Thursday, May 12, 2016

Giro d'Italia ပွဲ ပထမ သီတင်းပတ် စာစုများ...။

Giro d'Italia ပွဲ ပထမနေ့ Dumoulin အနိုင်ရ...။
...
၂၁ ရက်တာ မဟာပြိုင်ပွဲ Grand Tour တခုဖြစ်တဲ့ Giro d'Italia ပွဲ (နယ်သာ လန်နဲ့ အီတလီမှာ) ပထမ နေ့ ITT တဦးချင်းစံချိန်ပြု (Apeldoorn - Apeldoorn) 9.8 km ပွဲမှာ နယ်သာလန် မှ စံချိန်ပြုဆရာကြီး Tom Dumoulin (Ned) Giant-Alpecin က 0:11:03 မီနစ်နဲ့ ပထမ ရသွားပါတယ်။

Primoz Roglic (Slo) LottoNL-Jumbo က တစက္ကန်ရဲ့ တ၀က်လောက် နောက်ကျပြီး ဒုတိယနဲ့ Andrey Amador (CRc) Movistar Team က 0:00:06 စက္ကန့်နောက်ကျနဲ့ တတိယ ရပါတယ်။
ပွဲမစခင်က နာမည်ကြီးနေသူ၊ တွန် ကိုယ်တိုင်က ပထမ ရနိုင်တယ်လို့ပြော ထားသူ ကာစီးလာလားကတော့ မနေ့က ၀မ်းကိုက်ရောဂါခံစားလိုက်ရတဲ့ အတွက် မှန်းထားသလောက် စံချိန်မကောင်းခဲ့ပဲ နံပတ် ၈ ဖြစ်သွားပါတယ်။
ဒီနေ့ ၁-၁၀ ရသူစာရင်းကတော့ ..
# Rider Name (Country) Team Result
1 Tom Dumoulin (Ned) Giant-Alpecin 0:11:03
2 Primoz Roglic (Slo) LottoNL-Jumbo
3 Andrey Amador (CRc) Movistar Team 0:00:06
4 Tobias Ludvigsson (Swe) Giant-Alpecin 0:00:08
5 Marcel Kittel (Ger) Etixx-QuickStep 0:00:11
6 Moreno Moser (Ita) Cannondale 0:00:12
7 Bob Jungels (Lux) Etixx-QuickStep 0:00:13
8 Fabian Cancellara (Swi) Trek-Segafredo 0:00:14
9 Matthias Brändle (Aut) IAM Cycling
10 Silvan Dillier (Swi) BMC Racing Team 0:00:16 ဖြစ်ပါတယ်။
...
GC ဆရာတွေရဲ့ အလားအလာ။
...

GC ဆရာကြီးတွေဖြစ်တဲ့ Vincenzo Nibali (Ita) Astana Pro Team က 0:00:19 စက္ကန့်နောက်ကျ။ Alejandro Valverde Belmonte (Spa) Movistar Team က :24 စက္ကန့်နောက်ကျ။ Mikel Landa Meana (Spa) Team Sky က ၄၀ စက္ကန့်နောက်ကျတဲ့ အနေအထားရှိနေပါတယ်။ တခြား GC ဆရာတွေဖြစ်တဲ့ Esteban Chaves (Orica-GreenEdge) က 30 seconds နောက်ကျ၊ Rigoberto Uran (Cannondale) က 33 seconds နောက်ကျခဲ့ပါတယ်။
ထူးတာကတော့ ဒီနှစ် Giro d'Italia မှာ ITT တဥိးချင်းစံချိန်ပြုပွဲချည်း ၃ ပွဲ (တပတ် တခါ) ပါနေခြင်းပါ။ အဓိပါယ်က ITT မှာခြေမကောင်းရင် GC အတွက်ပါ ထိခိုက်လာနိုင်တဲ့သဘော ရှိနေပါတယ်။ အထူးသဖြင့် နီဘာလီပြီးရင် ဒုတိယရေပန်းအစားဆုံးဖြစ်သူ လင်ဒါဟာ ၄၀ စက္ကန့်တောင်နောက်ကျတာမို့ သချာင်္နည်းအရတွက်ရင် ပြသာနာရှိနိုင်ပါတယ်။ တပွဲမှာ စက္ကန့် ၄၀ ဆို ၃ ပွဲမှာ ၂ မီနစ်နောက်ကျနေပြီးသားဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။
လက်ရှိပန်းရောင်အကျီရထားသူ တွန် ကတော့ သူဟာ မြေပြန့်ပဲကောင်းပြီး မဟာ တောင်တက်ပွဲတွေမှာ မရနိုင်ဘူးလို့ ၀န်ခံထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့နှစ် သြဂုတ်လအတွင်းက ကျင်းပခဲ့တဲ့ စပိန် Grand Tour ၂၁ ရက်တာပွဲ Vuelta a Espana မှာ အနီရောင်အကျီရခါ နီးအထိဖြစ်ခဲ့တာကို မေ့ထားလို့မရပါ။
ဘာဖြစ်ဖြစ် လောလောဆယ်သေချာတာတခုကတော့ မနက်ဖြန်၊ သဖက်ခါ နယ်သာလန် နယ်အတွင်း ကျန်နေတဲ့ ၂ ရက်စလုံးဟာ မြေပြန့်ပွဲတွေဖြစ်နေတာကြောင့် ပန်းရောင်အကျီကို နယ်သာလန်သား တွန်က အနည်းဆုံး ၂ ရက် ဆက်ထိမ်းထားဦးမယ်ဆိုတဲ့သဘောဖြစ်ပါ တယ်။
...
မနက်ဖြန်မှာတော့ Arnhem ကနေ Nijmegen အထိ (မြို့ပတ် အပါဝင်) 190 km ကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ။
.....

Giro d'Italia ပွဲ ဒုတိယနေ့ Kittel အနိုင်ရ...။
...
၂၁ ရက်တာ မဟာပြိုင်ပွဲ Grand Tour တခုဖြစ်တဲ့ Giro d'Italia ပွဲ (နယ်သာ လန်နဲ့ အီတလီမှာ) ဒုတိယနေ့ (Arnhem ကနေ Nijmegen အထိ (မြို့ပတ် အပါဝင်) 190 km ပြိုင်ပွဲမှာ ဂျာမဏီမှ နာမည်ကြီးတာတိုဘုရင် Marcel Kittel (Ger) Etixx - Quick-Step က ပန်းအ၀င်မှာ စပရင့်တင်ပြီး 4:38:31 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Arnaud Demare (Fra) FDJ နဲ့ Sacha Modolo (Ita) Lampre - Merida တို့က ကပ်လျက်ပန်းဝင်ပြီး ဒု-တ ရသွားပါတယ်။
Kittel ဟာ မနေ့က ၁၁ စက္ကန့်နောက်ကျနဲ့ နံပတ် ၅ နေရာမှာရှိနေသူဖြစ်ပါ တယ်။ အခု ပထမ ရတဲ့အတွက် a 10-second time bonus ၁၀ စက္ကန့်အပို ဆု ထပ်ရတာကြောင့် ပန်းရောင်အကျီကိုပါရသွားပြီလားလို့ ထင်လိုက်မိပါ တယ်။
ဒါပေမဲ့ လက်ရှိ ပန်းရောင်အကျီပိုင်ရှင် Dumoulin ကလည်း သူနဲ့အတူ ပထမ အုပ်ထဲမှာပန်းဝင်လာတာကြောင့် ၁ စက္ကန့်အလိုနဲ့ Dumoulin ကပဲ ပန်းရောင် အကျီကို ဆက်ထိမ်းထားဆဲဖြစ်ပါတယ်။
မနက်ဖြန်မှာလည်း Kittel ပဲ ပထမ ထပ်ရရင်တော့ နယ်သာလန်မြေက မထွက်ခင်မှာတောင် Dumoulin ဟာ ပန်းရောင်ကိုစွန့်လိုက်ရနိုင်ပါတယ်။ ဒါပေမဲ့ စပရင်တာတဦးတည်းက နှစ်ရက်ဆက်တိုက်ရဖို့တော့ သိပ်မလွယ် ပါဘူး။ ဒါကြောင့် နယ်သာလန်မြေထဲက ၃ ရက်စလုံးမှာ နယ်သာလန်သား Dumoulin ကပဲ ပန်းရောင်ကို ထိမ်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
.....
အစောပိုင်း ပွဲအခြေအနေကိုပြောရမယ်ဆိုရင် ၃ ပါ Breakaway တဖွဲ့တခုဟာ တာထွက်ပြီးသိပ်မကြာခင်မှာကတည်းက ထွက်ပြေးလွတ်မြောက်သွားပါ တယ်။ ဒီအဖွဲ့ဟာ တဖြေးဖြေးနဲ့အရှိန်တင်သွားလိုက်တာ ပန်းဝင်ဖို့ ကီလို ၁၀၀ အလိုမှာ ၁၀ မီနစ်အထိ Gap ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်း တောင်ကုန်ငယ်လေးတွေ စတက်ရာကနေ အရှိန်ကျ လာခဲ့ပြီး၊ တနည်းအားဖြင့် Peloton က အရှိန်တင်လိုက်လာတဲ့အတွက် ပန်း ၀င်ဖို့ ကီလို ၃၀ ခန့်အလိုမှာ ၂ မီနစ်ခွဲသာကျန်ပါတော့တယ်။
နယ်သာလန်သာ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်တဲ့နိုင်ငံဖြစ်တာကြောင့် တောင်မရှိပါဘူး။ ဒါပေမဲ့ လေပြင်းတိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ လေ မ တိုက်တဲ့အတွက် စက်ဘီးသမားတွေ စိတ်သက်သာရာရခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုနဲ့နောက်ဆုံးပန်းဝင်ဖို့ ၁၀ ကီလိုဝန်းကျင်အလိုမှာ အားလုံးကိုဖမ်းမိသွား ပြီး စပရင်တာအသင်းတွေက ထိပ်ဆုံးမှာနေရာရအောင်ကြိုးစားပါတယ်။ ပန်း အ၀င်မှာ တွက်ထားတဲ့အတိုင်း ကွက်တိဖြစ်တာကြောင့် Kittel အခုလို ရသွား တာဖြစ်ပါတယ်။
...
နာနည်ကြီးတွေအားလုံး ပထမ အုပ်စုနဲ့အတူ တပြိုင်တည်းပန်းဝင်လာတာ ကြောင့် GC အပြောင်းအလဲမရှိသေးပါဘူး။ မနက်ဖြန်လည်းပြောင်းဖို့ မလွယ် သေးပါဘူး။ သဖက်ခါနားရက်အပြီး အီတလီကိုပြန်အ၀င် ၅ ရက်မြောက်ပွဲ တွေ၊ ၆ ရက်မြောက်ပွဲတွေရှိ တောင်တက်ပြိုင်ပွဲရောက်မှ GC အပြောင်းအလဲ ဖြစ်လာမယ်လို့ ယူဆရပါတယ်။
General classification after stage 2
# Rider Name (Country) Team Result
1 Tom Dumoulin (Ned) Team Giant-Alpecin 4:49:34 
2 Primoz Roglic (Slo) Team LottoNl-Jumbo 
3 Marcel Kittel (Ger) Etixx - Quick-Step 0:00:01 
4 Andrey Amador (CRc) Movistar Team 0:00:06 
5 Tobias Ludvigsson (Swe) Team Giant-Alpecin 0:00:08 
6 Moreno Moser (Ita) Cannondale Pro Cycling 0:00:12 
7 Bob Jungels (Lux) Etixx - Quick-Step 0:00:13 
8 Matthias Brandle (Aut) IAM Cycling 0:00:14 
9 Silvan Dillier (Swi) BMC Racing Team 0:00:16 
10 Roger Kluge (Ger) IAM Cycling 
11 Chad Haga (USA) Team Giant-Alpecin 
12 Georg Preidler (Aut) Team Giant-Alpecin 0:00:17 
13 Martijn Keizer (Ned) Team LottoNl-Jumbo 
14 Manuele Boaro (Ita) Tinkoff Team 0:00:18 
15 Vincenzo Nibali (Ita) Astana Pro Team 0:00:19
မနက်ဖြန်မှာတော့ နယ်သာလန်မြေ နောက်ဆုံးပွဲအဖြစ် Nijmegen - ကနေ Arnhem အထိ 190 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
.....

Giro d'Italia ပွဲ တတိယနေ့ Kittel ဆက်တိုက်အနိုင်ရ...။
...
၂၁ ရက်တာ မဟာပြိုင်ပွဲ Grand Tour တခုဖြစ်တဲ့ Giro d'Italia ပွဲ (နယ်သာ လန်နဲ့ အီတလီမှာ) တတိယနေ့ (နယ်သာလန်မြေ နောက်ဆုံးပွဲအဖြစ် Nijmegen - ကနေ Arnhem အထိ) 190 km ပြိုင်ပွဲမှာMarcel Kittel (Ger) Etixx - Quick-Step က 4:23:45 နာရီနဲ့ ပထမ ရသွားပါတယ်။

Elia Viviani (Ita) Team Sky နဲ့ Giacomo Nizzolo (Ita) Trek-Segafredo တို့က နဲနဲစီနောက်ကျပြီး ဒု-တ ရသွားပါတယ်။ ဒါဟာ Kittel နှစ်ရက်ဆက် တိုက်အနိုင်ရတာမို့ နောက်ထပ် ၁၀ စက္ကန့်အပိုဆုရပြီး ပန်းရောင်အကျီကိုပါ သိမ်းပိုက်သွားပြီဖြစ်ပါတယ်။
Kittel နှစ်ရက်ဆက်တိုက်ရဖို့မလွယ်ဘူးဆိုပြီး မနေ့က စာရေးသူ ဟောကိန်း ထုတ်ခဲ့တာ လွဲသွားပါတယ်။
...
ရှေ့ပိုင်းအခြေအနေကိုပြောရမယ်ဆိုရင်တော့ မနေ့ကပွဲလိုပါပဲ၊ တာလွတ်တာနဲ့ ၄ ဦးပါအဖွဲ့တခု Breakaway အဖြစ်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဘယ်လောက်အထိလွတ်သွားသလဲဆိုရင် ပန်းဝင်ဖို့ ၁၄၀ ကီလိုအလိုမှာ ၈ မီနစ်အထိ Peloton ကိုဖြတ်ထားနိုင်လိုက်ပါတယ်။
နောက်ပိုင်းမှာ Peloton ကအရှိန်တင်လိုက်ပေမဲ့ ရှေ့ပြေး ၄ ဦးက ဟန်ချက်ညီ စီးနိုင်တဲ့အတွက် Gap က တော်ရုံနဲ့ကျမသွားပါဘူး။ ပန်းဝင်ဖို့ ကီလို ၃၀ လောက်လိုတဲ့အထိ ၄ မီနစ်ခန့်ပြတ်နေဆဲပါ။ အဲဒီအချိန်မှာ Peloton အတွင်း လဲပြိုမှု ၃ ကြိမ်လောက်ဖြစ်ပြီး မျက်နှာနဲ့လမ်း ဆောင့်မိသူတဦး ဆေးရုံကား ပေါ် တခါတည်းလိုက်သွားရပါတယ်။
ပန်းဝင်ဖို့ ၁၂ ကီလိုအလိုမှာတော့ ၄ ဦးထဲက တောင်အာဖရိကသား အရပ် ရှည်စက်ဘီးသမား Johann Van Zyl (Dimension Data) က တကိုယ်တော် ထွက်ပြေးပါတယ်။ တခြား ၃ ဦး ရုတ်တရက်ကြောင်ပြီး မလိုက်နိုင်ပဲ ပြတ် ကျန်ခဲ့ပါတယ်။
စက္ကန့် ၃၀ ကျော်ပဲကျန်ရာကနေ သူတကို်ယ်တော်ထွက်ပြေးပြီးနောက် တမီ နစ်ကျော်အထိ Gap ပြန်ဖြစ်သွားတဲ့အတွက် ဒီလူကို Peloton က ဖမ်းမိပါဦး မလားလို့တောင် ထင်မိပါတယ်။ ဒါပေမဲ့ Kittel တို့အသင်းက နောက်ဆုံး ၅ ကီလိုမှာ အသားကုန်အရှိန်တင်လိုက်တဲ့အတွက် ပန်းဝင်ဖို့ ၁ ကီလိုအလို လောက်မှာ Van Zyl ကိုဖမ်းမိသွားပါတယ်။
ဒီနေ့ရာသီဥတုအခြေအနေက ၂၆ ဒီဂရိအထိရှိပြီး နေအတော်သာပါတယ်။ ဒါပေမဲ့ မနေ့ကလို လေငြိမ်မနေပဲ လေတိုက်နှုန်းအတော်ပြင်းတယ်လို့ စက်ဘီး သမားတွေကပြောပါတယ်။
...
