Thursday, May 12, 2016

Giro d'Italia ပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပမယ်ဆိုပါလား...။

Giro d'Italia ပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပမယ်ဆိုပါလား...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲကနေ ဒီနေထွက် လာတဲ့ထူးခြားသတင်းတပုဒ်ကတော့ ၂၀၁၈ Giro d'Italia ပွဲကို ဂျပန်နိုင်ငံမှာ စတင်ကျင်းမယ်ဆိုတဲ့သတင်းပါ။

Grand Tour (၂၁ ရက်တာပွဲ ၃ ပွဲ) တွေကို အိမ်နီးချင်း ဥရောပနိုင်ငံတွေကို ဖြတ်ပြီးစီးလေ့ရှိတာမြင်ဖူးပေမဲ့ သမုဒ္ဒရာကိုဖြတ်ပြီး ဟိုး...အာရှအရှေ့ဖျားက ဂျပန်မှာစတင်ပြီး အီတလီမှာပန်းဝင်မယ်ဆိုတာကတော့ အတော်ထူးခြားတဲ့ သတင်းပါ။
အီတလီသတင်းစာ La Stampa မှာပါတဲ့ဆောင်းပါးကို ကိုးကားပြီး Cycliingnews မှာ အခုလိုဖေါ်ပြထားတာဖြစ်ပါတယ်။ ဒီနှစ်ပွဲကို နယ်သာလန် ကနေစတင်တာလွှတ်သလိုမျိုး ၂၀၁၈ ကျရင်လည်း ဂျပန်မှာ ပထမ ၄ ရက်ပွဲ တွေကိုကျင်းမှာဖြစ်ကြောင်း၊ အဲဒီ ၄ ရက်ပွဲစဉ်ထဲမှာ ဂျပန်ရဲ့အမြင့်ဆုံးတောင် Mount Fuji –( 3,776 metres) တက်တဲပွဲစဉ်ပါ စီစဉ်ထားတယ်လို့ဆိုပါ တယ်။
journalist Giorgio Viberti ရဲ့အပြောတိုင်းဆိုရင် Giro d’Italia ရဲ့ race director Mauro Vegni ဟာ ဂျပန်နိုင်ငံဆီသွားရောက်ဆွေးနွေးခဲ့ပြီး အပြီး သတ်သဘောတူညီမှုကို အခုကျင်းပနေတဲ့ပွဲစဉ်ကို လာကြည့်တဲ့ ဂျပန်တာ ၀န်ရှိသူတွေနဲ့ လက်မှတ်ထိုးဘွယ်ရှိတယ်လို့ သိရပါတယ်။ 

ဂျပန်နိုင်ငံဟာ ပရိုဖက်ရှင်နယ်စက်ဘီးပွဲကို အတော်စိတ်ဝင်စားတဲ့နိုင်ငံဖြစ်ပြီး Giro d’Italia ပွဲကို TV ကနေ လိုက်ဖ် ပြပေးနေပါတယ်။ La Stampa သတင်း စာရဲ့တွက်ချက်မှုအရဆိုရင် ဂျပန်မှာ ၄ ရက်တာပွဲကျင်းပရေးအတွက် 35 million Euro ကုန်ကျမယ်လို့မှန်းပါတယ်။ ဒီအတွက် ကြောငြာကုပဏီတွေ ရှိနေပြီလို့ယူဆရပါတယ်။
2012 တုန်းက အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့ကနေ Giro d’Italia ပွဲ ကိုစတင်ဖို့ကြိုးစားခဲ့ဖူးပေမဲ့ ရွေးကောက်ပွဲနဲ့တိုက်နေလို့ အစီစဉ်အထ မမြောက်ခဲ့ပါဘူး။ ဒါကြောင့် အခုဂျပန်ပွဲသာဖြစ်လာမယ်ဆိုရင် ဒါဟာ ဥရောပပြင်ပနိုင်ငံတခုမှာ ပထမ ဆုံးအကြိကျင်းပခြင်းဖြစ်လာပါလိမ့်မယ်။
ဒါပေမဲ့ ဒီလောက်အဝေးကြီးကို ခရီးသွားပြီးစီးဖို့ စက်ဘီးသမားတွေက သ ဘောတူရဲ့လား၊ UCI ကကော Giro d'Italia အဲလိုလုပ်မှာကို ခွင့်ပြုချက်ပေး ရဲ့လားဆိုတာကတော့ မသေချာသေးပါဘူး။ ဘာဖြစ်ဖြစ် globalisation ခေတ် မှာ professional cycling ရဲ့ ပထမ ဆုံး Grand Tour ပွဲတခုကို အာရှမှာ 2018 ဖြစ်လာမယ်ဆိုရင် ကြိုဆိုသင့်တယ်မဟုတ်ပါလား။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More