Sunday, July 6, 2025

မွာလ်ပီးရွာတိုက်ပွဲ လက်နက်များစွာရရှိ... SNA တပ်တွေ ဒါဇင်နဲ့ချီပြီး ဘက်ပ...


မွာလ်ပီးရွာတိုက်ပွဲ လက်နက်များစွာရရှိ... SNA တပ်တွေ ဒါဇင်နဲ့ချီပြီး ဘက်ပြောင်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၇ ဇူလိုင် ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ပေါ်တက်လာပြီး တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီစခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်များစွာရရှိတယ်လို့ Chin World Media က ဖေါ်ပြပါတယ်။

ဇူလိုင် ၅ ရက်မှာ ဒီစခန်းကို သိမ်းပိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ကလေးမြို့နယ်အစပ် ခိုင်ကမ်းရွာထိ ပြန်ဆုတ်သွားတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF) ပြောရေးဆိုခွင့်ရ ဆလိုင်းထက်နီကပြောပါတယ်။

ဒါ့အပြင်...

- မြန်မာ-အိန္ဒိယနယ်စပ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့မှာ ချင်းတော်လှန်ရေးတပ် အချင်းချင်း တိုက်ပွဲဖြစ်နေတဲ့အတွက် ဒေသခံတွေ ရာနဲ့ချီပြီး အိန္ဒိယဖက် ထွက်ပြေးနေ...

- သရက်-မင်းလှ ကားလမ်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်ကောင်စီဖက်က သေဆုံး-ဒဏ်ရာရသူများ...

- ပခုက္ကူမြို့ရှိ စစ်သုံး လေယဉ်ကွင်းကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေ၊ ရော့ကက်တွေနဲ့ ပစ်ခတ်ရာမှာ စစ်သား ၁၀ ကျော် ထိခိုက်ဒဏ်ရာရ...

- SNA - ရှမ်းနီပြည်သူ့စစ်အဖွဲ့ကနေ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာတဲ့ ပြည်သူ့စစ် ၁၇ ဦးကို ကြိုဆိုဂုဏ်ပြုတဲ့အခမ်းအနား ဟုမ္မလင်းမြို့နယ် ပကဖ ကျင်းပ...

- ပေါ်တာဖမ်းခံရပြီး စစ်တပ်ထဲရောက်သွားတဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်သားသစ် ၂ ဦးဟာလည်း လက်နက်တွေနဲ့အတူ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံ ခိုလှုံလာ...

- မြိတ်အခြေစိုက် ခလရ(၁၀၃)နဲ့ (၂၆၇)က စစ်သား ၅ ဦးဟာ သေနတ် ၂ လက်နဲ့အတူ KNU မြိတ်-ထားဝယ် ခရိုင်ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More