Wednesday, July 9, 2025

နောင်ချို ၆၀၆ ဒုံးတပ်ရင်းအနီး တိုက်ပွဲပြင်းထန်... ကျုံဒိုး-ကော့ကရိတ်လမ်း...


နောင်ချို ၆၀၆ ဒုံးတပ်ရင်းအနီး တိုက်ပွဲပြင်းထန်... ကျုံဒိုး-ကော့ကရိတ်လမ်းမှာ တိုက်ပွဲပြန်ဖြစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၀ ဇူလိုင် ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့ အနီးရှိ စစ်ကောင်စီရဲ့ ဒုံးတပ်ရင်းဟောင်း ၆၀၆ အနီးက နမ့်ဆောင်ဟူး ကျေးရွာအထိ စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီလို့ ရွှေဖီမြေက ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကတော့ “နမ်ဆောင်ဟူး၊ ဒုံး ၆ဝ၆ အကုန်ပြန် သိမ်းပြီ” လို့ ဇူလိုင် ၉ ရက် မနက်ပိုင်းမှာ ရေးသားဖော်ပြနေတယ်လို့ ဆိုပါတယ်။

TNLA ဘက်ကတော့ နောင်ချိုမြို့နယ်ရှိ ရမောင်းတန်း၊ နောင်လင်၊ အုမ္မခါး၊ ကျောက် ကြမ်း၊ ကျောက်တော၊ နားမုံနဲ့ ကသဲမျှောင် စတဲ့ ကျေးရွာ ၇ ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့သာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်...

- မိုးဗြဲနဲ့ လွိုင်ကော် မြို့ကြားရှိ ဆောင်ကန်း ကျေးရွာအနီး စစ်ကောင်စီ တပ်နဲ့ ကရင်နီ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေ...

- ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို စစ်ကောင်စီက တန်ပြန် ထိုးစစ်ဆင်လာတဲ့အတွက် KNLA တပ်တွေနဲ့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေ...

- ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ သင်္ဘော ၃၃ စီးပါ စစ်ကောင်စီ ရေယာဉ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ သင်္ဘော ၂ စင်း ပျက်စီး...

- ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်က အကျယ်ချုပ်နဲ့ ဖမ်းဆီးထားတယ်၊ ဗန်းမော် ထိုးစစ် မရပ်ရင် မြေရှားသတ္တု မဝယ်တော့ဘူးလို့ တရုတ်က အကျပ်ကိုင်တယ်ဆိုတဲ့ သတင်းတွေဟာ သတင်းအမှားတွေသာဖြစ်တယ်လို့ KIA ပြောခွင့်ရက ငြင်းဆို...

- တနင်္သာရီမြို့နယ်၊ ရေဖြူ စစ်ဗျူဟာ လုံခြုံရေးတပ်စုက စစ်သားသစ် ၂ ဦးဟာ MA-1 သေနတ် ၁ လက်၊ ခဲယမ်းတွေနဲ့ အတူ တနင်္သာရီတိုင်းစစ်ဌာန ထံခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More