နတ်ရေကန်စခန်းမှာ တိုက်ပွဲပြင်းထန်... မာနယ်ပလောတိုက်ပွဲမှာ ထူးချွန်သူ ၂ ဦးကို ကော်သူးလေ ရဲစွမ်းသတ္တိ ဆုချီးမြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၈ ဇူလိုင် ၂၀၂၅
TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နဲ့ မျက်ချီးနု စတဲ့ ကျေးရွာ ၅ ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ် တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
ဒေသတွင်း မီဒီယာတွေကတော့ တောင်ခမ်းဘက်က ထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ နောင်ချိုနဲ့ ၄ မိုင်အကွာရှိ မျက်ချင်းနုကျေးရွာအကျော်၊ ဒုံးတပ်ရင်း ၆၀၆ အနီး ရောက်နေပြီဖြစ်ပြီး အုမ္မတီးကျေးရွာဘက်က ဝင်လာတဲ့စစ်ကြောင်းက ကျောက်ကြမ်းရွာအနီး၊ ခမရ ၁၁၄ နဲ့ ၁၁၅ စခန်းတွေအနီးအထိ ရောက်လာနေပြီလို့ ဖော်ပြပါတယ်။
ဒါ့အပြင်...
- နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းဆီ စစ်ကူလာတဲ့ စစ်ကြောင်းကို အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု များ...
- မိုးဗြဲမြို့ထဲ ဝင်လာတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ အိမ်ခြေ ၂၀ ကျော် မီးလောင်...
- လနဲ့ချီ လမ်းကြောင်း ပိတ်ဆို့ခံထားရတဲ့ ကော့ကရိတ် အခြေစိုက် စကခ ၁၂ ကို စစ်ကောင်စီက Y8 လေယာဉ်တွေ သုံးပြီး လေထီးနဲ့ ခဲယမ်း ရိက္ခာတွေ ချပေး...
- မာနယ်ပလော ဒေသ ရရှိရေး စစ်ဆင်ရေးအကောင်အထည်ရာမှာ ထူးချွန်တဲ့ တပ်မှူး ၂ ဦးကို ကော်သူးလေ ရဲစွမ်းသတ္တိ ဆုတံဆိပ် ချီးမြှင့်...
- ချင်းပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ထဲက စစ်သားသစ် ၁၁ ဦးဟာ သေနတ် ၈ လက်နဲ့ အတူ ကလေးမြို့ပြ ပြောက်ကျား UG အဖွဲ့ထံ ခိုလှုံ...
- ထားဝယ်က စစ်သားသစ် ၃ ဦးဟာ သေနတ် ၂ လက်နဲ့အတူ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံ ခိုလှုံ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment