Monday, July 14, 2025

နောင်ချိုကို စစ်တပ်ပြန်ဝင်လာ... ကန့်ဘလူတိုက်ပွဲ စစ်သား ၄ ဦးသေဆုံး...


နောင်ချိုကို စစ်တပ်ပြန်ဝင်လာ... ကန့်ဘလူတိုက်ပွဲ စစ်သား ၄ ဦးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၅ ဇူလိုင် ၂၀၂၅

နောင်ချိုမြို့နယ်မှာ လနဲ့ချီ တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ တပ်သားအချို့ မြို့စွန် ရပ်ကွက်တွေထဲ ဝင်ရောက်လာတာတွေ့ရတယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖော်ပြပါတယ်။

TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်) ဘက်ကတော့ ဇူလိုင် ၁၄ ရက် နောင်ချို အခြေအနေကို ဘာမှ ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။

ဒါ့အပြင်...

- တောင်ခမ်းကနေ နောင်ချိုဘက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်ထဲက စစ်သားသစ်တွေ ဒါဇင်နဲ့ ချီပြီး လက်နက်တွေနဲ့အတူ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သတင်းထုတ်ပြန်...

- ဖားဆောင်းမြို့နယ် မော်ချီး ဒေသကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၆ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ...

- ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အထက်ပိုင်းကို စစ်ကောင်စီ တပ်တွေ ဝင်လာတဲ့အတွက် တော်လှန်ရေး တပ်တွေနဲ့တိုက်ပွဲဖြစ်ပြီး စစ်ဗိုလ်တဦး သေဆုံး...

- ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့  အထက ၁ မှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီး အဖွဲ့က ၅ ဦးခန့် မြို့ထဲ ထွက်လာစဉ် တော်လှန်ရေး တပ်တွေက ပစ်ခတ်ရာမှာ ၄ ဦးသေ၊ သေနတ် ၃ လက် သိမ်းမိ...

- ငဖဲမြို့နယ်၊ နတ်ရေကန် စခန်းက စစ်သားသစ် တဦးဟာ MA-1 တလက်နဲ့ အတူ  သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံ ခိုလှုံလာ...

- ဇူလိုင် ပထမ သီတင်းပတ်အတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More