Wednesday, May 4, 2016

Tour de Romandie စာစုများ။

ဆွင်ဇလန်မှာ ၄ ရက်ကြာကျင်းပခဲ့တဲ့ Tour de Romandie မှာ ကင်တားနားကပဲ GC ပထမ ရသွားပါတယ်။ 

(General classification

# Rider Name (Country) Team Result
1 Nairo Alexander Quintana Rojas (Col) Movistar Team 16:20:20  
2 Thibaut Pinot (Fra) FDJ 0:00:19  
3 Jon Izagirre Insausti (Spa) Movistar Team 0:00:23  
4 Ilnur Zakarin (Rus) Team Katusha 0:00:26  
5 Tom Dumoulin (Ned) Team Giant-Alpecin 0:00:57  
6 Rui Alberto Faria da Costa (Por) Lampre - Merida 0:01:12  
7 Simon Špilak (Slo) Team Katusha 0:01:16  
8 Mathias Frank (Swi) IAM Cycling  
9 Bauke Mollema (Ned) Trek-Segafredo 0:01:24  
10 Tejay van Garderen (USA) BMC Racing Team 0:01:27)။
.......
Tour de Romandie ပွဲ ၅ ရက်မြောက်နေ့ Froome အနိုင်ရ...။
...

ဆွင်ဇလန်နိုင်ငံမှာ ၆ ရက်ကြာကျင်းပနေတဲ့ Tour de Romandie ပွဲ ၅ ရက်မြောက်နေ့ (Conthey - Villars) 173.2 km တောင်တက်ပြိုင်ပွဲမှာ လက်ရှိ တိုးဒီဖရင့်ချန်ပီယံ Chris Froome (GBr) Team Sky က 4:24:44 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ အုပ်စုလိုက်ဝင်လာသူတွေထဲက Ion Izagirre (Spa) Movistar Team က :04 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Thibaut Pinot (Fra) FDJ က တတိယ ရပါတယ်။
ဒီနှစ်အစောပိုင်းမှာ ခြေသိပ်မပေါ်ပဲဖြစ်နေတဲ့ Chris Froome အတွက် ဒါဟာ ပထမဆုံး အောင်ပွဲလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ အဓိကရည်မှန်းချက်ဟာ ဇူလိုင်မှာကျင်းပမဲ့ Tour de France သာဖြစ်တာကြောင့် ဒီပွဲမှာ ဘာမှရဖို့ မျှော်လင့်မထားဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ဘာမှမရတာနဲ့စာရင် တခုခုရတာ ကပိုကောင်းတယ်ဆိုပြီး ဒီနေ့တောင်တက်ပွဲမှာ ခြေစမ်းတဲ့သဘောလို့လဲ သူကဆိုပါတယ်။
သူဟာ ဒီနေ့အတွက် ပထမ ရပေမဲ့ GC ထိပ်ဆုံးနဲ့ ၁၇ မီနစ်တောင်ပြတ်နေ တာမို့ အ၀ါရောင်အကျီကိုတော့ ခြိမ်းခြောက်နိုင်ခြင်းမရှိပါဘူး။ အဓိပါယ်က ကင်တားနားကပဲ ၅ ရက်ပေါင်း ပထမ အဖြစ် အ၀ါရောင်ကိုထိမ်းထားဆဲပါ။
ဒါပေမဲ့ ဒီနေ့ တတိယ ရတဲ့ Pinot ဟာ GC ဒုတိယနေရာမှာရှိနေတာနဲ့အညီ ကင်တားနားကို ပန်းဝင်တောင်ကုန်းမှာ အသေတိုက်ခိုက်ခဲ့ပါတယ်။ ဒါမေပဲ့ ကျွတ်ကျန်ခဲ့အောင် မလုပ်နိုင်ခဲ့ပါဘူး။ 
ရှေ့ကိုနဲနဲပြန်ကောက်ရမယ်ဆိုရင်တော့ ၁၁ ဦးပါ Breakaway တခုဟာ ပထမ တောင် (ဒီနေ့ ပေ ၃၀၀၀ ကျော်မြင့်တဲ့ တောင် ၃ လုံးနဲ့ ၁၀၀၀ ကျော်မြင့်တောင် ၂ လုံးရှိပါတယ်) တက်ပြီး ကတည်းက ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ခရစ်ဖိုးတို့ ၂ ဦး ရောက်မလာ မီအထိရှေ့မှာပြေးနေသူ Kochetkov (Katusha) and Bob Jungels (Etixx-QuickStep) တို့ဟာ အဲဒီ ၁၁ ဦးထဲကဖြစ်ပါတယ်။
ပန်းဝင်ဖို့ကီလို ၄၀ အလိုလောက်မှာတော့ Van Garderen and Froom တို့နှစ်ဦး ထွက်ပြေးပြိး ဟန်ချက်ညိစီးနိုင်ခဲ့ပါတယ်။ ပန်းဝင်ဖို့ ၂၀ အလို လောက်မှာ ရှေ့ပြေး ၂ ဦးနဲ့တွဲမိပြီး ၄ ဦးပေါင်းစိးခဲ့ပါသေးတယ်။ ဒါပေမဲ့ ၁၀ ကီလိုခန့်စီးပြီးချိန်မှာ ရှေ့ပြေး ၂ ဦးပြတ်ကျန်ခဲ့ပါတယ်။ ပန်းဝင်ဖို့ ၆ ကီလိုခန့် မှာတော့ Van Garderen ကိုပါ Froom က ချန်ထားပြီး တကို်ယ်တော် ထွက် ပြေးပါတယ်။
ပန်းဝင်ဖို့ ၅ ကီလိုအလိုအထိ ကင်တားနားတို့အဖွဲ့က တမီနစ်နီးပါးပြတ်နေဆဲ ပါ။ ဒါပေမဲ့ တဖြေးဖြေးနဲ့အရှိန်တင်လာလိုက်တာ Froom မှအပ အားလုံးကို ဖမ်းမိသွားပါတယ်။ Froom ကလည်း ပထမ ရဖို့အဓိကမဟုတ်ပဲ တိုးဒီဖရင့် အတွက်လေ့ကျင့်နေတယ်ဆိုတာနဲ့အညီ ကုန်းဆင်းတွေ၊ အကွေတွေမှာ ချော် မလဲအောင် အရှိန်ထိမ်းစီးရင်းနဲ့ ပန်းဝင်တော့ ၄ စက္ကန့်ပဲ အသာကျန်ပါတော့ တယ်။
ဒီနေ့အတွက် ၄-၁၀ ပန်းဝင်သူတွေကတော့
4 Ilnur Zakarin (Rus) Team Katusha 
5 Nairo Quintana (Col) Movistar Team 
6 Bauke Mollema (Ned) Trek-Segafredo 
7 Rui Costa (Por) Lampre-Merida 
8 Rigoberto Uran (Col) Cannondale Pro Cycling 
9 Tejay van Garderen (USA) BMC Racing Team 0:00:09 
10 Simon Spilak (Slo) Team Katusha တို့ဖြစ်ပါတယ်။
...
၅ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General Classification after stage 4
# Rider Name (Country) Team Result
1 Nairo Quintana (Col) Movistar Team 12:07:03 
2 Thibaut Pinot (Fra) FDJ 0:00:19 
3 Ion Izagirre (Spa) Movistar Team 0:00:23 
4 Ilnur Zakarin (Rus) Team Katusha 0:00:26 
5 Tom Dumoulin (Ned) Giant-Alpecin 0:00:57 
6 Rui Costa (Por) Lampre-Merida 0:01:12 
7 Simon Spilak (Slo) Team Katusha 0:01:16 
8 Mathias Frank (Sui) IAM Cycling 
9 Bauke Mollema (Ned) Trek-Segafredo 0:01:24 
10 Tejay van Garderen (USA) BMC Racing Team 0:01:27 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Ollon ကနေ Genève အထိ 172 km ကို နောက်ဆုံးနေ့ အဖြစ် ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ကင်တားနားပဲ အ၀ါရောင်ရသွား မလား။ GC အပြောင်းအလဲဖြစ်နိုင်သေးသလား။ စိတ်ဝင်တစားစောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။ ။
.....

Tour de Romandie ပွဲ ၄ ရက်မြောက်နေ့ Pinot အနိုင်ရ...။
...

ဆွင်ဇလန်နိုင်ငံမှာ ၆ ရက်ကြာကျင်းပနေတဲ့ Tour de Romandie ပွဲ ၄ ရက်မြောက်နေ့ Sion - Sion (ITT) တဦးချင်းစံချိန်ပြုအဖြစ် 15.11 km ပွဲမှာ Thibaut Pinot (FDJ) က 20:21 မီနစ်နဲ့ ပထမ ရသွားပါတယ်။ ဒါဟာ ဒီပွဲမှာ သူရဲ့ ၃ ကြိမ်မြောက် ITT အနိုင်ရခြင်းလည်းဖြစ်ပါတယ်။
နယ်သာလန်မှာ ITT ဆရာကြီး Tom Dumoulin (Giant-Alpecin) က ၂ စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Bob Jungles (Etixx-QuickStep) က ၉ စက္ကန့်နောက်ကျပြီး တတိယ ရပါတယ်။ Chris Froome (Team Sky) လည်း ဒီနေ့ခြေစွမ်းပြပြီး စတုတ္တရသွားပါတယ်။
GC အတွက် မကျေပွဲနွဲကြတဲ့ Nairo Quintana (Col) Movistar Team နဲ့ Ilnur Zakarin (Rus) Team Katusha တို့ကတော့ အဆင့် ၆၊ ရ နေရာတွေ ကနေပန်းဝင်ကြပါတယ်။ ဒါကြောင့် အ၀ါရောင်အကျီကို ကင်တားနားက ထိမ်း ထားဆဲဖြစ်ပါတယ်။ 
ဒါအပြင် ဒီနေ့ ပထမရတဲ့ Thibaut Pinot (FDJ) က ဒုတိယနေရာဆီရောက် လာတာကြောင့် Ilnur Zakarin (Rus) Team Katusha က တတိယ ဖြစ်သွား ပါတယ်။
၎ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification after stage 3
# Rider Name (Country) Team Result
1 Nairo Quintana (Col) Movistar Team 7:22:35 
2 Thibaut Pinot (Fra) FDJ 0:00:23 
3 Ilnur Zakarin (Rus) Team Katusha 0:00:26 
4 Jon Izaguirre (Spa) Movistar Team 0:00:29 
5 Tom Dumoulin (Ned) Team Giant-Alpecin 0:00:50 
6 Mathias Frank (Swi) IAM Cycling 0:01:06 
7 Simon Spilak (Slo) Team Katusha 0:01:11 
8 Rui Costa (Por) Lampre - Merida 0:01:12 
9 Tejay Van Garderen (USA) BMC Racing Team 0:01:22 
10 Rafal Majka (Pol) Tinkoff Team 0:01:23 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Conthey ကနေ Villars အထိ 173.2 km တောင်တက်ပွဲ တွေကိုဆက်လက်ယှဉ်ပြိုင်ကြဖို့ရှိနေပါတယ်။ ။
.......

Tour de Romandie တတိယနေ့ Zakarin အနိုင်ရ...။
...

(နောက်ပိုင်းသတင်းတွေအရ Zakarin ကိုအဆင့်ချပြီး ကင်တားနားကို ပထမ ပြန်ပေးဟုဆို)
ဆွင်ဇလန်နိုင်ငံမှာ ၆ ရက်ကြာကျင်းပနေတဲ့ Tour de Romandie တတိယနေ့ (Moudon - Morgins) 173.9 km တောင်တက်ပြိုင်ပွဲမှာ Ilnur Zakarin (Rus) Team Katusha က 4:28:40 နာရီနဲ့ ပထမ ရသွားပါတယ်။
ပထမရတယ်ဆိုပေမဲ့ တကယ့်တော့ သူဟာ ကင်တားနားနောက်မှာ ကပ်လိုက်လာပြီး ပန်းဝင်စည်းနားအရောက်မှာ လမ်းပိတ်စီးသလိုဖြစ်တဲ့အတွက် ဝေဖန်စရာတော့ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်ဖြစ် ပန်းဝင်ဖို့ ၆ ကီလိုခွဲအလိုမှာ တကိုယ်တော်ထွက်ပြေးပြီး ၅ ကီလိုကျော်ကို အခုပထမရသူနဲ့ တွဲစီးခဲ့သူ Nairo Quintana (Col) Movistar Team မကျေမချမ်းကပ်ရှုံးပြီး ဒုတိယ ဖြစ်သွားပါတယ်။
ဒါပေမဲ့ ၃ ရက်ပေါင်း အမှတ်အများဆုံးနဲ့ GC ပထမ အ၀ါရောအကျီကိုတော့ ကင်တားနား ရသွားခဲ့ပါတယ်။ သူတို့နှစ်ဦးနောက်မှာတော့ ဒုတိယ အုပ်စုထဲ က Rui Costa (Por) Lampre - Merida က 0:00:26 စက္ကန့်နောက်ကျနဲ့ ပန်းဝင်ပြိး တတိယ ရပါတယ်။
သူ့နောက်မှာတော့... 
4 Rigoberto Uran (Col) Cannondale Pro Cycling 
5 Thibaut Pinot (Fra) FDJ 
6 Jon Izaguirre (Spa) Movistar Team 
7 Rafal Majka (Pol) Tinkoff Team 
8 Mathias Frank (Swi) IAM Cycling 
9 Pierre Rolland (Fra) Cannondale Pro Cycling 
10 Simon Spilak (Slo) Team Katusha တို့ဆက်တိုက်ပန်းဝင်ကြပါ တယ်။
တိုးဒီဖရင့်ချန်ပီယံ ခရစ်ဖလိုး ပြတ်ကျန်ခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ဒီဲပွဲဟာ သူ့အတွက်သွေးပူလေ့ကျင့်ခန်းသာဖြစ်ပြီး ပထမ ရအောင်စီးနေခြင်းမဟုတ် ဘူး။ သူ့ရဲ့အဓိက ပစ်မှတ်က ဇူလိုင်မှာကျင်းပမဲ့ တိုးဒီဖရင့်သာဖြစ်တယ်လို့ ဆိုပါတယ်။
ရှေ့ပိုင်းကိုနည်းနည်းပြောရမယ်ဆိုရင်တာ့ ၆ ဦးပါ Breakaway အဖွဲ့တခုဟာ ပန်းဝင်ဖို့ ကီလို ၃၀ ခန့်အထိ ၃ မီနစ်လောက်ပြတ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတောင်အတက်မှာ တဖြေးဖြေးအရှိကျလာပြီး ၃ ဦးပဲဆက်ပြေးနိုင် ပါတယ်။ နောက်ဆုံး ၁၀ ကီလိုကျော်အလိုမှာတော့ ဖမ်းမိသွားပါတယ်။
၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 1
# Rider Name (Country) Team Result
1 Nairo Quintana (Col) Movistar Team 7:02:09 
2 Ilnur Zakarin (Rus) Team Katusha 0:00:10 
3 Jon Izaguirre (Spa) Movistar Team 0:00:16 
4 Thibaut Pinot (Fra) FDJ 0:00:28 
5 Rui Costa (Por) Lampre - Merida 0:00:32 
6 Mathias Frank (Swi) IAM Cycling 0:00:33 
7 Simon Spilak (Slo) Team Katusha 0:00:38 
8 Pierre Rolland (Fra) Cannondale Pro Cycling 0:00:39 
9 Bauke Mollema (Ned) Trek-Segafredo 0:00:40 
10 Rigoberto Uran (Col) Cannondale Pro Cycling 0:00:42 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Sion - Sion (ITT) တဦးချင်းစံချိန်ပြုအဖြစ် 15.11 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ဆွင်ဇလန်ရာသီဥတုဟာ အေးနေဆဲဖြစ် ပြီး ပွဲကျင်းပရာလမ်းတလျောက် ဆီးနှင်းတွေဖုံးနေတဲ့ တောင်ကုန်းတွေကို မြင် နေရပါတယ်။ အခု ပန်းဝင်တောင်ကုန်းမှာဆိုရင် နှင်းတွေရှိနေဆဲဖြစ်ပါတယ်။ ။
...
အခု နောက်ဆုံးဝင်လာတဲ့သတင်းတွေရ Zakarin ရဲ့ ပန်းအ၀င် Sprint တင်ပုံဟာ ပုံမှန်မဟုတ်၊ ပုံမှန်နည်းလမ်းကိုဖောက်ဖျက်ရာကျတဲ့အတွက် အဆင့်ချခံလိုက်ရပြီး ကင်တားနားကိုပဲ ပထမ ပြန်ပေးလိုက်ကြောင်း သိရပါတယ်။ 
...
ဒိုင်လူကြီးတွေရဲ့ အခုလိုဆုံးဖြတ်ချက်အပေါ် မကျေနပ်ဘူးလို့ Zakarin ကပြောပါတယ်။ ဒါ့ အပြင် သူ့အသင်းတာဝန်ရှိသူတွေအားလုံး အလားတူထုတ်ပြောလာပါတယ်။ ဒီအတွက် အကောင်းဆုံးအဖြေကတော့ မနက်ဖြန် တဦးချင်းစံချိန်ပြုမှာ ကင်တားနားထက်သာအောင် စီးပြဖို့ပဲရှိတယ်လို့ Zakarin ကပြောပါတယ်။
စာဖတ်သူတွေကော ပန်းဝင်ခါနီး ၅ မီတာလောက် အခြေအနေကို ဘယ်လိုမြင်ပါသလဲ။
တကယ်ဆို လမ်းမပိတ်လည်း Zakarin ကပဲ ပထမ ရနိုင်တဲ့အနေအထားများနေပါတယ်။ ဒါပေမဲ့ လမ်းပိတ်တာဟာ စည်းကမ်းဖောက်တာဖြစ်တဲ့အတွက် အခုလိုအရေးယူပေးဖို့လည်း လိုအပ်တယ်လို့ထင်ပါတယ်။ ... စာဖတ်သူများရဲ့ ထင်မြင်ချက်တွေကို သိချင်ပါကြောင်း...။
.....

Tour de Romandie ဒုတိယနေ့ Kittel အနိုင်ရ...။
...

ဆွင်ဇလန်နိုင်ငံမှာ ၆ ရက်ကြာကျင်းပနေတဲ့ Tour de Romandie ဒုတိယနေ့ (La Chaux-de-Fonds - Moudon) 166.9 km (နှင်းကျတဲ့အတွက် တောင် ကုန်း ၃ ခု ဖယ်လိုက်ရတာကြောင့် ၁၀၉ ကီလိုသာ တကယ်စီးခဲ့ရ) မှာ Marcel Kittel (Ger) Etixx - Quick-Step က 2:27:46 နာရီနဲ့ ပထမ ရသွားပါတယ်။
Niccolo Bonifazio (Ita) Trek-Segafredo က ကပ်လျက်ပန်းဝင်ပြီး နှာ တ ဖျားနောက်ကျနဲ့ ဒုတိယ၊ Michael Albasini (Swi) Orica-GreenEdge က တတိယ ရသွားပါတယ်။
ဒီပွဲဟာလည်းရှေ့မှာတင်ပြခဲ့တဲ့ တူရကီပွဲလိုပါပဲ။ ရှေ့ပြေးသမား ၃ ဦးကို ပန်း ၀င်ဖို့ ၁၀ လိုအလိုလောက်မှာမှ ဖမ်းမိပြီး ပန်းဝင် စပရင့်တင်ကြတာပါ။ ကီလို ၄၀ အလိုမှာ စမြင်ရတဲ့မြင်ကွင်းက ရှေ့ပြေးတဦးဟာ ၄ မီနစ်ခွဲလောက် အထိ ရှေ့မှာလွတ်နေပါတယ်။
သူ့ကိုအမီလိုက်နေတဲ့ ၂ ဦးက ၂ မီနစ်နီးပါးအပြတ်နဲ့လိုက်နေပါတယ်။ ဒါပေမဲ့ ကီလို ၂၅ လောက်အကျန်မှာ နောက်က ၂ ဦးကို Peloton ကမိသွားပါတယ်။ အဲဒီအချိန်အထိ တကိုယ်တော်ရှေ့ပြေးသမားဟာ ၁ မီနစ်ခွဲကျော်ကျော် ပြတ် နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သူခြေကျနေပါပြီ၊ ဒါမှမဟုတ် Peloton က အသား ကုန်အရှိန်တင်လိုက်နေပါပြီ။
၁၄ ကီလိုအလိုမှာအားလုံးကိုဖမ်းမိသွားပြိး ပန်းဝင်စည်းနားအရောက် မီတာ ၃၀၀ လောက်မှာမှ Sprint တင်ပြီး အခုလိုအဖြေထွက်သွားတာဖြစ်ပါတယ်။ 
၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့..
General classification after stage 1
# Rider Name (Country) Team Result
1 Jon Izaguirre Insausti (Spa) Movistar Team 2:33:19 
2 Tom Dumoulin (Ned) Team Giant-Alpecin 0:00:06 
3 Geraint Thomas (GBr) Team Sky 0:00:07 
4 Reto Hollenstein (Swi) IAM Cycling 0:00:11 
5 Tejay Van Garderen (USA) BMC Racing Team တို့ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပွဲမှာ GC ဆရာကြီးတွေဖြစ်တဲ့
Nairo Quintana (Col) Movistar Team
Thibaut Pinot (Fra) FDJ
Rigoberto Uran Uran (Col) Cannondale Pro Cycling
Christopher Froome (GBr) Team Sky
Rafal Majka (Pol) Tinkoff Team
Richie Porte (Aus) BMC Racing Team တို့ပါနေတာကြောင့် လာမဲ့ရက် တွေအတွင်း သူတို့ရဲ့ခြေပေါ်လာနိုင်ပါတယ်။
မနက်ဖြန် Moudon - Morgins 173.9 km ပွဲအတွင်း GC အပြောင်းအလဲ ဖြစ်လာနိုင်ခြေရှိနေပါတယ်။ ။
......

Tour de Romandie ပထမနေ့ Izaguirre အနိုင်ရ...။
...
ဆွင်ဇလန်နိုင်ငံမှာ ဒီနေ့စတင်တဲ့ ၆ ရက်ကြာပွဲစဉ်ရဲ့ ပထမနေ့ တဦးချင်း စံချိန်ပြု ITT 3.95km ပြိုင်ပွဲမှာ Jon Izaguirre Insausti (Spa) Movistar Team က 0:05:33 မီနစ်နဲ့ ပထမ ရသွားပါတယ်။

နယ်သာလန်မှ စံချိန်ပြုဆရာကြီး Tom Dumoulin (Ned) Team Giant-Alpecin က 0:00:06 စက္ကန့်နောက်ပြီး ဒုတိယနဲ့ ပိုလန်မှ ကမ္ဘာ့ချန်ပီယံ ဟောင်း Michal Kwiatkowski (Pol) Team Sky က 0:00:07 စက္ကန့်နောက် ကျနဲ့ တတိယ ရသွားပါတယ်။
တခြား ၄-၁၀ ပန်းဝင်သူတွေကတော့..
4 Geraint Thomas (GBr) Team Sky 
5 Gorka Izaguirre Insausti (Spa) Movistar Team 0:00:08 
6 Moreno Moser (Ita) Cannondale Pro Cycling 0:00:09 
7 Reto Hollenstein (Swi) IAM Cycling 0:00:11 
8 Louis Vervaeke (Bel) Lotto Soudal 
9 Tejay Van Garderen (USA) BMC Racing Team 
10 Martijn Keizer (Ned) Team LottoNl-Jumbo 0:00:12 တို့ဖြစ်ပါ တယ်။
တနင်္ဂနွေနေ့ကပြီးဆုံးသွားတဲ့ Spring Classcis ပွဲတွေနောက်ပိုင်း ဒီပွဲဟာ နာမည်ကြီးအတော်များများစုံတဲ့ပွဲဖြစ်ပါတယ်။ တပြိုင်တည်းမှာပဲ တူရကီမှာ လည်း Tour of Turkey ပွဲကျင်းပနေတာ ၃ ရက်ရှိနေပြီဖြစ်ပါတယ်။ ဒီနေ့ တတိယနေ့မှာ ဂျာမဏီမှ တာတိုဘုရင် André Greipel (Ger) Lotto Soudal က ပထမ ရသွားပါတယ်။
မနက်ဖြန်မှာတော့ La Chaux-de-Fonds ကနေ Moudon အထိ 166.9 km ပွဲကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
......
..

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More