အနန့်ပါကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရမှု သေဆုံးစာရင်းနှင့် နောက်ဆုံးအခြေအနေ
(ဗိုလ်မှူးကြီးနော်ဘူ- KIO/KIA သတင်းပြန်ကြားရေးအဖွဲ့)
(၂၆-၁၀-၂၀၂၂)
ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းရှိ အနန့်ပါကျေးရွာအပေါ် စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်တဲ့အတွက် သေဆုံးသူဦးရေဟာ ၆၀ ကျော်နေပြီဖြစ်ပြီး ဒဏ်ရာရသူတွေကိုလည်း ဆေးကုသခွင့်မပေးပဲ စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားတယ်လို့ KIO/KIA သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။
ဒီတိုက်ခိုက်ခံရမှုမှာ ရွာသားတွေမပါပဲ KIA, PDF, NLD တပ်ဖွဲ့ဝင်တွေသာဖြစ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ပြောဆိုချက်ကို ဗိုလ်မှူးကြီးကငြင်းပယ်ပြီး သေဆုံးသူအများစုဟာ အရပ်သားတွေသာဖြစ်တယ်လို့ပြောပါတယ်။
ဒီလို လူတွေကိုအစုအပြုံလိုက်သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အတွက် စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပေးဖို့လည်း သူကတောင်းဆိုပါတယ်။ မဟာမိတ်တွေရဲ့ စာနာ နားလည်မှုအတွက်လည်း ကျေးဇူးတင်ကြောင်းပြောပါတယ်။
ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် ခွန်အားအဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အရှိန်မြင့်ဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့ KIO/KIA သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)
0 comments:
Post a Comment