Monday, October 10, 2022

နိုဗယ်ငြိမ်းချမ်းရေးစင်တာနှင့် ဖမ်းဆီးခံနေရဆဲ နိုဗယ်ဆုရှင်



နိုဗယ်ငြိမ်းချမ်းရေးစင်တာနှင့် ဖမ်းဆီးခံနေရဆဲ နိုဗယ်ဆုရှင်
-------------------
(၁၀-၁၀-၂၀၂၂)

၂၀၂၂ ခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုကို ဘိုင်လာရုက ဖမ်းဆီးခံ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ယူကရိန်းနဲ့ ရုရှားက လူ့အခွင့်အရေးအဖွဲ့တွေကို ပေးအပ်လိုက်ကြောင်း နော်ဝေနိုင်ငံ နိုဗယ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မီတီက အောက်တိုဘာ ၇ ရက်နေ့မှာ ကြေညာပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင် ဆန့်ကျင်မှု အမိန့်ဖီဆန်ရေး CDM လှုပ်ရှားမှုဟာလည်း ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ထိပ်တန်းစာရင်းအထိ ပါခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ အထိ ပြန်ကြည့်မယ်ဆိုရင်တော့ အခု စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးခြင်းခံနေရသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပါတယ်။

ဒီလို နိုဗယ်ဆုကြေညာပြီး နောက်တရက်မှာ BNN သတင်းဌာနက ဦးထက်အောင်ကျော်ဟာ နိုဆယ်ဆုရွေးချယ်ရေးဌာန၊ ဆုပေးအပ်မယ့် အော်စလိုမြို့တော်ခန်းမနဲ့ နိုဗယ်ဆုရှင်တွေအကြောင်း ပြသထားတဲ့ နိုဗယ်စင်တာတို့ဆီသွားရောက်ပြီး အစီစဉ်တခု ရိုက်ကူးထားပါတယ်။

အခု အဲဒီအစီစဉ်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More