Saturday, January 29, 2022

Interview with Banya Khung Aung of KHRG. part-1



“ပြည့်သူ့တော်လှန်ရေး မအောင်မခြင်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကို ခံနေရဦးမှာဖြစ်ပါတယ်”

(ဗညားခွန်အောင်- Karenni Human Rights Group)
------------------------------------------------------------------------------
(၂၉ /၁/၂၀၂၂)

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မခံချင်ရင် စစ်ကောင်စီအမြန်ဆုံးပြုတ်ကျအောင် အားလုံးလက်တွဲတိုက်ခိုက်ဖို့လိုတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KHRG မှ ဗညားခွန်အောင်ကပြောပါတယ်။

မြို့တော် လွိုင်ကော်အပါဝင် ကရင်နီဒေသမှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ပြေးဒုက္ခသည် ၂ သိန်းလောက်အထိရှိလာနေတာ၊ လူသတ်မီးရှို့ခံနေရတာအပါဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- လွိုင်ကော်အပါဝင် ကရင်နီဒေသက စစ်ပြေးဒုက္ခသည်များရဲ့ နောက်ဆုံးအခြေအနေ...
- ကုသလမဂ္ဂနဲ့ နိုင်ငံတကာရဲ့ အကူအညီပေးနိုင်မှု အနေအထား...
- စစ်ကောင်စီတပ်တွေရဲ့ လူသတ်-မီးရှို့မှုအပေါ် အရေးယူနိုင်မှု အလားအလာ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကရင်နီဒေသက တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေမှာ မူလတန်းကျောင်းတွေ ပြန်ဖွင့်ပြီး စာသင်ပေးနေတာအပါဝင် ဆက်စပ်နယ်မြေတွေရဲ့ လှုပ်ရှားမှူအကြောင်း ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More