့တာကို မေ့ထားလို့မရပါ။
ဘာဖြစ်ဖြစ် လောလောဆယ်သေချာတာတခုကတော့ မနက်ဖြန်၊ သဖက်ခါ နယ်သာလန် နယ်အတွင်း ကျန်နေတဲ့ ၂ ရက်စလုံးဟာ မြေပြန့်ပွဲတွေဖြစ်နေတာကြောင့် ပန်းရောင်အကျီကို နယ်သာလန်သား တွန်က အနည်းဆုံး ၂ ရက် ဆက်ထိမ်းထားဦးမယ်ဆိုတဲ့သဘောဖြစ်ပါ တယ်။
...
မနက်ဖြန်မှာတော့ Arnhem ကနေ Nijmegen အထိ (မြို့ပတ် အပါဝင်) 190 km ကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ။
.....

Giro d'Italia ပွဲ ဒုတိယနေ့ Kittel အနိုင်ရ...။
...
၂၁ ရက်တာ မဟာပြိုင်ပွဲ Grand Tour တခုဖြစ်တဲ့ Giro d'Italia ပွဲ (နယ်သာ လန်နဲ့ အီတလီမှာ) ဒုတိယနေ့ (Arnhem ကနေ Nijmegen အထိ (မြို့ပတ် အပါဝင်) 190 km ပြိုင်ပွဲမှာ ဂျာမဏီမှ နာမည်ကြီးတာတိုဘုရင် Marcel Kittel (Ger) Etixx - Quick-Step က ပန်းအ၀င်မှာ စပရင့်တင်ပြီး 4:38:31 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Arnaud Demare (Fra) FDJ နဲ့ Sacha Modolo (Ita) Lampre - Merida တို့က ကပ်လျက်ပန်းဝင်ပြီး ဒု-တ ရသွားပါတယ်။
Kittel ဟာ မနေ့က ၁၁ စက္ကန့်နောက်ကျနဲ့ နံပတ် ၅ နေရာမှာရှိနေသူဖြစ်ပါ တယ်။ အခု ပထမ ရတဲ့အတွက် a 10-second time bonus ၁၀ စက္ကန့်အပို ဆု ထပ်ရတာကြောင့် ပန်းရောင်အကျီကိုပါရသွားပြီလားလို့ ထင်လိုက်မိပါ တယ်။
ဒါပေမဲ့ လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Dumoulin ကလည်း သူနဲ့အတူ ပထမ အုပ်ထဲမှာပန်းဝင်လာတာကြောင့် ၁ စက္ကန့်အလိုနဲ့ Dumoulin ကပဲ ပန်းရောင် အကျီကို ဆက်ထိမ်းထားဆဲဖြစ်ပါတယ်။
မနက်ဖြန်မှာလည်း Kittel ပဲ ပထမ ထပ်ရရင်တော့ နယ်သာလန်မြေက မထွက်ခင်မှာတောင် Dumoulin ဟာ ပန်းရောင်ကိုစွန့်လိုက်ရနိုင်ပါတယ်။ ဒါပေမဲ့ စပရင်တာတဦးတည်းက နှစ်ရက်ဆက်တိုက်ရဖို့တော့ သိပ်မလွယ် ပါဘူး။ ဒါကြောင့် နယ်သာလန်မြေထဲက ၃ ရက်စလုံးမှာ နယ်သာလန်သား Dumoulin ကပဲ ပန်းရောင်ကို ထိမ်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
.....
အစောပိုင်း ပွဲအခြေအနေကိုပြောရမယ်ဆိုရင် ၃ ပါ Breakaway တဖွဲ့တခုဟာ တာထွက်ပြီးသိပ်မကြာခင်မှာကတည်းက ထွက်ပြေးလွတ်မြောက်သွားပါ တယ်။ ဒီအဖွဲ့ဟာ တဖြေးဖြေးနဲ့အရှိန်တင်သွားလိုက်တာ ပန်းဝင်ဖို့ ကီလို ၁၀၀ အလိုမှာ ၁၀ မီနစ်အထိ Gap ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်း တောင်ကုန်ငယ်လေးတွေ စတက်ရာကနေ အရှိန်ကျ လာခဲ့ပြီး၊ တနည်းအားဖြင့် Peloton က အရှိန်တင်လိုက်လာတဲ့အတွက် ပန်း ၀င်ဖို့ ကီလို ၃၀ ခန့်အလိုမှာ ၂ မီနစ်ခွဲသာကျန်ပါတော့တယ်။
နယ်သာလန်သာ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်တဲ့နိုင်ငံဖြစ်တာကြောင့် တောင်မရှိပါဘူး။ ဒါပေမဲ့ လေပြင်းတိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ လေ မ တိုက်တဲ့အတွက် စက်ဘီးသမားတွေ စိတ်သက်သာရာရခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုနဲ့နောက်ဆုံးပန်းဝင်ဖို့ ၁၀ ကီလိုဝန်းကျင်အလိုမှာ အားလုံးကိုဖမ်းမိသွား ပြီး စပရင်တာအသင်းတွေက ထိပ်ဆုံးမှာနေရာရအောင်ကြိုးစားပါတယ်။ ပန်း အ၀င်မှာ တွက်ထားတဲ့အတိုင်း ကွက်တိဖြစ်တာကြောင့် Kittel အခုလို ရသွား တာဖြစ်ပါတယ်။
...
နာနည်ကြီးတွေအားလုံး ပထမ အုပ်စုနဲ့အတူ တပြိုင်တည်းပန်းဝင်လာတာ ကြောင့် GC အပြောင်းအလဲမရှိသေးပါဘူး။ မနက်ဖြန်လည်းပြောင်းဖို့ မလွယ် သေးပါဘူး။ သဖက်ခါနားရက်အပြီး အီတလီကိုပြန်အ၀င် ၅ ရက်မြောက်ပွဲ တွေ၊ ၆ ရက်မြောက်ပွဲတွေရှိ တောင်တက်ပြိုင်ပွဲရောက်မှ GC အပြောင်းအလဲ ဖြစ်လာမယ်လို့ ယူဆရပါတယ်။
General classification after stage 2
# Rider Name (Country) Team Result
1 Tom Dumoulin (Ned) Team Giant-Alpecin 4:49:34 
2 Primoz Roglic (Slo) Team LottoNl-Jumbo 
3 Marcel Kittel (Ger) Etixx - Quick-Step 0:00:01 
4 Andrey Amador (CRc) Movistar Team 0:00:06 
5 Tobias Ludvigsson (Swe) Team Giant-Alpecin 0:00:08 
6 Moreno Moser (Ita) Cannondale Pro Cycling 0:00:12 
7 Bob Jungels (Lux) Etixx - Quick-Step 0:00:13 
8 Matthias Brandle (Aut) IAM Cycling 0:00:14 
9 Silvan Dillier (Swi) BMC Racing Team 0:00:16 
10 Roger Kluge (Ger) IAM Cycling 
11 Chad Haga (USA) Team Giant-Alpecin 
12 Georg Preidler (Aut) Team Giant-Alpecin 0:00:17 
13 Martijn Keizer (Ned) Team LottoNl-Jumbo 
14 Manuele Boaro (Ita) Tinkoff Team 0:00:18 
15 Vincenzo Nibali (Ita) Astana Pro Team 0:00:19
မနက်ဖြန်မှာတော့ နယ်သာလန်မြေ နောက်ဆုံးပွဲအဖြစ် Nijmegen - ကနေ Arnhem အထိ 190 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
.....

Giro d'Italia ပွဲ တတိယနေ့ Kittel ဆက်တိုက်အနိုင်ရ...။
...
၂၁ ရက်တာ မဟာပြိုင်ပွဲ Grand Tour တခုဖြစ်တဲ့ Giro d'Italia ပွဲ (နယ်သာ လန်နဲ့ အီတလီမှာ) တတိယနေ့ (နယ်သာလန်မြေ နောက်ဆုံးပွဲအဖြစ် Nijmegen - ကနေ Arnhem အထိ) 190 km ပြိုင်ပွဲမှာMarcel Kittel (Ger) Etixx - Quick-Step က 4:23:45 နာရီနဲ့ ပထမ ရသွားပါတယ်။

Elia Viviani (Ita) Team Sky နဲ့ Giacomo Nizzolo (Ita) Trek-Segafredo တို့က နဲနဲစီနောက်ကျပြီး ဒု-တ ရသွားပါတယ်။ ဒါဟာ Kittel နှစ်ရက်ဆက် တိုက်အနိုင်ရတာမို့ နောက်ထပ် ၁၀ စက္ကန့်အပိုဆုရပြီး ပန်းရောင်အကျီကိုပါ သိမ်းပိုက်သွားပြီဖြစ်ပါတယ်။
Kittel နှစ်ရက်ဆက်တိုက်ရဖို့မလွယ်ဘူးဆိုပြီး မနေ့က စာရေးသူ ဟောကိန်း ထုတ်ခဲ့တာ လွဲသွားပါတယ်။
...
ရှေ့ပိုင်းအခြေအနေကိုပြောရမယ်ဆိုရင်တော့ မနေ့ကပွဲလိုပါပဲ၊ တာလွတ်တာနဲ့ ၄ ဦးပါအဖွဲ့တခု Breakaway အဖြစ်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဘယ်လောက်အထိလွတ်သွားသလဲဆိုရင် ပန်းဝင်ဖို့ ၁၄၀ ကီလိုအလိုမှာ ၈ မီနစ်အထိ Peloton ကိုဖြတ်ထားနိုင်လိုက်ပါတယ်။
နောက်ပိုင်းမှာ Peloton ကအရှိန်တင်လိုက်ပေမဲ့ ရှေ့ပြေး ၄ ဦးက ဟန်ချက်ညီ စီးနိုင်တဲ့အတွက် Gap က တော်ရုံနဲ့ကျမသွားပါဘူး။ ပန်းဝင်ဖို့ ကီလို ၃၀ လောက်လိုတဲ့အထိ ၄ မီနစ်ခန့်ပြတ်နေဆဲပါ။ အဲဒီအချိန်မှာ Peloton အတွင်း လဲပြိုမှု ၃ ကြိမ်လောက်ဖြစ်ပြီး မျက်နှာနဲ့လမ်း ဆောင့်မိသူတဦး ဆေးရုံကား ပေါ် တခါတည်းလိုက်သွားရပါတယ်။
ပန်းဝင်ဖို့ ၁၂ ကီလိုအလိုမှာတော့ ၄ ဦးထဲက တောင်အာဖရိကသား အရပ် ရှည်စက်ဘီးသမား Johann Van Zyl (Dimension Data) က တကိုယ်တော် ထွက်ပြေးပါတယ်။ တခြား ၃ ဦး ရုတ်တရက်ကြောင်ပြီး မလိုက်နိုင်ပဲ ပြတ် ကျန်ခဲ့ပါတယ်။
စက္ကန့် ၃၀ ကျော်ပဲကျန်ရာကနေ သူတကို်ယ်တော်ထွက်ပြေးပြီးနောက် တမီ နစ်ကျော်အထိ Gap ပြန်ဖြစ်သွားတဲ့အတွက် ဒီလူကို Peloton က ဖမ်းမိပါဦး မလားလို့တောင် ထင်မိပါတယ်။ ဒါပေမဲ့ Kittel တို့အသင်းက နောက်ဆုံး ၅ ကီလိုမှာ အသားကုန်အရှိန်တင်လိုက်တဲ့အတွက် ပန်းဝင်ဖို့ ၁ ကီလိုအလို လောက်မှာ Van Zyl ကိုဖမ်းမိသွားပါတယ်။
ဒီနေ့ရာသီဥတုအခြေအနေက ၂၆ ဒီဂရိအထိရှိပြီး နေအတော်သာပါတယ်။ ဒါပေမဲ့ မနေ့ကလို လေငြိမ်မနေပဲ လေတိုက်နှုန်းအတော်ပြင်းတယ်လို့ စက်ဘီး သမားတွေကပြောပါတယ်။
...
နယ်သာလန်မြေကမထွက်ခင် ၃ ရက်တာပွဲအတွင်း GC အပြောင်းအလဲ မဖြစ် နိုင်သေးဘူးလို့ မနေ့ကဟောကိန်းထုတ်ခဲ့တာလွဲသွားပါတယ်။ Kittel က နှစ် ရက်ဆက်တိုက်အနိုင်ရတာကြောင့် အပိုဆု စက္ကန့် ၂၀ ရပြီး ထိပ်ဆုံးကိုရောက် သွားပါတယ်။
ဒါကြောင့် မနေ့ကအထိ ပန်းရောင်အကျီကိုထိမ်းထားသူ အိမ်ရှင်နိုင်ငံသား Dumoulin ဒီနေ့ ပန်းရောင်အကျီကိုစွန့်ပြီး ကာတဲဆီပေးလိုက်ရပါတယ်။ ၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...

General classification after stage 3
# Rider Name (Country) Team Result
1 Marcel Kittel (Ger) Etixx - Quick-Step 9:13:10 
2 Tom Dumoulin (Ned) Team Giant-Alpecin 0:00:09 
3 Andrey Amador (CRc) Movistar Team 0:00:15 
4 Tobias Ludvigsson (Swe) Team Giant-Alpecin 0:00:17 
5 Moreno Moser (Ita) Cannondale Pro Cycling 0:00:21 
6 Bob Jungels (Lux) Etixx - Quick-Step 0:00:22 
7 Matthias Brandle (Aut) IAM Cycling 0:00:23 
8 Roger Kluge (Ger) IAM Cycling 0:00:25 
9 Chad Haga (USA) Team Giant-Alpecin 
10 Georg Preidler (Aut) Team Giant-Alpecin 0:00:26 
11 Vincenzo Nibali (Ita) Astana Pro Team 0:00:28 တို့ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ပထမ သတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။ အဲဒီနား ရက်မှာ နယ်သာလန်ကနေ အီတလီမြေဆီ လေယဉ်နဲ့ပြန်ဝင်ကြမှာဖြစ်ပါ တယ်။ အင်္ဂါနေ့ မေလ ၁၀ ရက်မှာတော့ Catanzaro ကနေ Praia a Mare အထိ 200 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ပေ ၁၀၀၀ စီလောက် မြင့်တဲ့တောင်နှစ်လုံးမှအပ ကျန်တာအားလုံး မြေပြန့်ဖြစ်တဲ့အတွက် တာတို ဘုရင်တွေ၊ အထူးသဖြင့် လက်ရှိပန်းရောင်ရထားသူ Kittel ပဲ ထပ်ရမလား။ Dumoulin ကပဲ ပြန်လုယူနိုင်မလား၊ GC သမားတွေပဲ ခြေစွမ်းပြလေမလား။ စိတ်ဝင်တစားစောင့်ကြည့်ရဥိးမှာဖြစ်ပါတယ်။ ။

Breakaway အဖြစ်ပြေးမလား၊ Peloton ထဲမှာပုန်းပြီး လေခိုစီးမလား...။

Breakaway အဖြစ်ပြေးမလား၊ Peloton ထဲမှာပုန်းပြီး လေခိုစီးမလား...။
...
၂၁ ရက်တာ Grand Tour အဖြစ် အီတလီမှာကျင်းပနေတဲ့ Giro d'Italia ပွဲ ထဲက လမ်းမပေါ်ပြိုင်ပွဲ Road bicycle race တွေကိုကြည့်ရင်း Breakaway နဲ့ Peloton အကြောင်းစဉ်းစားမိပါတယ်။

Peloton ဆိုတဲ့စကားရဲ့မူလပိုင်ရှင်ဟာ ပြင်သစ်ဖြစ်ပြီး မူလသတ်ပုံက platoon ဖြစ်တယ်လို့သိရပါတယ်။ အဓိပါယ်ကတော့ လမ်းမပေါ်ပြိုင်ပွဲအတွင်းက စက် ဘီးသမားအုပ်စုကြီးလို့ မြန်မာမှုပြုနိုင်မယ်ထင်ပါတယ်။ Peloton အတွင်းနေပြီး ရှေ့ကလူရဲ့နောက်မှာ လေခိုစီးခြင်းအားဖြင့် စွမ်းအင်ကို ၄၀ % အထိ ချွေတာ နိုင်တယ်လို့ဆိုပါတယ်။
ငှက်တွေအုပ်စုလိုက်ပျံတာကိုလည်း Peloton အဖြစ်သုံးကြပါတယ်။ စက်ဘီးသမားအုပ်စုနဲ့ ငှက်အုပ်စုတွေကို အသေချာယှဉ်ကြည့်ပါ။ ငှက်တွေအုပ်စုလိုက်ပျံသန်းပုံနဲ့ စက်ဘီးသမားတွေ အုပ်စုလိုက်စီးနင်းပုံ အတော်လေးတူနေတာ သတိထားမိပါလိမ့်မယ်။
ထားတော့။ စက်ဘီးသမားတွေကို ငှက်နဲ့နှိုင်းနေတယ်ဆိုပြီး အပြောခံနေရပါဦးမယ်။ အနှစ်ချုပ်ကတော့ Peloton ထဲမှာနေရင် လေခိုပြီး စွမ်းအင်ချွေတာလို့ရတယ်။ ကိုယ့် အသင်းဖေါ်တွေပါရင် ပိုတောင်လုံလုံခြံခြုံ ခိုလို့ရပါတယ်။ အဲဒီလို တချိန်လုံးလေခိုလိုက်ပြီး ပန်းဝင်ဖို့ မီတာ ၁၀၀ လောက်အလိုကျမှ အသားကုန် Sprint တင်ပြီး ပထမ ယူသွားတဲ့ တာတိုဘုရင်တွေကို စာဖတ်သူ တွေ့ဖူးပါလိမ့်မယ်။
...

လောလောဆယ် ဥပမာပေးရမယ်ဆိုရင် Giro d'Italia ပွဲ ဒုတိယနဲ့ တတိယ နေ့တွေမှာ ပထမ ယူသွားတဲ့ Marcel Kittel (Ger) Etixx - Quick-Step ဟာ အကောင်းဆုံး ဥပမာပဲပေါ့။ ဒါပေမဲ့ လေခိုစီးတာ Kittel တယောက်တည်း မဟုတ်။ Breakaway ထွက်ပြေးတဲ့ ၃-၄ ဦးကလွဲရင် ကျန်စက်ဘီးသမား ၁၈၀ ကျော်စလုံး သူလိုပဲ Peloton ထဲမှာ လေခိုစီးနေ တာပဲမဟုတ်လား။ သူတို့ကျ ဘာလို့ ပထမ မရနိုင်တာလဲဆိုပြီး မေးစရာရှိပါတယ်။
လူတိုင်းတော့ ပထမ ဘယ်ရပ့ါမလဲ။ ပထမ ရနိုင်အောင်ကျင့်ထားသူမှ ပထမ ရနိုင်တဲ့ အလားအလာရှိမှာပေါ့။ တဦးတည်းကောင်းနေရုံနဲ့လည်း မရသေး။ ကိုယ့်အသင်းဖေါ်တွေက ကိုယ့်ကိုကူပြီး ပန်းမ၀င်ခင် ၃ ကီလိုလောက်အလိုမှာ ကတည်းက ပြေးလမ်းမှန်ပေါ် တင်ပေးထားဖို့လိုပါတယ်။ ပန်းဝင်ဖို့ မီတာ ၁၀၀ လောက်အလိုအထိ အသင်းဖေါ် ၃ ဦးလောက်က ရှေ့ကနေဦးဆောင်ပြီး ဆွဲခေါ် ပေးဖို့လိုပါတယ်။ အဲဒီလို အသင်းဖေါ်တွေ ရဲ့အကူအညီကိုမရဘူးဆိုရင် လူ ၁၈၀ လောက်တပြိုင်တည်း တိုးဝင်ရတဲ့အပေါက်ထဲမှာ ပထမ ရဖို့ဆိုတာ မဖြစ်နိုင်ပါ။
ဒါက Peloton ထဲမှာလေခိုစီးခြင်းရဲ့ အားသာချက်ဆိုပါတော့။ ဒါဖြင့် အားနည်း ချက်ကကော ရှိသေးလားဆိုပြီးမေးခွန်းထုတ်နိုင်ပါတယ်။ ရှိတယ်လို့ဆိုချင်ပါ တယ်။ အဲဒါက ဘာလဲဆိုရင် Breakaway အဖြစ် ထွက်ပြေးသွားသူတွေကို ဘယ်လောက်အထိလွှတ်ပေးမလဲ။ ဘယ်အချိန်မှာ မိအောင်ပြန်ဖမ်းမလဲဆို တာကို Peloton ကိုဦးဆောင်နေတဲ့အသင်းက အတိအကျ တွက်တတ်ဖို့လို ပါတယ်။
ခြေအားရှိတဲ့အသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ တသင်းတလှည့်စီ ဦးဆောင်စီးနင်းပေးဖို့လိုပါတယ်။ နို့မို့ရင် အချင်းချင်း တွက်ကပ်ရင်းနဲ့ Breakaway ကို သတ်မှတ်ချိန်မှာမိအောင် မဖမ်းနိုင်ပဲ ပန်းဝင်တဲ့အထိ လွှတ် ပေးလိုက်ရတာ မျိုးဖြစ်တတ်ပါတယ်။
ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၂ ရက်တာ Giro d'Italia ပွဲကိုပြန်ကြည့်ပါ။ ကီလို ၁၉၀ ကျော်ရှိ ၂ ရက်စလုံးမှာ ၃-၄ ဦးပါ Breakaway အဖွဲ့တွေ တာထွက်စကတည်း ကနေထွက်ပြေးသွားတာ ၈ မီနစ်၊ ၁၀ မီနစ်ပြတ်တဲ့အထိပါပဲ။ ၁၀ မီနစ်ဆိုတာ နည်းတဲ့အကွာအဝေးမဟုတ်။ ၅ ကီလိုကျော်အထိ ပြတ်သွားတဲ့သဘော။ Peloton ထဲကလူတွေသာ ဟန်ချက်ညီမစီးနိုင်ဘူးဆိုရင် မိအောင်ပြန်ဖမ်းဖို့ ဘယ်လိုမှမလွယ်တဲ့ကိစ္စ။ အထူးသဖြင့် တတိယနေ့ အခြေအနေကိုကြည့်ပါ။ ကီလို ၁၉၀ စလုံးကို Breakaway အဖြစ်စီးလာသူ ၄ ဦးထဲက နောက်ဆုံး တဦးကို ပန်းဝင်ဖို့ ၁.၇ ကီလိုကျမှ မိပါတယ်။ သီသီလေး မိသွားတယ်ဆိုပါ တော့။
....

ဒါဖြင့် Peloton ထဲမှာလေခိုနေမဲ့အစား Breakaway အဖြစ် ထွက်ပြေးတာက ပိုပြီး ပထမ ရနိုင်ခြေမများပေဘူးလား။ စက်ဘီးလောကနဲ့ဝေးနေတဲ့ သာမန် ပရိသတ်တွေက အဲဒီလို မေးခွန်းထုတ်လေ့ရှိပါတယ်။ အားရှိတိုင်းအသားကုန် နင်းပြီး ပန်းတိုင်အရင်ဆုံးရောက်သူ ပထမ ရနိုင်တယ်လို့ ထင်လေ့ရှိပါတယ်။ အပြေးပြိုင်ပွဲတွေမှာ ဒါမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စက်ဘီးမှာ အဲဒီလိုဖြစ်ဖို့ မလွယ်ပါဘူး။
ကီလို ၂၀၀ ကျော်ခရီးကို တကိုယ်တော်စီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စိုင်းခမ်း လိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုထားတဲ့သီချင်းတပုဒ်ရှိပါတယ်။ ...တာတိုမှာ ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓတ်...ဆိုတာ။ ဒါက အပြေးပြိုင်ပွဲအတွက်မှန်ပါတယ်။ 
လမ်းပေါ်စက်ဘီးပွဲတွေဟာ တာဝေးဆိုပေမဲ့ စိတ်ဓတ်တခုတည်းနဲ့မရ။ အဆုံးအဖြတ်က အဓိကနေရာမှာရှိတယ်လို့တောင်ဆိုနိုင်ပါတယ်။ ဘယ်အချိန်မှာ ထွက်ပြေးမလဲ၊ ထွက်ပြေးသူကို ဘယ်အချိန်မှာ မိအောင်ပြန်ဖမ်းမလဲ။ အသင်း ဖေါ်တွေအခြေအနေက ဘယ်လိုရှိသလဲ၊ လေတိုက်နှုန်းက ဘယ်လို၊ ရာသီ ဥတုအခြေအနေက ဘယ်ပုံ၊ ရေပေးတဲ့နေရာ၊ အစာဝေတဲ့နေရာ၊ လမ်း အကျယ်၊ အကျဉ်း၊ အကွေ့အကောက်၊ အတက်အဆင်း စသဖြင့် ဒေါင့်စုံ အောင်တွက်နိုင်မှ အလုပ်ဖြစ်တဲ့ အားကစားမျိုးပါ။

ထားတော့။ Breakaway အကြောင်းပြောရင်းနဲ့ Peloton ဖက်ပြန်လည်သွား ပြီ။ အနှစ်ပြန်ချုပ်ရရင် Peloton ထဲနေပြီးလေခိုစီးနိုင်တိုင်းလဲ ပထမ မရနိုင် သလို Breakaway အဖြစ်ပြေးတိုင်းလည်း ပန်းမ၀င်ခင် ပြန်ဖမ်းမိလိမ့်မယ်လို့ ပုံသေတွက်လို့မဖြစ်နိုင်ပါ။
တခါတလေဆိုရင် GC (၂၁ ရက်တာပေါင်းပြီး ပထမ ရဖို့ပြိုင်နေသူတွေ) သ မားတွေက Peloton ကို ထိမ်းထားတဲ့အတွက် Breakaway အဖွဲ့ ပန်းဝင်တဲ့ အထိလွတ်သွားလေ့ ရှိပါတယ်။ အခုကျင်းပနေတဲ့ Giro d'Italia ပွဲ ဒုတိယ သီ တင်းပတ်ထဲမှာ ဒါမျိုးတွေ့လာ ရနိုင်ပါတယ်။ ဘာကြောင့်လဲဆို GC သမားတွေ ဟာ သူတို့အချင်းချင်းပဲ အကြိတ် အနယ်ပြိုင်လေ့ရှိပြီး GC ကို ရန်မရှာနိုင်တဲ့ တရက်စာသမားတွေကို ပန်းဝင်တဲ့အထိ လွတ်ပေးလေ့ရှိပါတယ်။
အထူးသဖြင့် မဟာတောင်တက်ပွဲတွေလာပြီဆိုရင် ဒါကို သိသိသာသာမြင် လာရနိုင်ပါတယ်။ စာလည်းအတော်ရှည်သွားပါပြီ။ မနက်ဖြန်ပွဲမစခင် တော စပ်ဆီသွားပြီး ငှက်တွေအုပ်စုလိုက် ပျံနေတာကို အရင်ကြည့်လိုက်ပါ။ ပြီးရင် Breakaway နဲ့ Peloton အကြောင်းစဉ်းစားရင် စက်ဘီးပွဲကို ထိုင်ကြည့်ပါ။ ဒီအကြောင်းမဖတ်ခင် အရင် ၃ ရက်ကကြည့်ရတာထက် ဒီနေ့ကြည့်ရတဲ့ပွဲက ပိုအရသာရှိလာမှာ အသေအချာပဲဖြစ်ပါတယ်။ ။

Wednesday, May 4, 2016

Giro d'Italia အကြောင်း မိတ်ဆက်...။

၂၁ ရက်တာ မဟာပြိုင်ပွဲ Giro d'Italia အကြောင်း မိတ်ဆက်...။
...
၂၁ ရက်တာ မဟာပြိုင်ပွဲ Grand Tour တခုဖြစ်တဲ့ Giro d'Italia ကို လာမဲ့ ၆ ရက်နေ့ (သောကြာနေ့) ကျရင် အီတလီနိုင်ငံမှာ ကျင်းပဖို့ရှိနေပါတယ်။ အီတလီမှာကျင်းပ တယ်ဆိုပေမဲ့ ပြင်သစ်က Tour de France လိုပဲ အိမ်နီးချင်းနိုင်ငံတွေကိုပါ ဖြတ်စီး မှာဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ် Giro d'Italia 2016 ပွဲကို နယ်သာလန်နိုင်ငံ Apeldoorn မြို့ ကနေ စတင်တာလွှတ်မှာဖြစ်ပါတယ်။ ပြီးရင် Nijmegen နဲ့ Arnhem မြို့တွေ ကိုပါဖြတ်မှာမို့ နယ်သာလန်ထဲမှာတင် ၃ ရက်ကြာမှာဖြစ်ပါတယ်။
အဲဒီ ၃ မြို့jပီးမှ လေယဉ်နဲ့ အီတလီတောင်ပိုင်းအစွန်းဆုံးမြို့ဆီသွား၊ အီတလီ တနိုင်ငံလုံးကိုဖြတ်စီးပြီး မြောက်ဖျားတောင်ထိပ် Turin မြို့မှာ ပန်းဝင်မှာဖြစ်ပါ တယ်။
...
ပွဲစဉ်အသေးစိပ်ကိုပြောရမယ်ဆိုရင် ၆ ရက်နေ့မှာ Apeldoorn - Apeldoorn (ITT) တဦးချင်းစံချိန်ပြု 9.8 km နဲ့ ဖွင့်ပွဲစမှာဖြစ်ပါတယ်။ ၇ ရက်နေ့မှာတော့ Arnhem - Nijmegen 190 km၊ ၈ ရက်နေ့မှာ Nijmegen - Arnhem 190 km ကို ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
နယ်သာလန်က အဲဒီ ၃ ရက်တာပွဲပြီးရင် ပထမ နားရက်ယူပြီး လေယဉ်တွေနဲ့ အီတလီတောင်ပိုင်းဆီ သွားကြမှာဖြစ်ပါတယ်။ မေလ ၁၀ ရက်နေ့ကျရင်တော့ Catanzaro - Praia a Mare 200 km။ ၁၁ ရက်နေ့မှာ Praia a Mare - Benevento 233 km စသဖြင့် ၅ ရက်ဆက်တိုက်စီးပြီး ၁၅ ရက်နေ့မှာတော့ Chianti - Chianti (ITT) တဦးချင်း စံချိန်ပြု 40.5 km စီးကြမှာဖြစ်ပါတယ်။
ဒီနှစ်ပွဲစဉ်အတွင်း ထူးခြားတာက TTT အသင်းလိုက်စံချိန်ပြု မပါပဲ ITT တဦး ချင်းစံချိန်ပြုချည်း ၃ ပွဲပါဝင်ပါတယ်။ မေ ၁၆ ရက်မှာ ဒုတိယအကြိမ်နားရက်ယူ ပြီး ၁၇ မှာတော့ Campi Bisenzio - Sestola 219 km ဆက်ပြိုင်ဖို့ရှိပါတယ်။ ၅ ရက်ဆက်တိုက်စီးပြီးရင် ၂၂ ရက်နေ့မှာ Castelrotto - Alpe di Siusi (ITT) တဦးချင်းစံချိန်ပြု 10.8 km တခါ ထပ်စီးရဦးမှာဖြစ်ပါတယ်။
မေ ၂၃ မှာ တတိယအကြိမ်နားရက်ယူပြီးရင်တော့ ၆ ရက်ဆက်တိုက်စီးပြီး Cuneo - Torino 163 km မှာ ပန်းဝင်ဖို့ရှိနေပါတယ်။ တောင်မရှိတဲ့နိုင်ငံလို့ ပြောလေ့ရှိတဲ့အတိုင်း နယ်သာလန်က ပထမ ၃ ရက်စလုံးဟာ မြေပြန့်ပွဲတွေ ဖြစ်တဲ့အတွက် တာတိုဘုရင်တွေ ပထမ ရဖို့များပါတယ်။
အီတလီ ပထမနေ့နဲ့ ဒုတိယ နေ့တွေမှာလည်း ပေ ၁၀၀၀ ကျော်မြင့်တဲ့ တောင်လေးတွေသာပါတဲ့အတွက် တာတိုဘုရင်တွေက တပတ်လုံးလုံး ပန်းရောင်အကျီယူထားနိုင်ဘွယ်ရှိနေပါတယ်။ 
ဒါပေမဲ့ ၆ ရက်မြောက်နေ့မှာတော့ ပေ ၄၀၀၀ ကျော်နဲ့ ပေ ၅၀၀၀ နီးပါး ပန်းဝင် တောင်တွေရှိတာမို့ GC အပြောင်းအလဲစဖြစ်ပြီး ၂၁ ရက်တာအတွက် ပန်း ရောင်အကျီရနိုင်သူတွေရဲ့ခြေစွမ်းကို ခန့်မှန်းနိုင်ဘွယ်ရှိပါတယ်။
...


ဒီပွဲကိုဝင်ပြိုင်မဲ့ စက်ဘီးသမား ၂၀၀ နီးပါးရှိပြီး အဲဒီထဲက ပန်းရောင်အကျီရ နိုင်သူအဖြစ် ထင်ကြေးပေးခံနေရသူတွေကိုပြောရမယ်ဆိုရင်... ၁- Astana Pro အသင်းမှ Vincenzo Nibali (Ita)။ ၂- Sky အသင်းမှ Mikel Landa Meana (Spa)။ ၃- Cannondale အသင်းမှ Rigoberto Uran (Col)။ ၄- Movistar အသင်းမှ Alejandro Valverde Belmonte (Spa)။ ၅- Team Giant-Alpecin အသင်းမှ Tom Dumoulin (Ned)။ ၆- Orica-GreenEdge အသင်းမှ Johan Esteban Chaves Rubio (Col)။ ၇- Lotto Soudal အသင်းမှ Adam Hansen (Aus) နဲ့ ၈- Tinkoff အသင်းမှ Rafal Majka (Pol) တို့ဖြစ်ပါတယ်။
ကြားထဲမှာတော့ တာတိုဘုရင်တွေက မြေပြန့်ပွဲတွေမှာ အနိုင်ယူဖို့ရှိနေပါ တယ်။ ။
.....

