ရွှေဘို တိုက်ပွဲ စစ်ကောင်စီ ဒုရင်းမှူးကို လက်ရဖမ်းမိ... မြိုင် တိုက်ပွဲ လက်နက်များစွာရရှိ...နောက်ဆုံးရ တိုက်ပွဲသတင်းများ ....
၁၁ ဇူလိုင် ၂၀၂၅
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ စစ်တပ် ဗျူဟာကုန်း ၃ ခုနဲ့ ပျူစောထီးစခန်းတခုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ရာမှာ စစ်ကောင်စီရဲ့ ဒု ရင်းမှူးကို လက်ရဖမ်းမိပြီး ၆၀ မမ မော်တာ အပါဝင် လက်နက်မျိုးစုံ ၃၀ ခန့် သိမ်းမိတယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း နယ်စည်းမခြား တော်လှန်ရေး အင်အားစုက သတင်းထုတ်ပြန်ပါတယ်။
ဂျူလိုင် (၄) ရက်၊ မနက်ပိုင်းမှာ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ဟင်္သာကြီး ပျူစောထီး စခန်းနဲ့ ဘိုးနတ်တောင် စစ်တပ် ဗျူဟာစခန်းကုန်းကို တပြိုင်တည်း တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူနဲ့ ခုခံခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- မြိုင်မြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရာမှာ စစ်ကောင်စီဖက်က သေဆုံးသူများ၊ ၁၂ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၀ ကျော်ရရှိ...
- နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနဲ့ ရေမောင်းတန် ကျေးရွာ ၆ ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA ကြား ဇူလိုင် ၁၀ ရက်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ...
- ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်မယ်လို့ ကြေညာထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရေဖြူမြို့နယ်၊ မူးဒူရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၁၀ ရက်မှာ စစ်ကြောင်းထိုးဝင်လာ...
- ဆားလင်းကြီး မြို့နယ်ရှိ တရုတ်- ဝမ်ပေါင်ကြေးနီကားတွေကို ကင်းစောင့်လိုက်ပေးရတဲ့ စစ်သား ၆ ဦး လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment