Thursday, October 13, 2022

”ပြည်သူ့ဆန္ဒနဲ့မကိုက်ညီတဲ့ ရွေးကောက်ပွဲကို ပျက်အောင်ဖျက်ရမယ်”



”ပြည်သူ့ဆန္ဒနဲ့မကိုက်ညီတဲ့ ရွေးကောက်ပွဲကို ပျက်အောင်ဖျက်ရမယ်”
(ဦးအောင်မိုးဇော်- ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
-----------------------------------
(၁၄-၁၀-၂၀၂၂)

“အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒနဲ့မကိုက်ညီတဲ့အတွက် ဒီရွေးကောက်ပွဲကို မလုပ်ဖြစ်အောင် တိုက်ဖျက်ရမှာဖြစ်တယ်” လို့ (DPNS) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ ၃၄ နှစ်ပြည့်ပါတီမွေးနေ့အခမ်းအနားမှာ စစ်ကောင်စီက ကျင်းပမယ်ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားသလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ...
- ၃၄ နှစ်တာ ဖြတ်သန်းမှုအတွင်း DPNS က ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ...

- စစ်ကောင်စီက လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားသလဲ...

- ရွေးကောက်ပွဲဝင်မယ်ပြောနေတဲ့ ပါတီတွေအပေါ် ဘယ်လိုသဘောထားသလဲ...

- ရွေးကောက်ပွဲကိုလက်မခံရင် ဘယ်လိုနည်းလမ်းတွေနဲ့ တိုက်ဖျက်မှာလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး တနှစ်ခွဲကျော်အခြေအနေပေါ်ရှုမြင်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနင်္ဂနွေညမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More