Giro d'Italia အကြောင်း မိတ်ဆက်...(၂)။
...
၂၁ ရက်တာ မဟာပြိုင်ပွဲ Grand Tour တခုဖြစ်တဲ့ Giro d'Italia ကို လာမဲ့ ၆ ရက်နေ့ (သောကြာနေ့) ကျရင် အီတလီနိုင်ငံမှာ ကျင်းပဖို့ရှိနေပါတယ်။ ဒီနှစ် Giro d'Italia 2016 ပွဲကို နယ်သာလန်နိုင်ငံ Apeldoorn မြို့ ကနေ စတင်တာလွှတ်မှာဖြစ်ပါတယ်။ 

မဟာပွဲဖြစ်တာနဲ့အညီ Tour de France မှာ ပထမ ရဖို့မှန်းထားသူတွေမှအပ နာနည်ကြီး အားလုံး ဒီပွဲကိုဝင်ပြိုင်မှာဖြစ်ပါတယ်။ (မှတ်တမ်းတွေအရ Grand Tour ၃ ခုစလုံးကို တနှစ်ထဲ ပထမ ရသူမရှိသေးတဲ့အတွက် နာမည်ကြီးတွေ ဟာ ၃ ခုထဲက တခုကိုသာ အပိုင်ရွေးလေ့ရှိ ပါတယ်)။
ပွဲစတင်ဖို့ ၂ ရက်အလိုမှာ စက်ဘီးအသင်းအားလုံး နယ်သာလန်ကိုရောက်နေ ပြီးဖြစ်ပြီး ဒီနေ့ အသင်းလိုက်သတင်းစာရှင်းပွဲလုပ်ကြပါတယ်။ အဲဒီထဲက ဖွင့်ပွဲ နေ့ ITT တဦးချင်းစံချိန်ပြုပွဲမှာ ပထမ ရနိုင်သူလို့ အများကခန့်မှန်းထားတဲ့ နယ်သာလန်က စံချိန်ပြုဆရာကြီး Tom Dumoulin (Giant-Alpecin) ရဲ့ပြော ကြားချက်ကို အရင်ဆုံးကောက်နှုတ်တင်ပြချင်ပါတယ်။
Cancellara, Jos van Emden, နဲ့ Vasil Kiryienka တို့ဟာ လူကြိုက်များပါ တယ်။ Cancellara က ရေပန်းအစားဆုံးပါလို့ Dumoulin ကပြောပါတယ်။ တကယ်တော့ Dumoulin ဟာ နယ်သာလန်သားဖြစ်တဲ့အတွက် အိမ်ရှင် အဖြစ် တပန်းသာနေပြီးသားပါ။ 
လွန်ခဲ့တဲ့ဇူလိုင်လ Tour de France ပွဲအစ အဖြစ် နယ်သာလန်နိုင်ငံ အူထရစ် မှာ စံချိန်ပြုပွဲနဲ့ဖွင့်စဉ်ကလည်း သူပဲ ပထမ ရမယ်လို့အများကခန့်မှန်းခဲ့ပါ တယ်။ ဒါပေမဲ့ နံပတ် ၄ နေရာဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် သူ့အပေါ် အလွန် အကျွံမျှော်လင့်ချက်မထားအောင်၊ ဖိအားသိပ်မများအောင် အခုလိုပြောလိုက် တာလို့ ယူဆရပါတယ်။
ဒါကဖွင့်ပွဲနေ့မှာ ပထမ ရနိုင်သူအနေအထားပါ။ ဒါပေမဲ့ Dumoulin ဟာ တောင်တက်အားလည်းကောင်းတဲ့အတွက် နေ့စဉ်အောင်ပွဲအပြင် ၂၁ ရက် တာအောင်ပွဲ GC ပထမ ကိုလည်းမှန်းနိုင်ပါတယ်။ ဘာကြောင့်လဲဆို မနှစ်က စပိန် ၂၁ ရက်ပွဲမှာ အနီရောင်အကျီရထားပြီးကာမှ နောက်ဆုံးနေ့မှာ အရူကို ကပ်ရှုံးလို့ လက်လွတ်လိုက်ရသူဖြစ်ပါတယ်။

နောက်ထပ် GC မှန်းထားသူထဲက ကိုလံဘီယာနိုင်ငံသား Rigoberto Uran (Cannondale team) ဟာလည်း ဒီနှစ် ပထမ ရဖို့ အများကြီးဖိအားပေးခံနေ ရပါတယ်။ အသင်းကလည်း ကျနော်ကို ဖိအားပေးတယ်။ ကျနော်ကိုယ်တိုင် လည်း ကိုယ်ဘာသာ ဖိအားပေးတယ်။ ဘာကြောင့်လဲဆို ဒီပွဲမှာ GC ပထမ ရဖို့ အတော်နီးနေပြီးမှ မရပဲဖြစ်ဖြစ်နေလို့ပါ ဆိုပြီး အူရန်းကပြောပါတယ်။
တခြားနာမည်ကြီး GC သမားတွေဖြစ်တဲ့ Vincenzo Nibali။ Mikel Landa Meana။ Alejandro Valverde Belmonte တို့ကတော့ မနက်ဖြန်ကျမှ သတင်းစာရှင်းပွဲ လုပ်မယ်လို့ယူဆရပါတယ်။
...
ဒီပွဲကိုဝင်ပြိုင်မဲ့ စက်ဘီးအသင်းပေါင်း ၂၂ သင်းရှိတဲ့အတွက် (တသင်းမှာ ၉ ဦးစီ) စက်ဘီးသမား ၂၀၀ နီးပါး ၀င်ပြိုင်မဲ့သဘောဖြစ်ပါတယ်။
Provisional 2016 Giro d'Italia start list
(၁)- AG2R La Mondiale
# Rider Name (Country) Team 
1 Domenico Pozzovivo (Ita) 
2 Guillaume Bonnafond (Fra) 
3 Axel Domont (Fra) 
4 Hubert Dupont (Fra) 
5 Patrick Gretsch (Ger) 
6 Hugo Houle (Can) 
7 Biel Kadri (Fra) 
8 Matteo Montaguti (Ita) 
9 Jean Christophe Peraud (Fra) 
(၂)- Astana Pro Team
# Rider Name (Country) Team 
11 Vincenzo Nibali (Ita) 
12 Valerio Agnoli (Ita) 
13 Eros Capecchi (Ita) 
14 Jakob Fuglsang (Den) 
15 Tanel Kangert (Est) 
16 Bakhtiyar Kozhatayev (Kaz) 
17 Davide Malacarne (Ita) 
18 Michele Scarponi (Ita) 
19 Andrey Zeits (Kaz) 
(၃)- Bardiani CSF
# Rider Name (Country) Team 
21 Stefano Pirazzi (Ita) 
22 Simone Andreetta (Ita) 
23 Enrico Barbin (Ita) 
24 Nicola Boem (Ita) 
25 Francesco Manuel Bongiorno (Ita) 
26 Giulio Ciccone (Ita) 
27 Sonny Colbrelli (Ita) 
28 Mirco Maestri (Ita) 
29 Nicola Ruffoni (Ita) 
(၄)- BMC Racing Team
# Rider Name (Country) Team 
31 Philippe Gilbert (Bel) 
32 Darwin Atapuma Hurtado (Col) 
33 Alessandro De Marchi (Ita) 
34 Silvan Dillier (Swi) 
35 Stefan Kung (Swi) 
36 Daniel Oss (Ita) 
37 Manuel Quinziato (Ita) 
38 Joseph Rosskopf (USA) 
39 Rick Zabel (Ger) 
(၅)- Cannondale Pro Cycling
# Rider Name (Country) Team 
41 Rigoberto Uran (Col) 
42 Andre Fernando S.M. Cardoso (Por) 
43 Simon Clarke (Aus) 
44 Joseph Lloyd Dombrowski (USA) 
45 Davide Formolo (Ita) 
46 Moreno Moser (Ita) 
47 Ramunas Navardauskas (Ltu) 
48 Davide Villella (Ita) 
49 Michael Woods (Can)
(၆)- Dimension Data
# Rider Name (Country) Team 
51 Igor Anton Hernandez (Spa) 
52 Omar Fraile Matarranza (Spa) 
53 Nathan Haas (Aus) 
54 Merhawi Kudus Ghebremedhin (Eri) 
55 Kristian Sbaragli (Ita) 
56 Kanstantsin Siutsou (Blr) 
57 Jay Robert Thomson (RSA) 
58 Johann Van Zyl (RSA) 
59 Jacobus Venter (RSA) 
(၇)- Etixx - Quick-Step
# Rider Name (Country) Team 
61 Bob Jungels (Lux) 
62 Gianluca Brambilla (Ita) 
63 David De La Cruz Melgarejo (Spa) 
64 Marcel Kittel (Ger) 
65 Fabio Sabatini (Ita) 
66 Pieter Serry (Bel) 
67 Matteo Trentin (Ita) 
68 Carlos Verona Quintanilla (Spa) 
69 Lukasz Wisniowski (Pol) 
(၈)- FDJ
# Rider Name (Country) Team 
71 Arnaud Demare (Fra) 
72 Arnaud Courteille (Fra) 
73 Mickael Delage (Fra) 
74 Murilo Antonio Fischer (Bra) 
75 Alexandre Geniez (Fra) 
76 Ignatas Konovalovas (Ltu) 
77 Olivier Le Gac (Fra) 
78 Cédric Pineau (Fra) 
79 Benoit Vaugrenard (Fra) 
(၉ )- Gazprom-Rusvelo
# Rider Name (Country) Team 
81 Alexandr Kolobnev (Rus) 
82 Ildar Arslanov (Rus) 
83 Artur Ershov (Rus) 
84 Sergey Firsanov (Rus) 
85 Alexander Foliforov (Rus) 
86 Artem Ovechkin (Rus) 
87 Ivan Savitskiy (Rus) 
88 Alexander Serov (Rus) 
89 Andrey Solomennikov (Rus) 
(၁၀)- IAM Cycling
# Rider Name (Country) Team 
91 Matteo Pelucchi (Ita) 
92 Matthias Brandle (Aut) 
93 Heinrich Haussler (Aus) 
94 Leigh Howard (Aus) 
95 Roger Kluge (Ger) 
96 David Tanner (Aus) 
97 Lawrence Warbasse (USA) 
98 Marcel Wyss (Swi) 
99 Oliver Zaugg (Swi) 
(၁၁)- Lampre - Merida
# Rider Name (Country) Team 
100 Diego Ulissi (Ita) 
101 Valerio Conti (Ita) 
102 Roberto Ferrari (Ita) 
103 Ilia Koshevoy (Blr) 
104 Sacha Modolo (Ita) 
105 Matej Mohoric (Slo) 
106 Manuele Mori (Ita) 
107 Przemyslaw Niemiec (Pol) 
109 Simone Petilli (Ita) 
(၁၂)- Lotto Soudal
# Rider Name (Country) Team 
111 Tim Wellens (Bel) 
112 Lars Ytting Bak (Den) 
113 Sean De Bie (Bel) 
114 André Greipel (Ger) 
115 Adam Hansen (Aus) 
116 Pim Ligthart (Ned) 
117 Maxime Monfort (Bel) 
118 Jurgen Roelandts (Bel) 
119 Jelle Vanendert (Bel)
(၁၃)- Movistar Team
# Rider Name (Country) Team 
121 Alejandro Valverde Belmonte (Spa) 
122 Andrey Amador Bikkazakova (CRc) 
123 Alex Dowsett (GBr) 
124 José Herrada Lopez (Spa) 
125 Javier Moreno Bazan (Spa) 
126 Jose Joaquin Rojas Gil (Spa) 
127 Rory Sutherland (Aus) 
128 Jasha Sütterlin (Ger) 
129 Giovanni Visconti (Ita) 
(၁၄)- Nippo - Vini Fantini
# Rider Name (Country) Team 
131 Damiano Cunego (Ita) 
132 Giacomo Berlato (Ita) 
133 Alessandro Bisolti (Ita) 
134 Grega Bole (Slo) 
135 Pier Paolo De Negri (Ita) 
136 Iuri Filosi (Ita) 
137 Eduard Michael Grosu (Rom) 
138 Kazushige Kuboki (Jpn) 
139 Gianfranco Zilioli (Ita)
(၁၅)- Orica-GreenEdge
# Rider Name (Country) Team 
141 Johan Esteban Chaves Rubio (Col) 
142 Sam Bewley (NZl) 
143 Caleb Ewan (Aus) 
144 Michael Hepburn (Aus) 
145 Damien Howson (Aus) 
146 Luka Mezgec (Slo) 
147 Ruben Plaza Molina (Spa) 
148 Svein Tuft (Can) 
149 Amets Txurruka (Spa) 
(၁၆)- Team Giant-Alpecin
# Rider Name (Country) Team 
151 Tom Dumoulin (Ned) 
152 Nikias Arndt (Ger) 
153 Bert De Backer (Bel) 
154 Chad Haga (USA) 
155 Cheng Ji (Chn) 
156 Fredrik Ludvigsson (Swe) 
157 Georg Preidler (Aut) 
158 Tom Stamsnijder (Ned) 
159 Albert Timmer (Ned) 
(၁၇)- Team Katusha
# Rider Name (Country) Team 
161 Rein Taaramae (Est) 
162 Maxim Belkov (Rus) 
163 Pavel Kochetkov (Rus) 
164 Viacheslav Kuznetsov (Rus) 
165 Sergey Lagutin (Rus) 
166 Alexander Porsev (Rus) 
167 Egor Silin (Rus) 
168 Alexey Tcatevitch (Rus) 
169 Ilnur Zakarin (Rus) 
(၁၈)-Team LottoNl-Jumbo
# Rider Name (Country) Team 
171 Steven Kruijswijk (Ned) 
172 Enrico Battaglin (Ita) 
173 Victor Campenaerts (Bel) 
174 Twan Castelijns (Ned) 
175 Martijn Keizer (Ned) 
176 Primoz Roglic (Slo) 
177 Bram Tankink (Ned) 
178 Maarten Tjallingii (Ned) 
179 Jos Van Emden (Ned)
(၁၉ )- Team Sky
# Rider Name (Country) Team 
181 Mikel Landa Meana (Spa) 
182 Ian Boswell (USA) 
183 Philip Deignan (Irl) 
184 Sebastian Henao Gomez (Col) 
185 Sergio Luis Henao Montoya (Col) 
186 Christian Knees (Ger) 
187 David Lopez Garcia (Spa) 
188 Nicolas Roche (Irl) 
189 Elia Viviani (Ita) 
(၂၀)- Tinkoff Team
# Rider Name (Country) Team 
191 Rafal Majka (Pol) 
192 Manuele Boaro (Ita) 
193 Pavel Brutt (Rus) 
194 Jesus Hernandez Blazquez (Spa) 
195 Jay Mccarthy (Aus) 
196 Pawel Poljanski (Pol) 
197 Ivan Rovny (Rus) 
198 Evgeny Petrov (Rus) 
199 Matteo Tosatto (Ita) 
(၂၁)- Trek-Segafredo
# Rider Name (Country) Team 
201 Ryder Hesjedal (Can) 
202 Eugenio Alafaci (Ita) 
203 Jack Bobridge (Aus) 
204 Fabian Cancellara (Swi) 
205 Marco Coledan (Ita) 
206 Laurent Didier (Lux) 
207 Giacomo Nizzolo (Ita) 
208 Boy Van Poppel (Ned) 
209 Riccardo Zoidl (Aut)
(၂၂)- Southeast - Venezuela
# Rider Name (Country) Team 
211 Filippo Pozzato (Ita) 
212 Julen Amerzqueta Moreno (Spa) 
213 Manuel Belletti (Ita) 
214 Liam Bertazzo (Ita) 
215 Matteo Busato (Ita) 
216 Samuele Conti (Ita) 
217 Jakub Mareczko (Ita) 
218 Daniel Martinez (Col) 
219 Enrique Sanz (Spa) ။ ။
.....

