Saturday, October 29, 2022

“ မြေပြင်မှာ NUG နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကသာ အဆုံးအဖြတ...



“လေကြောင်းတိုက်ပွဲက အဆုံးအဖြတ်မပေးနိုင်ပါဘူး။ မြေပြင်မှာ NUG နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး စစ်ရေး ဝေဖန်သုံးသပ်သူ)

(၂၉ -၁၀-၂၀၂၂)

“စစ်ကောင်စီဖက်က လေကြောင်းတိုက်ပွဲတိုးပြီးဆင်နွဲလာတာဟာ စစ်ရေးအရအားသာလာတာမဟုတ်ပဲ ကြည်းတပ်အခြေအနေမကောင်းလို့ လေတပ်ကို အားကိုးနေရခြင်းသာဖြစ်တယ်။ လေကြောင်းတိုက်ပွဲဟာ စစ်မြေပြင်အနေအထားကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်မဟုတ်ဘူး။ တိုက်ပွဲရဲ့အဓိကအားက NUG နဲ့ EAO တွေကြားမှာ ဘယ်လောက်အထိ အခိုင်အမာပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတဲ့အချက်သာဖြစ်တယ်” လို့ နိုင်ငံရေး စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အနန့်ပါရွာ ဗုံးကျဲခံရတာအပါဝင် အခုနောက်ပိုင်း လေကြောင်းတိုက်ပွဲကို စစ်ကောင်စီဖက်က တိုးပြီးဆောင်ရွက်လာတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အာဆီယံဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက တကယ်မလိုက်နာတော့ဘူးလား...

- စစ်ကောင်စီရဲ့ လေကြောင်းရန်ကို တော်လှန်ရေးတပ်တွေက ဘယ်လိုတုန့်ပြန်မလဲ...

- ဝမ်းနည်းဖွယ် နာကျဉ်းချက်ကို တော်လှန်ရေးခွန်အားအဖြစ် ဘယ်လိုပြောင်းလဲမလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More