Friday, July 11, 2025

နောင်ချိုမှာ တိုက်ပွဲဆက်ဖြစ်... ရွေးကောက်ပွဲထက် စစ်ရပ်စဲရေးက ပိုအရေးကြီး...


နောင်ချိုမှာ တိုက်ပွဲဆက်ဖြစ်... ရွေးကောက်ပွဲထက် စစ်ရပ်စဲရေးက ပိုအရေးကြီးကြောင်း အာဆီယံသတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၁၂- ဇူလိုင်- ၂၀၂၅

နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ ကျောက်ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်ကျေးရွာ ၆ ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဒေသတွင်းမီဒီယာ ရွှေဖီမြေကတော့ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ဂျက်ဖိုက်တာက နောင်ချိုမြို့ ဈေးရပ်ကွက်ကို ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲသွားတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- စစ်ကိုင်းမြို့နယ်မြောက်ပိုင်းရှိ လင်းတလူးရွာ ဘုန်းကြီးကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အဲဒီကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ကလေးငယ်တွေအပါဝင် စစ်ရှောင်ပြည်သူ ၂၀ ကျော်သေဆုံးပြီး ၅၀ ခန့်အထိ ဒဏ်ရာရ...

- တောင်ငူ အခြေစိုက် လေတပ်စခန်းကို ရှေ့တိုက်ဒုန်း ၁၁ လုံးနဲ့ တိုက်ခိုက်ရာမှာ လေတပ်အရာရှိတွေ အပါအဝင် ၁၁ ဦး သေဆုံး၊ ဂျက်ဖိုက်တာ တစင်း၊ Y 8 တစင်း ပျက်စီး ...

- ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ အနီးရှိ ကွမ်ကျိုက် စစ်ကောင်စီအထိုင်စခန်းကို မွန်တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၃ ဦးသေပြီး ၂ ဦးဒဏ်ရာရ...

- မြဝတီမြို့နယ် တောင်ဖက်- ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ဝေါလေဗျုဟာကုန်းကို KNLA - ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်တပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်နေပြီး ဒရုန်းဗုံး ပေါက်ကွဲသံတွေ၊ မီးခိုးတွေကို ထိုင်းဖက်ကမ်းကနေ မြင်နေရ...

- စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့ထက် အပစ်ရပ်ရေး- ငြိမ်းချမ်းရေး ဆွေးနွေးဖို့က ပိုအရေးကြီးတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More