နယ်သာလန်မြေကမထွက်ခင် ၃ ရက်တာပွဲအတွင်း GC အပြောင်းအလဲ မဖြစ် နိုင်သေးဘူးလို့ မနေ့ကဟောကိန်းထုတ်ခဲ့တာလွဲသွားပါတယ်။ Kittel က နှစ် ရက်ဆက်တိုက်အနိုင်ရတာကြောင့် အပိုဆု စက္ကန့် ၂၀ ရပြီး ထိပ်ဆုံးကိုရောက် သွားပါတယ်။
ဒါကြောင့် မနေ့ကအထိ ပန်းရောင်အကျီကိုထိမ်းထားသူ အိမ်ရှင်နိုင်ငံသား Dumoulin ဒီနေ့ ပန်းရောင်အကျီကိုစွန့်ပြီး ကာတဲဆီပေးလိုက်ရပါတယ်။ ၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...

General classification after stage 3
# Rider Name (Country) Team Result
1 Marcel Kittel (Ger) Etixx - Quick-Step 9:13:10 
2 Tom Dumoulin (Ned) Team Giant-Alpecin 0:00:09 
3 Andrey Amador (CRc) Movistar Team 0:00:15 
4 Tobias Ludvigsson (Swe) Team Giant-Alpecin 0:00:17 
5 Moreno Moser (Ita) Cannondale Pro Cycling 0:00:21 
6 Bob Jungels (Lux) Etixx - Quick-Step 0:00:22 
7 Matthias Brandle (Aut) IAM Cycling 0:00:23 
8 Roger Kluge (Ger) IAM Cycling 0:00:25 
9 Chad Haga (USA) Team Giant-Alpecin 
10 Georg Preidler (Aut) Team Giant-Alpecin 0:00:26 
11 Vincenzo Nibali (Ita) Astana Pro Team 0:00:28 တို့ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ပထမ သတင်းပတ်အတွက် နားရက်ဖြစ်ပါတယ်။ အဲဒီနား ရက်မှာ နယ်သာလန်ကနေ အီတလီမြေဆီ လေယဉ်နဲ့ပြန်ဝင်ကြမှာဖြစ်ပါ တယ်။ အင်္ဂါနေ့ မေလ ၁၀ ရက်မှာတော့ Catanzaro ကနေ Praia a Mare အထိ 200 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ပေ ၁၀၀၀ စီလောက် မြင့်တဲ့တောင်နှစ်လုံးမှအပ ကျန်တာအားလုံး မြေပြန့်ဖြစ်တဲ့အတွက် တာတို ဘုရင်တွေ၊ အထူးသဖြင့် လက်ရှိပန်းရောင်ရထားသူ Kittel ပဲ ထပ်ရမလား။ Dumoulin ကပဲ ပြန်လုယူနိုင်မလား၊ GC သမားတွေပဲ ခြေစွမ်းပြလေမလား။ စိတ်ဝင်တစားစောင့်ကြည့်ရဥိးမှာဖြစ်ပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More