Wednesday, January 19, 2022

Interview with Pado Mhan Mhan of KNU. part-1



“လေးကေကော်တိုက်ပွဲနောက်ပိုင်း KNLA တပ်မဟာ ၇ ခုစလုံး တိုက်ပွဲထဲ ပါလာတယ်”

(ပဒိုမန်းမန်း- KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း)
----------------------------------------------
(၁၉ /၁/၂၀၂)

ပြီးခဲ့တဲ့လအတွင်းက စတင်ခဲ့တဲ့ လေးကေကော် တိုက်ပွဲနောက်ပိုင်း KNLA တပ်မဟာ ၇ ခုစလုံး နွေဦးတော်လှန်ရေးတိုက်ပွဲစဉ်ထဲ ပါဝင်လာတယ်လို့ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း- ပဒိုမန်းမန်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာကာလအတွင်း KNU အပါဝင် EAO တွေနဲ့ PDF, NUG အစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ၂၀၂၂ အတွင်း တိုက်ပွဲအရှိန်မြှင့်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- တပ်မဟာ ၅ အပါဝင် KNU ထိမ်းချုပ်နယ်မြေတွေအပေါ် စကစ တပ်တွေရဲ့ ထိုးစစ်ဆင်မှု နောက်ဆုံးအခြေအနေ...
- နယ်ခြားစောင့်တပ်စခန်းသိမ်းပိုက်မှုအပါဝင် KNU, PDF တပ်တွေရဲ့ တန်ပြန် ထိုးစစ်ဆင်နိုင်မှု အနေအထား...
- လေးကေကော်တိုက်ပွဲက နွေဦးတော်လှန်ရေးအင်အားစုတွေအတွက် ဘယ်လို သင်္ခန်းစာတွေ ပေးလိုက်သလဲ...
- ၂၀၂၂ အတွင်းမှာ လက်နက်ကိုင်တိုက်ပွဲ အရှိန်အဟုန် ပိုမြင့်လာနိုင်သလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ယုံကြည်တယ်ဆိုရင်... စကစ ကကျင်းပပေးမယ့် ၂၀၂၃ ရွေးကောက်ပွဲကို ခေါင်းထဲကထုတ်ထားဖို့လိုတဲ့အကြောင်း ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More