Tuesday, October 4, 2022

“မြေပြင်မှာ တကယ်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတွေကို ကူညီပေးနိုင်ဖို့ ...



“မြေပြင်မှာ တကယ်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတွေကို ကူညီပေးနိုင်ဖို့ ကြိုးစားသွားပါ့မယ်”
(ဟန်လေး - စစ်အာဏာရှင်ကိုဆန့်ကျင်သော မြန်မာအလှမယ်)

(၄-၁၀-၂၀၂၂)

“စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ရှေ့တန်းစစ်မြေပြင်မှာ အသက်စွန့်တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးသမားတွေကို အတတ်နိုင်ဆုံးကူညီပေးသွားမယ်၊ တော်လှန်ရေး ရန်ပုံငွေရှာဖွေရေးကို ဦးစားပေးလုပ်သွားမယ်” လို့ စစ်အာဏာရှင်ကို ဆန့်ကျင်သော မြန်မာအလှမယ် ဟန်လေးက ပြောပါတယ်။

သူ့နိုင်ငံကူးလက်မှတ်ကို စစ်ကောင်စီက ပယ်ဖျက်လိုက်တဲ့အတွက် ဘန်ကောက် အပြည်ပြည်လေဆိပ်မှာ ဖမ်းဆီးခံရပြီး ကနေဒါနိုင်ငံကိုရောက်သွားတဲ့ အလှမယ်ဟန်လေးကို ဘာတွေဆက်လုပ်ဖို့စီစဉ်ထားသလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အလှမယ်ရွေးပွဲတုန်းက စစ်ကောင်စီကို ဘယ်လိုဆန္ဒပြကန့်ကွက်ခဲ့သလဲ...

- ကနေဒါမှာ ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားသလဲ...

- တော်လှန်ရေးတနှစ်ခွဲကြာလာတဲ့အထိ ကိုယ်နဲ့မဆိုင်သလို နေနေသူတွေကို ဟန်လေးက ဘယ်လိုပြောထားသလဲ...

- ရှေ့တန်းစစ်မြေပြင်က တော်လှန်ရေးရဲဘော်တွေအတွက် ဟန်လေးရဲ့ အားပေးစကား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အရင်ကြေညာထားတဲ့ စစ်ရေးဝေဖန်သူ ဦးသန်းစိုးနိုင်နဲ့ မေးမြန်းချက် ဒုတိယပိုင်းကိုတော့ ကြာသပတေးနေ့မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More