“ဒေသတခုချင်း လွတ်မြောက်ရေးကနေ တနိုင်ငံလုံး လွတ်မြောက်ရေးကို စဉ်းစားဖို့လိုလာတယ်”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
၁၄ ဇူလိုင် ၂၀၂၅
“ဒေသတခုချင်း၊ ပြည်နယ်တခုချင်း စစ်ကောင်စီ ကင်းစင်ရေးကနေ နေပြည်တော်မှာ စစ်ကောင်စီ ကင်းစင်ရေး၊ တနိုင်ငံလုံးမှာ စစ်ကောင်စီကင်းစင်ရေးကိုပါ တပြိုင်တည်းစဉ်းစားဖို့လိုတယ်၊ ဒီအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဒေသအလိုက် စစ်ကောင်စီကင်းစင်ရေးဆောင်ရွက်မှုတွေ အတိုင်းအတာတခုထိ အောင်မြင်ပေမယ့် နေပြည်တော်ကမှာ စစ်ကောင်စီခိုင်မာနေသရွေ့ အချိန်မရွေး ပြန်ဒုက္ခပေးနိုင်တာကြောင့် ERO နဲ့ NUG ပူးပေါင်းဆောင်ရွက်ရေး၊ NUG ပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းနေရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ညီနောင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးအရှိန်အဟုန် နှေးကွေးသွားတာ ဘာကြောင့်လဲ...
- ERO တွေအားလုံး ဟန်ချက်ညီ စစ်ရေးလှုပ်ရှားနိုင်ဖို့ ဘာတွေလိုအပ်နေသလဲ...
- NUG ပြုပြင်ပြောင်းလဲရေးက ဘာကြောင့်အရေးတကြီးလိုအပ်နေတာလဲ...
- တခုချင်းလွတ်မြောက်ရေးကနေ တစုံလုံးလွတ်မြောက်ရေးအတွက်ပါ စဉ်းစားဖို့လိုတာ ဘာကြောင့်လဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment