Sunday, October 2, 2022

စစ်အာဏာရှင်ကို ဆန့်ကျင်သော အလှမယ် ဟန်လေးနှင့် မေးမြန်းချက် (၁)



စစ်အာဏာရှင်ကို ဆန့်ကျင်သော အလှမယ် ဟန်လေးနှင့် မေးမြန်းချက် (၁)
--------------------------------------
(၃-၁၀-၂၀၂၂)

“စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အလှမယ်ရွေးပွဲမှာပြောခဲ့တဲ့အတွက် စစ်ကောင်စီတာဝန်ရှိသူတွေက ဘန်ကောက်လေဆိပ်အထိ လိုက်လာပြီး သူမကို ဖမ်းဆီးဖို့ကြိုးစားခဲ့တာဖြစ်တယ်” လို့ စစ်အာဏာရှင်ကို ဆန့်ကျင်သော မြန်မာအလှမယ် ဟန်လေးကပြောပါတယ်။

သူမရဲ့ နိုင်ငံကူးလက်မှတ်ကို စစ်ကောင်စီက ပယ်ဖျက်လိုက်တဲ့အတွက် ဘန်ကောက် အပြည်ပြည်လေဆိပ်မှာဖမ်းဆီးခံရမှုအခြေအနေ၊ အဲဒီမှာ ၆ ရက်ကြာနေပြီးနောက် ကနေဒါနိုင်ငံဆီ ရောက်သွားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် အလှမယ်ဟန်လေးက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့်မေးမြန်းချက် ပထမပိုင်းမှာ ...
- ကနေဒါကို ဘယ်လိုရောက်လာတာလဲ...

- ဘန်ကောက်လေဆိပ်မှာ စစ်ကောက်စီ ရဲတပ်ဖွဲ့က သူမကို ဖမ်းဖို့ ဘယ်လိုကြိုးစားခဲ့တာလဲ...

- UNHCR က ဘယ်လိုကာကွယ်ပေးခဲ့သလဲ...

- အလှမယ်ရွေးပွဲတုန်းက ဟန်လေး ဘာတွေပြောခဲ့သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေရေးအတွက် ကနေဒါမှာ ဘယ်လိုဆက်လုပ်မလဲ- ဆိုတဲ့အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More