....

Tour of Turkey စာစုများ။

တူရကီမှာ ၈ ရက်ကြာကျင်းပခဲ့တဲ့ Tour of Turkey မှာတော့ Gonçalves က GC ပထမ ရသွားပါတယ်။



 (Final General Classification
# Rider Name (Country) Team Result
1 José Gonçalves (Por) Caja Rural-Seguros RGA 32:31:35  
2 David Arroyo Duran (Spa) Caja Rural-Seguros RGA 0:00:18  
3 Nikita Stalnov (Kaz) Astana Pro Team 0:00:56  
4 Luis Mas Bonet (Spa) Caja Rural-Seguros RGA 0:02:13  
5 Adam Hansen (Aus) Lotto Soudal 0:04:46  
6 Greg Henderson (NZl) Lotto Soudal 0:06:46  
7 Stig Broeckx (Bel) Lotto Soudal 0:09:22  
8 Gert Dockx (Bel) Lotto Soudal 0:12:46  
9 Jaime Roson Garcia (Spa) Caja Rural-Seguros RGA 0:12:58  
10 Mauro Finetto (Ita) Unieuro Wilier 0:13:08)။
.....

Tour of Turkey ၇ ရက်မြောက်နေ့ Modolo ထပ် အနိုင်ရ...။
...

တူရကီနိုင်ငံမှာ ၈ ရက်ကြာကျင်းပနေတဲ့ Tour of Turkey ၇ ရက်မြောက်နေ့ (Fethiye - Marmaris) 128.6 km ပွဲမှာ Sacha Modolo (Ita) Lampre - Merida က 3:15:14 နာရီနဲ့ ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ Manuel Belletti (Ita) Southeast - Venezuela က ကပ်လျက်ပန်းဝင်ပြီး ဒုတိယ Marco Zanotti (Ita) Parkhotel Valkenburg Continental Team က တတိယ ရပါတယ်။
တာထွက်ပြီး ၂၅ ကီလိုကတည်းက ၅ ဦးပါ Breakaway တခုထွက်ပြေးလွတ် မြောက်သွားပြီး ၄ မီနစ်ခွဲနီးပါးအထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ပါတယ်။ 
၇ ရက်တာပွဲအပြီး သို့မဟုတ် နောက်ဆုံးနေ့မတိုင်မီ တရက်အလို ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification
# Rider Name (Country) Team Result
1 José Gonçalves (Por) Caja Rural-Seguros RGA 26:45:15 
2 David Arroyo (Spa) Caja Rural-Seguros RGA 0:00:18 
3 Nikita Stalnov (Kaz) Astana City 0:00:46 
4 Luis Mas Bonet (Spa) Caja Rural-Seguros RGA 0:02:13 
5 Adam Hansen (Aus) Lotto Soudal 0:04:21 
6 Greg Henderson (NZl) Lotto Soudal 0:06:46 
7 Stig Broeckx (Bel) Lotto Soudal 0:09:22 
8 Gert Dockx (Bel) Lotto Soudal 0:12:46 
9 Jaime Roson (Spa) Caja Rural-Seguros RGA 0:12:58 
10 Mauro Finetto (Ita) Unieuro Wilier 0:13:04 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ နောက်ဆုံးနေ့အဖြစ် Marmaris ကနေ Selcuk အထိ 201.7 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
တူရကီပွဲအပါဝင် စက်ဘီးပွဲတွေကို Euro Sport TV ကနေပြနေကြဖြစ်ပေမဲ့ ဒီနေ့ ဘာတွေလွဲနေသလဲမသိပါ။ တူရကီပွဲကို ပန်းဝင်ခါနီး ၁၅ မီနစ်လောက်ပဲ ကြည့်ခွင့်ရလိုက်ပါတယ်။ 
တခါ ညနေ ၃ နာရီဝန်းကျင် (မြန်မာအချိန် ၈ နာရီ) ပြနေကြဖြစ်တဲ့ Tour de Romandie ပွဲကိုလည်း အခုထိမပြပဲ ဘော်လုံးပွဲ၊ စနိုကာပွဲနဲ့ မြင်းပွဲပဲပြနေ ပါတယ်။ ဗြိတိန်မှာကျင်းပနေတဲ့ Tour de Yorkshire ကိုတော့ ညသန်းခေါင် ၀န်းကျင်မှ Repaly ပြန်ပြပေးနေတာတွေ့မိပါတယ်။
ရှေ့မှာတင်ပြထားတဲ့ ပီတာဆာဂန်ရဲ့ ချက်နိုင်ငံက MTB ပွဲကိုလည်း ရရင်ရသ လို ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။ ။
......

Tour of Turkey ၆ ရက်မြောက်နေ့ Roson အနိုင်ရ...။
...

တူရကီနိုင်ငံမှာ ၈ ရက်ကြာကျင်းပနေတဲ့ Tour of Turkey ၆ ရက်မြောက်နေ့ (Kumluca - Elmali) 116.9 km တောင်တက်ပြိုင်ပွဲမှာ Jaime Roson (Spa) Caja Rural-Seguros RGA က 3:22:16 နာရီနဲ့ ပထမ ရသွားပါ တယ်။
သူ့နောက်မှာတော့ Przemyslaw Niemiec (Pol) Lampre - Merida က 0:00:02 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Pawel Cieslik (Pol) Verva ActiveJet Pro Cycling Team က 0:00:12 စက္ကန့်နောက်ကျပြီး တတိယ ရသွားပါတယ်။
အရင်နေ့တွေလို့ပဲ 10 ဦးပါ ရှေ့ပြေးအဖွဲ့တခု တာထွက်ပြီး ၁၅ ကီလိုခန့်ကတည်းက လွတ်သွားခဲ့ပါတယ်။ အဲဒီထဲက နောက်ဆုံးတဦးဟာ ပန်းဝင်ဖို့ ၇ ကီလိုအလိုကျမှ မိသွားပါတယ်။
၆ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
Overall classification after stage 6
# Rider Name (Country) Team Result
1 José Gonçalves (Por) Caja Rural-Seguros RGA 23:29:57 
2 David Arroyo (Spa) Caja Rural-Seguros RGA 0:00:18 
3 Nikita Stalnov (Kaz) Astana City 0:00:46 
4 Lluis Mas (Spa) Caja Rural-Seguros RGA 0:02:13 
5 Adam Hansen (Aus) Lotto Soudal 0:04:21 
6 Greg Henderson (NZl) Lotto Soudal 0:06:46 
7 Stig Broeckx (Bel) Lotto Soudal 0:09:22 
8 Gert Dockx (Bel) Lotto Soudal 0:12:46 
9 Jaime Roson (Spa) Caja Rural-Seguros RGA 0:12:58 
10 Mauro Finetto (Ita) Unieuro Wilier 0:13:08 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Fethiye ကနေ Marmaris အထိ 128.6 km ကို ဆက် လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
......

Tour of Turkey ၅ ရက်မြောက်နေ့ Mareczko အနိုင်ရ...။
...

