Sunday, October 23, 2022

“စကစ ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေကို...



“FATF ရဲ့အရေးယူမှုက စကစ ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေကို တည့်တည့်ထိပါလိမ့်မယ်”

(ဦးစိန်ဌေး - စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂၃-၁၀-၂၀၂၂)

“FATF ခေါ်  ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ ကနေ မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ်ကြေညာလိုက်တဲ့အတွက် စစ်ကောင်စီခါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေကို တည့်တည့်ထိခိုက်မှာဖြစ်တယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးကပြောပါတယ်။

ငွေကြေးခဝါချမှုအပါဝင် ဘဏ္ဍာရေးဆိုင်ရာစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ FATF က နှစ်နဲ့ချီကြိုတင်သတိပေးထားပါရဲ့နဲ့ စစ်ကောင်စီဖက်က လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့သောကြာနေ့မှာ အမည်ပျက်စာရင်းသွင်းလိုက်တဲ့အတွက် ဘာတွေ ဖြစ်လာနိုင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- FATF ရဲ့ကြေညာချက်ကြောင့် မြန်မာငွေဈေးထိုးကျပြီး တဒေါ်လာကို ကျပ် ၆၀၀၀ အထိဖြစ်သွားနိုင်သလား...

- FATF အဖွဲ့ဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီအဖွဲ့က စစ်ကောင်စီကို အရေးယူတာလဲ...

- ဒီတကြိမ်အရေးယူမှုနဲ့ အရင် နဝတခေတ် အရေးယူခံရမှု ဘာတွေကွာသလဲ...

- စကစ ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့သားသမီးပိုင် စီးပွားရေးလုပ်ငန်းတွေ တကယ်ထိခိုက်နေပြီလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီကိုပဲထိပြီး ပြည်သူတွေမထိအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More