Saturday, October 1, 2022

“တနှစ်အတွင်း စစ်ကောင်စီတပ် အင်အား သုံးသောင်းလောက် ရုတ်လျော့သွားတယ်ဆိုတာ ...



“တနှစ်အတွင်း စစ်ကောင်စီတပ် အင်အား သုံးသောင်းလောက် ရုတ်လျော့သွားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်”
(ဦးသန်းစိုးနိုင်၊ နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ)
------------------------------------------------
(၁- ၁၀- ၂၀၂၂)

“ခုခံတော်လှန်စစ် တနှစ်တာအတွင်း စစ်ကောင်စီဖက်က နှစ်သောင်းကျော်ကျဆုံးပြီး တသောင်းလောက်ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့စာရင်းဟာ ဖြစ်နိုင်ခြေအများကြီးရှိတယ်” လို့ နိုင်ငံရေး-စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့တဲ့ ခုခံတော်လှန်စစ် တနှစ်တာအစီရင်ခံစာပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ပထမပိုင်းမှာ...
- စစ်ကောင်စီက ၁၀၀% ထိန်းချုပ်နိုင်တဲ့ နယ်မြေ ၂၀% လောက်ပဲကျန်တယ်ဆိုတာ ဘယ်အချက်တွေပေါ် အခြေခံ တွက်ချက်တာလဲ...

- တနှစ်အတွင်း စစ်ကောင်စီဖက်က နှစ်သောင်းကျော်ကျဆုံးပြီး တသောင်းခန့် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ သိပ်များလွန်းမနေဘူးလား...

- PDF တွေအတွက် လက်နက်တပ်ဆင်နိုင်မှုက ၁၅% ပဲရှိသေးတယ်လို့ NUG ကပြောထားချိန်မှာ စကစ ဖက်က ထိခိုက်ကျဆုံး သုံးသောင်းလောက်ဖြစ်နေတာ ဘာကြောင့်လဲ...

- တနှစ်တာအတွင်း EAO နဲ့ PDF တွေကြား ပူးပေါင်းတိုက်ပွဲဝင်နိုင်မှုက အားရစရာ ရှိရဲ့လား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်အရာရှိဟောင်း ဗိုလ်မှူးချုပ်အုန်းသွင် လုပ်ကြံခံရပြီးနောက်ပိုင်း စကစ အတွင်းရေးအခြေအနေ-ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနလာၤညပိုင်းမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More