Monday, October 24, 2022

“အကြမ်းဖက်စစ်ဗိုလ်များ၊ ဘိန်းရာဇာများ၊ လက်နက်ပွဲစားများ၊ ငွေကြေးခဝါချတဲ့...



“အကြမ်းဖက်စစ်ဗိုလ်များ၊ ဘိန်းရာဇာများ၊ လက်နက်ပွဲစားများ၊ ငွေကြေးခဝါချတဲ့ခရိုနီများ ပြေးမလွတ်ပါဘူး”

(ဦးစိန်ဌေး - စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂၅-၁၀-၂၀၂၂)

“FATF ရဲ့ အဓိကပစ်မှတ်ဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်ကောင်စီကို ကူညီအားပေးနေတဲ့ ဘိန်းရာဇာတွေ၊ လက်နက်ဝယ်ပေးနေသူတွေ၊ စစ်ကောင်စီနဲ့ပေါင်းပြီး စီးပွားရေး လုပ်နေတဲ့ခရိုနီတွေဖြစ်တဲ့အတွက် ဒီတကြိမ်မှာ ဒီလူတွေ ပြေးမလွတ်နိုင်ဘူး” လို့  စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ FATF ရဲ့သတိပေးချက်ကို အရင်ခေတ် စစ်အစိုးရတွေလိုမျိုး ဒီနေ့စစ်ကောင်စီနဲ့ သူရဲ့ခရိုနီတွေ ရှောင်ပြေးလို့လွတ်နိုင်သေးလားဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်ရဲ့ အမေးကို သူက ဒီလို ဖြေကြားသွားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အထည်ချုပ်စက်ရုံတွေပိတ်ရရင် ဘယ်သူတွေ အဓိက ထိခိုက်နိုင်သလဲ...

- FATF က တောင်းဆိုထားတဲ့ အချက် ၈ ချက်က ဘာတွေလဲ...

- ဘိန်းရာဇာတွေ၊ လက်နက်ပွဲစားတွေ၊ ငွေကြေးခဝါချနေတဲ့ ခရိုနီတွေကို စစ်ကောင်စီက ဟန်ပြအရေးယူမှုလုပ်လေမလား...

- စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ တိုးရအောင် ဘယ်လိုဆောင်ရွက်ပေးသင့်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More