Wednesday, January 26, 2022

Interview with Salai Yaw Mann of CDF- Mindat. part-1



“ကျနော်တို့မှာ လက်နက်ပိုကောင်းလာတယ်၊ အင်အားပိုများလာတယ်။၊ စကစ ဖက်က တော့ အကျအဆုံး ပိုများလာနေပါတယ်”

(ဆလိုင်းယောမာန်- CDF- Mindat)
----------------------------------------------------------------------------------
(၂၆/၁/၂၀၂၂)

နွေဦးတော်လှန်ရေးအင်အားစုတွေဖက်မှာ လူအင်အား၊ လက်နက်အင်အားပိုကောင်းလာတဲ့အပြင် ဒေသတခုနဲ့တခု ဆက်စပ်တိုက်ပွဲဖေါ်လာနိုင်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးပိုများလာနေတာတွေ့ရတယ်လို့ ချင်းပြည်နယ် မင်းတပ်ဒေသ ပြည့်သူ့ကွယ်ရေးတပ်  CDF- Mindat ပြောခွင့်ရသူ ဆလိုင်းယောမာန်ကပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်နေတဲ့ ချင်းတောင်ပေါ်က မင်းတပ်မြို့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့....
- မင်းတပ်နဲ့ ချင်းတောင်ပေါ်က တိုက်ပွဲနောက်ဆုံးအခြေအနေ...
- ချင်းတောင်တန်းနဲ့ မကွေး၊ စစ်ကိုင်းဒေသရှိ CDF, PDF တပ်တွေရဲ့ ပူးတွဲဆောင်ရွက်နိုင်မှုအနေအထား...
- တနှစ်ကာလ နှစ်ဖက် ထိခိုက်ကျဆုံးမှု စာရင်း...
- စစ်ပြေးဒုက္ခသည်တွေကို UN က အကူအညီပေးခွင့်ရနေပြီလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

(တော်လှန်ရေးတပ်ဖွဲ့တွေက ထိမ်းချုပ်ထားတဲ့နယ်မြေတွေမှာ မူလတန်းကျောင်းတွေ ပြန်ဖွင့်ပြီး စာသင်ပေးနေတဲ့အခြေအနေအပါဝင် ပအဖ-ခေါ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဆောင်ရွက်နေမှုအကြောင်း ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More