Wednesday, July 2, 2025

ဖားဆောင်းက ခလရ ၁၂၄ ကို ကရင်နီတပ်တွေ သိမ်းပိုက်... နောင်ချို့မှာ တိုက်ပွဲ...


ဖားဆောင်းက ခလရ ၁၂၄ ကို ကရင်နီတပ်တွေ သိမ်းပိုက်... နောင်ချို့မှာ တိုက်ပွဲ ဆက်ပြင်းထန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃ ဇူလိုင် ၂၀၂၅

နောင်ချိုမြို့နဲ့ ၅ မိုင်ခန့် အကွာရှိ အုမ္မခါး၊ မျက်ချီးနု၊ လုံစံနဲ့ ကျောက်တော စတဲ့ ရွာ ၄ ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ရွှေဖီမြေနဲ့ ဒေသတွင်း မီဒီယာတွေမှာတော့ စစ်ကောင်စီ တပ်တွေဟာ ပြင်ဦးလွင်-နောင်ချိုလမ်းပေါ်ရှိ အုမ္မသီးရွာဘက်ကနေ စစ်ကြောင်း တစ်ကြောင်း၊ တောင်းခမ်း-နောင်ချို လမ်းပေါ်ရှိ ကံကြီးရွာဘက်ကနေ စစ်ကြောင်း နောက် တစ်ကြောင်း နောင်ချိုကို ဦးတည် စစ်ထိုးနေတာလို့ ဖော်ပြပါတယ်။

အုမ္မသီးဘက်က စစ်ကြောင်းရဲ့ အဓိက ဦးတည်ချက်ဟာ ခမရ ၁၁၄ နဲ့ ၁၁၅ ကို ပြန်ရဖို့ဖြစ်ပြီး ကံကြီးဘက်က စစ်ကြောင်းရဲ့ ဦးတည်ချက်ကတော့ မျက်ချီးနုရွာနဲ့ နောင်ချိုအကြားရှိ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ပြန်ရရေးဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင်...

- ဖားဆောင်းမြို့ရှိ ခလရ ၁၃၄ ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေ၊ မိသားစုတွေ ရာနဲ့ချီ ဖမ်းမိတဲ့ ပုံတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေ...

- ကျောက်ဖြူမှာ စစ်ကောင်စီတပ်နဲ့ AA (အာရက္ခတပ်တော်) ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အပစ်ရပ် ကာလ အလွန် ဇူလိုင် ၁ ရက်မှာ စတင် ပြင်းထန်လာ...

- ရေကြည်မြို့နယ် အခြေစိုက် အမတ ၃၄၄၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်ရှိ စစ်ကောင်စီ စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီး (Paramotor) နဲ့ တိုက်ခိုက်တာတွေကြောင့် ဒေသခံ အရပ်သား ၉ ဦး သေဆုံး၊ ၂၀ ဒဏ်ရာရတယ်လို့ ဗျူဟာ ၂၉၊ ဧရာဝတီ PDF က သတင်းထုတ်ပြန်...

- ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ ကနေ ရေစကြိုမြို့နယ် ခလရ ၂၅၆ ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ကားကို တော်လှန်ရေး တပ်တွေက ဖမ်းဆီး...

- တနင်္သာရီမြို့နယ် ချောင်းနှစ်ပေါက်ရွာ စစ်တပ် ဂိတ်က စစ်သားတဦးဟာ MA-1 သေနတ် တလက်နဲ့ အတူ KNU ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More