တူရကီနိုင်ငံမှာ ၈ ရက်ကြာကျင်းပနေတဲ့ Tour of Turkey ၅ ရက်မြောက်နေ့ (Alanya - Kemer) 189.3 km မှာ Jakub Mareczko (Ita) Southeast - Venezuela က 4:20:28 နာရီနဲ့ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ ဂျာမဏီမှနာမည်ကြီးတာတိုဘုရင် André Greipel (Ger) Lotto Soudal က ကပ်လျက်ပန်းဝင်ပြီး ဒုတိယနဲ့ Manuel Belletti (Ita) Southeast - Venezuela က တတိယ ရပါတယ်။
Greipel ဟာ ပန်းအ၀င်မှာ နေရာယူတာ နည်းနည်းလွဲနေသလိုပါပဲ။ မနေ့က လည်း ခြေကောင်းရဲ့နဲ့ လမ်းပိတ်မိပြီးဘာမှမရလိုက်ပါ။ ဒီနေ့တော့ နောက်ဆုံး ၅၀ လောက်မှာ လမ်းပွင့်ပေမဲ့ ခြေကုန်သွားလားမသိပါဘူး။
၅ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 5
# Rider Name (Country) Team Result
1 Pello Bilbao (Spa) Caja Rural-Seguros RGA 20:07:06 
2 José Gonçalves (Por) Caja Rural-Seguros RGA 0:00:05 
3 David Arroyo (Spa) Caja Rural-Seguros RGA 0:00:13 
4 Nikita Stalnov (Kaz) Astana City 0:00:22 
5 Luis Mas Bonet (Spa) Caja Rural-Seguros RGA 0:01:14 
6 Adam Hansen (Aus) Lotto Soudal 0:02:22 
7 Greg Henderson (NZl) Lotto Soudal 0:03:46 
8 André Greipel (Ger) Lotto Soudal 0:05:41 
9 Stig Broeckx (Bel) Lotto Soudal 0:08:01 
10 Gert Dockx (Bel) Lotto Soudal 0:09:38
ဖြစ်ပါတယ်။
မနက်ဖြန်မှာတာ့ Kumluca ကနေ Elmali အထိ 116.9 km ကို ဆက်လက် ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
တချိန်တည်းမှာပဲ Tour de Romandie ပွဲကိုလည်း အခု ဆွင်ဇလန်မှာ ကျင်းပ နေပါတယ်။ (Euro Sport TV က လိုက်ဖ်ပြနေပါတယ်)။ တူရကီပွဲတွေဟာ လမ်းကျယ်တဲ့အတွက် အမေရိကားပွဲတွေကိုကြည့်ရသလိုဖြစ်နေပါတယ်။ ဥရောပပွဲတွေကတော့ လမ်းကျဉ်း၊ တောင်တက်များတဲ့အပြင် ရေခဲတောင် တွေကိုတောင် ဆွင်ဇလန်မှာမြင်နေရဆဲဖြစ်ပါတယ်။
(Tour de Romandie ပွဲ ၃ ရက်မြောက်နေ့ တောင်တက်ပြိုင်ပွဲ အခုလေးတင်ပြီးသွားပါတယ်။ ဒါပေမဲ့ ပန်းဝင် စည်းပေါ်အရောက်မှာ Nairo Quintana (Col Movistar Team ကို Ilnur Zakarin (Rus) Katusha က လမ်းကြောင်းပိတ်တဲ့အတွက် အပြစ်ပေးမလား၊ မပေးဘူး လား မသိရသေးပါ။ အပြစ်မပေးရင်တော့ Zakarin ပထမရတဲ့သဘောရှိပါတယ်။ ဒါပေမဲ့ ဒုတိယ အုပ်စုကို စက္ကန့် ၂၀ ကျော်အထိဖြတ်နိုင်တာကြောင့် ကင်တားနားဟာ ၃ ရက်ပေါင်း ပထမ အ၀ါရောင်အကျီတော့ သေချာပေါက် ရသွားပြီဖြစ်ပါတယ်။) ဓာတ်ပုံတွေစောင့်နေဆဲမို့ မကြာ ခင်မှာ သတင်းအပြည့်အစုံတင်ပေးပါ့မယ်။ ။
.....

Tour of Turkey ၄ ရက်မြောက်နေ့ Modolo အနိုင်ရ...။
...

တူရကီနိုင်ငံမှာ ၈ ရက်ကြာကျင်းပနေတဲ့ Tour of Turkey ၄ ရက်မြောက်နေ့ (Seydisehir - Alanya) 187 km ပွဲမှာ Sacha Modolo (Ita) Lampre - Merida က Sprint တင်ပြီး ..နဲ့ ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ Antonio Viola (Ita) Nippo - Vini Fantini က ဒုတိယနဲ့ Marco Zanotti (Ita) Parkhotel Valkenburg CT တတိယအဖြစ် ကပ်လျက် ပန်းဝင်ကြပါတယ်။
အရင် ၃ ၇က်ကအခြေအနေကို အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင် ပထမနေ့ ဖြစ်တဲ့ Istanbul - Istanbul 129.2 km မှာ Przemyslaw Niemiec (Pol) Lampre - Merida က 3:10:18 နာရီနဲ့ ပထမ၊ José Gonçalves (Por) Caja Rural-Seguros RGA က 0:00:11 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Marco Zanotti (Ita) Parkhotel Valkenburg Continental Team က 0:00:16 စက္ကန့်နောက်ကျပြီး တတိယ ရပါတယ်။
ဒုတိယနေ့ဖြစ်တဲ့ Kapadokya - Kapadokya 154.1 km ပွဲမှာတော့ Pello Bilbao (Spa) Caja Rural-Seguros RGA က 4:18:51 နာရီနဲ့ ပထမ၊ José Gonçalves (Por) Caja Rural-Seguros RGA က 0:00:10 စက္ကန့်နောက် ကျပြီး ဒုတိယနဲ့ Mauro Finetto (Ita) Unieuro Wilier က တတိယ ရပါတယ်။
တတိယမြောက်နေ့ Aksaray - Konya 158.9 km မှာတော့ André Greipel (Ger) Lotto Soudal က 3:48:33 နာရီနဲ့ ပထမ၊ Alberto Cecchin (Ita) Team Roth နဲ့ Kris Boeckmans (Bel) Lotto Soudal တို့က တတိယရပါ တယ်။
၎ ရက်မြောက်နေ့အခြေအနေကို ထင်မြင်ချက်ပေးရမယ်ဆိုရင် ပန်းဝင်ဖို့ကီလို ၂၀ လောက် အလိုအထိ ရှေ့ပြေး ၃ ဦးဟာ တမီနစ်ခွဲနီးပါး ပြတ်နေဆဲဖြစ်ပါတယ်။ ကျနော်အမှတ်မမှားဘူး ဆိုရင် ၁၂ ကိလိုအလိုလောက်မှာ ၃ ဦးထဲက တဦးဖေါက်ထွက်ပြေးပါတယ်။ ၂ ဦး ပြတ်ကျန်ခဲ့ ပါတယ်။ တခါ ၂ ဦးပေါင်းမလိုက်နိုင်ပဲ တဦးက ထပ်ထွက်ပြေးပြန်ပါတယ်။ ဒီလိုနဲ့ ၃ ဦး ၃ ဖွဲ့ ဖြစ်သွားတယ်ဆိုပါတော့။
တကယ်တန်းပြေးမယ်ဆိုရင် ၅ ကီလိုအလိုနောက်ပိုင်းမှ ပြေးသင့်ပါတယ်။ ၃ ဦးပေါင်းပြီး အရှိန်တင်သင့်တယ်လို့ထင်ပါတယ်။ အခုလိုခွဲပြေးတော့ အချင်းချင်းပြိုင်ရင်း စွမ်းအင်ဖြုန်း ရာကျပြီး နောက်ဆုံးတော့ ၅ ကီလိုဝန်းကျင်မှာ အားလုံးကို ဖမ်းမိသွားပါတော့တယ်။
အခု ၄ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification after stage 4
# Rider Name (Country) Team Result
1 Pello Bilbao (Spa) Caja Rural-Seguros RGA 15:46:38 
2 José Gonçalves (Por) Caja Rural-Seguros RGA 0:00:05 
3 David Arroyo (Spa) Caja Rural-Seguros RGA 0:00:13 
4 Nikita Stalnov (Kaz) Astana City 0:00:22 
5 Luis Mas Bonet (Spa) Caja Rural-Seguros RGA 0:01:14 
6 Adam Hansen (Aus) Lotto Soudal 0:02:22 
7 Greg Henderson (NZl) Lotto Soudal 0:03:46 
8 André Greipel (Ger) Lotto Soudal 0:05:41 
9 Stig Broeckx (Bel) Lotto Soudal 0:07:34 
10 Gert Dockx (Bel) Lotto Soudal 0:08:34 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Alanya ကနေ Kemer အထိ 189.3 km ကို ဆက်လက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီပွဲရဲ့ထူးခြားချက်ကတော့ နေ့စဉ်တာဝေးပွဲချည်း ဖြစ်ပြီး ITT တဦးချင်းစံချိန်ပြုနဲ့ TTT အသင်းလိုက် စံချိန်ပြုပွဲတွေ မရှိပါဘူး။ တခါ ဥရောပပွဲတွေနဲ့စာရင် ရာသီဥတုပိုကောင်းပြီး နေသာနေတာတွေ့ရပါ တယ်။
မကြာခင်မှာတော့ ဥရောပမြေ ဆွင်ဇလန်မှာကျင်းပနေတဲ့ Tour de Romandie ကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။ ဒီပွဲကို ဒေသစံတော်ချိန် ၃ နာရီခွဲ (လွန်ခဲ့တဲ့ မီနစ် ၃၀ ကတည်းက) Euro Sport TV မှာ ပြမယ်လို့ ကြေညာထားပေမဲ့ အခု ၄ နာရီကျော်မှ စတင် ပြသပါတယ်။ နှင်းတွေကျနေလို့ ပွဲစချိန်နောက်ကျပြီး ပြေးလမ်းကိုလည်း ၁၆၇ ကီလိုကနေ ၁၀၀ ကီလိုအထိလျော့ချ အပြောင်းအလဲလုပ်လိုက်ရတယ်လို့သိရပါတယ်။ (ရှေ့က Tour of Turkey ကိုလည်း Euro Sport TV မှာနေ့စဉ်ပြနေပါတယ်)။ ။
......

.....

Tour de Romandie စာစုများ။

ဆွင်ဇလန်မှာ ၄ ရက်ကြာကျင်းပခဲ့တဲ့ Tour de Romandie မှာ ကင်တားနားကပဲ GC ပထမ ရသွားပါတယ်။ 

(General classification

# Rider Name (Country) Team Result
1 Nairo Alexander Quintana Rojas (Col) Movistar Team 16:20:20  
2 Thibaut Pinot (Fra) FDJ 0:00:19  
3 Jon Izagirre Insausti (Spa) Movistar Team 0:00:23  
4 Ilnur Zakarin (Rus) Team Katusha 0:00:26  
5 Tom Dumoulin (Ned) Team Giant-Alpecin 0:00:57  
6 Rui Alberto Faria da Costa (Por) Lampre - Merida 0:01:12  
7 Simon Špilak (Slo) Team Katusha 0:01:16  
8 Mathias Frank (Swi) IAM Cycling  
9 Bauke Mollema (Ned) Trek-Segafredo 0:01:24  
10 Tejay van Garderen (USA) BMC Racing Team 0:01:27)။
.......
Tour de Romandie ပွဲ ၅ ရက်မြောက်နေ့ Froome အနိုင်ရ...။
...

