Friday, October 21, 2022

“၁၉၈၈ ကတည်းက NLD ဆိုင်းဘုတ်တင်ထားတဲ့အိမ်ကို အခုမှ ချိတ်ပိတ်တာကတော့...



“၁၉၈၈ ကတည်းက NLD ဆိုင်းဘုတ်တင်ထားတဲ့အိမ်ကို အခုမှ ချိတ်ပိတ်တာကတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်တာကို တုန့်ပြန်တာပါ”
(ခွန်မြင့်ထွန်း - ဥက္ကဌ - ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ - PNFC)
---------------------------------- 
(၂၂-၁၀-၂၀၂၂)

”၁၉၈၈ ခုနှစ်ကတည်းက NLD ဆိုင်းဘုတ်တင်ထားတဲ့ သထုံမြို့က နေအိမ်ကို စစ်ကောင်စီတပ်တွေက အခုမှ လာပြီးချိတ်ပိတ်သွားတာဟာ NCA လမ်းကြာင်းကိုရပ်ပြီး နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါတာကို တုန့်ပြန်တဲ့သဘောဖြစ်နိုင်တယ်” လို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ - (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းကပြောပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့မှာရှိတဲ့ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လာရောက်ချိတ်ပိတ်သွားတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ...
- သထုံက နေအိမ်ကို စစ်ကောင်စီက ဘာကြောင့် ချိတ်ပိတ်တာလဲ...

- PNFC တပ်တွေက နွေဦးတော်လှန်ရေးမှာ ဘယ်လိုပါဝင်ပူူးပေါင်းဆောင်ရွက်နေသလဲ...

- NCA ဆွေးနွေးပွဲဆိုတာ ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော်ရှိမှ လုပ်ခွင့်ရှိတာကို စစ်ကောင်စီက မသိဘူးလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(EAO တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု၊ အမိန့်စီးဆင်းမှုအားကောင်းအောင် ဘယ်လိုဆောင်ရွက်နေသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနလာၤညမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More