Sunday, January 23, 2022

Interview with Bo Na gar. part-2



“၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ဆိုရင် ပြည်သူအားလုံး နိုင်တဲ့နေရာကနေ ပါဝင်ဖို့လိုပါတယ်”

(ဗိုလ်နဂါး- မြန်မာ့တော်ဝင် နဂါးတပ်တော်- MRDA)
------------------------------------------------------------------------------
(၂၃/၁/၂၀၂၂)

၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးကိုအရှိန်မြှင့်တင်မှာမို့ ပြည်သူတဦးချင်းစီက အချိန်ကိုစောင့်မနေပဲ ရတဲ့နေရာ၊ နိုင်တဲ့နေရာကနေ အမြန်ဆုံး ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်မှူး ဗိုလ်နဂါးကပြောပါတယ်။

စစ်ကိုင်းတိုင်းကို အဓိကအခြေပြုပြီး မကွေးတိုင်းနယ်စပ်၊ ချင်းပြည်နယ်စပ်နဲ့ ကချင်ပြည်နယ် နယ်စပ်တွေမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အညာဒေသ နွေဦးတော်လှန်ရေး လှုပ်ရှားမှူအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- ပြည်ပကနေ အကူအညီပေးမှုအပေါ် ဗိုလ်နဂါးက ဘယ်လိုမြင်သလဲ...
- ၂၀၂၂ အတွင်း တော်လှန်ရေးအရှိန်ကို ဘယ်လောက်အထိ မြှင့်တင်နိုင်ခြေရှိမလဲ...
- စစ်ကောင်စီတပ်တွေ လက်နက်စွန့် ထွက်ပြေးရမယ့် အခြေအနေ ဖြစ်လာတော့မလား..
- အောင်ပွဲမြန်မြန်ရဖို့အတွက် ပြည်သူတဦးချင်းစီက ဘယ်လိုပူးပေါင်း ပါဝင်ဖို့လိုအပ်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More