ဆွင်ဇလန်နိုင်ငံမှာ ၆ ရက်ကြာကျင်းပနေတဲ့ Tour de Romandie ပွဲ ၅ ရက်မြောက်နေ့ (Conthey - Villars) 173.2 km တောင်တက်ပြိုင်ပွဲမှာ လက်ရှိ တိုးဒီဖရင့်ချန်ပီယံ Chris Froome (GBr) Team Sky က 4:24:44 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ အုပ်စုလိုက်ဝင်လာသူတွေထဲက Ion Izagirre (Spa) Movistar Team က :04 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Thibaut Pinot (Fra) FDJ က တတိယ ရပါတယ်။
ဒီနှစ်အစောပိုင်းမှာ ခြေသိပ်မပေါ်ပဲဖြစ်နေတဲ့ Chris Froome အတွက် ဒါဟာ ပထမဆုံး အောင်ပွဲလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ အဓိကရည်မှန်းချက်ဟာ ဇူလိုင်မှာကျင်းပမဲ့ Tour de France သာဖြစ်တာကြောင့် ဒီပွဲမှာ ဘာမှရဖို့ မျှော်လင့်မထားဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ဘာမှမရတာနဲ့စာရင် တခုခုရတာ ကပိုကောင်းတယ်ဆိုပြီး ဒီနေ့တောင်တက်ပွဲမှာ ခြေစမ်းတဲ့သဘောလို့လဲ သူကဆိုပါတယ်။
သူဟာ ဒီနေ့အတွက် ပထမ ရပေမဲ့ GC ထိပ်ဆုံးနဲ့ ၁၇ မီနစ်တောင်ပြတ်နေ တာမို့ အ၀ါရောင်အကျီကိုတော့ ခြိမ်းခြောက်နိုင်ခြင်းမရှိပါဘူး။ အဓိပါယ်က ကင်တားနားကပဲ ၅ ရက်ပေါင်း ပထမ အဖြစ် အ၀ါရောင်ကိုထိမ်းထားဆဲပါ။
ဒါပေမဲ့ ဒီနေ့ တတိယ ရတဲ့ Pinot ဟာ GC ဒုတိယနေရာမှာရှိနေတာနဲ့အညီ ကင်တားနားကို ပန်းဝင်တောင်ကုန်းမှာ အသေတိုက်ခိုက်ခဲ့ပါတယ်။ ဒါမေပဲ့ ကျွတ်ကျန်ခဲ့အောင် မလုပ်နိုင်ခဲ့ပါဘူး။ 
ရှေ့ကိုနဲနဲပြန်ကောက်ရမယ်ဆိုရင်တော့ ၁၁ ဦးပါ Breakaway တခုဟာ ပထမ တောင် (ဒီနေ့ ပေ ၃၀၀၀ ကျော်မြင့်တဲ့ တောင် ၃ လုံးနဲ့ ၁၀၀၀ ကျော်မြင့်တောင် ၂ လုံးရှိပါတယ်) တက်ပြီး ကတည်းက ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ခရစ်ဖိုးတို့ ၂ ဦး ရောက်မလာ မီအထိရှေ့မှာပြေးနေသူ Kochetkov (Katusha) and Bob Jungels (Etixx-QuickStep) တို့ဟာ အဲဒီ ၁၁ ဦးထဲကဖြစ်ပါတယ်။
ပန်းဝင်ဖို့ကီလို ၄၀ အလိုလောက်မှာတော့ Van Garderen and Froom တို့နှစ်ဦး ထွက်ပြေးပြိး ဟန်ချက်ညိစီးနိုင်ခဲ့ပါတယ်။ ပန်းဝင်ဖို့ ၂၀ အလို လောက်မှာ ရှေ့ပြေး ၂ ဦးနဲ့တွဲမိပြီး ၄ ဦးပေါင်းစိးခဲ့ပါသေးတယ်။ ဒါပေမဲ့ ၁၀ ကီလိုခန့်စီးပြီးချိန်မှာ ရှေ့ပြေး ၂ ဦးပြတ်ကျန်ခဲ့ပါတယ်။ ပန်းဝင်ဖို့ ၆ ကီလိုခန့် မှာတော့ Van Garderen ကိုပါ Froom က ချန်ထားပြီး တကို်ယ်တော် ထွက် ပြေးပါတယ်။
ပန်းဝင်ဖို့ ၅ ကီလိုအလိုအထိ ကင်တားနားတို့အဖွဲ့က တမီနစ်နီးပါးပြတ်နေဆဲ ပါ။ ဒါပေမဲ့ တဖြေးဖြေးနဲ့အရှိန်တင်လာလိုက်တာ Froom မှအပ အားလုံးကို ဖမ်းမိသွားပါတယ်။ Froom ကလည်း ပထမ ရဖို့အဓိကမဟုတ်ပဲ တိုးဒီဖရင့် အတွက်လေ့ကျင့်နေတယ်ဆိုတာနဲ့အညီ ကုန်းဆင်းတွေ၊ အကွေတွေမှာ ချော် မလဲအောင် အရှိန်ထိမ်းစီးရင်းနဲ့ ပန်းဝင်တော့ ၄ စက္ကန့်ပဲ အသာကျန်ပါတော့ တယ်။
ဒီနေ့အတွက် ၄-၁၀ ပန်းဝင်သူတွေကတော့
4 Ilnur Zakarin (Rus) Team Katusha 
5 Nairo Quintana (Col) Movistar Team 
6 Bauke Mollema (Ned) Trek-Segafredo 
7 Rui Costa (Por) Lampre-Merida 
8 Rigoberto Uran (Col) Cannondale Pro Cycling 
9 Tejay van Garderen (USA) BMC Racing Team 0:00:09 
10 Simon Spilak (Slo) Team Katusha တို့ဖြစ်ပါတယ်။
...
၅ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General Classification after stage 4
# Rider Name (Country) Team Result
1 Nairo Quintana (Col) Movistar Team 12:07:03 
2 Thibaut Pinot (Fra) FDJ 0:00:19 
3 Ion Izagirre (Spa) Movistar Team 0:00:23 
4 Ilnur Zakarin (Rus) Team Katusha 0:00:26 
5 Tom Dumoulin (Ned) Giant-Alpecin 0:00:57 
6 Rui Costa (Por) Lampre-Merida 0:01:12 
7 Simon Spilak (Slo) Team Katusha 0:01:16 
8 Mathias Frank (Sui) IAM Cycling 
9 Bauke Mollema (Ned) Trek-Segafredo 0:01:24 
10 Tejay van Garderen (USA) BMC Racing Team 0:01:27 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Ollon ကနေ Genève အထိ 172 km ကို နောက်ဆုံးနေ့ အဖြစ် ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ကင်တားနားပဲ အ၀ါရောင်ရသွား မလား။ GC အပြောင်းအလဲဖြစ်နိုင်သေးသလား။ စိတ်ဝင်တစားစောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။ ။
.....

Tour de Romandie ပွဲ ၄ ရက်မြောက်နေ့ Pinot အနိုင်ရ...။
...

ဆွင်ဇလန်နိုင်ငံမှာ ၆ ရက်ကြာကျင်းပနေတဲ့ Tour de Romandie ပွဲ ၄ ရက်မြောက်နေ့ Sion - Sion (ITT) တဦးချင်းစံချိန်ပြုအဖြစ် 15.11 km ပွဲမှာ Thibaut Pinot (FDJ) က 20:21 မီနစ်နဲ့ ပထမ ရသွားပါတယ်။ ဒါဟာ ဒီပွဲမှာ သူရဲ့ ၃ ကြိမ်မြောက် ITT အနိုင်ရခြင်းလည်းဖြစ်ပါတယ်။
နယ်သာလန်မှာ ITT ဆရာကြီး Tom Dumoulin (Giant-Alpecin) က ၂ စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Bob Jungles (Etixx-QuickStep) က ၉ စက္ကန့်နောက်ကျပြီး တတိယ ရပါတယ်။ Chris Froome (Team Sky) လည်း ဒီနေ့ခြေစွမ်းပြပြီး စတုတ္တရသွားပါတယ်။
GC အတွက် မကျေပွဲနွဲကြတဲ့ Nairo Quintana (Col) Movistar Team နဲ့ Ilnur Zakarin (Rus) Team Katusha တို့ကတော့ အဆင့် ၆၊ ရ နေရာတွေ ကနေပန်းဝင်ကြပါတယ်။ ဒါကြောင့် အ၀ါရောင်အကျီကို ကင်တားနားက ထိမ်း ထားဆဲဖြစ်ပါတယ်။ 
ဒါအပြင် ဒီနေ့ ပထမရတဲ့ Thibaut Pinot (FDJ) က ဒုတိယနေရာဆီရောက် လာတာကြောင့် Ilnur Zakarin (Rus) Team Katusha က တတိယ ဖြစ်သွား ပါတယ်။
၎ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification after stage 3
# Rider Name (Country) Team Result
1 Nairo Quintana (Col) Movistar Team 7:22:35 
2 Thibaut Pinot (Fra) FDJ 0:00:23 
3 Ilnur Zakarin (Rus) Team Katusha 0:00:26 
4 Jon Izaguirre (Spa) Movistar Team 0:00:29 
5 Tom Dumoulin (Ned) Team Giant-Alpecin 0:00:50 
6 Mathias Frank (Swi) IAM Cycling 0:01:06 
7 Simon Spilak (Slo) Team Katusha 0:01:11 
8 Rui Costa (Por) Lampre - Merida 0:01:12 
9 Tejay Van Garderen (USA) BMC Racing Team 0:01:22 
10 Rafal Majka (Pol) Tinkoff Team 0:01:23 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Conthey ကနေ Villars အထိ 173.2 km တောင်တက်ပွဲ တွေကိုဆက်လက်ယှဉ်ပြိုင်ကြဖို့ရှိနေပါတယ်။ ။
.......

Tour de Romandie တတိယနေ့ Zakarin အနိုင်ရ...။
...

(နောက်ပိုင်းသတင်းတွေအရ Zakarin ကိုအဆင့်ချပြီး ကင်တားနားကို ပထမ ပြန်ပေးဟုဆို)
ဆွင်ဇလန်နိုင်ငံမှာ ၆ ရက်ကြာကျင်းပနေတဲ့ Tour de Romandie တတိယနေ့ (Moudon - Morgins) 173.9 km တောင်တက်ပြိုင်ပွဲမှာ Ilnur Zakarin (Rus) Team Katusha က 4:28:40 နာရီနဲ့ ပထမ ရသွားပါတယ်။
ပထမရတယ်ဆိုပေမဲ့ တကယ့်တော့ သူဟာ ကင်တားနားနောက်မှာ ကပ်လိုက်လာပြီး ပန်းဝင်စည်းနားအရောက်မှာ လမ်းပိတ်စီးသလိုဖြစ်တဲ့အတွက် ဝေဖန်စရာတော့ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်ဖြစ် ပန်းဝင်ဖို့ ၆ ကီလိုခွဲအလိုမှာ တကိုယ်တော်ထွက်ပြေးပြီး ၅ ကီလိုကျော်ကို အခုပထမရသူနဲ့ တွဲစီးခဲ့သူ Nairo Quintana (Col) Movistar Team မကျေမချမ်းကပ်ရှုံးပြီး ဒုတိယ ဖြစ်သွားပါတယ်။
ဒါပေမဲ့ ၃ ရက်ပေါင်း အမှတ်အများဆုံးနဲ့ GC ပထမ အ၀ါရောအကျီကိုတော့ ကင်တားနား ရသွားခဲ့ပါတယ်။ သူတို့နှစ်ဦးနောက်မှာတော့ ဒုတိယ အုပ်စုထဲ က Rui Costa (Por) Lampre - Merida က 0:00:26 စက္ကန့်နောက်ကျနဲ့ ပန်းဝင်ပြိး တတိယ ရပါတယ်။
သူ့နောက်မှာတော့... 
4 Rigoberto Uran (Col) Cannondale Pro Cycling 
5 Thibaut Pinot (Fra) FDJ 
6 Jon Izaguirre (Spa) Movistar Team 
7 Rafal Majka (Pol) Tinkoff Team 
8 Mathias Frank (Swi) IAM Cycling 
9 Pierre Rolland (Fra) Cannondale Pro Cycling 
10 Simon Spilak (Slo) Team Katusha တို့ဆက်တိုက်ပန်းဝင်ကြပါ တယ်။
တိုးဒီဖရင့်ချန်ပီယံ ခရစ်ဖလိုး ပြတ်ကျန်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ဒီဲပွဲဟာ သူ့အတွက်သွေးပူလေ့ကျင့်ခန်းသာဖြစ်ပြီး ပထမ ရအောင်စီးနေခြင်းမဟုတ် ဘူး။ သူ့ရဲ့အဓိက ပစ်မှတ်က ဇူလိုင်မှာကျင်းပမဲ့ တိုးဒီဖရင့်သာဖြစ်တယ်လို့ ဆိုပါတယ်။
ရှေ့ပိုင်းကိုနည်းနည်းပြောရမယ်ဆိုရင်တာ့ ၆ ဦးပါ Breakaway အဖွဲ့တခုဟာ ပန်းဝင်ဖို့ ကီလို ၃၀ ခန့်အထိ ၃ မီနစ်လောက်ပြတ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတောင်အတက်မှာ တဖြေးဖြေးအရှိကျလာပြီး ၃ ဦးပဲဆက်ပြေးနိုင် ပါတယ်။ နောက်ဆုံး ၁၀ ကီလိုကျော်အလိုမှာတော့ ဖမ်းမိသွားပါတယ်။
၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 1
# Rider Name (Country) Team Result
1 Nairo Quintana (Col) Movistar Team 7:02:09 
2 Ilnur Zakarin (Rus) Team Katusha 0:00:10 
3 Jon Izaguirre (Spa) Movistar Team 0:00:16 
4 Thibaut Pinot (Fra) FDJ 0:00:28 
5 Rui Costa (Por) Lampre - Merida 0:00:32 
6 Mathias Frank (Swi) IAM Cycling 0:00:33 
7 Simon Spilak (Slo) Team Katusha 0:00:38 
8 Pierre Rolland (Fra) Cannondale Pro Cycling 0:00:39 
9 Bauke Mollema (Ned) Trek-Segafredo 0:00:40 
10 Rigoberto Uran (Col) Cannondale Pro Cycling 0:00:42 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Sion - Sion (ITT) တဦးချင်းစံချိန်ပြုအဖြစ် 15.11 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ဆွင်ဇလန်ရာသီဥတုဟာ အေးနေဆဲဖြစ် ပြီး ပွဲကျင်းပရာလမ်းတလျောက် ဆီးနှင်းတွေဖုံးနေတဲ့ တောင်ကုန်းတွေကို မြင် နေရပါတယ်။ အခု ပန်းဝင်တောင်ကုန်းမှာဆိုရင် နှင်းတွေရှိနေဆဲဖြစ်ပါတယ်။ ။
...
အခု နောက်ဆုံးဝင်လာတဲ့သတင်းတွေရ Zakarin ရဲ့ ပန်းအ၀င် Sprint တင်ပုံဟာ ပုံမှန်မဟုတ်၊ ပုံမှန်နည်းလမ်းကိုဖောက်ဖျက်ရာကျတဲ့အတွက် အဆင့်ချခံလိုက်ရပြီး ကင်တားနားကိုပဲ ပထမ ပြန်ပေးလိုက်ကြောင်း သိရပါတယ်။ 
...
ဒိုင်လူကြီးတွေရဲ့ အခုလိုဆုံးဖြတ်ချက်အပေါ် မကျေနပ်ဘူးလို့ Zakarin ကပြောပါတယ်။ ဒါ့ အပြင် သူ့အသင်းတာဝန်ရှိသူတွေအားလုံး အလားတူထုတ်ပြောလာပါတယ်။ ဒီအတွက် အကောင်းဆုံးအဖြေကတော့ မနက်ဖြန် တဦးချင်းစံချိန်ပြုမှာ ကင်တားနားထက်သာအောင် စီးပြဖို့ပဲရှိတယ်လို့ Zakarin ကပြောပါတယ်။
စာဖတ်သူတွေကော ပန်းဝင်ခါနီး ၅ မီတာလောက် အခြေအနေကို ဘယ်လိုမြင်ပါသလဲ။
တကယ်ဆို လမ်းမပိတ်လည်း Zakarin ကပဲ ပထမ ရနိုင်တဲ့အနေအထားများနေပါတယ်။ ဒါပေမဲ့ လမ်းပိတ်တာဟာ စည်းကမ်းဖောက်တာဖြစ်တဲ့အတွက် အခုလိုအရေးယူပေးဖို့လည်း လိုအပ်တယ်လို့ထင်ပါတယ်။ ... စာဖတ်သူများရဲ့ ထင်မြင်ချက်တွေကို သိချင်ပါကြောင်း...။
.....

Tour de Romandie ဒုတိယနေ့ Kittel အနိုင်ရ...။
...

ဆွင်ဇလန်နိုင်ငံမှာ ၆ ရက်ကြာကျင်းပနေတဲ့ Tour de Romandie ဒုတိယနေ့ (La Chaux-de-Fonds - Moudon) 166.9 km (နှင်းကျတဲ့အတွက် တောင် ကုန်း ၃ ခု ဖယ်လိုက်ရတာကြောင့် ၁၀၉ ကီလိုသာ တကယ်စီးခဲ့ရ) မှာ Marcel Kittel (Ger) Etixx - Quick-Step က 2:27:46 နာရီနဲ့ ပထမ ရသွားပါတယ်။
Niccolo Bonifazio (Ita) Trek-Segafredo က ကပ်လျက်ပန်းဝင်ပြီး နှာ တ ဖျားနောက်ကျနဲ့ ဒုတိယ၊ Michael Albasini (Swi) Orica-GreenEdge က တတိယ ရသွားပါတယ်။
ဒီပွဲဟာလည်းရှေ့မှာတင်ပြခဲ့တဲ့ တူရကီပွဲလိုပါပဲ။ ရှေ့ပြေးသမား ၃ ဦးကို ပန်း ၀င်ဖို့ ၁၀ လိုအလိုလောက်မှာမှ ဖမ်းမိပြီး ပန်းဝင် စပရင့်တင်ကြတာပါ။ ကီလို ၄၀ အလိုမှာ စမြင်ရတဲ့မြင်ကွင်းက ရှေ့ပြေးတဦးဟာ ၄ မီနစ်ခွဲလောက် အထိ ရှေ့မှာလွတ်နေပါတယ်။
သူ့ကိုအမီလိုက်နေတဲ့ ၂ ဦးက ၂ မီနစ်နီးပါးအပြတ်နဲ့လိုက်နေပါတယ်။ ဒါပေမဲ့ ကီလို ၂၅ လောက်အကျန်မှာ နောက်က ၂ ဦးကို Peloton ကမိသွားပါတယ်။ အဲဒီအချိန်အထိ တကိုယ်တော်ရှေ့ပြေးသမားဟာ ၁ မီနစ်ခွဲကျော်ကျော် ပြတ် နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သူခြေကျနေပါပြီ၊ ဒါမှမဟုတ် Peloton က အသား ကုန်အရှိန်တင်လိုက်နေပါပြီ။
၁၄ ကီလိုအလိုမှာအားလုံးကိုဖမ်းမိသွားပြိး ပန်းဝင်စည်းနားအရောက် မီတာ ၃၀၀ လောက်မှာမှ Sprint တင်ပြီး အခုလိုအဖြေထွက်သွားတာဖြစ်ပါတယ်။ 
၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification after stage 1
# Rider Name (Country) Team Result
1 Jon Izaguirre Insausti (Spa) Movistar Team 2:33:19 
2 Tom Dumoulin (Ned) Team Giant-Alpecin 0:00:06 
3 Geraint Thomas (GBr) Team Sky 0:00:07 
4 Reto Hollenstein (Swi) IAM Cycling 0:00:11 
5 Tejay Van Garderen (USA) BMC Racing Team တို့ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပွဲမှာ GC ဆရာကြီးတွေဖြစ်တဲ့
Nairo Quintana (Col) Movistar Team
Thibaut Pinot (Fra) FDJ
Rigoberto Uran Uran (Col) Cannondale Pro Cycling
Christopher Froome (GBr) Team Sky
Rafal Majka (Pol) Tinkoff Team
Richie Porte (Aus) BMC Racing Team တို့ပါနေတာကြောင့် လာမဲ့ရက် တွေအတွင်း သူတို့ရဲ့ခြေပေါ်လာနိုင်ပါတယ်။
မနက်ဖြန် Moudon - Morgins 173.9 km ပွဲအတွင်း GC အပြောင်းအလဲ ဖြစ်လာနိုင်ခြေရှိနေပါတယ်။ ။
......

Tour de Romandie ပထမနေ့ Izaguirre အနိုင်ရ...။
...
ဆွင်ဇလန်နိုင်ငံမှာ ဒီနေ့စတင်တဲ့ ၆ ရက်ကြာပွဲစဉ်ရဲ့ ပထမနေ့ တဦးချင်း စံချိန်ပြု ITT 3.95km ပြိုင်ပွဲမှာ Jon Izaguirre Insausti (Spa) Movistar Team က 0:05:33 မီနစ်နဲ့ ပထမ ရသွားပါတယ်။

နယ်သာလန်မှ စံချိန်ပြုဆရာကြီး Tom Dumoulin (Ned) Team Giant-Alpecin က 0:00:06 စက္ကန့်နောက်ပြီး ဒုတိယနဲ့ ပိုလန်မှ ကမ္ဘာ့ချန်ပီယံ ဟောင်း Michal Kwiatkowski (Pol) Team Sky က 0:00:07 စက္ကန့်နောက် ကျနဲ့ တတိယ ရသွားပါတယ်။
တခြား ၄-၁၀ ပန်းဝင်သူတွေကတော့..
4 Geraint Thomas (GBr) Team Sky 
5 Gorka Izaguirre Insausti (Spa) Movistar Team 0:00:08 
6 Moreno Moser (Ita) Cannondale Pro Cycling 0:00:09 
7 Reto Hollenstein (Swi) IAM Cycling 0:00:11 
8 Louis Vervaeke (Bel) Lotto Soudal 
9 Tejay Van Garderen (USA) BMC Racing Team 
10 Martijn Keizer (Ned) Team LottoNl-Jumbo 0:00:12 တို့ဖြစ်ပါ တယ်။
တနင်္ဂနွေနေ့ကပြီးဆုံးသွားတဲ့ Spring Classcis ပွဲတွေနောက်ပိုင်း ဒီပွဲဟာ နာမည်ကြီးအတော်များများစုံတဲ့ပွဲဖြစ်ပါတယ်။ တပြိုင်တည်းမှာပဲ တူရကီမှာ လည်း Tour of Turkey ပွဲကျင်းပနေတာ ၃ ရက်ရှိနေပြီဖြစ်ပါတယ်။ ဒီနေ့ တတိယနေ့မှာ ဂျာမဏီမှ တာတိုဘုရင် André Greipel (Ger) Lotto Soudal က ပထမ ရသွားပါတယ်။
မနက်ဖြန်မှာတော့ La Chaux-de-Fonds ကနေ Moudon အထိ 166.9 km ပွဲကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
......
..

Share

Twitter Delicious Facebook Digg Stumbleupon Favorites More