“စစ်ပွဲတွေရပ်ဖို့ ခရစ်ယန်ဘာသာဝင်တွေက တောင်းဆိုနေချိန်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဘာကြောင့်ဒီလိုမပြောနိုင်တာလဲ”
(အရှင်ထာဝရ- ရွှေဝါရောင်ဆရာတော်)
------------------------------------
(၂၀-၁၀-၂၀၂၂)
“အာဏာသိမ်းစစ်ကောင်စီက လူသတ်၊ ရွာမီးရှို့လုပ်နေတဲ့အတွက် စစ်ပွဲတွေအမြန်ဆုံးရပ်ဖို့ ခရစ်ယန်ဘာသာဝင်တွေကတောင်းဆိုနေချိန်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဘာကြောင့်ဒီလိုမပြောနိုင်တာလဲ” လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ) က မေးခွန်းထုတ်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံကပေးအပ်တဲ့ Gandhi Prize for Non-Violent Peace- (အကြမ်းမဖက် ငြိမ်းချမ်းရေး) ဆုရရှိတဲ့ အရှင်ထာဝရကို ဗုဒ္ဓဘာသာဘုန်းကြီးတွေ နိုင်ငံရေးမှာ ပါဝင်သင့်-မသင့်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားသွားတာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- ဗုဒ္ဓဘာသာဘုန်းကြီးတွေ နိင်ငံရေးမှာ ပါဝင်သင့်သလား...
- စစ်ပွဲတွေရပ်ဖို့ ခရစ်ယန်ဘာသာဝင်တွေက တောင်းဆိုနေချိန်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဘာကြောင့်ဒီလိုမပြောနိုင်တာလဲ...
- စစ်ကောင်စီနဲ့ပေါင်းစားနေတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ပြည်သူတွေက ဆန့်ကျင်သင့်သလား...
- ပြည်တွင်း-ပြည်ပ အလှူငွေတွေက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အထိ အရေးကြီးသလဲ...
- တော်လှန်ရေးလုပ်တဲ့အခါ ဘာသာ၊ လူမျိုး၊ အသားအရောင် ခွဲခြားဖို့လိုသေးလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီနှင့် မေးမြန်းချက် ဒုတိယပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပေးပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)
0 comments:
Post a Comment