“တပြည်လုံးအရေးမှာ ဖက်ဒရယ်ကိုတောင်းဆိုပြီး ကိုယ့်ပြည်နယ်တွင်းကျ တပြည်ထောင်စနစ်ကို ကျင့်သုံးချင်နေတာလား”
- ဆလိုင်း ကစ်ခိုလျန် (ဖက်ဒရယ်အရေး အကြံပေးဆွေးနွေးသူ)
၁၆ ဇူလိုင် ၂၀၂၅
“တပြည်လုံးအရေးအတွက် ဗမာတွေနဲ့ဆွေးနွေးတဲ့အခါ ဖက်ဒရက်ပြည်ထောင်စုကို တောင်းဆိုနေကြပြီး ကိုယ့်ပြည်နယ်အတွင်းရေးကျတော့ တပြည်ထောင်စနစ်၊ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးချင်နေကြတာလား” ဆိုပြီး မေးခွန်းထုတ်စရာဖြစ်လာနေတယ်လို့ ဖက်ဒရယ်အရေးအကြံပေးဆွေးနွေးသူ ဆလိုင်းကစ်ခိုလျန်က ပြောပါတယ်။
ချင်းပြည်နယ် ရီခေါဒါဖက်မှာ ဖြစ်ပွားနေတဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြားက ပွတ်တိုက်မှုတွေကို ဘယ်လိုဖြေရှင်းသင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ရီခေါဒါဖက်က တင်းမာမှုအခြေအနေ တစုံတရာပြေလည်လာနေပြီလား...
- ကလေးဖက်ကနေ ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက ခုခံနေစဉ် ဒီပြသာနာ ဘာကြောင့်ပေါ်လာတာလဲ...
- စစ်တပ်မရှိရင် တိုင်းရင်းသားတွေ အချင်းချင်း ထချကုန်လိမ့်မယ်လို့ စစ်တပ်က ဝါဒဖြန့်နိုင်သလား...
- တပြည်လုံးအရေးမှာ ဖက်ဒရယ်ကိုတောင်းဆိုနေပြီး ကိုယ့်ပြည်နယ်တွင်းကျ တပြည်ထောင်စနစ် ကျင့်သုံးချင်နေတယ်လို့ ဘာကြောင့်ပြောတာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment