Wednesday, October 26, 2022

“တနိုင်ငံလုံးဝမ်းနည်းပူဆွေးနေစဉ်မှာ သံရုံးအရာရှိတွေက ပျော်ပျော်နေနိုင်ဆဲ...



“အနန့်ပါကျေးရွာ လူသတ်ပွဲကြောင့် တနိုင်ငံလုံးဝမ်းနည်းပူဆွေးနေစဉ်မှာ သံရုံးအရာရှိတွေက ပျော်ပျော်နေနိုင်ဆဲလား”

(နော်ဝေရောက် ကချင်တိုင်းရင်းသားတဦး)

(၂၆-၁၀-၂၀၂၂)

“ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းရှိ အနန့်ပါကျေးရွာအပေါ် စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်တဲ့အတွက် လူတရာနီးပါးသေဆုံးခဲ့ရလို့ တနိုင်ငံလုံးဝမ်းနည်းပူဆွေးနေချိန်မှာ စစ်ကောင်စီသံရုံးအရာရှိတွေက ဘာမှမဖြစ်သလို ပျော်ပျော်နေနိုင်ဆဲလား” လို့ ဒီနေ့ နော်ဝေရှိ စကစ သံရုံးရှေ့ဆန္ဒပြသူတွေက သံအမတ်ဒေါ်မော်မော်ကို မေးခွန်းထုတ်လိုက်ပါတယ်။ 

ဒီနေ့ မြို့တော်အော်စလိုမှာ တနေကုန်မြူတွေဆိုင်းနေပြီး အပူချိန်ကလည်း ၅ ဒီရီစင်တီဂရိတ်တောင်မရှိတဲ့အချိန် ညနေ ၄ နာရီမှာ ဒီလူတွေ စကစ သံရုံးရှေ့ရောက်လာကြပြီး အခုလို ဆန္ဒပြနေကြတာပါ။

တိုက်ပွဲဖြစ်နေတဲ့နေရာမဟုတ်ပဲ သီချင်းဆိုနေတဲ့ လူအုပ်အပေါ်  အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကြီးဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေကပြောပါတယ်။

အခု ဒီဆန္ဒပြပွဲအကြောင်း စုစည်းချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်...

(BNN ၏ အစီစဉ်များကို ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More