Thursday, October 6, 2022

“နယ်မြေ ၅၀% ကျော်ဟာ ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေအဖြစ် ရှိနေပြီလို...



“နယ်မြေ ၅၀% ကျော်ဟာ ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေအဖြစ် ရှိနေပြီလို့ပြောလို့ရပါတယ်”
(ဦးနိုင်ထူးအောင်၊ အတွင်းဝန်- ကာကွယ်ရေးဝန်ကြီးဌာန- NUG) 
-----------------------------------------------
(၈- ၁၀- ၂၀၂၂)

“EAO တိုင်းရင်းသားတပ်တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့ PDF ပြည့်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေ အားလုံးကိုပေါင်းမယ်ဆိုရင် တနိုင်ငံလုံးရဲ့ ၅၀% ကျော်ကို တော်လှန်ရေးတပ်တွေဖက်က စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့တဲ့ ခုခံတော်လှန်စစ် တနှစ်တာ အစီရင်ခံစာပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ပထပပိုင်းမှာ...
- ခုခံစစ်တနှစ်တာအတွင်း နယ်မြေ ၅၀% ကျော်ကို တော်လှန်ရေးတပ်တွေဖက်က စိုးမိုးထားနိုင်ပြီဆိုတာ ဘယ်လိုအချက်တွေပေါ်အခြေခံပြောတာလဲ...

- တနှစ်တာအတွင်း ၂ ဖက်ထိခိုက်ကျဆုံးမှုစာရင်း ဘယ်လိုရှိသလဲ...

- ရန်ပုံငွေရရှိမှုနှင့် လက်နက်တပ်ဆင်နိုင်မှုအနေအထား ဘယ်လောက် တိုးတက်လာနေပြီလဲ...

- ယူကရိန်းတော်လှန်ရေးသမားတွေက နိုင်ငံတကာအကူအညီရပြီး မြန်မာ့နွေဦးတော်လှန်ရေးသမားတွေက အကူအညီမရသေးတာ ဘာကြောင့်လဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(PDF, ပကဖ တပ်တွေ အမိန့်နာခံမှုအားနည်းနေတာ ဘာကြောင့်လဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနင်္ဂနွေညမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More