“ရွေးကောက်ပွဲအကြောင်း ပြောရမယ့်အချိန်မဟုတ်ဘူး၊ တော်လှန်စစ်ကို အားပေးရမယ့်အချိန်သာဖြစ်တယ်”
- ဦးအောင်မိုးဇော် (ဥက္ကဌ - DPNS)
“လက်ရှိနိုင်ငံရေးအခြေအနေဟာ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးရမယ့်အချိန်မဟုတ်ဘူး၊ တော်လှန်စစ် အရှိန်ကောင်းလာအောင် ဝိုင်းဝန်းအားပေး ကူညီရမယ့် အချိန်သာဖြစ်တယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ အွန်လိုင်းပေါ်က နိုင်ငံရေးအငြင်းပွားမှုတွေ၊ တော်လှန်ရေးအဖွဲ့တွေကြား အချင်းချင်းပွတ်တိုက်မှုတွေ၊ စစ်ကောင်စီဖက်က ရွေးကောက်ပွဲနဲ့ ထိုးနှက်လာမှုတွေအပေါ် တော်လှန်ရေးအင်အားစုတွေက ဘယ်လိုကိုင်တွယ် ဖြေရှင်းနေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- NUG ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေက ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်သလဲ...
- KNU ဒေသမှာ စခန်းတွေ တခုပြီးတခုသိမ်းနေချိန်မှာ အခြားဒေသတွေမှာ စစ်ရေးအရ နည်းနည်းပြန်ငြိမ်သွားတာ ဘာကြောင့်လဲ...
- စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ် တော်လှန်ရေးအင်အားစုတွေက ဘယ်လိုတုန့်ပြန်မှာလဲ...
- တော်လှန်ရေးစစ် အရှိန်ကောင်းအောင် ဘယ်လိုဝိုင်းဝန်းကူညီသင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment