“ရွေးကောက်ပွဲမတိုင်ခင် နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ဖို့လိုတယ်”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
၁၃ ဇူလိုင် ၂၀၂၅
“စစ်ကောင်စီက ကျင်းပမယ်ပြောထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် တော်လှန်ရေးအင်အားစုတွေက နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ဖို့လိုတယ်၊ ရွေးကောက်ပွဲကိုတားဆီးနိုင်မယ့် စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်ဖို့လိုတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
အာဆီယံအစည်းဝေးက တိုက်တွန်းတဲ့အတိုင်း ရွေးကောက်ပွဲထက် အားလုံးပါဝင်တဲ့ဆွေးနွေးရေးကို ဦးစားပေးပါဆိုတာကို စစ်ကောင်စီက လက်ခံပါ့မလား၊ ရွေးကောက်ပွဲအကြိုကာလ စစ်ရေးအခြေအနေတွေက ဘယ်လိုပြောင်းလဲလာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- အာဆီယံရဲ့ တိုက်တွန်းချက်အပေါ် စစ်ကောင်စီက မလိုက်နာရင် ဘာဆက်လုပ်ကြမလဲ...
- နောင်ချိုစစ်မျက်နှာကနေ တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးရမယ့် အခြေအနေ ဖြစ်နေတာ ဘာကြောင့်လဲ...
- KIA အပေါ်မှာလည်း တရုတ်ဖိအားက ပိုတိုးလာနေသလား...
- ရွေးကောက်ပွဲမတိုင်မီ နေပြည်တော်ကို စစ်ရေးအရ ဖိအားပေးဖို့ ဘာကြောင့် အရေးတကြီးလိုအပ်နေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(AA ဖက်က စစ်ရေးအခြေအနေ၊ NUG ပြုပြောင်းလဲရေး... စတဲ့ ဆွေးနွေးချက်တွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment