ဖားဆောင်းမြို့က ခလရ ၁၃၄ ကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်... စစ်လေယာဉ်တစီးကို ပစ်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၄ ဇူလိုင် ၂၀၂၅
ကရင်နီပြည် ဖားဆောင်းမြို့နယ်ရှိ ခလရ ၁၃၄ ကို သိမ်းပိုက်လိုက်တဲ့အပြင် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစင်းကိုပါ ပစ်ချလိုက်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
ဖားဆောင်းရှိ ခလရ ၁၃၄ နဲ့ ၁၃၅ ကို ဇွန် ၂၅ မှာ စတင်ထိုးစစ်ဆင်ပြီး ၁၃၄ ကို ဇွန် ၃၀ မှာ သိမ်းပိုက်နိုင်တယ်၊ ၁၂၀ မမ မော်တာတွေ အပါအဝင် လက်နက်များစွာ သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်း ဖော်ပြပါတယ်။
ဒ့ါအပြင် ဖားဆောင်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူမျိုးစုံနဲ့ အကြိမ်ပေါင်းများစွာ လာရောက်တိုက်ခိုက်နေတဲ့အထဲက တရုတ်နိုင်ငံလုပ် FTC -2000G လေယာဉ်တစီးကို ဇူလိုင် ၂ ရက် မနက် ၁ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
ဒါ့အပြင်...
- မြဝတီမြို့နယ် တောင်ပိုင်း KNLA တပ်မဟာ ၆ ဒေသတွင်းရှိ ဝေါလေ ဗျူဟာ၊ ထီးသဲလယ်နဲ့ ဥကရိထ စခန်း ဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံလူထု စစ်ရှောင်အဖြစ် စတင် ထွက်ပြေး...
- သရက်ချောင်းမြို့နယ် ရန်တောင်ရွာရှိ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၅ ဦး သေ၊ ၃ ဦးဒဏ်ရာရ...
- အောင်လံမြို့နယ်အတွင်း တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်နေစဉ် စစ်ကောင်စီ စစ်ကြောင်းကနေ လူစုကွဲပြီး ကျန်ခဲ့တဲ့ စစ်သားတဦးကို MA1 တလက်နဲ့အတူ လက်ရဖမ်းမိ...
- မုံရွာ ‘နမခ’ က စစ်သားသစ် ၄ ဦးဟာ MA သေနတ် ၃ လက်၊ ခဲယမ်းတွေနဲ့ အတူ မုံရွာမြို့နယ် ‘ပကဖ’ ထံ ခိုလှုံလာ...
- အောင်ဇေယျ စစ်ကြောင်းက ထွက်ပြေးလာသူတွေ အပါအဝင် စစ်ကောင်စီ တပ်ဘက်ကနေ တော်လှန်ရေးဘက်ကို ခိုလှုံလာပြီး စစ်ကောင်စီကို ပြန်တိုက်ချင်တဲ့ စစ်သားဟောင်းတွေရဲ့ စစ်သင်တန်းဆင်းပွဲကို ဗျူဟာ ၃၂ မှာ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment